ပလက်ဝမှာ စားနပ်ရိက္ခာပြတ်လပ်ပြီး ကုန်ဈေးတွေအဆမတန်ထိုးတက်နေ

ပလက်ဝမှာ စားနပ်ရိက္ခာပြတ်လပ်ပြီး ကုန်ဈေးတွေအဆမတန်ထိုးတက်နေ

ပလက်ဝ၊ ဖေဖော်ဝါရီ ၂၄- ၂၀၂၀
ခိုင်လင်းစံ(VOM)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ မြို့ပေါ်တွေမှာ တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့သို့ ဆက်သွယ်သွားလာရန် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် စားနပ်ရိက္ခာတွေနဲ့ အခြားလူသုံးကုန်တွေ၊ လောင်စာဆီတွေပြတ်တောက်နိုင်ဖွယ်ရှိပြီး ကုန်ဈေးနုန်းတွေ အဆမတန်မြင့်တက်နေကြောင်း ဒေသခံတွေက ဆီကသိရပါတယ်။

အခုလိုမျိုး ကုန်ဈေးနှူန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် ပလက်ဝဒေသခံတွေအနေနဲ့ စားနပ်ရိက္ခာပြတ်လပ်မှု ပိုပြီးဆိုးရွားလာမှာကို စိုးရိမ်နေကြပါတယ်။

ပလက်ဝမြို့ပေါ်မှာ ဆန်၊ ဆီ၊ ဆား၊ ကြွက်သွန်က ကအစ စားနပ်ရိက္ခာတွေ ပြတ်တောက်နေပြီး ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေတာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ကြက်သွန် တစ်ပိဿာကို ၆ ထောင်လောက်တောင် ဖြစ်သွားပြီ။ ငရုပ်သီးခြောက်က တပိဿာကို ၁ သောင်းခွဲလို့ကြားတယ်။ ဆန်တွေကတော့ ရိုးရိုးဆန် တစ်အိတ်ကို ၄ သေားင်းကျော်ရှိတယ်။ ပေါ်ဆန်းမွေးဆန်ကတော့ ၆ သောင်းလောက်တောင်။” လို့ ပလက်ဝမြို့က ဒေသခံတစ်ဦးကပြောပါတယ်။

ပလက်ဝမြို့ပေါ်မှာ လောင်စာဆီအခက်အခဲကြောင့် လျှပ်စစ်ဖြန့်ဖြူ းပေးမှုတွေကို အချိန်အတိုင်းအတာတစ်ခုထိလျော့ချပြီး ချွေတာသုံးစွဲနေရကြောင်း ပလက်ဝ ဒေသခံတွေကပြောပါတယ်။

ပလက်ဝမြို့ပေါ် တည်းခိုခန်းပိုင်ရှင်တစ်ဦးက ” ပထမကတော့ မီးပေးတာက တစ်ရက်ကို ၄ နာရီပေးတယ်။ အခုတော့ တစ်နာရီလျော့ပစ်တယ်။ အဲ့ဒီ ၁ နာရီလျော့လိုက်တာ ၂ ရက်ရှိပြီ။ သူတို့က ၄ ရက်ကြာကျန်တာကို ၅ ရက်လောက်သုံးရအောင် အဲ့သဘောပါ။ ဖုန်းမှာလည်း ဆီနဲ့လည်ပတ်ရတာကို MPT လည်း နောက်ထပ် ၃ ရက်လောက်ဆိုရင်ပြတ်တောက် သွားဖို့အခြေအနေရှိတယ်။” လို့ ပြောပါတယ်။

EPC လျှပ်စစ်ဓာတ်အားပေးစက် လည်ပတ်ဖို့ရန် လောင်စာဆီကို ကျောက်တော်က တင်ဆောင်ရမှာ ဖြစ်ပြီး မနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က လောင်စာဆီ တင်ဆောင်ဖို့ စက်လှေထွက်မယ့် သတင်းထွက်ပေါ်နေသော်လည်း အတိအကျမသိသေကြောင်း ပလက်ဝမြို့က တည်းခိုခန်းပိုင်ရှင် တစ်ဦးကပြောပါတယ်။

