တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကြောင့်လူ ၂၆ ဦးသေဆုံး၊ မြို့ ၁၀ မြို့ကို ဝင်ထွက်ခွင့်ပိတ်ပင် ပေကျင်း၊ ဇန်နဝါရီ-၂၄-၂၀၂၀ မျိုးဆက်(VOM) တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စတင်ဖြစ်ပွားခဲ့သည့် ဟူဘေးပြည်နယ်ရှိ မြို့များကို ဝင်ထွက်ခွင့် ထပ်မံပိတ်ဆို့လိုက်ပြီး ရောဂါကြောင့် သေဆုံးသူ ၂၆ ဦးထိမြင့်တက်လာသည်။ လူဦရေ သန်း ၆၀ ကျော်နေထိုင်တဲ့ တရုတ်နိုင်ငံအလယ်ပိုင်းက ဟူဘေးပြည်နယ်ရှိ မြို့ ၁၀ မြို့ထက်မနည်းကို ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဟူဘေးပြည်နယ်အနီးက ဒေသတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်လူနာတစ်ဦး ဇန်နဝါရီ ၂၃ ရက်က သေဆုံးခဲ့ပြီး ဒါဟာ ရောဂါဖြစ်ပွားတဲ့ ပြည်နယ်ပြင်ပမှာ ပထမဆုံးသေဆုံးခဲ့တာဖြစ်ပါတယ်။ နောက်ထပ်သေဆုံးမှုတစ်ခုကတော့ ဟီလောင်ဂျင်ပြည်နယ် အရှေ့မြောက်ပိုင်းမှာလို့ အတည်ပြုနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေဟာ ရုရှားနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေပြီး ဝူဟန်မြို့ကနေ ကီလိုမီတာ ၂၀၀၀ ကျော်ကွာဝေးပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံထားရသူ…
Read MoreMonth: January 2020
ရတနာပုံတက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ
ရတနာပုံတက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ မန္တလေး ဇန်နဝါရီ ၂၄ ဖြူဖြူ (VOM) မန္တလေးတက္ကသိုလ်ထဲက သပိတ်ကိုထောက်ခံကြောင်းနဲ့ပညာသင်ကာလ မတ်လအထိ တိုးမြှင့်မှုကို ကန့်ကွက်ကြောင်း မန္တလေးမြို့ ရတနာပုံတက္ကသိုလ် မှာ ဒီနေ့ ဇန်နဝါရီ ၂၄ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “လက်ရှိ မန္တလေးတက္ကသိုလ်မှာဖြစ်နေတဲ့ ကျောင်းသားသပိတ်ကလည်း လေးလရှိနေပြီ။ပညာရေးဝန်ကြီးဌာနက နေ ဖြေရှင်းပေးမှုမရှိသေးဘူး။ ဖြေရှင်းပေးဖို့ ထောက်ခံကြောင်း ဆန္ဒပြတာဖြစ်တယ်။ နောက်တစ်ချက်က အတန်းငယ်တွေကို မတ်လကုန်အထိ ကျောင်းချိန်တိုးမြှင့်တဲ့ကိစ္စ၊ အဲဒါကလည်း ပညာရေးတက္ကသိုလ်က ဆရာတွေ၊ ဆရာမတွေ ၊ကျောင်းသားတွေကလည်း လုံးဝမထောက်ခံကြဘူး။ ဒါကိုလည်းထောက်ခံတာဖြစ်တယ်။”လို့။”လို့ ရတနာပုံ တက္ကသိုလ် သမဂ္ဂ ဒုဥက္ကဌ ကိုဘုန်းမြင့်ကျော်က ပြောပါတယ်။ ရတနာပုံတက္ကသိုလ် ဗကသများအဖွဲ့ချုပ်က ကျောင်းသား ကျောင်းသူတွေဟာ ကျောင်းတွင်းတစ်ပတ်လှည့်လည်ဆနပြခဲ့ကြပြီး အဂတိလိုက်စားမှုကို အကာအကွယ်ပေးတဲ့ အစိုးရ အလိုမရှိ၊ လုပ်ငန်းခွင် အခြေမပြုတဲ့ ပြုပြင်ပြောင်းလဲရေး ဖျက်သိမ်းပေး၊ ပညာရေးဗျူရို…
