ရခိုင်နဲ့ ချင်းပြည်နယ်က အင်တာနက်လိုင်းဖြတ်တောက်မှု ရပ်ဆိုင်းဖို့ ရခိုင်ပြည်နယ် မြို့သုံးမြို့မှာ ဆန္ဒပြတောင်းဆို

ရခိုင်နဲ့ ချင်းပြည်နယ်က အင်တာနက်လိုင်းဖြတ်တောက်မှု ရပ်ဆိုင်းဖို့ ရခိုင်ပြည်နယ် မြို့သုံးမြို့မှာ ဆန္ဒပြတောင်းဆို

စစ်တွေ၊ ဖေဖော်ဝါရီ ၂၂- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် မြို့နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွေမှာ အစိုးရက အင်တာနက်ဖြတ်တောက်ထားတာကြောင့် ဒီကနေ့ ၁၀ နာရီလောက်က ရခိုင်ပြည်နယ်၊ စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ စတဲ့မြို့တွေမှာ အင်တာနက်လိုင်းဖြတ်တောက်မှုတွေ ချက်ချင်းရပ်ဆိုင်းပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ အင်တာနက်ပြန်ဖွင့်ပေးရေး တောင်းဆိုဆန္ဒပြတဲ့ စစ်တွေဆန္ဒပြပွဲမှာ ကျောင်းသားသမဂ္ဂအပါအဝင် ဒေသခံပြည်သူ ၃၀၀ လောက်ပါဝင် လှူပ်ရှားခဲ့တာ ဖြစ်ပါတယ်။

အင်တာနက်လိုင်းဖြတ်တောက်မှု ချက်ချင်းရပဆိုင်းရေးနဲ့ ပတ်သတ်ပြီး ဆန္ဒပြအဖွဲ့မှာပါဝင်တဲ့ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် ခေါင်းဆောင် ကိုသန်းလှက” အင်တာနက်ပိတ်ထားခြင်းအားဖြင့် မြေပြင်မှာပကတိဖြစ်နေတဲ့ အကြောင်းအရာတွေကို လူတွေသိခွင့်မရှိဘူး။ နိုင်ငံတကာကလည်း သိခွင့်မရဘူး။ အဲ့ဒီအပေါ်မှာ မသမာတဲ့သူတွေက ဒီအင်တာနက်ဖြတ်တောက်ထားတာကို အခွင့်ကောင်းယူပြီး အများကြီးအလုပ်လုပ်လို့ရတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက တလျှောက်လုံးဖြစ်လာတာဘဲ။ ဒါကြာင့် အစိုးရကနေ အင်တာနက်လိုင်း ပြန်ဖွင့်ပေးဖို့လိုတယ်။” လို့ ပြောပါတယ်။

အင်တာနက်လိုင်းဖြတ်တောက်ပြီးတဲ့ နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြုံတွေ့နေရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

” စစ်ကြောရေးတွေဝင်ပြီး အသက်ဆုံးရှုံးသွားတာတွေ၊ မကြာသေးခင်က ဖားပျော်ရွာက လူတစ်ဦးကို စစ်ဆေးပြီးတော့ စစ်တွေဆေးရုံကို တင်ရတဲ့အထိ ဖြစ်သွားတယ်။ လက်သည်မပေါ်ဘဲ လူသေသွားတာတွေအများကြီးရှိတယ်။ အင်တာနက်ဖြတ်တောက်ပြီးကတည်းက အဲ့ဒီလို အဖြစ်အပျက်တွေ ပိုပြီးဖြစ်လာတယ်။ နောက်ပြီး စာသင်တဲ့ကျောင်းကိုတောင် လက်နက်ကြီး ကျလာတယ်။ ဒါဟာ အင်တာနက် ဖြတ်တေက်လိုက်ခြင်းရဲ့ ဆိုးကျိုးတွေပေါ့။” လို့ စစ်တွေမြို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကျောင်းသားများသမဂ္ဂ (စစ်တွေ) ကကိုတိုးတိုးအောင်က ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြေားရေးဆိုခွင့်ရှိသူ ဦးဇောဌေးက ရခိုင်နဲ့ ချင်းပြည်နယ်မှာ အင်တာနက်လိုင်း ဖြတ်တောက်တာဟာ အကျိုးကျေးဇူးရှိတယ်လို့ ပြောသွားခဲ့တဲ့အပေါ် ဆန္ဒပြသူတွေက ကန့်ကွက်ကြပါတယ်။

