ဂျပန်မှာ မြန်မာအချင်းချင်း နောက်ကျောဓါးနဲ့ထိုးသတ်သူ အဖမ်းခံရ

ဂျပန်မှာ မြန်မာအချင်းချင်း နောက်ကျောဓါးနဲ့ထိုးသတ်သူ အဖမ်းခံရ

တိုကျို၊ ဖေဖော်ဝါရီ-၁၈-၂၀၂၀
မျိုးဆက် (VOM)

ဂျပန်နိုင်ငံမှာ နည်းပညာအလုပ်သင် သင်တန်းသားတွေအဖြစ် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား အချင်းချင်း ဓါးနဲ့ထိုးသတ်မှုဖြစ်ပွားခဲ့ပြီးနောက် ကျူးလွန်သူကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

ဂျပန်နိုင်ငံအလယ်ပိုင်းရှိ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၈ အရွယ် ကောင်းကျော်ထက်ဆိုသူဟာ ရဲထက်ဇော် အသက် ၂၅ နှစ်ကို ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၄ နာရီစွန်းစွန်းမှာ နောက်ကျောကိုဓါးနဲ့ထိုးသတ်ခဲ့တာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

အဲဒီ မြန်မာနိုင်ငံသားနှစ်ဦးစလုံး ဂျပန်အစိုးရ၏ နည်းပညာဆိုင်ရာ အလုပ်သင်အစီအစဉ်အရ မီအဲစီရင်စု ယော့ကိုင်ချီ မှာရှိတဲ့ သင်္ဘောဆေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပါတယ်။

တရားခံဖြစ်သူ ကောင်းကျော်ထက်ကို အခင်းဖြစ်ရာနေရာမှ ကီလိုမီတာ ၇၅၀ အကွာရှိ ကုမ္ပဏီရဲ့အဆောင်အနီးမှာ ဖေဖော်ဝါရီ ၁၈ ရက်နံနံပိုင်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးက တွေ့ရှိပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သေဆုံးသူရဲထက်ဇော်ဟာ လုပ်ငန်းခွင်ကိုလာရောက်ခြင်းမရှိလို့ ကုမ္ပဏီက ဝန်ထမ်းအချို့က သွားရောက်ရှာဖွေရာကနေ သူ့ရဲ့အလောင်းကို ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီမြန်မာနိုင်ငံသား နှစ်ဦးစလုံးဟာ အလုပ်သင်အစီအစဉ်အရ သင်္ဘောဆေးကုမ္ပဏီမှာ ဇန်နဝါရီအစောပိုင်းကစပြီး အလုပ်စတင်လုပ်ကိုင်ကြတာဖြစ်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Ref : Japan Times
Photo: Reuters
#voiceofmyanmar #VOM #ဂျပန်မှာမြန်မာအချင်းချင်းသတ်မှု

Zawgyi

ဂ်ပန္မွာ ျမန္မာအခ်င္းခ်င္း ေနာက္ေက်ာဓါးနဲ႔ထိုးသတ္သူ အဖမ္းခံရ

တိုက်ိဳ၊ ေဖေဖာ္၀ါရီ-၁၈-၂၀၂၀
မ်ိဳးဆက္ (VOM)

ဂ်ပန္နုိင္ငံမွာ နည္းပညာအလုပ္သင္ သင္တန္းသားေတြအျဖစ္ အလုပ္လုပ္ကိုင္ေနၾကတဲ႔ ျမန္မာနုိင္ငံသား အခ်င္းခ်င္း ဓါးနဲ႕ထိုးသတ္မႈျဖစ္ပြားခဲ႔ျပီးေနာက္ က်ဴးလြန္သူကို ရဲတပ္ဖြဲ႔က ေဖေဖာ္၀ါရီ ၁၈ ရက္မွာ ဖမ္းဆိီးလိုက္ပါတယ္။

ဂ်ပန္နိုင္ငံအလယ္ပိုင္းရိွ ကုမၸဏီတစ္ခုမွာ အလုပ္လုပ္ကိုင္ေနတဲ႔ အသက္ ၂၈ အရြယ္ ေကာင္းေက်ာ္ထက္ဆိုသူဟာ ရဲထက္ေဇာ္ အသက္ ၂၅ နွစ္ကို ေဖေဖာ္၀ါရီ ၁၆ ရက္ ညေန ၄ နာရီစြန္းစြန္းမွာ ေနာက္ေက်ာကိုဓါးနဲ႔ထိုးသတ္ခဲ႔တာလို႔ ရဲတပ္ဖြဲ႔ကေျပာပါတယ္။

အဲဒီ ျမန္မာနို္င္ငံသားနွစ္ဦးစလံုး ဂ်ပန္အစိုးရ၏ နည္းပညာဆိုင္ရာ အလုပ္သင္အစီအစဥ္အရ မီအဲစီရင္စု ေယာ႔ကိုင္ခ်ီ မွာရိွတဲ႔ သေဘၤာေဆးကုမၸဏီတစ္ခုမွာ အလုပ္လုပ္ကို္င္ေနသူေတြျဖစ္ပါတယ္။

တရားခံျဖစ္သူ ေကာင္းေက်ာ္ထက္ကို အခင္းျဖစ္ရာေနရာမွ ကီလိုမီတာ ၇၅၀ အကြာရိွ ကုမၸဏီရဲ႕အေဆာင္အနီးမွာ ေဖေဖာ္၀ါရီ ၁၈ ရက္နံနံပိုင္းက ရဲတပ္ဖြဲ႔၀င္တစ္ဦးက ေတြ႔ရိွျပီး ဖမ္းဆီးခဲ႔တာျဖစ္ပါတယ္။

ေသဆံုးသူရဲထက္ေဇာ္ဟာ လုပ္ငန္းခြင္ကိုလာေရာက္ျခင္းမရိွလို႔ ကုမၸဏီက ၀န္ထမ္းအခ်ိဳ႕က သြားေရာက္ရွာေဖြရာကေန သူ႕ရဲ႕အေလာင္းကို ေဖေဖာ္၀ါရီ ၁၇ ရက္နံနက္ပိုင္းမွာ ေတြ႔ရိွခဲ႔တာျဖစ္ပါတယ္။ အဲဒီျမန္မာနုိင္ငံသား နွစ္ဦးစလံုးဟာ အလုပ္သင္အစီအစဥ္အရ သေဘၤာေဆးကုမၸဏီမွာ ဇန္န၀ါရီအေစာပိုင္းကစျပီး အလုပ္စတင္လုပ္ကိုင္ၾကတာျဖစ္တယ္လို႔ ကုမၸဏီတာ၀န္ရိွသူတစ္ဦးကေျပာပါတယ္။

Ref : Japan Times
Photo: Reuters
#voiceofmyanmar #VOM #ဂ်ပန္မွာျမန္မာအခ်င္းခ်င္းသတ္မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW