အာဖရိကတောင်ပိုင်းရှိ လူဦးရေ ၄၅ သန်း အငတ်ဘေးဆိုက်နေ

ဂျိုဟန်နက်စဘတ်၊ ဇန်နဝါရီ-၁၇-၂၀၂၀
မျိုးဆက် (VOM)

မိုးခေါင်ခြင်း၊ ရေကြီးခြင်းနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် အာဖရိကတောင်ပိုင်းရှိ လူဦးရေ ၄၅ သန်းမှာ စားနပ်ရိက္ခာအကူအညီများ မကြုံစဖူးအရေးပေါ်လိုအပ်နေပြီး အငတ်ဘေးဆိုက်နေရတယ်လို့ ကုလသမဂ္ဂက ဇန်နဝါရီ ၁၆ ရက်မှာပြောပါတယ်။

အဲဒီငတ်မွတ်ခေါင်းပါးမှုပြသနာဟာ ယခင်ကမတွေ့ဖူးသေးဆဲ့ အတိုင်းအတာမျိုးဖြစ်နေပြီး လက်ရှိအခြေအနေတွေအရ ပိုမိုဆိုးရွားလာလိမ့်မယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး လိုလာကတ်စထရိုက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒီပြသနာကိုဖြေရှင်းဖို့အတွက် လိုအပ်ငွေ ဒေါ်လာ ၄၈၉ သန်းအနက် ဒေါ်လာ ၂၀၅ သန်းသာရရှိထားသေးတယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်က သတိပေးပြောဆိုပါတယ်။

မိမိတို့မှာ လိုအပ်နေတဲ့ ရန်ပုံငွေမရရှိပါက ရွေးချယ်စရာမရှိကြောင်း၊ ဒါပေမယ့် အလိုအပ်ဆုံးသူတွေကိုတော့ ထောက်ပံ့ပြီး အခက်အခဲတွေလျော့ပါးသက်သာစေဖို့ လုပ်ဆောင်သွားမယ်လို့ ကတ်စထရိုကပြောပါတယ်။

ဒေသတွင်းရှိမိသားစုတွေဟာ အစားအစာလျှော့စားရတာတွ ပုံမှန်မစားသောက်ရတာတွေအပြင် ကလေးငယ်တွေကို ကျောင်းထုတ်ခြင်း၊ တန်ဖိုးကြီးပစ္စည်းတွေကို ရောင်းချခြင်း၊ စိုက်ပျိုးရေးဆုံးရှုံးမှုတွေကို တားဆီးဖို့် ကြွေးမြီတင်တာတွေဖြစ်ပေါ်နေပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အဆိုးရွားဆုံးသက်ရောက်နေတယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်က သတိပေးပြောဆိုထားတာ ဖြစ်ပါတယ်။

Ref : CNA Photo: Reuters
#VOM #voiceofmyanmar #အာဖရိကတောင်ပိုင်း #လူ၄၅သန်း #အငတ်ဘေးဆိုက်

Zawgyi

အာဖရိကေတာင္ပိုင္းရိွ လူဦးေရ ၄၅ သန္း အငတ္ေဘးဆိုက္ေန

ဂိ်ဳဟန္နက္စဘတ္၊ ဇန္န၀ါရီ-၁၇-၂၀၂၀
မ်ိဳးဆက္ (VOM)

မိုးေခါင္ျခင္း၊ ေရၾကီးျခင္းနဲ႔ စီးပြားေရးအခက္အခဲေတြေၾကာင္႔ အာဖရိကေတာင္ပိုင္းရိွ လူဦးေရ ၄၅ သန္းမွာ စားနပ္ရိကၡာအကူအညီမ်ား မၾကံဳစဖူးအေရးေပၚလိုအပ္ေနျပီး အငတ္ေဘးဆိုက္ေနရတယ္လို႔ ကုလသမဂၢက ဇန္န၀ါရီ ၁၆ ရက္မွာေျပာပါတယ္။

အဲဒီငတ္မြတ္ေခါင္းပါးမႈျပသနာဟာ ယခင္ကမေတြ႔ဖူးေသးဆဲ႔ အတိုင္းအတာမ်ိဳးျဖစ္ေနျပီး လက္ရိွအေျခအေနေတြအရ ပိုမိုဆိုးရြားလာလိမ္႔မယ္လို႔ ကုလသမဂၢစားနပ္ရိကၡာအစီအစဥ္ရဲ႕ ေဒသဆိုင္ရာ ညႊန္ၾကားေရးမွဴး လိုလာကတ္စထရိုက ထုတ္ျပန္ခ်က္မွာ ေျပာပါတယ္။

ဒီျပသနာကိုေျဖရွင္းဖို႔အတြက္ လိုအပ္ေငြ ေဒၚလာ ၄၈၉ သန္းအနက္ ေဒၚလာ ၂၀၅ သန္းသာရရိွထားေသးတယ္လို႔ ကုလသမဂၢစားနပ္ရိကၡာအစီအစဥ္က သတိေပးေျပာဆိုပါတယ္။

မိမိတို႔မွာ လိုအပ္ေနတဲ႔ ရန္ပံုေငြမရရိွပါက ေရြးခ်ယ္စရာမရိွေၾကာင္း၊ ဒါေပမယ္႔ အလိုအပ္ဆံုးသူေတြကိုေတာ႔ ေထာက္ပံ့ျပီး အခက္အခဲေတြေလ်ာ႔ပါးသက္သာေစဖို႔ လုပ္ေဆာင္သြားမယ္လို႔ ကတ္စထရိုကေျပာပါတယ္။

ေဒသတြင္းရိွမိသားစုေတြဟာ အစားအစာေလွ်ာ႔စားရတာတြ ပံုမွန္မစားေသာက္ရတာေတြအျပင္ ကေလးငယ္ေတြကို ေက်ာင္းထုတ္ျခင္း၊ တန္ဖိုးၾကီးပစၥည္းေတြကို ေရာင္းခ်ျခင္း၊ စိုက္ပ်ိဳးေရးဆံုးရံႈးမႈေတြကို တားဆီးဖို႔္ ေၾကြးျမီတင္တာေတြျဖစ္ေပၚေနျပီး အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြအေပၚ အဆိုးရြားဆံုးသက္ေရာက္ေနတယ္လို႔ ကုလသမဂၢစားနပ္ရိကၡာအစီအစဥ္က သတိေပးေျပာဆိုထားတာ ျဖစ္ပါတယ္။

Ref : CNA Photo: Reuters
#VOM #voiceofmyanmar #အာဖရိကေတာင္ပိုင္း #လူ၄၅သန္း #အငတ္ေဘးဆိုက္

Related posts

Leave a Comment

VOM News

FREE
VIEW