တောင်ရိုးအမျိုးသားနေ့ အခမ်းအနားစတင်

တောင်ရိုးအမျိုးသားနေ့ အခမ်းအနားစတင်

ရှမ်း ၊ ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၀
အောင်ထူးနိုင်(VOM)

နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ တောင်ရိုးအမျိုးသားနေ့ စုံညီပွဲတော်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)ညောင်ရွှေမြို့နယ်၊ ကျေးပေါခုံကျေးရွာအုပ်စု ကျားတွန်ရွာမှာ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်းမှာ စတင်ကျင်းပနေပါပြီ။

အဲဒီပွဲတော်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး တောင်ရိုးအမျိုးသား အလံတင်အခမ်းအနားအပါအဝင် ယဉ်ကျေးမှုအဖွဲ့တွေက ဖျော်ဖြေခြင်း၊ ယှဉ်ပြိုင်းခြင်းနဲ့ ယဉ်ကျေးမှုပြခန်းတွေကိုလည်း ပြသသွားမှာ ဖြစ်တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရပါတယ်။

 

တောင်ရိုးအမျိုးသားနေ့ အခမ်းအနားစတင်

တောင်ရိုးအမျိုးသားနေ့ စုံညီပွဲတော်ကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝန်တွေကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

တောင်ရိုးမျိုးနွယ်စုက ရှမ်းတိုင်းရင်းသား မျိုးနွယ်စု (၃၃)မျိုးထဲမှာ ပါဝင်တဲ့ မျိုးနွယ်စုတစ်ခုဖြစ်ပါတယ်။ တောင်ရိုးအမျိုးသားနေ့ကို ဒီနှစ်ဆိုရင် (၁၁)ကြိမ်မြောက်အထိ ကျင်းပနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တောင်ရိုးအမျိုးသားနေ့ အခမ်းအနားစတင်

တောင်ရိုးမျိုးနွယ်စုတွေဟာ လူဦးရေ တစ်သိန်းခွဲခန့် ရှိပြီး အစိုးရရဲ့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းမှာတော့ လူဦးရေ လေးသောင်းကျော် ရှိနေတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်လောင်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ်၊ ကလောမြို့နယ်တို့မှာ အများစုနေထိုင်ကြတယ်လို့ သိရပြီး တခြားမြို့နယ်တွေမှာလည်း နေထိုင်ကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ရိုးအမျိုးသားနေ့

zawgyi

ေတာင္႐ိုးအမ်ိဳးသားေန႔ အခမ္းအနားစတင္

ရွမ္း ၊ ေဖေဖာ္ဝါရီ ၂၃ ၊ ၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ႏွစ္စဥ္ျပဳလုပ္ေလ့ရွိတဲ့ ေတာင္႐ိုးအမ်ိဳးသားေန႔ စုံညီပြဲေတာ္ကို ရွမ္းျပည္နယ္(ေတာင္ပိုင္း)ေညာင္ေ႐ႊၿမိဳ႕နယ္၊ ေက်းေပါခုံေက်း႐ြာအုပ္စု က်ားတြန္႐ြာမွာ ေဖေဖာ္ဝါရီ ၂၂ ရက္ ညေနပိုင္းမွာ စတင္က်င္းပေနပါၿပီ။

အဲဒီပြဲေတာ္ကို ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔အထိ က်င္းပသြားမွာျဖစ္ၿပီး ေတာင္႐ိုးအမ်ိဳးသား အလံတင္အခမ္းအနားအပါအဝင္ ယဥ္ေက်းမႈအဖြဲ႕ေတြက ေဖ်ာ္ေျဖျခင္း၊ ယွဥ္ၿပိဳင္းျခင္းနဲ႔ ယဥ္ေက်းမႈျပခန္းေတြကိုလည္း ျပသသြားမွာ ျဖစ္တယ္လို႔ ပြဲေတာ္က်င္းပေရးေကာ္မတီထံမွ သိရပါတယ္။

ေတာင္႐ိုးအမ်ိဳးသားေန႔ စုံညီပြဲေတာ္ကို ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အစိုးရအဖြဲ႕ဝန္ေတြကိုလည္း ဖိတ္ၾကားထားတယ္လို႔ သိရပါတယ္။

ေတာင္႐ိုးမ်ိဳးႏြယ္စုက ရွမ္းတိုင္းရင္းသား မ်ိဳးႏြယ္စု (၃၃)မ်ိဳးထဲမွာ ပါဝင္တဲ့ မ်ိဳးႏြယ္စုတစ္ခုျဖစ္ပါတယ္။ ေတာင္႐ိုးအမ်ိဳးသားေန႔ကို ဒီႏွစ္ဆိုရင္ (၁၁)ႀကိမ္ေျမာက္အထိ က်င္းပႏိုင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ေတာင္႐ိုးမ်ိဳးႏြယ္စုေတြဟာ လူဦးေရ တစ္သိန္းခြဲခန႔္ ရွိၿပီး အစိုးရရဲ႕ တရားဝင္ထုတ္ျပန္တဲ့ စာရင္းမွာေတာ့ လူဦးေရ ေလးေသာင္းေက်ာ္ ရွိေနတယ္လို႔ သိရပါတယ္။ ရွမ္းျပည္နယ္(ေတာင္ပိုင္း)ပင္ေလာင္ၿမိဳ႕နယ္၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ ပင္းတယၿမိဳ႕နယ္၊ ကေလာၿမိဳ႕နယ္တို႔မွာ အမ်ားစုေနထိုင္ၾကတယ္လို႔ သိရၿပီး တျခားၿမိဳ႕နယ္ေတြမွာလည္း ေနထိုင္ၾကတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ေတာင္ရိုးအမ်ိဳးသားေန႕

Image may contain: 4 people, people standing, sky, crowd and outdoor

Related posts

Leave a Comment

VOM News

FREE
VIEW