Read Moreတံတားပေါ်က ခုန်ချသွားတဲ့ စက်မှုလက်မှုသိပ္ပံကျောင်းသားရဲ့ရုပ်အလောင်း ပြန်လည်တွေ့ရှိ
စစ်ကိုင်း၊ ဇန်နဝါရီ ၂၄-၂၀၂၀ မောင်တာရာ(VOM) ဧရာဝတီတံတား(ရတနာပုံ)ပေါ်ကနေ ဇန်နဝါရီ ၂၃ရက်ညနေပိုင်းက ခုန်ချသွားတဲ့ ကျောက်ဆည် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသားရဲ့ ရုပ်အလောင်းကို ဒီကနေ့မနက် ၁၀ နာရီခန့်က တွေ့ရှိခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)ကနေ သိရပါတယ်။ ”ဒီနေ့ နံနက် ၁၀ နာရီလောက်က ရေငုပ်သမားတွေ ရှာဖွေမှုနဲ့ မြစ်အတွင်းတံတားအောက်ကနေ ပြန်လည်တွေ့ရှိပါပြီ၊ ရုပ်အလောင်းကို မဏီစလ လူမှုကူညီရေးကားနဲ့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်လိုက်ပါတယ် “လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း) အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောပါတယ်။ တံတားပေါ်ကနေခုန်ချသွားတဲ့ ကျောင်းသားဟာ မန္တလေးမြို့ ၊ကျွဲဆည်ကန် ၁၁ လမ်း၊ လမ်းသွယ် ၃ ကြာမှာနေထိုင်ပြီး ကျောက်ဆည် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ အဲ့ဒီကျောင်းသားဟာ ဇန်နဝါရီလ ၂၃ရက်၊ ညနေ ၆နာရီအချိန်ခန့်က ဧရာဝတီ(ရတနာပုံ) မန္တလေးဘက်ခြမ်း တံတားတစ်ကုန်းမြောက်နေရာကနေ မြစ်အတွင်းခုန်ချခဲ့တဲ့အတွက် စစ်ကိုင်းခရိုင်၊မြို့နယ် မီးသတ်တပ်ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့၊အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)၊ရေလုပ်သားတွေက ညပိုင်းအထိ ရေပြင်ရှာဖွေကယ်ဆယ်မှုတွေလုပ်ခဲ့ပြီး…
Read MoreICJက (၆)လတစ်ကြိမ်အစီရင်ခံစာ တရားရုံးတင်သွင်းဖို့ပျက်ကွက်ရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးထိခိုက်နိုင်
ရန်ကုန် ၊ ဇန်နဝါရီ ၂၄-၂၀၂၀ သူရိန်(VOM) အပြည်ပြည်ဆိုင်ရာတရားရုံး ICJမှာ တရားစွဲဆိုခံထားရတာနဲ့ပက်သက်ပြီး မြန်မာဘက်က အချက် ၄ ချက် လုပ်ဆောင်ဖို့အမိန့်ချမှတ်မှုမှာ (၆)လတစ်ကြိမ်တိုင်း အစီရင်ခံစာ တရားရုံးကို တင်သွင်းဖို့ပျက်ကွက်ရင် မြန်မာ့စီးပွားရေးပျက်သွားနိုင်တယ်လို့ တရားလွှတ်တော်ရှေ့ နေဦးကြီးမြင့်က သုံးသပ်ပြောဆိုပါတယ်။ “တချို့ကရှုံးလို့ရှုံးမှန်း ၊ နိုင်လိုနိုင်မှန်း မသိတဲ့သူတွေအများကြီး ။ ဥပဒေပညာရှင်ဆိုလို့ ကိုယ့်ကိုကိုယ်သောက်ကြီးသောက်ကျယ် ပြောပြီး ရှုံးလို့ရှုံးမှန်းနိုင်လို့နိုင်မှန်းမသိဘူး။ ဒါပမာဏရှုံးတာ။အဲ လောက်တော့သိသင့်တယ်လေဗျာ။ အမှုကြီးတခုလုံးရှုံးသွားတာမ ဟုတ်ဘူး။ ဂမ်ဘီယာကတောင်းဆိုချက်တွေကို လိုက်လျောရမယ်။ အရေးကြီးတဲ့ဟာတွေ။ နောက်တခု ၄လတစ်ကြိမ် အစီရင်ခံစာဆိုတာ အမိန့်ထပ်ချစရာလိုလား။ အဲတာပါပြီးသား ပြီးသွားပြီ။ ရှိသမျှဟာတွေအကုန်လုံး ၄ ချက်မဟုတ်ဘူး။ အကုန်ရှုံးတာ။ အမှန်တော့ဒီအမှုကြီးကို လက်မခံသင့်ဘူး၊ မချသင့်ဘူးလို့ ဒို့ကနှစ်ချက်ဘဲတောင်းတာ။ အဲနှစ်ချက်ကိုပယ်လိုက်တယ်ကွာ ။ အဲတာ ဒို့ရှုံးတာပေါ့။ ဒါကိုဈေးဆစ်နေသေးတယ်။ လေးချက်ရှုံးတယ်။ နှစ်ချက်ရှုံးတယ်။ ဒါကဂျီနိုဆိုက်လဲမမြောက်ပါဘူး။ ဒါကသေချာတယ်။…
Read Moreမတ်လကုန်အထိ စာမေးပွဲစစ်ဆေးခြင်းကို ကန့်ကွက်တဲ့လက်မှတ်ရေးထိုးမှု ပဲခူးမြို့မှာပြုလုပ်
ပဲခူး၊ ဇန်နဝါရီ ၂၄-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့၊ ပဲခူးရွှေမော်ဓောဘုရားလမ်း၊ ဗိုလ်ချုပ်ကြေးရုပ်မှာ ဇန်နဝါရီ၂၃ရက်ညနေပိုင်းက မတ်လကုန်ထိ စာမေးပွဲစစ်ဆေးတာကို ကန့်ကွက်တဲ့အနေနဲ့ လက်မှတ်ရေးထိုးလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ အဆိုပါ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို အခြေခံပညာ ဆရာ/ဆရာမတစ်ချို့က ဦးဆောင်ပြုလုပ်ခဲ့ကြပြီး ကျောင်းသူ/သား မိဘများ၊ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ ‟စမ်းသပ်နေတာမဟုတ်ဖူးလည်း ပြောသေးတယ်၊ တကယ့်တကယ့်ကြတော့ ဒီနေ့အဆင်ပြေရင်ပြေ၊ မပြေရင် နောက်နေ့ထုတ်လိုက်မယ်ဆိုတဲ့စကားက ဒါ စမ်းသပ်နေတာ မဟုတ်ဖူးလားလို့မေးချင်ပါတယ်။ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီအစိုးရခေတ်မှာ မိဘ၊ဆရာ၊ကျောင်းသား၊ ပညာရေးအသိုင်းအဝန်း သဘောထားမခံယူဘဲ အမိန့်တွေ၊ ညွှန်ကြားစာတွေထုတ်ပြန်နေမယ်ဆိုရင် နောက်နောင် ဒီလိုဘဲ ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါသေးတယ်။ မိဘ၊ဆရာ၊ကျောင်းသားတွေရဲ့ဆုံးဖြတ်ချက်ကိုယူပြီး ပညာရေးအရွေ့ကိုသွားသင့်တယ်ဆိုတာ သိစေချင်တာပါ၊ အခုကဗဟိုချုပ်ကိုင်မှုနဲ့သွားနေပါတယ်၊ ငါတို့အမိန့်ထုတ်လိုက်မယ်၊ အဲဒီအတိုင်းလုပ်ဆိုတာ အခုထိရှိနေပါသေးတယ်။ နိုင်ငံတော်ကပေးထားတဲ့ တာဝန်တွေကတော့ နိုင်ငံ့ဝန်ထမ်းတွေဆိုတော့ ထမ်းဆောင်ကြရမှာပါ၊ ဝန်ထမ်းတိုင်းမှာ အလုပ်သမားအခွင့်အရေးဆိုတာရှိပါတယ် ။ အဲဒီအလုပ်သမားအခွင့်အရေးတွေကို ဝန်ကြီးဌာနကိုယ်တိုင် ချိုးဖောက်မိနေတယ်ဆိုတာ…
Read Moreအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းနှစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်နာယကကို တင်သွင်း
