ရန်ကုန် – ကိုကိုးကျွန်းကို အခမဲ့လိုက်ပါစီးနင်းနိုင်မယ့် သင်္ဘောခရီးစဉ်စတင်ပြေးဆွဲ ၊ လူ ၆၀ စီးနင်းနိုင်မည်

ရန်ကုန် – ကိုကိုးကျွန်းကို အခမဲ့လိုက်ပါစီးနင်းနိုင်မယ့် သင်္ဘောခရီးစဉ်စတင်ပြေးဆွဲ ၊ လူ ၆၀ စီးနင်းနိုင်မည်

ရန်ကုန် ဇန်နဝါရီလ ၂၁- ၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန် – ကိုကိုးကျွန်းကို လူ ၆၀ ခန့်လိုက်ပါစီးနင်းနိုင်မယ့်ရေကြောင်းသင်္ဘောခရီးစဉ်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဒီကနေ့ဇန်နဝါရီလ ၂၁ ရက် မှာ စတင်ပြေးဆွဲလိုက်ပါတယ်။

ဒီခရီးစဉ်တစ်ခေါက်ကို သိန်း ၂၀၀ ကျပ်ကုန်ကျစရိတ်ရှိကြောင်း ဒါကို YRTA ရံပုံငွေထဲကနေ သုံးစွဲတာဖြစ်ပါတယ်။ ကိုကိုးကျွန်းကိုရေကြောင်းကနေ သင်္ဘောပြေးဆွဲတာဟာ အရှုံးပေါ်နိုင်ပေမယ့်လည်း စာနာစိတ်ကိုငွေကြေးနဲ့လဲလှယ်လို့မရကြောင်း၊ ခုလိုပြေးဆွဲမှုအပေါ် ဝေဖန်နိုင်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကဆိုပါတယ်။

” ဒီခရီးစဉ်ကို ပြေးဆွဲတဲ့နေရာမှာ ကျွန်တော်တို့ ရှုံးနိုင်တယ်။အကျိုးအမြတ်ကိုရှေးရှုပြေးဆွဲတာမဟုတ်ပါဘူးပြေးဆွဲတဲ့ အဓိကရည်ရွယ်ချက်က ဒေသခံပြည်သူတွေနဲ့ ဒီဒေသမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိတဲ့သူတွေ အတွက်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို ဒေသခံပြည်သူတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို ရှေးရှုပြီး ပြေးဆွဲပေးတာ ဖြစ်ပါတယ်။ နောက် ဆိုလာနဲ့မီးလင်းနိုင်အောင်လည်းလုပ်သွားဖို့ရှိပါတယ်။”လို့ ဝန်ကြီးချုပ်ကပြောပါတယ်။

ဒီရေကြောင်းခရီးစဉ်ဟာ အသွား ၂ ရက် ၊အပြန် ၂ ရက် ၊ နေရက် ၂ ရက် ပေါင်း ၆ ရက်ကြာမြင့်မှာဖြစ်ပြီး လက်ရှိမှာ စီးနင်းခကောက်ခံတာမရှိဘူးလို့ YRTA အတွင်းရေးမှူးဦးလှအောင်က ပြောပါတယ်။

“ခုတော့ကောက်ခံတာမရှိဘူး။ နောက်လတိုင်းလည်းပြေးဆွဲဖို့တော့စီစဉ်ထားတယ်။ လူကတော့ ၆၀ လောက်ဆံ့ပါမယ်။ ဝန်ထမ်းတွေနဲ့ဒေသခံတွေအတွက်ဖြစ်ပါတယ်” လို့ဆိုပါတယ်။

ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ်ကို လတစ်လရဲ့ ပထမအပတ်တိုင်းမှာ ပြေးဆွဲနိုင်ဖို့ ရည်မှန်းထားကြောင်း၊ ဒီရေကြောင်းခရီးဟာ ဒေသခံပြည်သူတွေ ဆောင်ရွက်လိုတဲ့ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တေီအတွက် အထောက်အကူပြုမှာ ဖြစ်တယ်လို့ဆိုပါတယ်။

နောက်ပိုင်းမှာလည်း ကိုကိုးကျွန်းကို ဆိုလာနဲ့ ၂၄ နာရီ မီးရရှိနိုင်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်သလို့ ဒေသခံပြည်သူတွေရဲ့ စိုက်ပျိုးရေးကဏ္ဍဖြစ်တဲ့ အုန်းစိုက်ပျိုးရေးကိုလည်း စနစ်တကျစိုက်ပျိုးနိုင်အောင်လုပ်ပေးသွားမယ်လို့သိရပါတယ်။

ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ်စတင်ခြင်း အခမ်းအနားကိုတော့ ဒီကနေ့ မနက်ပိုင်းကသာကေတမြို့နယ်ရှိ မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်း၊ သာကေတဆိပ်ခံတံတားမှာပြုလုပ်ခဲ့ပါတယ်။

Photo – YRG
#voiceofmyanmar #VOM #ကိုကိုးကျွန်း #ရန်ကုန်

Zawgyi

ရန္ကုန္ – ကိုကိုးကၽြန္းကို အခမဲ့လိုက္ပါစီးနင္းႏိုင္မယ့္ သေဘၤာခရီးစဥ္စတင္ေျပးဆြဲ ၊ လူ ၆၀ စီးနင္းႏိုင္မည္

ရန္ကုန္ ဇန္နဝါရီလ ၂၁- ၂၀၂၀
သိဂႌ (VOM)

ရန္ကုန္ – ကိုကိုးကၽြန္းကို လူ ၆၀ ခန္႔လိုက္ပါစီးနင္းႏိုင္မယ့္ေရေျကာင္းသေဘၤာခရီးစဥ္ကို ရန္ကုန္တိုင္းအစိုးရအဖြဲ႔က ဒီကေန႔ဇန္နဝါရီလ ၂၁ ရက္ မွာ စတင္ေျပးဆြဲလိုက္ပါတယ္။

ဒီခရီးစဥ္တစ္ေခါက္ကို သိန္း ၂၀၀ က်ပ္ကုန္က်စရိတ္႐ွိေၾကာင္း ဒါကို YRTA ရံပုံေငြထဲကေန သုံးစြဲတာျဖစ္ပါတယ္။ ကိုကိုးကြၽန္းကိုေရေၾကာင္းကေန သေဘၤာေျပးဆြဲတာဟာ အ႐ႈံးေပၚႏိုင္ေပမယ့္လည္း စာနာစိတ္ကိုေငြေၾကးနဲ႔လဲလွယ္လို႔မရေၾကာင္း၊ ခုလိုေျပးဆြဲမႈအေပၚ ေဝဖန္ႏိုင္တယ္လို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းကဆိုပါတယ္။

” ဒီခရီးစဥ္ကို ေျပးဆြဲတဲ့ေနရာမွာ ကၽြန္ေတာ္တို့ ရွုံးနိုင္တယ္။အက်ိဳးအျမတ္ကိုေ႐ွး႐ႈေျပးဆြဲတာမဟုတ္ပါဘူးေျပးဆြဲတဲ့ အဓိကရည္ရြယ္ခ်က္က ေဒသခံျပည္သူေတြနဲ႔ ဒီေဒသမွာ သြားေရာက္ အလုပ္လုပ္ကိုင္ေနတဲ့ ဌာနဆိုင္ရာအသီးသီးက တာဝန္ရွိတဲ့သူေတြ အတြက္ပဲ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆို ေဒသခံျပည္သူေတြရဲ့ လူမွုဘဝ ဖြံ့ၿဖိဳးတိုးတက္ေရးနဲ႔ ေဒသဖြံ့ၿဖိဳးေရးကို ေရွးရွုၿပီး ေျပးဆြဲေပးတာ ျဖစ္ပါတယ္။ ေနာက္ ဆိုလာနဲ႔မီးလင္းႏိုင္ေအာင္လည္းလုပ္သြားဖို႔႐ွိပါတယ္။”လို႔ ဝန္ႀကီးခ်ဳပ္ကေျပာပါတယ္။

ဒီေရေၾကာင္းခရီးစဥ္ဟာ အသြား ၂ ရက္ ၊အျပန္ ၂ ရက္ ၊ ေနရက္ ၂ ရက္ ေပါင္း ၆ ရက္ၾကာျမင့္မွာျဖစ္ၿပီး လက္႐ွိမွာ စီးနင္းခေကာက္ခံတာမ႐ွိဘူးလို႔ YRTA အတြင္းေရးမွဴးဦးလွေအာင္က ေျပာပါတယ္။

“ခုေတာ့ေကာက္ခံတာမ႐ွိဘူး။ ေနာက္လတိုင္းလည္းေျပးဆြဲဖို႔ေတာ့စီစဥ္ထားတယ္။ လူကေတာ့ ၆၀ ေလာက္ဆ့ံပါမယ္။ ဝန္ထမ္းေတြနဲ႔ေဒသခံေတြအတြက္ျဖစ္ပါတယ္” လို႔ဆိုပါတယ္။

ရန္ကုန္-ကိုကိုးကၽြန္း ေရေၾကာင္းခရီးစဥ္ကို လတစ္လရဲ႕ ပထမအပတ္တိုင္းမွာ ေျပးဆြဲနိုင္ဖို့ ရည္မွန္းထားေၾကာင္း၊ ဒီေရေၾကာင္းခရီးဟာ ေဒသခံျပည္သူေတြ ေဆာင္ရြက္လိုတဲ့ စီးပြားေရး၊ လူမွုေရး ကိစၥရပ္ေတီအတြက္ အေထာက္အကူျပဳမွာ ျဖစ္တယ္လို႔ဆိုပါတယ္။

ေနာက္ပိုင္းမွာလည္း ကိုကိုးကၽြန္းကို ဆိုလာနဲ႔ ၂၄ နာရီ မီးရရွိနိုင္ေရးအတြက္ ေဆာင္ရြက္သြားမွာျဖစ္သလို႔ ေဒသခံျပည္သူေတြရဲ့ စိုက္ပ်ိဳးေရးက႑ျဖစ္တဲ့ အုန္းစိုက္ပ်ိဳးေရးကိုလည္း စနစ္တက်စိုက္ပ်ိဳးနိုင္ေအာင္လုပ္ေပးသြားမယ္လို႔သိရပါတယ္။

ရန္ကုန္-ကိုကိုးကၽြန္း ေရေၾကာင္းခရီးစဥ္စတင္ျခင္း အခမ္းအနားကိုေတာ့ ဒီကေန႔ မနက္ပိုင္းကသာေကတၿမိဳ႕နယ္႐ွိ ျမန္မာ့ၾကယ္ငါးပြင့္လုပ္ငန္း၊ သာေကတဆိပ္ခံတံတားမွာျပဳလုပ္ခဲ့ပါတယ္။

Photo – YRG
#voiceofmyanmar #VOM #ကိုကိုးက်ြန္း #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW