ဘူးသီးတောင် ဆင်သေပြင်က ရွာသားတစ်ဦး ပစ်ခတ်မှုတစ်ခုကြောင့် ဒဏ်ရာရ

ဘူးသီးတောင် ဆင်သေပြင်က ရွာသားတစ်ဦး ပစ်ခတ်မှုတစ်ခုကြောင့် ဒဏ်ရာရ

ဘူးသီးတောင်၊ ဖေဖော်ဝါရီ ၆- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်ကျေးရွာမှာ မနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကျည်ထိမှန်ဒဏ်ရာရရှိသူမှာ စံကိုးတောင်အုပ်စု၊ ဆင်သေပြင်ရွာက အသက် ၃၅ နှစ်အရွယ် ကိုအာတာမူလာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ အာတာမူလာမှာ ပေါင်ကိုကျည်ထိမှန်တာဖြစ်ပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ထားပြီး လိုအပ်တဲ့ဆေးကုသမှုတွေ ခံယူနေတယ်လို့ သိရပါတယ်။

” မနက်ပိုင်းက ကျည်ထိမှန်တဲ့တစ်ယောက်၊ အခု မောင်တောဆေးရုံမှာရှိတယ်။ ဖြစ်စဉ်ဖြစ်တာက မနက်ဖက်ကဖြစ်တာ။ “လို့ ဘူးသီးတောင်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

အဲ့ဒီ ဒဏ်ရာရရှိသွားတဲ့သူဟာ ထင်းခွေသွားတဲ့အချိန် တပ်မတော်က ပစ်ခတ်တာဖြစ်ပြီး လူမှားပြီးပစ်ခတ်မိတာလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူ းချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်ကျေးရွာဟာ မူဆလင်လူမျိုးတွေ အများစုနေထိုင်တဲ့ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့အေအေတို့အကြား တစ်နေ့ထက်တစ်နေ့ တိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာပြီး တိုက်ပွဲတွေပြင်းထန်လာကာ အရပ်သားထိခိုက်၊ဒဏ်ရာရ၊ သေဆုံးမှုတွေဟာလည်း တိုးလာနေတဲ့အတွက် ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင်ဘဝကိုရောက်ရှိနေသည်မှာ ၁သိန်းကျော်နေပြီလို့ သိရပါတယ်။

#VOM #voiceofmyanmar #ဘူးသီးတောင် #ဆင်သေပြင်ကျေးရွာ #ရွာသားကျည်ထိ

Zawgyi

ဘူးသီးေတာင္ ဆင္ေသျပင္က ရြာသားတစ္ဦး ပစ္ခတ္မႈတစ္ခုေၾကာင့္ ဒဏ္ရာရ

ဘူးသီးေတာင္၊ ေဖေဖာ္ဝါရီ ၆- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဆင္ေသျပင္ေက်းရြာမွာ မေန႔ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့တဲ့အတြက္ ေဒသခံတစ္ဦး က်ည္ထိမွန္ ဒဏ္ရာရ႐ွိခဲ့တယ္လုိ႔ သိ္ရပါတယ္။

အဲ့ဒီက်ည္ထိမွန္ဒဏ္ရာရ႐ွိသူမွာ စံကိုးေတာင္အုပ္စု၊ ဆင္ေသျပင္ရြာက အသက္ ၃၅ ႏွစ္အရြယ္ ကိုအာတာမူလာ ျဖစ္တယ္လုိ႔ သိရပါတယ္။

အဲ့ဒီ အာတာမူလာမွာ ေပါင္ကိုက်ည္ထိမွန္တာျဖစ္ၿပီး ဒဏ္ရာျပင္းထန္တဲ့အတြက္ ဘူးသီးေတာင္ေဆးရံုကုိ ပို႔ေဆာင္ထားၿပီး လိုအပ္တဲ့ေဆးကုသမႈေတြ ခံယူေနတယ္လုိ႔ သိရပါတယ္။

” မနက္ပိုင္းက က်ည္ထိမွန္တဲ့တစ္ေယာက္၊ အခု ေမာင္ေတာေဆးရံုမွာ႐ွိတယ္။ ျဖစ္စဥ္ျဖစ္တာက မနက္ဖက္ကျဖစ္တာ။ “လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေရႊက ေျပာပါတယ္။

အဲ့ဒီ ဒဏ္ရာရ႐ွိသြားတဲ့သူဟာ ထင္းေခြသြားတဲ့အခ်ိန္ တပ္မေတာ္က ပစ္ခတ္တာျဖစ္ၿပီး လူမွားၿပီးပစ္ခတ္မိတာလို႔ သိရပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ဗိုလ္မွဴ းခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာ မ႐ွိပါဘူး။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဆင္ေသျပင္ေက်းရြာဟာ မူဆလင္လူမိ်ဳးေတြ အမ်ားစုေနထုိင္တဲ့ ေနရာျဖစ္တယ္လုိ႔လည္း သိရပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ တပ္မေတာ္နဲ႔ေအေအတုိ႔အၾကား တစ္ေန႔ထက္တစ္ေန႔ တိုက္ပြဲဧရိယာ ပိုမိုက်ယ္ျပန္႔လာၿပီး တိုက္ပြဲေတြျပင္းထန္လာကာ အရပ္သားထိခိုက္၊ဒဏ္ရာရ၊ ေသဆံုးမႈေတြဟာလည္း တိုးလာေနတဲ့အတြက္ ေဒသခံျပည္သူေတြဟာ စစ္ေဘးေ႐ွာင္ဘဝကိုေရာက္႐ွိေနသည္မွာ ၁သိန္းေက်ာ္ေနၿပီလို႔ သိရပါတယ္။

#VOM #voiceofmyanmar #ဘူးသီးေတာင္ #ဆင္ေသျပင္ေက်းရြာ #ရြာသားက်ည္ထိ

Related posts

Leave a Comment

VOM News

FREE
VIEW