နေပြည်တော်၊ ဇန်နဝါရီ ၂၃-၂၀၂၀ ကိုထွန်း(VOM) အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြုစုလိုက်တဲ့ ဥပဒေမူကြမ်းနှစ်ရပ်ကို ဒီကနေ့ ပြည် ထောင်စုလွှတ်တော်နာယကကို တင်သွင်းခဲ့တယ်လို့ ပူးပေါင်းကော်မတီကနေ သိရပါတယ်။ “ဒီနေ့ ထိုးပြီးတာနဲ့ နာရီပိုင်းအတွင်းမှာပဲ နာယကဆီကိုတင်ဖို့ပေါ့။ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော် မတီက ပြုစုထားတဲ့ ပုဒ်မ ၄၃၆ (က)နဲ့အကျုံးဝင်တဲ့ ဥပဒေမူကြမ်းတစ်ရပ်ရယ်၊ ပုဒ်မ ၄၃၆ (ခ)ရဲ့ အကျုံးဝင်တဲ့ ဥပဒေကြမ်းတစ်ရပ်ရယ်”လို့ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအတွင်းရေးမှုး ဒေါက်တာမြတ်ဉာဏစိုးကပြောပါတယ်။ ဥပဒေမူကြမ်းနှစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်နာယကဆီတင်သွင်းဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းလက်မှတ်တွေစုစည်းဖို့လိုအပ်ပြီး ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင် ရေးပူပေါင်းကော်မတီက ဒီကနေ့ နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ ပါဝင်လက်မှတ်ရေးထိုးလိုတဲ့ ကိုယ်စားလှယ်တွေဆီကနေ လက်မှတ်တွေစုစည်းခဲ့တာဖြစ်ပါတယ်။ “ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်ကတော့ ပြီးသွားပြီ၊ ကော်မတီသက်တမ်းက ဒီဥပဒေမူ ကြမ်းတင်လိုက်ပြီဆိုတာနဲ့ ပြီးဆုံးသွားပြီ၊ လွှတ်တော်နာယကအနေနဲ့ ဘာဖွဲ့ပေးမလဲဆိုတော့ လေ့လာစိစစ် ရေးပူးပေါင်းကော်မတီ။ အဲ့ဒါကတော့ ပြည်သူ့လွှတ်တော်မှာရှိတဲ့ ဥပဒေကြမ်းကော်မတီဝင်…
Read Moreအိုင်စီဂျေက အချက်လေးချက်နဲ့ ကြားဖြတ်အမိန့်ချ
အိုင်စီဂျေက အချက်လေးချက်နဲ့ ကြားဖြတ်အမိန့်ချ ဇန်နဝါရီ ၂၃၊ ၂၀၂၀ VOM ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ အိုင်စီဂျေတရားရုံးမှာ မြန်မာနိင်ငံကို ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အမှု အိုင်စီဂျေ တရားရုံးက ကြားဖြတ်အမိန့်အဖြစ် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ စီမံချက်တွေ ချမှတ်ပြီး အစီရင်ခံစာတွေ တင်ပြရမယ်လို့ အချက် ၄ ချက်နဲ့ အမိန့် ချမှတ်လိုက်ပါတယ်။ ဒီအချက်တွေကတော့ – မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာအရေးကို လုပ်တဲ့အခါ ဂျီနိုဆိုက်ဒ် ကွန်ဗန်းရှင်း အပိုဒ် ၂ အတိုင်း တတ်နိုင်သမျှ စီမံလုပ်ဆောင်ပါ။ လူမျိုးတုန်း သတ်ဖြတ်မှုကျူးလွန်မှု မြောက်နိုင်တဲ့ လူတဦးတယောက်ကိုဖြစ်စေ တစုတဖွဲ့အပေါ်ကို ဖြစ်စေ လူ့အခွင့်အရေး ချိုးဖောက်တာ၊ လူသတ်မှုကျူးလွန်တာ၊ အစာရေစာ ထောက်ပံ့မှု မပြုတာ၊ ကလေးမွေးဖွားမှု ထိန်းချုပ်တားဆီးတာ၊ ခရီးသွားလာမှု ပိတ်ပင်တားဆီးတာမျိုး စတာတွေကို မလုပ်ဖို့ စီမံပါ၊…
Read Moreအတန်းငယ်များ မတ်လနောက်ဆုံးပတ်ထိ စာမေးပွဲစစ်ဆေးတာကို ဖျက်သိမ်းပေးဖို့ ပခုက္ကူပညာရေးကောလိပ်မှာ တစ်ကျောင်းလုံးနီးပါး ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၂၃-၂၀၂၀ စွဲ့ဝတီ(VOM) ပညာရေးဝန်ကြီးဌာနက ပြောင်းလဲသက်မှတ်လိုက်တဲ့ အတန်းငယ်များ မတ်လနောက်ဆုံးပတ်ထိ စာမေးပွဲစစ်ဆေးတာကို ဒီကနေ့မနက်ပိုင်းက ပခုက္ကူပညာရေးကောလိပ်မှာရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေ တစ်ကျောင်းလုံးနီးပါး ဆန္ဒပြခဲ့ကြတယ်လို့ ပခုက္ကူပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။ “အရင်တစ်ခါလှုပ်ရှားတုန်းက ကျွန်တော်တို့သမဂ္ဂကချည်းပဲ လှုပ်ရှားတာပေါ့။ စတစ်ကာတွေကို တစ်ကျောင်းလုံးကိုလိုက်ပြီးတော့ ကပ်တာပေါ့။ ဒီဆန္ဒပြတဲ့အခါ ကျွန်တော်တို့ကျောင်းက တစ်ကျောင်းလုံးနီးပါးကို ပါခဲ့တဲ့အတိုင်းအတာရှိတယ်။ လူ ၂၀လောက်ပဲ ကျန်ခဲ့တယ်။ ကျောင်းသားကျောင်းသူ ၄၈၀မှာ ၄၆၀လောက် ကျွန်တော်တို့ဆန္ဒပြတဲ့အခါမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ် ”လို့ ပခုက္ကူပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂကဥက္ကဌ ကိုကျော်ဖြိုးဟိန်းကပြောပါတယ်။ အဲ့ဒီလို ဆန္ဒပြတောင်းဆိုတဲ့အခါမှာ ပခုက္ကူပညာရေးကောလိပ်က ကျောင်းသားကျောင်းသူများ၊ ကျောင်းသားသမဂ္ဂများ ကွန်ရက် (ပခုက္ကူ) မှ ကျောင်းသားကျောင်းသူတွေသာမက အဲ့ဒီကောလိပ်မှာ ကျောင်းပြီးသွားပြီးတော့ အခြေခံပညာမှာ ဆရာ၊ဆရာမအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ဆရာမတွေပါ ပူးပေါင်းပါဝင်ခဲ့တဲ့အတွက် လူဦးရေ ၅၀၀ကျော် ပါဝင်ဆန္ဒပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဆန္ဒပြတဲ့အခါမှာ အတန်းငယ်များအား…
Read Moreပြည်သူနဲ့နိုင်ငံရေးအမြင်ဖလှယ်တာဟာ နိုင်ငံရေးတာဝန်တစ်ခုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
တမူး၊ ဇန်နဝါရီ ၂၃-၂၀၂၀ ဂေါင်ဂေါင်(VOM) တမူးခရိုင်၊ ကဘော်ချိုင်ဝှမ်းမြို့တော်၊ တမူးမြို့ကို ဒီကနေ့မနက်ပိုင်းက ပထမဆုံးအကြိမ်ရောက်ရှိလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တမူးမြို့ခံပြည်သူတွေနဲ့တွေ့ဆုံချိန်မှာ နိုင်ငံရေးလုပ်နေတာဟာ ပြည်သူနဲ့နိုင်ငံရေးအမြင်ကိုဖလှယ်ဖို့ တာဝန်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “ကျွန်မတို့ နိုင်ငံရေးလုပ်နေတာဟာ ပြည်သူနဲ့နိုင်ငံရေးအမြင်ကိုဖလှယ်ဖို့ တာဝန်တစ်ခုဖြစ်ပြီး တာဝန်လို့ပြောတာထက် စိတ်ချမ်းသာလဲဖြစ်ပါတယ်၊ ပြည်သူနဲ့ထိတွေပြီး ပြည်သူရဲ့လိုအပ်ချက်ကို ဖြည့်စည်းနိုင်ခွင့်ရရှိပြီး ပြည်သူအတွက်တာဝန်ကို လိုလိုလားလားထမ်းဆောင်တာ ဖြစ်ပါတယ်။ တမူးမြို့က နယ်စပ်မြို့ဖြစ်တဲ့အတွက် အခြားနယ်စပ်မဟုတ်တဲ့မြို့တွေထက် တစ်ဖက်နိုင်ငံကအခြေအနေကို ပိုပြီးသိနိုင်ပြီး၊ ကောင်းတာတွေကို အတုယူနိုင်ပြီး၊ မကောင်းတာတွေကိုရှောင်နိုင်ပါတယ်။ တဖက်နိုင်ငံမှလဲ ကျွန်မတို့ဆီကနေ နမူနာယူစရာရှိပါတယ်”လို့ပြောခဲ့တာ ဖြစ်ပါတယ်။ ပြည်သူအများကြီးနဲ့ထိတွေခွင့်ရတာ ကျေနပ်စရာကောင်းပြီး လူထုနဲ့တွေ့ဆုံတဲ့ ခန်းမဆောင်အပြင်ဘက်မှာ အတိုင်ပင်ခံနဲ့တွေ့ဖို့စောင့်နေတဲ့သူများတဲ့အတွက် တတ်နိုင်ရင် ခန်းမထဲမဟုတ်ဘဲ ကွင်းပြင်လိုနေများမျိုးဆို ပိုကောင်းမယ်လို့ိလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာဖြစ်ပါတယ်။ အတိုင်ပင်ခံ နဲ့ ပြည်သူလူထုတွေ့ဆုံပွဲမှာ ခန်းမထဲဝင်ခွင့်ရတဲ့သူတွေက တင်ပြချက်တွေ တင်ပြကြတဲ့အခါမှာ အချိန်မလုံလောက်တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးတွေက ဖြေကြားပေးခဲ့တာလည်း…
Read Moreလူထုဗဟိုပြုစီမံကိန်း တိုးချဲ့ရွေးချယ်ရာ အုတ်ဖိုမြို့နယ်ရရှိ
ပဲခူး၊ ဇန်နဝါရီ ၂၃-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့၊ မြို့တော်ခန်းမမှာ ဒီကနေ့မနက်ပိုင်းက ပဲခူးတိုင်းအတွင်း လူထုဗဟိုပြုစီမံကိန်း တိုးချဲ့ရွေးချယ်၊ အကြံဉာဏ်ရယူတဲ့အခမ်းအနားကျင်းပရာမှာ လူထုဗဟိုပြုစီမံကိန်းတိုးချဲ့မယ့် မြို့အဖြစ် အုတ်ဖိုမြို့နယ်ကနေ ရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ လူထုဗဟိုပြုစီမံကိန်းကို ပဲခူးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်တွေအထဲက မြို့နယ်(၁)မြို့နယ်ကို ထပ်မံရွေးချယ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် သတ္တမနှစ်စက်မှာ လုပ်ငန်းအကောင်အထည်ဖော်နိုင်ဖို့အတွက် အကြံဉာဏ်ရယူ ဆွေးနွေးရွေးချယ်ကြရာမှာ အုတ်ဖိုမြို့နယ်က ရ ရှိခဲ့တာဖြစ်ပါတယ်။ ‟ကျွန်မတို့ လူထုဗဟိုပြုစီမံကိန်းဟာ ကမ္ဘာ့ဘဏ်ရဲ့အထောက်အပံငွေ၊ နည်းပညာ နိုင်ငံတော်ရဲ့ထောက်ပံ့မှုတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာ ၂၀၁၃ခုနှစ်ကစပြီး ယခုအချိန်ထိ (၆၃)မြို့နယ်ရှိပါပြီ။ ဒီနေ့ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ရံပုံငွေထပ်မံရရှိတဲ့အတွက် (၁၃)မြို့နယ်တိုးချဲ့မှာဖြစ်လို့ နေပြည်တော်အပါအဝင် ကယားစတဲ့ တစ်မြို့နယ်စီ တိုးသွားမှာဖြစ်လို့ မြို့နယ်ရွေးချယ်ဖို့ ကျင်းပတာဖြစ်တယ်”လို့ ပဲခူးတိုင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး…
Read More