မန္တလေး ကျွဲဆည်ကန်ကားကွင်းပြောင်းရွှေ့ရမယ့်ကိစ္စ ကားဂိတ်တွေမကျေနပ်

မန္တလေး ကျွဲဆည်ကန်ကားကွင်းပြောင်းရွှေ့ရမယ့်ကိစ္စ ကားဂိတ်တွေမကျေနပ်

မန္တလေး ဖေဖေါ်ဝါရီ-၉ -၂၀၂၀
ရဲရင့်မင်းခန့်(VOM)

မန္တလေးမြို့ ကျွဲဆည်ကန်ကားကွင်းလို့ အများသိကြတဲ့ ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း အဆင့်မြှင့်တင်မှာမို့ ရွှေ့ပြောင်းရမယ့် အပေါ် အဝေးပြေးကားဂိတ်တွေနဲ့ လုပ်ငန်းရှင်အများစုက ကျေနပ်မှုမရှိတဲ့အတွက် ဖေဖေါ်ဝါရီ ၉ ရက် ညနေပိုင်းက ကျွဲဆည်ကန်ကားဝင်းအတွင်းမှာရှိတဲ့ လူမှုကူညီရေးအသင်းရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ပြောရရင် လုပ်ငန်းလိုအပ်ချက်အရ မြေညီထပ်လိုချင်ပါတယ်။ ဖွံ့ဖြိုးတိုးတတ်ရေးကို ကန့်ကွက်နေတာမဟုတ်ပါဘူး။ သယ်ယူပိုဆောင်ရေးဆိုတာ မြေညီထပ်မှာပဲရှိသင့်တယ်။ ငှားရမ်းသူပဲ ဖြစ်စေ မူလပိုင်ရှင်ပဲဖြစ်စေ မိမိရဲ့ ပိုင်ဆိုင်ခွင့်ကို ကာကွယ်ပိုင်ခွင့်ရှိပါတယ်။ ဒါကလည်းဥပဒေနဲ့အညီပါ။ ဒီထဲကလူတွေကိုလည်းဘယ်သူမှ ဆွဲထုတ်လို့မရဘူး။ ကျွန်တော်တို့က စာရွက်စာတမ်းအပြည့်ရှိတယ်။” လို့ ရွှေမြန်မာ မန္တလေး-မြင်းခြံ ကားဂိတ်ပိုင်ရှင် ဦးကျော်ဆန်းမြင့်ကပြောပါတယ်။

လက်ရှိ အနေနဲ့ပြောရရင်ကွင်းထဲမှာ အငှားရှိမယ်မူလ ပိုင်ရှင်တွေရှိမယ်။ ကော်မတီပိုင်တွေရှိတယ်။ ပြောချင်တာကတော့ မြေညီထပ်မပေးရင်မဖယ်နိုင်ဘူး။ ကိုယ်လိုချင်တဲ့ ဒီဇိုင်း မဟုတ်ရင်မရွေ့ဘူး။ ဒီအတွက် ဘယ်ဥပဒေနဲ့ အရေးယူမှာလဲဆိုတာသိချင်ပါတယ်။ ကျွန်တော်တို့အနေနဲလိုအပ်ရင် အဝေးပြေးလိုင်းတွေကို ပိတ်ထားဖို့အထိ စီစဉ်ဆောင်ရွက်မှာပါ။ ဒီကိစ္စက အစိုးရနဲ့ပါ ထိပ်တိုက် တွေ့လာနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ မဲနှိုက်ဖို့အစီအစဉ် မရှိပါဘူး” လို့လည်း ဂိတ်ပိုင်ရှင်တယောက်ကပြောပါတယ်။