” နိုင်ငံနဲ့ ပြည်သူအတွက် ကောင်းကျိုးပြုမယ်ဆိုရင် ကောင်းကျိုးပြုတဲ့ အရာတွေကိုလုပ်ပါ။ လေလိုင်းပေါ်မှာ တော်ကီတွေ အရမ်းမပြောနဲ့ပေါ့။ ကျနော်တို့ အင်တာနက်လိုင်း ဖြတ်တောက်ပြီးနောက်ပိုင်း ဆိုးကျိုးတွေကအများကြီးပဲ၊ ကလေးတွေသေနေရတယ်။ စာသင်ခန်းထဲမှာ ကလေးတွေဒဏ်ရာရ သေကြေတာတွေအများကြီးဘဲ။ ဗုံးခိုကျင်းထဲမှာ ကလေးတွေသေရတာအများကြီးပဲ။ ဒါကြောင့် ဒီအင်တာနက်ဖြတ်တောက်ပြီး ကောင်းကျိုးတွေရရဲ့လား အဲ့လိုမျိုးမြင်စေချင်တယ်။” လို့ ကိုသန်းလှက ပြောပါတယ်။

ရခိုင်မြို့နယ် ၈ ခုနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ အင်တာနက်လိုင်းဖြစ်တောက်တာဟာ ၂၄၇ ရက်ထိကြာမြင့်နေပြီး ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှုလို့ ရှုမြင်ကြပါတယ်။

တပ်မတော်နဲ့ AA တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေမှာ ဇွန်လ ၂၁ ရက်နေ့ကစပြီး ဆက်သွယ်ရေးဝန်ကြီးဌာနက အင်တာနက်လိုင်း အသုံးပြုခွင့် ဖြတ်တောက်ရာမှာ စက်တင်တင်ဘာလ ၁ ရက်နေ့က ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံ စတဲ့မြို့နယ်တွေကိုပြန်လည်ဖွင့်ပေးခဲ့ကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံ စတဲ့မြို့နယ်တွေမှာ အင်တာနက်လိုင်း ပြန်လည်ဖြတ်တောက်တာဟာ ဒုတိယအကြိမ်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့က အင်တာနက်လိုင်ဖြတ်တောက်တာမှာ ချင်ပြည်နယ် ပလက်ဝမြို့နယ်လည်းပါဝင်ကြောင်းသိရပါတယ်။

#VOM #Voiceofmyanmar #အင်တာနက်ပြတ်တောက်မှု #ရခိုင်မှာဆန္ဒပြ

Zawgyi

ရခိုင္နဲ႔ ခ်င္းျပည္နယ္က အင္တာနက္လိုင္းျဖတ္ေတာက္မႈ ရပ္ဆိုင္းဖို႔ ရခိုင္ျပည္နယ္ ၿမိဳ႕သံုးၿမိဳ႕မွာ ဆႏၵျပေတာင္းဆို

စစ္ေတြ၊ ေဖေဖာ္ဝါရီ ၂၂- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ ၈ ၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝ ၿမိဳ႕နယ္ေတြမွာ အစိုးရက အင္တာနက္ျဖတ္ေတာက္ထားတာေၾကာင့္ ဒီကေန႔ ၁၀ နာရီေလာက္က ရခိုင္ျပည္နယ္၊ စစ္ေတြ၊ ေတာင္ကုတ္၊ ေက်ာက္ျဖဴ စတဲ့ၿမိဳ႕ေတြမွာ အင္တာနက္လိုင္းျဖတ္ေတာက္မႈေတြ ခ်က္ခ်င္းရပ္ဆိုင္းေပးဖို႔ ဆႏၵျပေတာင္းဆိုခဲ႔တာျဖစ္ပါတယ္။

အဲ့ဒီ အင္တာနက္ျပန္ဖြင့္ေပးေရး ေတာင္းဆိုဆႏၵျပတဲ့ စစ္ေတြဆႏၵျပပြဲမွာ ေက်ာင္းသားသမဂၢအပါအဝင္ ေဒသခံျပည္သူ ၃၀၀ ေလာက္ပါဝင္ လႉပ္႐ွားခဲ့တာ ျဖစ္ပါတယ္။

အင္တာနက္လိုင္းျဖတ္ေတာက္မႈ ခ်က္ခ်င္းရပဆိုင္းေရးနဲ႔ ပတ္သတ္ၿပီး ဆႏၵျပအဖြဲ႔မွာပါဝင္တဲ့ ရခိုင္လူငယ္မ်ိဳးဆက္သစ္ကြန္ရက္ ေခါင္းေဆာင္ ကိုသန္းလွက” အင္တာနက္ပိတ္ထားျခင္းအားျဖင့္ ေျမျပင္မွာပကတိျဖစ္ေနတဲ႔ အေၾကာင္းအရာေတြကို လူေတြသိခြင့္မ႐ွိဘူး။ ႏိုင္ငံတကာကလည္း သိခြင့္မရဘူး။ အဲ့ဒီအေပၚမွာ မသမာတဲ့သူေတြက ဒီအင္တာနက္ျဖတ္ေတာက္ထားတာကို အခြင့္ေကာင္းယူၿပီး အမ်ားႀကီးအလုပ္လုပ္လို႔ရတယ္။ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြက တေလ်ွာက္လံုးျဖစ္လာတာဘဲ။ ဒါၾကာင့္ အစိုးရကေန အင္တာနက္လိုင္း ျပန္ဖြင့္ေပးဖို႔လိုတယ္။” လို႔ ေျပာပါတယ္။

အင္တာနက္လိုင္းျဖတ္ေတာက္ၿပီးတဲ့ ေနာက္ပိုင္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝေဒသေတြမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြၾကံဳေတြ႔ေနရတယ္လို႔ ဆႏၵျပသူေတြက ေျပာပါတယ္။

” စစ္ေၾကာေရးေတြဝင္ၿပီး အသက္ဆံုး႐ႈံးသြားတာေတြ၊ မၾကာေသးခင္က ဖားေပ်ာ္ရြာက လူတစ္ဦးကို စစ္ေဆးၿပီးေတာ့ စစ္ေတြေဆးရံုကို တင္ရတဲ့အထိ ျဖစ္သြားတယ္။ လက္သည္မေပၚဘဲ လူေသသြားတာေတြအမ်ားႀကီး႐ွိတယ္။ အင္တာနက္ျဖတ္ေတာက္ၿပီးကတည္းက အဲ့ဒီလို အျဖစ္အပ်က္ေတြ ပိုၿပီးျဖစ္လာတယ္။ ေနာက္ၿပီး စာသင္တဲ့ေက်ာင္းကိုေတာင္ လက္နက္ႀကီး က်လာတယ္။ ဒါဟာ အင္တာနက္ ျဖတ္ေတက္လိုက္ျခင္းရဲ႕ ဆိုးက်ိဳးေတြေပါ႔။” လို႔ စစ္ေတြၿမိဳ႕ ဆႏၵျပရာမွာပါဝင္တဲ့ ေက်ာင္းသားမ်ားသမဂၢ (စစ္ေတြ) ကကိုတိုးတိုးေအာင္က ေျပာပါတယ္။