ကျောက်တော်နဲ့ ပလက်ဝရေကြောင်းလမ်းဟာ မနေ့ ဖေဖော်ဝါရီလ ၂၃ ရက်က အလုပ်လုပ်ပေမယ့် ဒီနေ့မှာ ပြည်လည်ရပ်ဆိုင်းသွားပြီး မနေ့က ကျောက်တော်က ကုန်စက်လှေ ၁၃ စီးတက်လာရာ ၁၁ စီးလောက်ဟာ ချောင်းဖျား ထရော်အိုင်ဖက်ကို တက်သွားကြောင်း သိရပါတယ်။

ကျောက်တော်မြို့ပေါ်မှာ ရက်ပေါင်း ၂၀ ခန့်ပိတ်မိနေတာ လူပေါင်း ၂၀၀ ကျော်လောက်ရှိပေမယ့် မနေ့က လှိုင်းစက်လှေမှာ လူပေါင်း ၁၀၀ ကျော်လောက် ပါဝင်ကြောင်း သိရပါတယ်။

အခုလိုမျိုး ပလက်ဝမှာ ရိက္ခာ၊ ကုန်စည်တွေ၊ လောင်စာဆီကအစ လူသုံးကုန်တွေ ပြတ်လပ်မှုတွေကို ရင်ဆိုင်နေရတာဟာ ကျောက်တော်- ပလက်ဝ မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးတွေ အခက်အခဲအတားအဆီးတွေရှိတာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ စာနပ်ရိက္ခာ အခက်အခဲရှိတာဟာ ဒီရက်ပိုင်းတွေအတွင်း ပလက်ဝနဲ့ ကျောက်တော် ဒေသတွေမှာ တပ်မတော်နဲ့ အေအေတို့ရဲ့တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ပလက်ဝသားချေ facebook
#voiceofmyanmar #VOM #ပလက်ဝ

Zawgyi

ပလက္ဝမွာ စားနပ္ရိကၡာျပတ္လပ္ျပီး ကုန္ေစ်းေတြအဆမတန္ထိုးတက္ေန

ပလက္ဝ၊ ေဖေဖာ္ဝါရီ ၂၄- ၂၀၂၀
ခိုင္လင္းစံ(VOM)

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္နဲ႔ ၿမိဳ႕ေပၚေတြမွာ တိုက္ပြဲေတြေၾကာင္႔ ေက်ာက္ေတာ္ၿမိဳ႕သို႔ ဆက္သြယ္သြားလာရန္ လမ္းပန္းဆက္သြယ္ေရးအခက္အခဲေတြေၾကာင့္ စားနပ္ရိကၡာေတြနဲ႔ အျခားလူသံုးကုန္ေတြ၊ ေလာင္စာဆီေတြျပတ္ေတာက္ႏိုင္ဖြယ္႐ွိၿပီး ကုန္ေစ်းနဳန္းေတြ အဆမတန္ျမင့္တက္ေနေၾကာင္း ေဒသခံေတြက ဆီကသိရပါတယ္။

အခုလိုမ်ိဳး ကုန္ေစ်းနႉန္းေတြ အဆမတန္ျမင့္တက္ေနတာေၾကာင့္ ပလက္ဝေဒသခံေတြအေနနဲ႔ စားနပ္ရိကၡာျပတ္လပ္မွဳ ပိုၿပီးဆိုးရြားလာမွာကို စိုးရိမ္ေနၾကပါတယ္။

ပလက္ဝၿမိဳ႕ေပၚမွာ ဆန္၊ ဆီ၊ ဆား၊ ႂကြက္သြန္က ကအစ စားနပ္ရိကၡာေတြ ျပတ္ေတာက္ေနၿပီး ေစ်းႏႈန္းေတြလည္း အဆမတန္ျမင့္တက္ေနတာေၾကာင့္ အခက္အခဲေတြနဲ႔ ၾကံဳေတြ႔ေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

” ၾကက္သြန္ တစ္ပိႆာကို ၆ ေထာင္ေလာက္ေတာင္ ျဖစ္သြားၿပီ။ င႐ုပ္သီးေျခာက္က တပိႆာကို ၁ ေသာင္းခြဲလို႔ၾကားတယ္။ ဆန္ေတြကေတာ့ ႐ိုး႐ိုးဆန္ တစ္အိတ္ကို ၄ ေသားင္းေက်ာ္႐ွိတယ္။ ေပၚဆန္းေမြးဆန္ကေတာ့ ၆ ေသာင္းေလာက္ေတာင္။” လို႔ ပလက္ဝၿမိဳ႕က ေဒသခံတစ္ဦးကေျပာပါတယ္။

