မျိုးသုန်းလုနီးပါးဖြစ်နေတဲ့ ဧရာဝတီလင်းပိုင်တွေကို ထိရောက်စွာ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်နေ

မျိုးသုန်းလုနီးပါးဖြစ်နေတဲ့ ဧရာဝတီလင်းပိုင်တွေကို ထိရောက်စွာ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်နေ စစ်ကိုင်း ဖေဖော်ဝါရီ ၁၉ -၂၀၂၀ ရှိုင်းအောင် (VOM) ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ အဆိပ်ချ ၊ လျှော့တိုက် ငါးဖမ်းသူတွေကြောင့် ဧရာဝတီလင်းပိုင်တွေ နှစ်စဉ်သေဆုံးမှု မြင့်တက်လာတဲ့အတွက် အစိုးရအဖွဲ့က ထိထိရောက်ရောက် ထိန်းသိမ်းဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ သဘာဝစိမ်း/စိမ်းရောင်စိုအဖွဲ့ကနေ သိရပါတယ်။ ဧရာဝတီလင်းပိုင်တွေဟာ မန္တလေးနဲ့ ဗန်းမော်ကြားမှာ ကျက်စားကြပြီးတော့ ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလမှာ ၁၂ ကီလိုမီတာရှိတဲ့ မန္တလေးနဲ့ ကျောက်မြောင်းကြားကို လင်းပိုင်ထိန်းသိမ်းရေးဧရိယာအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ” လင်းပိုင်တွေ အစာရှာတဲ့နေရာတွေမှာ ငါးတွေတအားပေါတော့ အဲ့ဒီနေရာတွေကို ဘတ်ထရီလျှော့တိုက် ငါးဖမ်းကြတော့ လင်းပိုင်တွေ အစာရှာတဲ့အချိန်မှာ လျှပ်စီးအားကြောင့် ရုန်းမထွက်နိုင်ပဲ သေဆုံးနေကြရတာပါ၊ ငါးဖမ်းသူတွေကို နောင်မလုပ်အောင် နောင်ကျဉ်နိုင်တဲ့ ဥပဒေမျိုးတွေကို တိုင်းဒေသကြီးအစိုးရဖြစ်ဖြစ်၊ ပြည်ထောင်စုကပဲဖြစ်ဖြစ် ထုတ်ပြန်နိုင်ရင်ကောင်းမယ် “လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။…

Read More

ဧပြီမှာ ကျင်းပနိုင်ဖို့ စီစဉ်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အနှစ်သာရှိတဲ့ သဘောတူညီချက်တွေ ရရှိဖို့ အစိုးရကိုယ်စားလှယ်တွေ ကြိုးစားနေ

ဧပြီမှာ ကျင်းပနိုင်ဖို့ စီစဉ်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အနှစ်သာရှိတဲ့ သဘောတူညီချက်တွေ ရရှိဖို့ အစိုးရကိုယ်စားလှယ်တွေ ကြိုးစားနေ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးကို စတုတ္ထအကြိမ် ကျင်းပနိုင်ဖို့အတွက် ပြင်ဆင်နေကြပြီး ဒီတစ်ခေါက်ညီလာခံမှာ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်းတွေကို အနှစ်သာရရှိဖို့ ကြိုးစားနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အစိုးရကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးနေသူ ဦးလှမောင်ရွှေက ပြောပါတယ်။ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေ (NCA-S EAO) ရဲ့ ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၁၇) ရက်မှ (၁၈) နေ့အထိ နှစ်ရက်တာ ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ကျင်းပခဲ့ကြပြီး အစည်းအဝေးအပြီး သတင်းမီဒီယာနဲ့တွေ့ဆုံရာမှာ အစိုးရကိုယ်စားလှယ် ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောဆိုခဲ့တာဖြစ်ပါတယ်။…

Read More

ဒေသခံတွေရဲ့ စည်းကမ်းမဲ့မှုကြောင့် သရေခေတ္တရာကမ္ဘာ့အမွေအနှစ်ဇုန်ထဲက ရှေးကုန်းဟောင်းတစ်ခု ပြိုကျ

