အတန်းငယ်များ မတ်လနောက်ဆုံးပတ်ထိ စာမေးပွဲစစ်ဆေးတာကို ဖျက်သိမ်းပေးဖို့ ပခုက္ကူပညာရေးကောလိပ်မှာ တစ်ကျောင်းလုံးနီးပါး ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၃-၂၀၂၀
စွဲ့ဝတီ(VOM)

ပညာရေးဝန်ကြီးဌာနက ပြောင်းလဲသက်မှတ်လိုက်တဲ့ အတန်းငယ်များ မတ်လနောက်ဆုံးပတ်ထိ စာမေးပွဲစစ်ဆေးတာကို ဒီကနေ့မနက်ပိုင်းက ပခုက္ကူပညာရေးကောလိပ်မှာရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေ တစ်ကျောင်းလုံးနီးပါး ဆန္ဒပြခဲ့ကြတယ်လို့ ပခုက္ကူပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။

“အရင်တစ်ခါလှုပ်ရှားတုန်းက ကျွန်တော်တို့သမဂ္ဂကချည်းပဲ လှုပ်ရှားတာပေါ့။ စတစ်ကာတွေကို တစ်ကျောင်းလုံးကိုလိုက်ပြီးတော့ ကပ်တာပေါ့။ ဒီဆန္ဒပြတဲ့အခါ ကျွန်တော်တို့ကျောင်းက တစ်ကျောင်းလုံးနီးပါးကို ပါခဲ့တဲ့အတိုင်းအတာရှိတယ်။ လူ ၂၀လောက်ပဲ ကျန်ခဲ့တယ်။ ကျောင်းသားကျောင်းသူ ၄၈၀မှာ ၄၆၀လောက် ကျွန်တော်တို့ဆန္ဒပြတဲ့အခါမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ် ”လို့ ပခုက္ကူပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂကဥက္ကဌ ကိုကျော်ဖြိုးဟိန်းကပြောပါတယ်။

အဲ့ဒီလို ဆန္ဒပြတောင်းဆိုတဲ့အခါမှာ ပခုက္ကူပညာရေးကောလိပ်က ကျောင်းသားကျောင်းသူများ၊ ကျောင်းသားသမဂ္ဂများ ကွန်ရက် (ပခုက္ကူ) မှ ကျောင်းသားကျောင်းသူတွေသာမက အဲ့ဒီကောလိပ်မှာ ကျောင်းပြီးသွားပြီးတော့ အခြေခံပညာမှာ ဆရာ၊ဆရာမအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ဆရာမတွေပါ ပူးပေါင်းပါဝင်ခဲ့တဲ့အတွက် လူဦးရေ ၅၀၀ကျော် ပါဝင်ဆန္ဒပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆန္ဒပြတဲ့အခါမှာ အတန်းငယ်များအား မတ်လနောက်ဆုံးပတ် စာမေးပွဲစစ်ဆေးခြင်းကို ကန့်ကွက်တဲ့ ကြွေးကြော်သံတွေ ရွတ်ဆိုပြီးတော့ ဗီနိုင်းများကိုင်ဆောင်ကာ ကျောင်းတွင်းလှည့်လည်ပြီး ဆန္ဒပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အဓိက စာမေးပွဲကာလမှာ အငယ်တန်းတွေကို အစိုးရစစ်စာမေးပွဲတွေရဲ့ရှေ့မှာ စစ်ပေးဖို့ တောင်းဆိုတယ်။ ပညာရေးပြုပြင်ပြောင်းလဲတော့မယ်ဆိုရင် ဒီမိုကရေစီနည်းနဲ့အညီ သုတေသနပြုလုပ်ပြီးတော့ ဖော်ဆောင်ဖို့ တောင်းဆိုတာဖြစ်ပါတယ်”လို့ ကိုကျော်ဖြိုးဟိန်းက ထပ်ပြီးတော့ ပြောပါတယ်။

