မီးနီရပ်စောင့်နေတဲ့ဆိုင်ကယ်ကို ၁၂ ဘီးကားက ဘရိတ်ပေါက်ဝင်တိုက်ပြီး မီးလောင်ခဲ့၊ယာဉ်မောင်းထွက်ပြေး

စစ်ကိုင်း ဇန်နဝါရီ ၁၂ -၂၀၂၀
စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်အနီး၊ မန္တလေး-မုံရွာလမ်း၊ ကျော်ထက် မီးပွိုင့် မှာ ဒီကနေ့ ညနေပိုင်းက မီးနီရပ်စောင့်နေတဲ့ ဆိုင်ကယ်ကို ၁၂ ဘီးကား က ဘရိတ်ပေါက်ဝင်တိုက်ခဲ့ပြီး ၁၂ဘီးကားရှေ့ခေါင်းခန်း မီး‌လောင်ခဲ့တယ်လို့ စစ်ကိုင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။

“မုံရွာဘက် ကနေ မန္တလေးကို မောင်းလာတဲ့ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်းကျေးရွာက အမျိုးသမီးနှစ်ဦး မောင်းလာတဲ့ CZI 125 ဆိုင်ကယ် က ကျော်ထက်ကွေ့မီးပွိုင့် မှာ မီးနီရပ်စောင့်နေချိန် သူတို့နောက်ကနေ ကျောက်မီးသွေးတင်လာတဲ့ ၁၂ဘီးကား က ဘရိတ်ပေါက်အရှိန်လွန်ပြီး ရှေ့ကဆိုင်ကယ်ကိုဝင်တိုက်ရာကနေ ဆိုင်ကယ်က ကားရှေ့ဘီးအောက်တရွတ်တိုက်ပါပြီး ၁၂ဘီးကားရှေ့ခေါင်းခန်းမီးလောင်ခဲ့တယ်”လို့ စစ်ကိုင်းမြို့မရဲစခန်းကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မီးလောင်ကျွမ်းတဲ့နေရာကို စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ်သုံးစီး၊ စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးနဲ့ စစ်ကိုင်းမြို့က လူမှုရေးအသင်းအဖွဲ့တွေရောက်လာပြီး ပူပေါင်းမီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားရာမှာ မီးလောင်မှုဖြစ်ခဲ့ပြီးအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာခဲ့တဲ့အတွက် စစ်ကိုင်းပြည်သူဆေးရုံကတဆင့် မန္တလေးပြည်သူ့ဆေးရုံကို လွဲပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

ကျောက်မီးသွေးတင် ၁၂ဘီးကားကိုမောင်းလာတဲ့ ယာဉ်မောင်းဟာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပြီး မီးလောင်မှုဖြစ်ခဲ့တဲ့ ၁၂ ဘီးကားယာဉ်မောင်းကို ထွက်ပြေးနေတဲ့အတွက်
စုံစမ်း‌နေပြီး (ပ) ၄/၂၀၂၀ ပုဒ်မ(၃၃၇ /၃၃၈/၂၈၅) နဲ့အမှုဖွင့်ထားတယ်လို့ စစ်ကိုင်းမြို့မရဲစခန်းကနေသိရပါတယ်။

Photo – SERT
#VOM #voiceofmyanmar #စစ်ကိုင်း #ကားမီးလောင်

Zawgyi

မီးနီရပ္ေစာင့္ေနတဲ့ဆိုင္ကယ္ကို ၁၂ ဘီးကားက ဘရိတ္ေပါက္ဝင္တိုက္ၿပီး မီးေလာင္ခဲ့၊ယာဥ္ေမာင္းထြက္ေျပး

စစ္ကိုင္း ဇန္နဝါရီ ၁၂ -၂၀၂၀
ေစာျပည့္ခ်မ္းသာ(VOM)

စစ္ကိုင္းၿမိဳ႕၊ ပါရမီရပ္ကြက္အနီး၊ မႏၲေလး-မုံ႐ြာလမ္း၊ ေက်ာ္ထက္ မီးပြိဳင့္ မွာ ဒီကေန႔ ညေနပိုင္းက မီးနီရပ္ေစာင့္ေနတဲ့ ဆိုင္ကယ္ကို ၁၂ ဘီးကား က ဘရိတ္ေပါက္ဝင္တိုက္ခဲ့ၿပီး ၁၂ဘီးကားေရွ႕ေခါင္းခန္း မီး‌ေလာင္ခဲ့တယ္လို႔ စစ္ကိုင္းၿမိဳ႕အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ကေန သိရပါတယ္။

“မုံ႐ြာဘက္ ကေန မႏၲေလးကို ေမာင္းလာတဲ့ မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ သမန္းကုန္းေက်း႐ြာက အမ်ိဳးသမီးႏွစ္ဦး ေမာင္းလာတဲ့ CZI 125 ဆိုင္ကယ္ က ေက်ာ္ထက္ေကြ႕မီးပြိဳင့္ မွာ မီးနီရပ္ေစာင့္ေနခ်ိန္ သူတို႔ေနာက္ကေန ေက်ာက္မီးေသြးတင္လာတဲ့ ၁၂ဘီးကား က ဘရိတ္ေပါက္အရွိန္လြန္ၿပီး ေရွ႕ကဆိုင္ကယ္ကိုဝင္တိုက္ရာကေန ဆိုင္ကယ္က ကားေရွ႕ဘီးေအာက္တ႐ြတ္တိုက္ပါၿပီး ၁၂ဘီးကားေရွ႕ေခါင္းခန္းမီးေလာင္ခဲ့တယ္”လို႔ စစ္ကိုင္းၿမိဳ႕မရဲစခန္းကတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

မီးေလာင္ကြၽမ္းတဲ့ေနရာကို စစ္ကိုင္းၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနက မီးသတ္ယာဥ္သုံးစီး၊ စစ္ကိုင္းအေရးေပၚကယ္ဆယ္ေရးနဲ႔ စစ္ကိုင္းၿမိဳ႕က လူမႈေရးအသင္းအဖြဲ႕ေတြေရာက္လာၿပီး ပူေပါင္းမီးၿငိမ္းသတ္ခဲ့တယ္လို႔ သိရပါတယ္။

ယာဥ္တိုက္မႈျဖစ္ပြားရာမွာ မီးေလာင္မႈျဖစ္ခဲ့ၿပီးအမ်ိဳးသမီးႏွစ္ဦး ထိခိုက္ဒဏ္ရာခဲ့တဲ့အတြက္ စစ္ကိုင္းျပည္သူေဆး႐ုံကတဆင့္ မႏၲေလးျပည္သူ႔ေဆး႐ုံကို လြဲေျပာင္းခဲ့ရတယ္လို႔ သိရပါတယ္။

ေက်ာက္မီးေသြးတင္ ၁၂ဘီးကားကိုေမာင္းလာတဲ့ ယာဥ္ေမာင္းဟာ ထြက္ေျပးတိမ္းေရွာင္ေနတယ္လို႔ သိရပါတယ္။

ယာဥ္တိုက္မႈျဖစ္ၿပီး မီးေလာင္မႈျဖစ္ခဲ့တဲ့ ၁၂ ဘီးကားယာဥ္ေမာင္းကို ထြက္ေျပးေနတဲ့အတြက္
စုံစမ္း‌ေနၿပီး (ပ) ၄/၂၀၂၀ ပုဒ္မ(၃၃၇ /၃၃၈/၂၈၅) နဲ႔အမႈဖြင့္ထားတယ္လို႔ စစ္ကိုင္းၿမိဳ႕မရဲစခန္းကေနသိရပါတယ္။

Photo – SERT
#VOM #voiceofmyanmar #စစ္ကိုင္း #ကားမီးေလာင္

Related posts

Leave a Comment

VOM News

FREE
VIEW