ကားဂိတ်နေရာ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရန် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီးရှိ မြေအကျယ် (၁၀)ဧကပေါ်မှာ ယာယီကားကွင်း တည်ဆောက်ထားပြီး ဂိတ်ခန်းနေရာများကို ဖေဖော်ဝါရီ(၁၆) ရက်မှာ မဲစနစ်ဖြင့် နေရာချပေးမှာဖြစ်ပြီး မတ်လ (၄) ရက်နေ့နောက်ဆုံးထားပြီးပြောင်းရွေ့သွားရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထား ကြောင်းသိရပါတယ်။

ကားဝင်းထဲကနေပြီးတော့ ရွေ့ရမယ့် အချိန်က အတိအကျတော့ မဆုံးဖြတ်ရသေးဘူး။ ဒါပေမယ့် ဆွေးနွေးထားတာကတော့ (မတ်လ၄ရက်) နောက်ဆုံးထား ရွှေ့ကြပြီးတော့ အဲ့ဒီနေ့ ပြီးသွားရင်တော့ ကျွဲဆည်ကန်ကားဝင်းကို အသုံးမပြုဖို့အတွက် စီစဉ်မှာပါ” လို့ စည်ပင်သာယာရေးကော်တီရဲ့ ကားဝင်းနဲ့ဆိုင်တဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိ အနေနဲ့ ကျွဲဆည်ကန် ကားဝင်းတွင် ဂိတ်ဖွင့်ပြေးဆွဲသည့် အဝေးပြေး ကားလိုင်းများ ကားအစီးရေ နှင့် ကားဂိတ်အရေအတွက် များပြားလာခြင်း၊ ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်ခြင်းနှင့် ကားဝင်းကို အမှီပြု လုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများ များပြားလာခြင်းတို့ကြောင့် လက်ရှိကားဝင်းကအဆင်မပြေနိုင်သည့်အတွက ်အဆင့်မြင့်တင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာရေးကော်မတီက သိရပါတယ်။

ယာယီကားဝင်းအတွင်းမှာ ကားဂိတ်ဝန်ထမ်းများအတွက် သီးသန့်နေရာနှင့် ကုန်ပစ္စည်းလက်ခံရန် နေရာ၊ ခရီးသည်များအတွက် လုံခြုံစိတ်ချရသည့် နားနေဆောင်များ မရှိဘူးအဆောင်နေရာများ ထပ်မံငှားရမ်းရဖိုရှိလာမယ်။ လက်ရှိယာယီကားကွင်းကို) ရွှေ့လိုက်ရပြီဆိုရင် ဂိတ်က ရပ်လိုက်ရမှာပါ။ အဲဒီအတွက် အားလုံးအခက် အခဲတွေဖြစ်လာနိုင်ပါတယ်” လို့လည်း ပန်တော်ဦး ကားဂိတ်ပိုင်ရှင် ဦးသန်းနိုင်ကပြောပါတယ်။

ကျွဲဆည်ကန်ကားဝင်း အဆင့်မြင့်တင်နေချိန် ပြောင်းရွှေ့ဖွင့်လှစ်မည့် ယာယီကားဝင်းဟာ ကားအစီးရေ (၄၀)ခန့် တပြိုင်တည်း အဝင်အထွက် ပြုလုပ်နိုင်မှာဖြစ်သလို ခရီးသည်တင် ဘတ်စ်ကား (၂၀၀)ကျော် ရပ်နားနိုင်မည်ဖြစ်ကြောင်းလည်း စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ကျွဲဆည်ကန်ကားဝင်း

Zawgyi

 

မႏၱေလး ကြၽဲဆည္ကန္ကားကြင္းေျပာင္းေရႊ႕ရမယ့္ကိစၥ ကားဂိတ္ေတြမေက်နပ္

မႏၱေလး ေဖေဖၚဝါရီ-၉ -၂၀၂၀
ရဲရင့္မင္းခန႔္(VOM)

မႏၲေလးၿမိဳ႕ ကြၽဲဆည္ကန္ကားကြင္းလိုု႕ အမ်ားသိၾကတဲ႕ ခ်မ္းျမေ႐ႊျပည္ ယာဥ္ရပ္နားစခန္း အဆင့္ျမႇင့္တင္မွာမိုု႕ ေရႊ႕ေျပာင္းရမယ့္ အေပၚ အေဝးေျပးကားဂိတ္ေတြနဲ႕ လုပ္ငန္းရွင္အမ်ားစုက ေက်နပ္မႈမရွိတဲ႕အတြက္ ေဖေဖၚဝါရီ ၉ ရက္ ညေနပိုုင္းက ကြၽဲဆည္ကန္ကားဝင္းအတြင္းမွာရွိတဲ႕ လူမႈကူညီေရးအသင္း႐ုံးမွာ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔အေနနဲ႔ေျပာရရင္ လုပ္ငန္းလိုအပ္ခ်က္အရ ေျမညီထပ္လိုခ်င္ပါတယ္။ ဖြံ႕ၿဖိဳးတိုးတတ္ေရးကို ကန႔္ကြက္ေနတာမဟုတ္ပါဘူး။ သယ္ယူပိုေဆာင္ေရးဆိုတာ ေျမညီထပ္မွာပဲရွိသင့္တယ္။ ငွားရမ္းသူပဲ ျဖစ္ေစ မူလပိုင္ရွင္ပဲျဖစ္ေစ မိမိရဲ႕ ပိုင္ဆိုင္ခြင့္ကို ကာကြယ္ပိုင္ခြင့္ရွိပါတယ္။ ဒါကလည္းဥပေဒနဲ႔အညီပါ။ ဒီထဲကလူေတြကိုလည္းဘယ္သူမွ ဆြဲထုတ္လို႔မရဘူး။ ကြၽန္ေတာ္တို႔က စာ႐ြက္စာတမ္းအျပည့္ရွိတယ္။” လို႕ ေရႊျမန္မာ မႏၲေလး-ျမင္းၿခံ ကားဂိတ္ပိုင္ရွင္ ဦးေက်ာ္ဆန္းျမင့္ကေျပာပါတယ္။

လက္ရွိ အေနနဲ႔ေျပာရရင္ကြင္းထဲမွာ အငွားရွိမယ္မူလ ပိုင္ရွင္ေတြရွိမယ္။ ေကာ္မတီပိုင္ေတြရွိတယ္။ ေျပာခ်င္တာကေတာ့ ေျမညီထပ္မေပးရင္မဖယ္ႏိုင္ဘူး။ ကိုယ္လိုခ်င္တဲ့ ဒီဇိုင္း မဟုတ္ရင္မေ႐ြ႕ဘူး။ ဒီအတြက္ ဘယ္ဥပေဒနဲ႔ အေရးယူမွာလဲဆိုတာသိခ်င္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲလိုအပ္ရင္ အေဝးေျပးလိုုင္းေတြကို ပိတ္ထားဖို႔အထိ စီစဥ္ေဆာင္႐ြက္မွာပါ။ ဒီကိစၥက အစိုးရနဲ႔ပါ ထိပ္တိုက္ ေတြ႕လာႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ကေတာ့ မဲႏႈိက္ဖို႔အစီအစဥ္ မရွိပါဘူး” လိုု႕လည္း ဂိတ္ပိုင္ရွင္တေယာက္ကေျပာပါတယ္။

ကားဂိတ္ေနရာ ေျပာင္းေ႐ႊ႕ဖြင့္လွစ္ႏိုင္ရန္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ တံခြန္တိုင္အဝိုင္းအနီးရွိ ေျမအက်ယ္ (၁၀)ဧကေပၚမွာ ယာယီကားကြင္း တည္ေဆာက္ထားၿပီး ဂိတ္ခန္းေနရာမ်ားကို ေဖေဖာ္ဝါရီ(၁၆) ရက္မွာ မဲစနစ္ျဖင့္ ေနရာခ်ေပးမွာျဖစ္ၿပီး မတ္လ (၄) ရက္ေန႔ေနာက္ဆုံးထားၿပီးေျပာင္းေ႐ြ႕သြားရမည္ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီက ထုတ္ျပန္ထား ေၾကာင္းသိရပါတယ္။

ကားဝင္းထဲကေနၿပီးေတာ့ ေ႐ြ႕ရမယ့္ အခ်ိန္က အတိအက်ေတာ့ မဆုံးျဖတ္ရေသးဘူး။ ဒါေပမယ့္ ေဆြးေႏြးထားတာကေတာ့ (မတ္လ၄ရက္) ေနာက္ဆုံးထား ေ႐ႊ႕ၾကၿပီးေတာ့ အဲ့ဒီေန႔ ၿပီးသြားရင္ေတာ့ ကြၽဲဆည္ကန္ကားဝင္းကို အသုံးမျပဳဖို႔အတြက္ စီစဥ္မွာပါ” လိုု႕ စည္ပင္သာယာေရးေကာ္တီရဲ႕ ကားဝင္းနဲ႕ဆိုုင္တဲ႕ တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

လက္ရွိ အေနနဲ႕ ကြၽဲဆည္ကန္ ကားဝင္းတြင္ ဂိတ္ဖြင့္ေျပးဆြဲသည့္ အေဝးေျပး ကားလိုင္းမ်ား ကားအစီးေရ ႏွင့္ ကားဂိတ္အေရအတြက္ မ်ားျပားလာျခင္း၊ ျပည္တြင္း ျပည္ပခရီးသြားမ်ား လာေရာက္ျခင္းႏွင့္ ကားဝင္းကို အမွီျပဳ လုပ္ကိုင္သည့္ စီးပြားေရးလုပ္ငန္းမ်ား မ်ားျပားလာျခင္းတို႔ေၾကာင့္ လက္ရွိကားဝင္းကအဆင္မေျပႏိုင္သည့္အတြက ္အဆင့္ျမင့္တင္ရန္ စီစဥ္ျခင္းျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာေရးေကာ္မတီက သိရပါတယ္။

ယာယီကားဝင္းအတြင္းမွာ ကားဂိတ္ဝန္ထမ္းမ်ားအတြက္ သီးသန႔္ေနရာႏွင့္ ကုန္ပစၥည္းလက္ခံရန္ ေနရာ၊ ခရီးသည္မ်ားအတြက္ လုံၿခဳံစိတ္ခ်ရသည့္ နားေနေဆာင္မ်ား မရွိဘူးအေဆာင္ေနရာမ်ား ထပ္မံငွားရမ္းရဖိုရွိလာမယ္။ လက္ရွိယာယီကားကြင္းကို) ေ႐ႊ႕လိုက္ရၿပီဆိုရင္ ဂိတ္က ရပ္လိုက္ရမွာပါ။ အဲဒီအတြက္ အားလုံးအခက္ အခဲေတြျဖစ္လာႏိုင္ပါတယ္” လိုု႕လည္း ပန္ေတာ္ဦး ကားဂိတ္ပိုင္ရွင္ ဦးသန္းႏိုင္ကေျပာပါတယ္။

ကြၽဲဆည္ကန္ကားဝင္း အဆင့္ျမင့္တင္ေနခ်ိန္ ေျပာင္းေ႐ႊ႕ဖြင့္လွစ္မည့္ ယာယီကားဝင္းဟာ ကားအစီးေရ (၄၀)ခန႔္ တၿပိဳင္တည္း အဝင္အထြက္ ျပဳလုပ္ႏိုင္မွာျဖစ္သလို ခရီးသည္တင္ ဘတ္စ္ကား (၂၀၀)ေက်ာ္ ရပ္နားႏိုင္မည္ျဖစ္ေၾကာင္းလည္း စည္ပင္သာယာေရးေကာ္မတီက သိရပါတယ္။

#voiceofmyanmar #VOM #မႏၱေလး #က်ြဲဆည္ကန္ကားဝင္း

 

Related posts

Leave a Comment

VOM News

FREE
VIEW