မေန႔ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔က သမၼတရံုးသတင္းစာ႐ွင္းလင္းပြဲမွာ သမၼတရံုးေျပားေရးဆိုခြင့္႐ွိသူ ဦးေဇာေဌးက ရခိုင္နဲ႔ ခ်င္းျပည္နယ္မွာ အင္တာနက္လိုင္း ျဖတ္ေတာက္တာဟာ အက်ိဳးေက်းဇူး႐ွိတယ္လို႔ ေျပာသြားခဲ့တဲ႔အေပၚ ဆႏၵျပသူေတြက ကန္႔ကြက္ၾကပါတယ္။

” ႏိုင္ငံနဲ႔ ျပည္သူအတြက္ ေကာင္းက်ိဳးျပဳမယ္ဆိုရင္ ေကာင္းက်ိဳးျပဳတဲ့ အရာေတြကိုလုပ္ပါ။ ေလလိုင္းေပၚမွာ ေတာ္ကီေတြ အရမ္းမေျပာနဲ႔ေပါ့။ က်ေနာ္တို႔ အင္တာနက္လိုင္း ျဖတ္ေတာက္ၿပီးေနာက္ပိုင္း ဆိုးက်ိဳးေတြကအမ်ားႀကီးပဲ၊ ကေလးေတြေသေနရတယ္။ စာသင္ခန္းထဲမွာ ကေလးေတြဒဏ္ရာရ ေသေၾကတာေတြအမ်ားႀကီးဘဲ။ ဗုံးခိုက်င္းထဲမွာ ကေလးေတြေသရတာအမ်ားႀကီးပဲ။ ဒါေၾကာင့္ ဒီအင္တာနက္ျဖတ္ေတာက္ၿပီး ေကာင္းက်ိဳးေတြရရဲ႕လား အဲ့လိုမ်ိဳးျမင္ေစခ်င္တယ္။” လို႔ ကိုသန္းလွက ေျပာပါတယ္။

ရခိုင္ၿမိဳ႕နယ္ ၈ ခုနဲ႔ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ေတြမွာ အင္တာနက္လိုင္းျဖစ္ေတာက္တာဟာ ၂၄၇ ရက္ထိၾကာျမင့္ေနၿပီး ကမာၻ႔အ႐ွည္ၾကာဆံုး အင္တာနက္ျဖတ္ေတာက္မႈလို႔ ႐ႈျမင္ၾကပါတယ္။

တပ္မေတာ္နဲ႔ AA တို႔ တိုက္ပြဲျပင္းထန္ခဲ့တဲ့ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ေမာင္ေတာ၊ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပုံနဲ႔ ေျမာက္ဦးၿမိဳ႕နယ္ေတြမွာ ဇြန္လ ၂၁ ရက္ေန႔ကစၿပီး ဆက္သြယ္ေရးဝန္ႀကီးဌာနက အင္တာနက္လိုင္း အသုံးျပဳခြင့္ ျဖတ္ေတာက္ရာမွာ စက္တင္တင္ဘာလ ၁ ရက္ေန႔က ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေျမပံု စတဲ့ၿမိဳ႕နယ္ေတြကိုျပန္လည္ဖြင့္ေပးခဲ ့ေၾကာင္းသိရပါတယ္။

ၿပီးခဲ့တ့ဲ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေျမပံု စတဲ့ျမိဳ႕နယ္ေတြမွာ အင္တာနက္လိုင္း ျပန္လည္ျဖတ္ေတာက္တာဟာ ဒုတိယအႀကိမ္ၿပီး ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က အင္တာနက္လိုင္ျဖတ္ေတာက္တာမွာ ခ်င္ျပည္နယ္ ပလက္ဝၿမိဳ႕နယ္လည္းပါဝင္ေၾကာင္းသိရပါတယ္။

#VOM #Voiceofmyanmar #အင္တာနက္ျပတ္ေတာက္မွဳ #ရခိုင္မွာဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW