ပုံနှိပ်မီဒီယာတွေ ရေရှည်ရပ်တည်ဖို့ မီဒီယာကောင်စီက အောင်မြင်အောင်ဆောင်ရွက်သွားမယ်

ပုံနှိပ်မီဒီယာတွေ ရေရှည်ရပ်တည်ဖို့ မီဒီယာကောင်စီက အောင်မြင်အောင်ဆောင်ရွက်သွားမယ်

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ၊ ၂၀၂၀
အောင်ထူးနိုင်(VOM)

ပုဂ္ဂလိကပုံနှိပ်မီဒီယာတွေ ရေရှည်ရပ်တည်နိုင်ဖို့ အောင်မြင်အောင်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က VOM ကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က ပုံနှိပ်မီဒီယာကဏ္ဍရေရှည်ရပ်တည်ရေးအတွက် ဆွေးနွေးပွဲကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဦးဆောင်ပြုလုပ်ခဲ့ပြီး ရရှိလာတဲ့ဆွေးနွေးချက်တွေကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပြန်ကြားရေးဝန်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်နဲ့ တွေ့ဆုံပွဲမှာ တင်ပြခဲ့တဲ့အပေါ် ဘယ်လိုရလဒ်တွေ ရရှိခဲ့သလဲဆိုတာကို VOM ရဲ့ မေးမြန်းမှုကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံတော်အစိုးရဘက်က ပူးပေါင်းဖြေရှင်းပေးမယ်ဆိုရင် ဘာမှအခက်အခဲရှိစရာမရှိဘူး။ ငွေကြေးဆိုလည်း တို့ မြင်သလောက် အကြံဉာဏ်ပေးရရင် အစိုးရက မထောက်ပံ့နိုင်ရင်တောင် ဘဏ်က ငွေချေးလို့ရတယ်။ ဒါတွေ စီစဉ်ပေးရင် ဖြစ်တယ်။ ဒါတွေက အားလုံးပူးပေါင်းဆောင်ရွက်သွားမယ်၊ အဓိကတော့ ဒီနေ့ကာလမှာ ဦးဆောင်သူ အစိုးရနဲ့ တို့နဲ့ ညှိနှိုင်းပေးနိုင်ရင် ဒီကိစ္စတွေ ပြေလည်မှာပါ”လို့ ဟံသာဝတီဦးအုန်းကြိုင်က ပြောပါတယ်။

ပုဂ္ဂလိကပုံနှိပ်မီဒီယာတွေရဲ့ အခက်အခဲကို သတင်းမီဒီယာကောင်စီအနေနဲ့ ပိုသိလာတဲ့အတွက် အစိုးရကို တင်ပြလာနိုင်ပြီး မီဒီယာတွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ဘယ်လိုအဖြေရှာမလဲဆိုတာတွေကို စဉ်းစားလာတာဟာ အတိုင်းအတာတစ်ခုအထိ အောင်မြင်တာပဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်တွေက ဆိုပါတယ်။

“နည်းလမ်းရှာဖို့ကတော့ သက်ဆိုင်တဲ့ လိုအပ်ချက်တွေ၊ ကူညီနိုင်မယ့်အချက်တွေကို နိုင်ငံတော်အစိုးရပဲ ဖြစ်ဖြစ် ကျန်တဲ့အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် ကျွန်တော်တို့က ညှိနှိုင်းဆောင်ရွက်သွားဖို့၊ အဲဒီမှာ အကူအညီပေးချင်တဲ့သူတွေ ရှိမယ်၊ အဲဒါတွေကို ကျွန်တော်တို့က ညှိနှိုင်းဆောင်ရွက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာပါ”လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ(၁) ဒေါက်တာမျိုးသန့်တင်က ပြောပါတယ်။

ဒီနေ့အထိ ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားတဲ့ မီဒီယာအမျိုးအစား (၆) မျိုးရှိပြီး သတင်းစာထုတ်ဝေခွင့် ၄၆ စောင်အနက် ထုတ်ဝေနေသေးတာ ၂၃ စောင်ရှိပြီး ရပ်နားထားတာက ၂၂ စောင်နဲ့ ပိတ်သိမ်းသွားတာ တစ်စောင်ရှိပါတယ်။ ဂျာနယ်ထုတ်ဝေခွင့် ၅၇၆ စောင်အနက် ထုတ်ဝေနေသေးတာ ၁၅၄ စောင် ရှိပြီး ရပ်နားထားတာက ၃၇၇ စောင်၊ ပိတ်သိမ်းသွားတာ ၃၉ စောင်နဲ့ စိစစ်နေဆဲ ၆ စောင်ရှိပါတယ်။ မဂ္ဂဇင်းထုတ်ဝေခွင့် ၄၈၇ စောင်အနက် ထုတ်ဝေနေသေးတာ ၁၂၀ စောင်၊ ရပ်နားထားတာက ၃၄၅ စောင်၊ ပိတ်သိမ်းသွားတာ ၁၉ စောင်နဲ့ စိစစ်နေဆဲ ၃ စောင်ဖြစ်ပါတယ်။

အထွေထွေထုတ်ဝေခွင့် ၁၆၅၁ အနက် ထုတ်ဝေနေသေးတာ ၁၅၉၃ စောင်၊ ပိတ်သိမ်းသွားတာ ၃၁ စောင်၊ စိစစ်နေဆဲ ၂၇ စောင်ရှိဖြစ်ပါတယ်။ သတင်းအေဂျင်စီထုတ်ဝေခွင့် ၂၆၁ စောင်အနက် ထုတ်ဝေနေသေးတာ ၂၅၇ စောင်နဲ့ စိစစ်နေတာ ၄ စောင်ဖြစ်ပါတယ်။ ပုံနှိပ်လုပ်ငန်းထုတ်ဝေခွင့် ၁၆၁၂ စောင်အနက် ထုတ်ဝေနေသေးတာ ၁၅၆၆ စောင် ပိတ်သိမ်းသွားတာ ပိတ် ၄၅ စောင်နဲ့ စိစစ်နေဆဲ တစ်စောင် ဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ #ပုနှိပ်မီဒီယာ #ရပ်တည်ရေး

Zawgyi

ပုံႏွိပ္မီဒီယာေတြ ေရရွည္ရပ္တည္ဖို႔ မီဒီယာေကာင္စီက ေအာင္ျမင္ေအာင္ေဆာင္႐ြက္သြားမယ္

ရန္ကုန္၊ ဇန္နဝါရီ ၁၄ ၊ ၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ပုဂၢလိကပုံႏွိပ္မီဒီယာေတြ ေရရွည္ရပ္တည္ႏိုင္ဖို႔ ေအာင္ျမင္ေအာင္ေဆာင္႐ြက္သြားမယ္လို႔ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီဥကၠ႒ ဟံသာဝတီဦးအုန္းႀကိဳင္က VOM ကို ေျပာပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာ ၂၂ ရက္ေန႔က ပုံႏွိပ္မီဒီယာက႑ေရရွည္ရပ္တည္ေရးအတြက္ ေဆြးေႏြးပြဲကို ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီက ဦးေဆာင္ျပဳလုပ္ခဲ့ၿပီး ရရွိလာတဲ့ေဆြးေႏြးခ်က္ေတြကို ဒီဇင္ဘာ ၂၇ ရက္ေန႔မွာ ျပန္ၾကားေရးဝန္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေဖျမင့္နဲ႔ ေတြ႕ဆုံပြဲမွာ တင္ျပခဲ့တဲ့အေပၚ ဘယ္လိုရလဒ္ေတြ ရရွိခဲ့သလဲဆိုတာကို VOM ရဲ႕ ေမးျမန္းမႈကို ေျဖဆိုေပးခဲ့တာ ျဖစ္ပါတယ္။

“ႏိုင္ငံေတာ္အစိုးရဘက္က ပူးေပါင္းေျဖရွင္းေပးမယ္ဆိုရင္ ဘာမွအခက္အခဲရွိစရာမရွိဘူး။ ေငြေၾကးဆိုလည္း တို႔ ျမင္သေလာက္ အႀကံဉာဏ္ေပးရရင္ အစိုးရက မေထာက္ပံ့ႏိုင္ရင္ေတာင္ ဘဏ္က ေငြေခ်းလို႔ရတယ္။ ဒါေတြ စီစဥ္ေပးရင္ ျဖစ္တယ္။ ဒါေတြက အားလုံးပူးေပါင္းေဆာင္႐ြက္သြားမယ္၊ အဓိကေတာ့ ဒီေန႔ကာလမွာ ဦးေဆာင္သူ အစိုးရနဲ႔ တို႔နဲ႔ ညႇိႏႈိင္းေပးႏိုင္ရင္ ဒီကိစၥေတြ ေျပလည္မွာပါ”လို႔ ဟံသာဝတီဦးအုန္းႀကိဳင္က ေျပာပါတယ္။

ပုဂၢလိကပုံႏွိပ္မီဒီယာေတြရဲ႕ အခက္အခဲကို သတင္းမီဒီယာေကာင္စီအေနနဲ႔ ပိုသိလာတဲ့အတြက္ အစိုးရကို တင္ျပလာႏိုင္ၿပီး မီဒီယာေတြ ေရရွည္ရပ္တည္ႏိုင္ဖို႔အတြက္ ဘယ္လိုအေျဖရွာမလဲဆိုတာေတြကို စဥ္းစားလာတာဟာ အတိုင္းအတာတစ္ခုအထိ ေအာင္ျမင္တာပဲ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီဝင္ေတြက ဆိုပါတယ္။

“နည္းလမ္းရွာဖို႔ကေတာ့ သက္ဆိုင္တဲ့ လိုအပ္ခ်က္ေတြ၊ ကူညီႏိုင္မယ့္အခ်က္ေတြကို ႏိုင္ငံေတာ္အစိုးရပဲ ျဖစ္ျဖစ္ က်န္တဲ့အဖြဲ႕အစည္းေတြပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔က ညႇိႏႈိင္းေဆာင္႐ြက္သြားဖို႔၊ အဲဒီမွာ အကူအညီေပးခ်င္တဲ့သူေတြ ရွိမယ္၊ အဲဒါေတြကို ကြၽန္ေတာ္တို႔က ညႇိႏႈိင္းေဆာင္႐ြက္ၿပီးေတာ့ ပူးေပါင္းေဆာင္႐ြက္သြားမွာပါ”လို႔ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ ဒုဥကၠ႒(၁) ေဒါက္တာမ်ိဳးသန႔္တင္က ေျပာပါတယ္။

ဒီေန႔အထိ ျပန္ၾကားေရးဝန္ႀကီးဌာနက တရားဝင္ခြင့္ျပဳထားတဲ့ မီဒီယာအမ်ိဳးအစား (၆) မ်ိဳးရွိၿပီး သတင္းစာထုတ္ေဝခြင့္ ၄၆ ေစာင္အနက္ ထုတ္ေဝေနေသးတာ ၂၃ ေစာင္ရွိၿပီး ရပ္နားထားတာက ၂၂ ေစာင္နဲ႔ ပိတ္သိမ္းသြားတာ တစ္ေစာင္ရွိပါတယ္။ ဂ်ာနယ္ထုတ္ေဝခြင့္ ၅၇၆ ေစာင္အနက္ ထုတ္ေဝေနေသးတာ ၁၅၄ ေစာင္ ရွိၿပီး ရပ္နားထားတာက ၃၇၇ ေစာင္၊ ပိတ္သိမ္းသြားတာ ၃၉ ေစာင္နဲ႔ စိစစ္ေနဆဲ ၆ ေစာင္ရွိပါတယ္။ မဂၢဇင္းထုတ္ေဝခြင့္ ၄၈၇ ေစာင္အနက္ ထုတ္ေဝေနေသးတာ ၁၂၀ ေစာင္၊ ရပ္နားထားတာက ၃၄၅ ေစာင္၊ ပိတ္သိမ္းသြားတာ ၁၉ ေစာင္နဲ႔ စိစစ္ေနဆဲ ၃ ေစာင္ျဖစ္ပါတယ္။

အေထြေထြထုတ္ေဝခြင့္ ၁၆၅၁ အနက္ ထုတ္ေဝေနေသးတာ ၁၅၉၃ ေစာင္၊ ပိတ္သိမ္းသြားတာ ၃၁ ေစာင္၊ စိစစ္ေနဆဲ ၂၇ ေစာင္ရွိျဖစ္ပါတယ္။ သတင္းေအဂ်င္စီထုတ္ေဝခြင့္ ၂၆၁ ေစာင္အနက္ ထုတ္ေဝေနေသးတာ ၂၅၇ ေစာင္နဲ႔ စိစစ္ေနတာ ၄ ေစာင္ျဖစ္ပါတယ္။ ပုံႏွိပ္လုပ္ငန္းထုတ္ေဝခြင့္ ၁၆၁၂ ေစာင္အနက္ ထုတ္ေဝေနေသးတာ ၁၅၆၆ ေစာင္ ပိတ္သိမ္းသြားတာ ပိတ္ ၄၅ ေစာင္နဲ႔ စိစစ္ေနဆဲ တစ္ေစာင္ ျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ #ပုႏွိပ္မီဒီယာ #ရပ္တည္ေရး

Related posts

Leave a Comment

VOM News

FREE
VIEW