ဒေသခံတွေရဲ့ စည်းကမ်းမဲ့မှုကြောင့် သရေခေတ္တရာကမ္ဘာ့အမွေအနှစ်ဇုန်ထဲက ရှေးကုန်းဟောင်းတစ်ခု ပြိုကျ ပြည် ဖေဖော်ဝါရီ ၁၈-၂၀၂၀ သိင်္ဂီ (VOM) ဒေသခံတွေရဲ့ မြေယာ ပြုပြင်မှုကြောင့် သရေခေတ္တရာကမ္ဘာ့အမွေအနှစ်ဇုန်အတွင်းက ရှေးကုန်းဟောင်းတစ်ခုပြိုကျကာ ကုန်းဘောင်ခေတ်နှောင်းနှင့် ကိုလိုနီခေတ် အုတ်ရိုးတန်းများပျက်ဆီးမှု ဖေဖော်ဝါရီလ ၁၈ ရက်က ဖြစ်ပွားခဲ့တယ်လို့ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစုက သိရပါတယ်။ ဇုန်အတွင်းနေထိုင်တဲ့ဒေသခံတွေဟာ မြို့ဟောင်းက တာဝန်ရှိအဖွဲ့အစည်းကို အသိပေးတင်ပြတာ ၊ ခွင့်ပြုချက်ရယူတာ မရှိဘဲ မြေပြုပြင်ခြင်းကို မြေထိုးစက်သုံးကာ လုပ်ဆောင်ခဲ့တာကြောင့် ရှေးဟောင်းကုန်း ကုန်းဘောင်ခေတ်နှောင်းနှင့် ကိုလိုနီခေတ် အုတ်ရိုးတန်းတွေ ပျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစု ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဖြစ်သူ ဦးကျော်မျိုးဝင်းက အရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ်လိုပြောပါတယ်။ ” ဂဠုံကျရဘုရားအနီးက ရှေးဟောင်းကုန်းပါ၊ ဒေသအခေါ် ဂဠုံမြုပ် နေရာရှိ ရှေးဟောင်းကုန်းပေါ့။ ခွင့်မတောင်းပဲမြေညှိစက်နဲ့ထိုးတယ်။ ရှေးဟောင်းကုန်းအခြေထိသွားတယ်။ ခွင့်မတောင်း အဆိုမတင် မလျှောက်ထားပဲ…

Read More

စစ်ခေါင်းဆောင်တွေကို အကူအညီတောင်းပြီး ပြုစုထားတဲ့ သုတေသနစာတမ်းထုတ်ပြန်

စစ်ခေါင်းဆောင်တွေကို အကူအညီတောင်းပြီး ပြုစုထားတဲ့ သုတေသနစာတမ်းထုတ်ပြန် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ အောင်ထူးနိုင်(VOM) ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ သုတေသနဆိုင်ရာ စာတမ်းမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်(ဒီနေ့) မနက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီစာတမ်းကို မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအင်စတီကျူ(MIPS) က ထုတ်ဝေလိုက်တာဖြစ်ပြီး ဒီစာတမ်းဖြစ်ပေါ်ဖို့အတွက် စစ်ရေးစစ်ရာနဲ့သက်ဆိုင်တဲ့သူတွေရဲ့ အကူအညီကို ရယူခဲ့တယ်လို့ စာတမ်းပြုစုသူ MIPS ရဲ့ သုတေသနဒါရိုက်တာ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်(ခ)ဒေါက်တာအင်ဒရူးက ပြောပါတယ်။ “တပ်မတော်စစ်ဥပဒေချုပ်ရုံးက သူတို့ဆီမှာ စာအုပ်စာတမ်းအကုန်ရှိတော့ သူတို့ကိုလည်း အကူအညီတောင်းထားပါတယ်။ သူတို့လည်း လိုလိုလားလားနဲ့ ကျွန်တော့်ကို ပေးပါတယ်။ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေရဲ့ လက်နက်ကိုင်တွေအပေါ် စဉ်းစားချက်ကိုလည်း ကျွန်တော်တောင်းပါတယ်”လို့ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်(ခ)ဒေါက်တာအင်ဒရူးက ပြောပါတယ်။ နိုင်ငံရေးပါတီတွေရဲ့…

Read More

VOM ရဲ့ ဖေဖေါ်ဝါရီ ၁၈ ရက် ညနေခင်းရုပ်သံ သတင်းများ

VOM ရဲ့ ဖေဖေါ်ဝါရီ ၁၈ ရက် ညနေခင်းရုပ်သံ သတင်းများ ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ရွာက ရွာသားတစ်ဦး ဒီကနေ့မနက် ၈ နာရီခွဲလောက်က နွားကျောင်းသွားရင်း မိုင်းနင်းမိတာကြောင့် သေဆုံးသွားတယ်ဆိုတဲ့သတင်းနဲ့ စစ်ရှောင်ပြည်သူတွေသတင်း နောက်တစ်ပုဒ်ကတော့ အေအေနဲ့ တပ်မတော်တိုက်ပွဲတွေကြောင့်ပဲ ရေလမ်း ကုန်းလမ်းအသွားအလာ ပြတ်တောက်နေတဲ့ ရခိုင်နဲ့ချင်းပြည်နယ်အစပ် ချင်းပြည်နယ်ပလက်ဝမြို့မှာ ဆန်နဲ့ဆီတွေပြတ်လပ်နေလို့ နောက်တပတ်ကျော်ရင် အခက်အခဲရှိနိုင်တယ်လို့ ဒေသခံတွေက ပြောတဲ့သတင်း။ တတိယ တစ်ပုဒ်ကတော့ ကိုရိုနာဗိုင်းရပ်မဖြစ်ခင်တည်းက ပိတ်ထားတဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေး ဂိတ်ကြောင့် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုနယ်က ကျေးရွာတွေမှာ ဆိတ်ကုန်သည်နဲ့ မွေးမြူရေး သမားတွေ အရှုံးပေါ်နေတယ်လို့ ဆိတ်မွေးတဲ့သူတွေက ပြောတဲ့ ရုပ်သံသတင်း။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းက မြစ်ကြီးနားမြို့နယ်၊ ငွေပျော်စံပြရွာနားက အင်ခိုင်ဘွမ် တောင်မှာ လိပ်ကျောက်တူးတဲ့သူ ၃၅၀ ကျော်ကို…

Read More

ဗီအိုအမ်ရဲ့ ဖေဖေါ်ဝါရီ ၁၇ ရက်ညနေခင်းသတင်းစုစည်းတင်ဆက်မှု ရုပ်သံသတင်း

ဗီအိုအမ်ရဲ့ ဖေဖေါ်ဝါရီ ၁၇ ရက်ညနေခင်းသတင်းစုစည်းတင်ဆက်မှု ရုပ်သံသတင်း ၁။ ပဲခူးတိုင်း၊ ပဲခူးမြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့မှာ ဒီကနေ့မနက်ပိုင်းက ကဝမြို့နယ်၊ ရစ်ကန်ကြီးကျေးရွာ ရှိ ဒေသခံပြည်သူတွေဟာ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြခဲ့ကြတဲ့သတင်း။ ၂။ မီးလောင်ပျက်စီးခဲ့တဲ့ မင်္ဂလာစျေးမြေနေရာမှာ အသစ်ပြန်လည်တည်ဆောက်တဲ့လုပ်ငန်းတွေကို လပိုင်းအတွင်းစတင်ဖို့ရှိတယ်လို့ မန္တလေးတိုင်း လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင် ပြောပြတဲ့သတင်း။ ၃။ ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့၀င် (၇) ဦးထဲမှ (၃) ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ – ၆၆(ဃ) နဲ့ ဗိုလ်တထာင်မြို့နယ် တရားရုံးက ဒီကနေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ခြောက်လထပ်ပြီးတော့ချမှတ်ခဲ့တဲ့သတင်း။ ၄။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအရှေ့ဘက်ခြမ်း၊ ဖားပျော်ကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမပေါ်မှာ ပြေးဆွဲနေတဲ့ ကား ၃၀၀ကျော်…

Read More

ပလက်ဝမှာ စားနပ်ရိက္ခာပြတ်လပ်တော့မည်

ပလက်ဝမှာ စားနပ်ရိက္ခာပြတ်လပ်တော့မည် ဖေဖေါ်ဝါရီ ၁၈-၂၀၂၀ နေလင်း (VOM) အေအေနဲ့ တပ်မတော်တိုက်ပွဲတွေကြောင့် ရေလမ်းကုန်းလမ်းအသွားအလာပြတ်တောက်နေတဲ့ ရခိုင်နဲ့ချင်းပြည်နယ်အစပ် ချင်းပြည်နယ်ပလက်ဝမြို့မှာ ဆန်နဲ့ဆီတွေပြတ်လပ်နေလို့ နောက်တပတ်ကျော်ရင် အခက်အခဲရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပလက်ဝဒေသခံတယောက်ပြောပြတာကတော့ “ ကျနော်တို့ ဈေးတွေထဲမှာလည်း ဆန်၊ဆီ ဝယ်ရရှားနေပြီ အရင်ထက်လည်း ၂ဆက်ကျော်တက်တာပါ။ ဒီဇယ်တဂါလံ တသောင်းနဲ့ ဓါတ်ဆီတဂါလံက ၁၂၀၀၀ ပေးဝယ်နေရတယ်။ အိမ်မှာတော့ စားစရာ နောက် ၄ရက်စာလောက်ပဲရှိလို့ ရှာနေရတယ်” လို့ ဆိုပါတယ်။ ဒီကနေ့မှာတော့ ပလက်ဝ အုပ်ချုပ်ရေးအဖွဲ့က ပြည်နယ်အစိုးရကို အကူညီတောင်းနေတယ်လို့လည်း သိရပါတယ်။ ပလက်ဝဒေသခံ မြို့မိမြို့ဖ တဦးက “ ပြတ်တာတော့ ဟုတ်တယ်ဗျ။ ဒီတိုင်းရေရှည်သွားရင် မလွယ်ဘူး၊ ဗိုက်မဝရင် လူတွေဒေါသဖြစ်လာနိုင်တယ်၊ လုမှာယက်မှာကိုစိုးရိမ်နေရပြီ ၊ ဒါ့ကြောင့် သက်ဆိုင်ရာအနေနဲ့ အမြန်ကူညီပေးရင် ဒီပြဿနာ ဖြေရှင်းနိုင်မှာပါ” လို့…

Read More

ဂျပန်မှာ မြန်မာအချင်းချင်း နောက်ကျောဓါးနဲ့ထိုးသတ်သူ အဖမ်းခံရ

ဂျပန်မှာ မြန်မာအချင်းချင်း နောက်ကျောဓါးနဲ့ထိုးသတ်သူ အဖမ်းခံရ တိုကျို၊ ဖေဖော်ဝါရီ-၁၈-၂၀၂၀ မျိုးဆက် (VOM) ဂျပန်နိုင်ငံမှာ နည်းပညာအလုပ်သင် သင်တန်းသားတွေအဖြစ် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား အချင်းချင်း ဓါးနဲ့ထိုးသတ်မှုဖြစ်ပွားခဲ့ပြီးနောက် ကျူးလွန်သူကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။ ဂျပန်နိုင်ငံအလယ်ပိုင်းရှိ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၈ အရွယ် ကောင်းကျော်ထက်ဆိုသူဟာ ရဲထက်ဇော် အသက် ၂၅ နှစ်ကို ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၄ နာရီစွန်းစွန်းမှာ နောက်ကျောကိုဓါးနဲ့ထိုးသတ်ခဲ့တာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ အဲဒီ မြန်မာနိုင်ငံသားနှစ်ဦးစလုံး ဂျပန်အစိုးရ၏ နည်းပညာဆိုင်ရာ အလုပ်သင်အစီအစဉ်အရ မီအဲစီရင်စု ယော့ကိုင်ချီ မှာရှိတဲ့ သင်္ဘောဆေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပါတယ်။ တရားခံဖြစ်သူ ကောင်းကျော်ထက်ကို အခင်းဖြစ်ရာနေရာမှ ကီလိုမီတာ ၇၅၀ အကွာရှိ ကုမ္ပဏီရဲ့အဆောင်အနီးမှာ ဖေဖော်ဝါရီ ၁၈ ရက်နံနံပိုင်းက…

Read More

ကိုရိုနာဗိုင်းရပ်စဖြစ်ကတည်းက နယ်စပ်ဂိတ် ပိတ်ထားတဲ့အတွက် မွေးမြူရေးသမားတွေ အရှုံးပေါ်

ကိုရိုနာဗိုင်းရပ်စဖြစ်ကတည်းက နယ်စပ်ဂိတ် ပိတ်ထားတဲ့အတွက် မွေးမြူရေးသမားတွေ အရှုံးပေါ် ရေစကြို၊ ဖေဖော်ဝါရီ ၁၈-၂၀၂၀ မိုးယံ(VOM) မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုနယ်အတွင်းက ကျေးရွာတွေမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုရိုနာဗိုင်းရပ်မဖြစ်ခင်တည်းက ပိတ်ထားတဲ့အတွက် ဆိတ်ကုန်သည်နဲ့ မွေးမြူရေးသမားတွေ အရှုံးပေါ်နေတယ်လို့ ရေစကြိုမြို့နယ် ဆိတ်မွေးမြူသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ‟ ဈေးကျတာတော့ ဒီနှစ်မှမဟုတ်ဘူး၊ ၂နှစ်လောက်ရှိနေပြီ။ မြန်မာဆိတ်ကို တရုတ်ကမဝယ်တော့ဘူးဖြစ်နေတယ်၊ ဒီကဆိတ်တွေကို ကုမ္မဏီတွေကဆင်းဝယ်တယ်၊ ဝယ်ပြီးတော့ မူဆယ်ဂိတ်ကပိတ်ထားတော့ လာအိုဂိတ်ဘက်သွားပြီး အဲဒီကနေတစ်ဆင့် လာအိုဆိတ်ဆိုပြီး တရုတ်ဘက်ကို သွင်းရတယ်၊ ဒါကြောင့် ဆိတ်ဈေးကျနေတာ ၂နှစ်လောက်ရှိပြီ”လို့ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာအုပ်စု မြေခဲတောင်ကျေးရွာသား ကိုကျော်မြင့်ကပြောပါတယ်။ လတ်တလောရေစကြိုမြို့နယ်မှာ ဆိတ်တစ်ပေါင်ဝယ်ဈေး (၁၇၀၀)ကျပ်လောက်သာရှိနေပြီး အရင်က တစ်ပါင်ကို (၂၇၀၀)ကျပ်နဲ့ ဆိတ်တစ်ကောင် ပေါင်၈၀ခန့် အချိန်ရမှသာ ပိုင်ရှင်တွေက ရောင်းလေ့ရှိတယ်လို့ သိရပါတယ်။ ‟ဒီနှစ်ရှုံးကြပါတယ် တရုတ်နိုင်ငံကလမ်းပိတ်လို့ပါ ဒီရောဂါတွေဖြစ်မှပိတ်တာမဟုတ်ပါဘူး၊…

Read More

ဘူးသီးတောင်မြို့နယ်မှာ ပေါက်ကွဲမှုတစ်ခုကြောင့် ဆင်သေပြင်ရွာက ဒေသခံတစ်ဦးသေဆုံး

ဘူးသီးတောင်မြို့နယ်မှာ ပေါက်ကွဲမှုတစ်ခုကြောင့် ဆင်သေပြင်ရွာက ဒေသခံတစ်ဦးသေဆုံး ဘူးသီးတောင်၊ ဖေဖော်ဝါရီ ၁၈- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ၊ ဘူးသီးတောင်မြို့နယ်မှာ ဒီကနေ့မနက် ၈ နာရီခွဲလောက်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ဆင်သေပြင်ကျေးရွာက ဒေသခံတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသွားသူဟာ ဆင်သေပြင်ကျေးရွာသား အသက် ၆၅ နှစ်အရွယ် မာမတ်အီနူစ် ဖြစ်ပြီး နွားတွေနဲ့အတူ သွားချိန် လယ်ကွင်းမှာ မိုင်းထိသေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ” ဘယ်လိုမျိုး ဖြစ်တာလည်းဆိုတော့ မိုင်းဗုံးပေါက်ပြီးတော့ မိုင်းထိသွားတာ။ နွားကျောင်းဖို့သွားတာမှာ မိုင်းထိပြီး သေသွားတာ။ မနက် ၈ နာရီခွဲလောက်မှာ ဖြစ်တာ။ မိုင်းဗုံးပေါက်တော့အသံကြားတယ်။ ဒါကြောင့် ရွာသားတွေက သူ့ကိုသွားယူကြတယ်။ မိုင်းပေါက်တာက လယ်ကွင်းမှာ ပေါက်တာပါ။ ” လို့ အဲ့ဒီဆင်သေပြင်ကျေးရွာမှ ရွာသားတစ်ဦးကပြောပါတယ်။ အဲ့ဒီ ဆင်သေပြင်ကျေးရွာသား မာမတ်အီနူစ်ကို ဘူးသီးတောင်မြို့ကို ကျေးရွာသားတွေက…

Read More
VOM News

FREE
VIEW