ပလက္ဝၿမိဳ႕ေပၚမွာ ေလာင္စာဆီအခက္အခဲေၾကာင့္ လ်ွပ္စစ္ျဖန္႔ျဖဴ းေပးမႈေတြကို အခ်ိန္အတိုင္းအတာတစ္ခုထိေလ်ာ့ခ်ၿပီး ေခြၽတာသံုးစြဲေနရေၾကာင္း ပလက္ဝ ေဒသခံေတြကေျပာပါတယ္။

ပလက္ဝၿမိဳ႕ေပၚ တည္းခိုခန္းပိုင္႐ွင္တစ္ဦးက ” ပထမကေတာ့ မီးေပးတာက တစ္ရက္ကို ၄ နာရီေပးတယ္။ အခုေတာ့ တစ္နာရီေလ်ာ့ပစ္တယ္။ အဲ႔ဒီ ၁ နာရီေလ်ာ့လိုက္တာ ၂ ရက္႐ွိၿပီ။ သူတို႔က ၄ ရက္ၾကာက်န္တာကို ၅ ရက္ေလာက္သံုးရေအာင္ အဲ့သေဘာပါ။ ဖုန္းမွာလည္း ဆီနဲ႔လည္ပတ္ရတာကို MPT လည္း ေနာက္ထပ္ ၃ ရက္ေလာက္ဆိုရင္ျပတ္ေတာက္ သြားဖို႔အေျခအေန႐ွိတယ္။” လို႔ ေျပာပါတယ္။

EPC လွ်ပ္စစ္ဓာတ္အားေပးစက္ လည္ပတ္ဖို႔ရန္ ေလာင္စာဆီကို ေက်ာက္ေတာ္က တင္ေဆာင္ရမွာ ျဖစ္ၿပီး မေန႔ ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔က ေလာင္စာဆီ တင္ေဆာင္ဖို႔ စက္ေလွထြက္မယ္႔ သတင္းထြက္ေပၚေနေသာ္လည္း အတိအက်မသိေသေၾကာင္း ပလက္ဝၿမိဳ႕က တည္းခိုခန္းပိုင္႐ွင္ တစ္ဦးကေျပာပါတယ္။

ေက်ာက္ေတာ္နဲ႔ ပလက္ဝေရေၾကာင္းလမ္းဟာ မေန႔ ေဖေဖာ္ဝါ႐ီလ ၂၃ ရက္က အလုပ္လုပ္ေပမယ့္ ဒီေန႔မွာ ျပည္လည္ရပ္ဆိုင္းသြားၿပီး မေန႔က ေက်ာက္ေတာ္က ကုန္စက္ေလွ ၁၃ စီးတက္လာရာ ၁၁ စီးေလာက္ဟာ ေခ်ာင္းဖ်ား ထေရာ္အိုင္ဖက္ကို တက္သြားေၾကာင္း သိရပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ ရက္ေပါင္း ၂၀ ခန္႔ပိတ္မိေနတာ လူေပါင္း ၂၀၀ ေက်ာ္ေလာက္႐ွိေပမယ့္ မေန႔က လိႈင္းစက္ေလွမွာ လူေပါင္း ၁၀၀ ေက်ာ္ေလာက္ ပါဝင္ေၾကာင္း သိရပါတယ္။

အခုလိုမ်ိဳး ပလက္ဝမွာ ရိကၡာ၊ ကုန္စည္ေတြ၊ ေလာင္စာဆီကအစ လူသံုးကုန္ေတြ ျပတ္လပ္မႈေတြကို ရင္ဆိုင္ေနရတာဟာ ေက်ာက္ေတာ္- ပလက္ဝ ၿမိဳ႕နယ္ေတြမွာ တိုက္ပြဲျဖစ္ပြားမႈေတြေၾကာင့္ျဖစ္ၿပီး လမ္းပန္းဆက္သြယ္ေရးေတြ အခက္အခဲအတားအဆီးေတြ႐ွိတာေၾကာင့္ ျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္မွာ စာနပ္ရိကၡာ အခက္အခဲ႐ွိတာဟာ ဒီရက္ပိုင္းေတြအတြင္း ပလက္ဝနဲ႔ ေက်ာက္ေတာ္ ေဒသေတြမွာ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕တိုက္ပြဲေတြ ျပင္းထန္လာတာေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။

ဓာတ္ပံု- ပလက္ဝသားေခ် facebook
#voiceofmyanmar #VOM #ပလက္ဝ

Related posts

Leave a Comment

VOM News

FREE
VIEW