စစ်ကိုင်းတက္ကသိုလ်မှာ Peace Event -2020 ကျင်းပ

စစ်ကိုင်းတက္ကသိုလ်မှာ Peace Event -2020 ကျင်းပ

စစ်ကိုင်း ဖေဖော်ဝါရီ ၂၇ -၂၀၂၀
မောင်တာရာ (VOM)

စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်၊IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတ(မဟာသဒ္ဓမ္မဇောတိကဓဇ)ရဲ့လမ်းညွန်မှု၊စစ်ကိုင်းတက္ကသိုလ်ဆရာများသမဂ္ဂ၊ကျောင်းသားများသမဂ္ဂ နဲ့ IBEC Global Youth Organization တို့ ပူးပေါင်း စီစဉ်တဲ့ Peace Event -2020 ကို ဒီနေ့ နံနက်ပိုင်းက စစ်ကိုင်းတက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နဲ့ ဝန်ကြီးများ၊ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန၊ညွန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်း၊တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတွေက တာဝန်ရှိသူတွေ၊စစ်ကိုင်းမြို့ ရှိ အရပ်ဖက်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

”ဘာကြောင့် တက္ကသိုလ်တွေမှာ ဒီ Peace Event ကိုဆောင်ရွက်ရတာလဲဆိုရင် မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေထဲမှာ လူငယ်တွေရဲ့အခန်းကဏ္ဍက သိပ်အရေးကြီးတယ်၊ကမ္ဘာကြီးပေါ်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ Peace Education ကို ကလေးဘဝကတည်းက လေ့ကျင့်သင်ကြားပေးကြရတယ်။မြန်မာ့လူနေမှုဘဝမှာကျတော့ ငြိမ်းချမ်းရေးဟာ သိပ်အရေးပါတယ်လို့ ဒါဟာ ပညာရေးတစ်ခုလို့ မမြင်ကြဘူး။ဒါကြောင့် ဒီနေ့ Peace Event -2020 ကို စစ်ကိုင်းတက္ကသိုလ်မှာ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။”ဟု စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်၊IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတ(မဟာသဒ္ဓမ္မဇောတိကဓဇ) က မိန့်ကြားပါတယ်။

အခမ်းအနားမှာ ငြိမ်းချမ်းရေးဆီးမီးတိုင်ထွန်းညှိခြင်း၊ငြိမ်းချမ်းရေးအထိမ်းအမှတ် လမ်းလျှောက်ချီးတက်ခြင်း၊ငြိမ်းချမ်းရေးအထိမ်းအမှတ် ချိုးဌက်များလွှတ်ခြင်းနဲ့ ကျောင်းသူ၊ကျောင်းသားတွေက ငြိမ်းချမ်းရေးနဲ့ ပတ်သက်နဲ့ တခန်းရပ်ပြဇာတ်တွေ၊တေးသီချင်းတွေနဲ့ ဧည့်ခံဖျော်ဖြေခဲ့ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတက္ကသိုလ် #သောဘိတ #peace event

zawgyi

စစ္ကုိင္းတကၠသုိလ္မွာ Peace Event -2020 က်င္းပ

စစ္ကိုင္း ေဖေဖာ္ဝါရီ ၂၇ -၂၀၂၀
ေမာင္တာရာ (VOM)

စေတာ့ဟုမ္းကမၻာ့ၿငိမ္းခ်မ္းေရးဆုရွင္၊IBEC ဆရာေတာ္ ေဒါက္တာအရွင္ေသာဘိတ(မဟာသဒၶမၼေဇာတိကဓဇ)ရဲ႕လမ္းညြန္မႈ၊စစ္ကိုင္းတကၠသိုလ္ဆရာမ်ားသမဂၢ၊ေက်ာင္းသားမ်ားသမဂၢ နဲ႕ IBEC Global Youth Organization တုိ႔ ပူးေပါင္း စီစဥ္တဲ့ Peace Event -2020 ကုိ ဒီေန႔ နံနက္ပုိင္းက စစ္ကုိင္းတကၠသုိလ္မွာ က်င္းပခဲ့ပါတယ္။

အခမ္းအနားကုိ စစ္ကုိင္းတုိင္းအစုိးရအဖြဲ႕ဝန္ႀကီးခ်ုပ္ေဒါက္တာၿမင့္ႏုိင္နဲ႕ ဝန္ႀကီးမ်ား၊ပညာေရးဝန္ႀကီးဌာန၊အဆင့္ၿမင့္ပညာဦးစီးဌာန၊ညြန္ႀကားေရးမွဴးခ်ုပ္ေဒါက္တာသိန္းဝင္း၊တုိင္း၊ခရုိင္၊ၿမဳိ႕နယ္အဆင့္ ဌာနဆုိင္ရာေတြက တာဝန္ရွိသူေတြ၊စစ္ကုိင္းၿမဳိ႕ ရွိ အရပ္ဖက္အဖြဲ႕အစည္းေတြက တာဝန္ရွိသူေတြ တက္ေရာက္ခဲ့ပါတယ္။

”ဘာေႀကာင့္ တကၠသုိလ္ေတြမွာ ဒီ Peace Event ကုိေဆာင္ရြက္ရတာလဲဆုိရင္ မတူကြဲၿပားတဲ့ လူ့အဖြဲ႕အစည္းေတြထဲမွာ လူငယ္ေတြရဲ႕အခန္းက႑က သိပ္အေရးႀကီးတယ္၊ကမာၻႀကီးေပၚမွာ ၿငိမ္းခ်မ္းေရးနဲ႕ ပတ္သက္တဲ့ Peace Education ကုိ ကေလးဘဝကတည္းက ေလ့က်င့္သင္ႀကားေပးႀကရတယ္။ၿမန္မာ့လူေနမႈဘဝမွာက်ေတာ့ ျငိမ္းခ်မ္းေရးဟာ သိပ္အေရးပါတယ္လုိ႔ ဒါဟာ ပညာေရးတစ္ခုလုိ႕ မျမင္ႀကဘူး။ဒါေႀကာင့္ ဒီေန႕ Peace Event -2020 ကုိ စစ္ကုိင္းတကၠသုိလ္မွာ ေဆာင္ရြက္ေပးၿခင္းၿဖစ္ပါတယ္။”ဟု စေတာ့ဟုမ္းကမၻာ့ၿငိမ္းခ်မ္းေရးဆုရွင္၊IBEC ဆရာေတာ္ ေဒါက္တာအရွင္ေသာဘိတ(မဟာသဒၶမၼေဇာတိကဓဇ) က မိန္႕ႀကားပါတယ္။

အခမ္းအနားမွာ ၿငိမ္းခ်မ္းေရးဆီးမီးတုိင္ထြန္းညွိၿခင္း၊ၿငိမ္းခ်မ္းေရးအထိမ္းအမွတ္ လမ္းေလ်ွာက္ခ်ီးတက္ၿခင္း၊ၿငိမ္းခ်မ္းေရးအထိမ္းအမွတ္ ခ်ုိးဌက္မ်ားလႊတ္ၿခင္းနဲ႕ ေက်ာင္းသူ၊ေက်ာင္းသားေတြက ၿငိမ္းခ်မ္းေရးနဲ႕ ပတ္သက္နဲ႕ တခန္းရပ္ၿပဇာတ္ေတြ၊ေတးသီခ်င္းေတြနဲ႕ ဧည့္ခံေဖ်ာ္ေျဖခဲ့ပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္းတကၠသိုုလ္ #ေသာဘိတ #peace event

Related posts

Leave a Comment

VOM News

FREE
VIEW