ပခုက္ကူပညာရေးကောလိပ်အနေနဲ့ မတ်လအထိ စာသင်ကာလတိုးမြှင့်တာကိုကန့်ကွက်တဲ့ စတစ်ကာ ကမ်းပိန်းကိုလည်း ဇန်နဝါရီ ၉ရက်နေ့က ပခုက္ကူပညာရေးကောလိပ်မှာ ပြုလုပ်ခဲ့ပြီးတော့ အခုဒုတိယ အကြိမ်အနေနဲ့ ဆန္ဒပြတောင်းဆိုရာမှာ တစ်ကျောင်းလုံးနီးပါးက ကျောင်းသား၊ကျောင်းသူတွေ ပါဝင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အခြေခံပညာသင်ကာလ မတ်လကုန်အထိ တိုးမြှင့်သတ်မှတ်တာကို ကန့်ကွက်တဲ့လှုပ်ရှားမူဖြစ်တဲ့ ဖဲကြိုးစိမ်း လှုပ်ရှားမူ ဦးဆောင်ကော်မတီ၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ၊ ဗဟို အလုပ်အမူဆောင်ကော်မတီ၊ တက္ကသိုလ်ဆရာသမဂ္ဂ ကိုယ်စားပြုကော်မတီတို့ပူးပေါင်းကာ ကော်မတီသုံးခုပေါင်းပြီး လူထုသဘောထား လက်မှတ်ကောက်ခံနေတဲ့ လှုပ်ရှားမူကိုလည်း တိုင်းနဲ့ပြည်နယ်အလိုက် ဒေသအသီးသီးမှာ ဇန်နဝါရီ ၁၄ရက်က စတင်ပြီးတော့ လုပ်ဆောင်နေတာလည်း ရှိပါတယ်။

သက်ဆိုင်ရာ ပညာရေးကောလိပ်အသီးသီးမှာလည်း ဆန္ဒပြတောင်းဆိုမူတွေ၊ ဖဲကြိုးစိမ်း လှုပ်ရှားမူတွေကို နေ့တိုင်းလိုလို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

Photo- ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီ
#VOM #voiceofmyanmar #ပခုက္ကူ #ပညာရေးကောလိပ် #တစ်ကျောင်းလုံးနီးပါးဆန္ဒပြ

Zawgyi

အတန္းငယ္မ်ား မတ္လေနာက္ဆုံးပတ္ထိ စာေမးပြဲစစ္ေဆးတာကို ဖ်က္သိမ္းေပးဖို႔ ပခုကၠဴပညာေရးေကာလိပ္မွာ တစ္ေက်ာင္းလုံးနီးပါး ဆႏၵျပ

ရန္ကုန္၊ ဇန္နဝါရီ ၂၃-၂၀၂၀
စြဲ႕၀တီ(VOM)

ပညာေရးဝန္ႀကီးဌာနက ေျပာင္းလဲသက္မွတ္လိုက္တဲ့ အတန္းငယ္မ်ား မတ္လေနာက္ဆုံးပတ္ထိ စာေမးပြဲစစ္ေဆးတာကို ဒီကေန႔မနက္ပိုင္းက ပခုကၠဴပညာေရးေကာလိပ္မွာရိွတဲ့ ေက်ာင္းသား၊ေက်ာင္းသူေတြ တစ္ေက်ာင္းလုံးနီးပါး ဆႏၵျပခဲ့ၾကတယ္လို႔ ပခုကၠဴပညာေရးေကာလိပ္ ေက်ာင္းသားမ်ားသမဂၢကေန သိရပါတယ္။

“အရင္တစ္ခါလႈပ္ရွားတုန္းက ကြၽန္ေတာ္တို႔သမဂၢကခ်ည္းပဲ လႈပ္ရွားတာေပါ့။ စတစ္ကာေတြကို တစ္ေက်ာင္းလုံးကိုလိုက္ၿပီးေတာ့ ကပ္တာေပါ့။ ဒီဆႏၵျပတဲ့အခါ ကြၽန္ေတာ္တို႔ေက်ာင္းက တစ္ေက်ာင္းလုံးနီးပါးကို ပါခဲ့တဲ့အတိုင္းအတာရွိတယ္။ လူ ၂၀ေလာက္ပဲ က်န္ခဲ့တယ္။ ေက်ာင္းသားေက်ာင္းသူ ၄၈၀မွာ ၄၆၀ေလာက္ ကြၽန္ေတာ္တို႔ဆႏၵျပတဲ့အခါမွာ ပူးေပါင္းပါဝင္ခဲ့ၾကပါတယ္ ”လို႔ ပခုကၠဴပညာေရးေကာလိပ္ ေက်ာင္းသားမ်ားသမဂၢကဥကၠဌ ကိုေက်ာ္ၿဖိဳးဟိန္းကေျပာပါတယ္။

အဲ့ဒီလို ဆႏၵျပေတာင္းဆိုတဲ့အခါမွာ ပခုကၠဴပညာေရးေကာလိပ္က ေက်ာင္းသားေက်ာင္းသူမ်ား၊ ေက်ာင္းသားသမဂၢမ်ား ကြန္ရက္ (ပခုကၠဴ) မွ ေက်ာင္းသားေက်ာင္းသူေတြသာမက အဲ့ဒီေကာလိပ္မွာ ေက်ာင္းၿပီးသြားၿပီးေတာ့ အေျခခံပညာမွာ ဆရာ၊ဆရာမအျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာ၊ဆရာမေတြပါ ပူးေပါင္းပါဝင္ခဲ့တဲ့အတြက္ လူဦးေရ ၅၀၀ေက်ာ္ ပါဝင္ဆႏၵျပခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဆႏၵျပတဲ့အခါမွာ အတန္းငယ္မ်ားအား မတ္လေနာက္ဆုံးပတ္ စာေမးပြဲစစ္ေဆးျခင္းကို ကန႔္ကြက္တဲ့ ေႂကြးေၾကာ္သံေတြ ႐ြတ္ဆိုၿပီးေတာ့ ဗီႏိုင္းမ်ားကိုင္ေဆာင္ကာ ေက်ာင္းတြင္းလွည့္လည္ၿပီး ဆႏၵျပခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

“အဓိက စာေမးပြဲကာလမွာ အငယ္တန္းေတြကို အစိုးရစစ္စာေမးပြဲေတြရဲ႕ေရွ႕မွာ စစ္ေပးဖို႔ ေတာင္းဆိုတယ္။ ပညာေရးျပဳျပင္ေျပာင္းလဲေတာ့မယ္ဆိုရင္ ဒီမိုကေရစီနည္းနဲ႔အညီ သုေတသနျပဳလုပ္ၿပီးေတာ့ ေဖာ္ေဆာင္ဖို႔ ေတာင္းဆိုတာျဖစ္ပါတယ္”လုိ႔ ကိုေက်ာ္ၿဖိဳးဟိန္းက ထပ္ၿပီးေတာ့ ေျပာပါတယ္။

ပခုကၠဴပညာေရးေကာလိပ္အေနနဲ႔ မတ္လအထိ စာသင္ကာလတိုးျမႇင့္တာကိုကန႔္ကြက္တဲ့ စတစ္ကာ ကမ္းပိန္းကိုလည္း ဇန္နဝါရီ ၉ရက္ေန႔က ပခုကၠဴပညာေရးေကာလိပ္မွာ ျပဳလုပ္ခဲ့ၿပီးေတာ့ အခုဒုတိယ အႀကိမ္အေနနဲ႔ ဆႏၵျပေတာင္းဆိုရာမွာ တစ္ေက်ာင္းလံုးနီးပါးက ေက်ာင္းသား၊ေက်ာင္းသူေတြ ပါဝင္ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

အေျခခံပညာသင္ကာလ မတ္လကုန္အထိ တိုးျမႇင့္သတ္မွတ္တာကို ကန႔္ကြက္တဲ့လႈပ္ရွားမူျဖစ္တဲ့ ဖဲႀကိဳးစိမ္း လႈပ္ရွားမူ ဦးေဆာင္ေကာ္မတီ၊ အေျခခံပညာ ပညာေရးလုပ္သားသမဂၢမ်ား ၊ ဗဟို အလုပ္အမူေဆာင္ေကာ္မတီ၊ တကၠသိုလ္ဆရာသမဂၢ ကိုယ္စားျပဳေကာ္မတီတို႔ပူးေပါင္းကာ ေကာ္မတီသုံးခုေပါင္းၿပီး လူထုသေဘာထား လက္မွတ္ေကာက္ခံေနတဲ့ လႈပ္ရွားမူကိုလည္း တိုင္းနဲ႔ျပည္နယ္အလိုက္ ေဒသအသီးသီးမွာ ဇန္နဝါရီ ၁၄ရက္က စတင္ၿပီးေတာ့ လုပ္ေဆာင္ေနတာလည္း ရွိပါတယ္။

သက္ဆိုင္ရာ ပညာေရးေကာလိပ္အသီးသီးမွာလည္း ဆႏၵျပေတာင္းဆိုမူေတြ၊ ဖဲႀကိဳးစိမ္း လႈပ္ရွားမူေတြကို ေန႔တိုင္းလိုလို လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္။

Photo- ပညာေရးေကာလိပ္ေက်ာင္းသားသမဂၢမ်ား ကိုယ္စားျပဳေကာ္မတီ
#VOM #voiceofmyanmar #ပခုကၠဴ #ပညာေရးေကာလိပ္ #တစ္ေက်ာင္းလံုးနီးပါးဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW