စစ်ခေါင်းဆောင်တွေကို အကူအညီတောင်းပြီး ပြုစုထားတဲ့ သုတေသနစာတမ်းထုတ်ပြန်

စစ်ခေါင်းဆောင်တွေကို အကူအညီတောင်းပြီး ပြုစုထားတဲ့ သုတေသနစာတမ်းထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
အောင်ထူးနိုင်(VOM)

ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ သုတေသနဆိုင်ရာ စာတမ်းမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်(ဒီနေ့) မနက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီစာတမ်းကို မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအင်စတီကျူ(MIPS) က ထုတ်ဝေလိုက်တာဖြစ်ပြီး ဒီစာတမ်းဖြစ်ပေါ်ဖို့အတွက် စစ်ရေးစစ်ရာနဲ့သက်ဆိုင်တဲ့သူတွေရဲ့ အကူအညီကို ရယူခဲ့တယ်လို့ စာတမ်းပြုစုသူ MIPS ရဲ့ သုတေသနဒါရိုက်တာ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်(ခ)ဒေါက်တာအင်ဒရူးက ပြောပါတယ်။

“တပ်မတော်စစ်ဥပဒေချုပ်ရုံးက သူတို့ဆီမှာ စာအုပ်စာတမ်းအကုန်ရှိတော့ သူတို့ကိုလည်း အကူအညီတောင်းထားပါတယ်။ သူတို့လည်း လိုလိုလားလားနဲ့ ကျွန်တော့်ကို ပေးပါတယ်။ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေရဲ့ လက်နက်ကိုင်တွေအပေါ် စဉ်းစားချက်ကိုလည်း ကျွန်တော်တောင်းပါတယ်”လို့ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်(ခ)ဒေါက်တာအင်ဒရူးက ပြောပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ သဘောထားတောင်းခံရာမှာတော့ အမျိုးမျိုးသဘောထားကွဲနေတာတွေ တွေ့ရပြီး နိုင်ငံရေးပါတီတွေထံမှ ရတဲ့အကြံဉာဏ်တွေကို ဒီသုတေသနစာတမ်းထဲမှာ ချိတ်ဆက်လို့ရအောင် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်လို့ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်(ခ)ဒေါက်တာအင်ဒရူးက ပြောပါတယ်။

“ကျွန်တော်တို့ အခုလုပ်တဲ့ သုတေသနက နိုင်ငံတကာမှာဖြစ်တဲ့ကွင်းဆက်ကို ကြည့်တယ်။ ကြည့်တဲ့အခါမှာ ကျွန်တော်တို့က ဘာသွားတွေ့လဲဆိုတော့ ဒီနိုင်ငံတွေအားလုံးကဟာတွေကို ခုတ်ထစ်ပြီးတော့မှ ဟိုဘက်ကို နည်းနည်းလေးခုတ်လိုက်၊ ဒီဘက်ကိုလည်း နည်းနည်းလေးခုတ်လိုက်၊ အဲဒီလိုတပ်လိုက်မှပဲ မြန်မာပြည်အတွက် အဆင်ပြေတယ်။ နိုင်ငံတစ်ခုတည်းကိုကြည့်ပြီး အဲဒီလိုနိုင်ငံမျိုး လုပ်မယ်ဆိုရင် အခက်အခဲရှိတယ်”လို့ MIPS အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

ဒီသုတေသနစာတမ်းဖြစ်မြောက်ဖို့အတွက် အချိန် ၈ လကျော်ကြာမြင့်ခဲ့ပြီး The Kingdom of the Netherlands နဲ့ Joint Peace Fund တို့က ရန်ပုံငွေကူညီခဲ့တယ်လို့ သိရပါတယ်။ သုတေသနစာတမ်းမှာပါဝင်တဲ့ နိုင်ငံ (၅) နိုင်ငံကတော့ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံတို့ ဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ဒါက်တာဆလိုင်းငွန်ကျုံးလျန်(ခ)ဒေါက်တာအင်ဒရူး #သုတေသနစာတမ်း

zawgyi

စစ္ေခါင္းေဆာင္ေတြကို အကူအညီေတာင္းၿပီး ျပဳစုထားတဲ့ သုေတသနစာတမ္းထုတ္ျပန္

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၈
ေအာင္ထူးႏိုင္(VOM)

ဖက္ဒရယ္ႏိုင္ငံ (၅) ႏိုင္ငံ၏ လက္နက္ကိုင္တပ္ဖြဲ႕မ်ားဆိုင္ရာ အေျခခံဥပေဒႏွင့္ ျပ႒ာန္းဥပေဒမ်ားတြင္ ျပ႒ာန္းထားသည့္ လုပ္ပိုင္ခြင့္ႏွင့္ အာဏာမ်ားကို ႏႈိင္းယွဥ္သုံးသပ္ျခင္းႏွင့္ ထည့္သြင္းစဥ္းစားစရာမ်ား သုေတသနဆိုင္ရာ စာတမ္းမိတ္ဆက္ပြဲကို ေဖေဖာ္ဝါရီ ၁၈ ရက္(ဒီေန႔) မနက္က ရန္ကုန္ၿမိဳ႕ရွိ ႏိုဗိုတယ္ဟိုတယ္မွာ ျပဳလုပ္ခဲ့ပါတယ္။

အဲဒီစာတမ္းကို ျမန္မာ့ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးအင္စတီက်ဴ(MIPS) က ထုတ္ေဝလိုက္တာျဖစ္ၿပီး ဒီစာတမ္းျဖစ္ေပၚဖို႔အတြက္ စစ္ေရးစစ္ရာနဲ႔သက္ဆိုင္တဲ့သူေတြရဲ႕ အကူအညီကို ရယူခဲ့တယ္လို႔ စာတမ္းျပဳစုသူ MIPS ရဲ႕ သုေတသနဒါ႐ိုက္တာ ေဒါက္တာဆလိုင္းငြန္က်ဳံးလ်န္(ခ)ေဒါက္တာအင္ဒ႐ူးက ေျပာပါတယ္။

“တပ္မေတာ္စစ္ဥပေဒခ်ဳပ္႐ုံးက သူတို႔ဆီမွာ စာအုပ္စာတမ္းအကုန္ရွိေတာ့ သူတို႔ကိုလည္း အကူအညီေတာင္းထားပါတယ္။ သူတို႔လည္း လိုလိုလားလားနဲ႔ ကြၽန္ေတာ့္ကို ေပးပါတယ္။ ေနာက္ၿပီးေတာ့ ႏိုင္ငံေရးပါတီေတြရဲ႕ လက္နက္ကိုင္ေတြအေပၚ စဥ္းစားခ်က္ကိုလည္း ကြၽန္ေတာ္ေတာင္းပါတယ္”လို႔ ေဒါက္တာဆလိုင္းငြန္က်ဳံးလ်န္(ခ)ေဒါက္တာအင္ဒ႐ူးက ေျပာပါတယ္။

ႏိုင္ငံေရးပါတီေတြရဲ႕ သေဘာထားေတာင္းခံရာမွာေတာ့ အမ်ိဳးမ်ိဳးသေဘာထားကြဲေနတာေတြ ေတြ႕ရၿပီး ႏိုင္ငံေရးပါတီေတြထံမွ ရတဲ့အႀကံဉာဏ္ေတြကို ဒီသုေတသနစာတမ္းထဲမွာ ခ်ိတ္ဆက္လို႔ရေအာင္ အတတ္ႏိုင္ဆုံး ႀကိဳးစားထားပါတယ္လို႔ ေဒါက္တာဆလိုင္းငြန္က်ဳံးလ်န္(ခ)ေဒါက္တာအင္ဒ႐ူးက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ အခုလုပ္တဲ့ သုေတသနက ႏိုင္ငံတကာမွာျဖစ္တဲ့ကြင္းဆက္ကို ၾကည့္တယ္။ ၾကည့္တဲ့အခါမွာ ကြၽန္ေတာ္တို႔က ဘာသြားေတြ႕လဲဆိုေတာ့ ဒီႏိုင္ငံေတြအားလုံးကဟာေတြကို ခုတ္ထစ္ၿပီးေတာ့မွ ဟိုဘက္ကို နည္းနည္းေလးခုတ္လိုက္၊ ဒီဘက္ကိုလည္း နည္းနည္းေလးခုတ္လိုက္၊ အဲဒီလိုတပ္လိုက္မွပဲ ျမန္မာျပည္အတြက္ အဆင္ေျပတယ္။ ႏိုင္ငံတစ္ခုတည္းကိုၾကည့္ၿပီး အဲဒီလိုႏိုင္ငံမ်ိဳး လုပ္မယ္ဆိုရင္ အခက္အခဲရွိတယ္”လို႔ MIPS အမႈေဆာင္ဒါ႐ိုက္တာ ေဒါက္တာမင္းေဇာ္ဦးက ေျပာပါတယ္။

ဒီသုေတသနစာတမ္းျဖစ္ေျမာက္ဖို႔အတြက္ အခ်ိန္ ၈ လေက်ာ္ၾကာျမင့္ခဲ့ၿပီး The Kingdom of the Netherlands နဲ႔ Joint Peace Fund တို႔က ရန္ပုံေငြကူညီခဲ့တယ္လို႔ သိရပါတယ္။ သုေတသနစာတမ္းမွာပါဝင္တဲ့ ႏိုင္ငံ (၅) ႏိုင္ငံကေတာ့ အေမရိကန္ျပည္ေထာင္စု၊ အိႏၵိယႏိုင္ငံ၊ နီေပါႏိုင္ငံ၊ ဆြစ္ဇာလန္ႏိုင္ငံနဲ႔ ေတာင္အာဖရိကႏိုင္ငံတို႔ ျဖစ္တယ္လို႔ သိရပါတယ္။
#voiceofmyanmar #VOM #ဒါက္တာဆလိုင္းငြန္က်ဳံးလ်န္(ခ)ေဒါက္တာအင္ဒ႐ူး #သုေတသနစာတမ္း

Related posts

Leave a Comment

VOM News

FREE
VIEW