မူဆယ်မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်တဲ့အနေနဲ့ ပြည်ထောင်စုနေ့အခမ်းအနာမလုပ် ဖေဖေါ်ဝါရီ ၁၂-၂၀၂၀ ဖြူဖြူဖွေး(VOM) (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရှမ်းပြည်နယ် ပင်လုံမြို့၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကာ ရှမ်းပြည်နယ်အတွင်းကမြို့တွေမှာ ကျင်းပကြပေမယ့် မူဆယ်မှာတော့ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင် ရောဂါမဖြစ်ပွားစေရန် နှင့် ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်သောအနေဖြင့် လူစုလူဝေးလျော့ဖို့ မလုပ်တာလို့ သက်ဆိုင်ရာကသိရပါတယ်။ ” ကျွန်တော်တို့ရပ်မိရပ်ဖတွေပြောတာကတော့ မူဆယ်မြို့ဟာ တရုတ်နိုင်ငံနဲ့ အနီးစပ်ဆုံးနယ်နိမိတ်မှာရှိတဲ့အတွက် တရုတ်နိုင်ငံ ဝူဟန်မြို့တွင်စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် မလိုလားအပ်တဲ့ ရောဂါကူးတက်မှုတွေမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပါ။ဒီရောဂါကြီးက အကောင်လိုက်လာတာကို မမြင်ရတာကြောင့် ကြိုတင်ကာကွယ်မှတော်ကာကြမှာဖြစ်သောကြောင့် လူစုလူဝေးကို ဖြေလျော့ချင်းဖြင့် ရောဂါကိုကြိုတင်ကာကွယ်တာပါ” လို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းကျော်က ပြောပါတယ်။ အလားတူ ကိုရိုနာဗိုင်းရပ်ပိုး အန္တရာယ်ကြောင့်ဖေဖေါ်ဝါရီလ ၇…
Read MoreMonth: February 2020
ရေဦးမြို့နယ်မှာ အမျိုးသမီးတယောက် မီးရှို့အသတ်ခံရ
ရေဦးမြို့နယ်မှာ အမျိုးသမီးတယောက် မီးရှို့အသတ်ခံရ ကလေး ဖေဖော်ဝါရီ ၁၂-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အင်ပင်ရေ ကျေးရွာမှာ နေထိုင်တဲ့ အသက် (၂၇)နှစ် အရွယ် အမျိုးသမီးတစ်ဦးဟာ မနေ့ ဖေဖေါ်ဝါရီ ၁၁ရက် မနက်ပိုင်းက တောထဲ နွားကျောင်းသွားတဲ့ အချိန်မှာ မီးရှို့ အသတ်ခံရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ရေဦးမြို့မရဲစခန်း ကနေ စုံစမ်း သိရပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရေဦးမြို့မရဲစခန်း က တာဝန်ရှိသူတစ်ဦးက “ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။တရာခံကိုတော့ စုံစမ်း ရှာဖွေနေတယ်” လို့ ပြောပါတယ်။ အသက် (၂၇) နှစ် အရွယ် မနီလာအေး ဟာဆိုရင် အခင်းမဖြစ်ခင် မနက်ပိုင်း က နွားကျောင်းဖို့ ထွက်သွားရာကနေ ညနေ နွားတွေကတဲကို ပြန်လာပေမယ့် နွားကျောင်းတဲ့သူ ပါမလာတာကြောင့် ရွာသားတွေရဲ့ အကူအညီနဲ့…
Read Moreရွှေလီရဲက အကူအညီတောင်းခံခဲ့သူ ၅ ဦးအနက် ဒုတိယမြောက်တစ်ဦး ထပ်မံတွေ့ရှိ
ရွှေလီရဲက အကူအညီတောင်းခံခဲ့သူ ၅ ဦးအနက် ဒုတိယမြောက်တစ်ဦး ထပ်မံတွေ့ရှိ မူဆယ် ၊ဖေဖေါ်ဝါရီ ၁၂-၂၀၂၀ ဖြူဖြူဖွေး(VOM) တရုတ်နိုင်ငံရွှေလီရဲဌာနက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆီ အကူအညီတောင်းခံခဲ့သူ ၅ ဦးအနက် ဒုတိယအကြိမ်မြောက် အမျိုးသားတစ်ဦး ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှသိရပါတယ်။ ယခုတွေ့ရှိတဲ့သူက ဖေဖေါ်ဝါရီ ၇ ရက်နေ့က ရွှေလီရဲဌာနကို လူကိုယ်တိုင်လာရောက်ခဲ့တာနဲ့ သူမှာ ကိုရိုနာဗိုင်းရပ်စ်ကူးဆက်ခံထားရမှုမရှိဘူးလို့လည်း ရွှေလီရဲဌာနက ဖေဖေါ်ဝါရီလ ၁၁ ရက်နေမှာ အကြောင်းပြန်လာပါတယ်။ ကျန် နေတဲ့သူများကိုလည်း ကျွန်တော်တို့ဘက်က သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အပူတပြင်းရှာဖွေနေလျက်နဲ့ ယခုချိန်ထိမတွေ့သေးတာကလည်း တရုတ်နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေး များပိတ်ထားမှုကြောင့် ၎င်းတို့ရောက်ရှိရာမြို့တွေမှာ ပိတ်မိနေနိုင်တာလည်းဖြစ်နိုင်ပါတယ်လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်ထိန်လင်းက VOM သို့ပြောပါတယ်။ တရုတ်နိုင်ငံ ရွှေလီရဲဌာနမှ အကူအညီတောင်းခံတဲ့စာမှာ မူဆယ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယရှိသူ တရုတ်နိုင်ငံသား ၅ ဦးရောက်ရှိနေကြောင်း ဖေါ်ပြထားပါတယ်အကြောင်းကြားစာအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က…
Read Moreကျောက်တော်မြို့နယ်မှာ လက်နက်ကြီးကျလို့ ကုလားတန်မြစ်အတွင်းရေချိုနေတဲ့ လူငယ်တွေထဲက တယောက်သေ ၄ယောက်ဒဏ်ရာရ
ကျောက်တော်မြို့နယ်မှာ လက်နက်ကြီးကျလို့ ကုလားတန်မြစ်အတွင်းရေချိုနေတဲ့ လူငယ်တွေထဲက တယောက်သေ ၄ယောက်ဒဏ်ရာရ ကျောက်တော်၊ ဖေဖော်ဝါရီ ၁၂-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အထက်ပိုင်း မျောက်တောင်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မွန်းလွဲပိုင်း ၄ နာရီခွဲခန့်အချိန်က လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့လို့ ၅ တန်းကျောင်းသားသေဆုံးပြီး ၁၀တန်းကျောင်းသား ၄ယောက် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။ အဲ့ဒီကျေးရွာဟာ ကျောက်တော်မြို့ရဲ့အထက်ဘက် ၇ မိုင်ခန့်အကွာ ကုလားတန်မြစ်အရှေ့ဘက်ကမ်း ကျေးရွာတစ်ရွာဖြစ်ပြီး မြစ်ထဲမှာ ရေချိုးရင်းကစားနေကြတဲ့အချိန် ရေချိုးဆိပ်မှာလက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။ “လက်နက်ကြီးကျည်ကျတာ ခုနားလေးကပါ။ ရွာဆိပ်ကမ်းမှာရေချိုးနေတဲ့ လူငယ်လေးယောက် ထိသွားတယ်။ တစ်ယောက်ကတော့ ဘယ်ဘက်လက် တံတောင်ဆစ်ကနေ ပြတ်သွားပါတယ်”လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာဟာ မျောက်တောင်ကျေးရွာရဲ့မြောက်ဘက် ၇ မိုင်ခန့်အကွာမှာရှိပြီး အဲ့ဒီအနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွာနေတာ သုံးရက်လောက်ရှိနေပြီလို့ ရွာသားတွေကပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး…
Read Moreလိပ်ကျောက်သဘာဝတွင်းထွက်ကိုဒေသခံထောင်ချီတူးယူ
လိပ်ကျောက်သဘာဝတွင်းထွက်ကိုဒေသခံထောင်ချီတူးယူ မြစ်ကြီးနား ဖေဖေါ်ဝါရီ ၁၂-၂၀၂၀ မြစ်ကြီးနားမြို့နယ်၊ ငွေပျော်စံပြကျေးရွာအနီးရှိ ကျောက်တောင်ကနေ လိပ်ကျောက်သဘာဝတွင်းထွက် များကို ဒေသခံထောင်ချီပြီး တူးယူရောင်းချမှု ပြုလုပ်နေပါတယ် ။ အဲ့ဒီတောင်ကနေ ကျောက်တူးဖော်နေကြတာ ၇ ရက်လောက်ရှိပြီလို့ သိရပါတယ်။လက်ရှိမှာ ဝယ်သူတစ်ချို့ လာရောက်ပြီး ကျောက်တစ်တုံးကို အနည်းဆုံး တစ်သောင်းခွဲကနေ အများဆုံး ခြောက်သောင်းဝန်းကျင်လောက်အထိဈေးညှိပြီး ဝယ်နေကြတာ တွေ့ရပါတယ်။ နန်းကွေ့ကျေးရွာကနေ လာတူးနေသူတစ်ဦးကတော့ အဝယ်သိပ်မရှိသေးပေမယ့် သူများတူးလို့ လာတူးနေတာလို့ ဆိုပါတယ်။ ငွေပျော်စံပြကျေးရွာက ဒေသခံတွေကတော့ တရုတ်တွေ အဝယ်လိုက်လာမှ ရောင်းဖို့ ကျောက်တွေတူး စုထားကြတယ်လို့ ပြောပါတယ်။ အဲ့ဒီ ငွေပျော်စံပြကျေးရွာမှာ လက်ရှိလူဦးရေ (၂၄၀၀) ကျော်ရှိပြီး လူတော်တော်များများ လိပ်ကျောက် အတူးထွက်ကြတယ်လို့ သိရပါတယ်။ အဲ့ဒီအပြင် ငွေပျော်စံပြကျေးရွာအနီးတစ်ဝိုက်က ကျေးရွာတွေကပါ လာတူးပြီး ရောင်းချနေကြတာဖြစ်ပါတယ်။ ဒီလိပ်ကျောက်တွေဟာ အလှဆင်ရာမှာအများဆုံးအသုံးပြုကြပါတယ်။ #vom #voiceofmyanmar #လိပ်ကျောက်…
Read Moreကျောက်တော်မှာ ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် ကလေးတစ်ဦးသေပြီး ကိုယ်ဝန်သည်တစ်ဦးနဲ့ ကလေး ၄ ဦးဒဏ်ရာရ
ကျောက်တော်မှာ ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် ကလေးတစ်ဦးသေပြီး ကိုယ်ဝန်သည်တစ်ဦးနဲ့ ကလေး ၄ ဦးဒဏ်ရာရ ကျောက်တော်၊ ဖေဖော်ဝါရီ ၁၁- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဂါပုနဲ့ မျောက်တောင်ကျေးရွာတွေမှာ မနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် အသက် ၉ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ် ၄ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ဂါပုကျေးရွာ ပေါက်ကွဲမှုဖြစ်စဉ်မှာ ကလေးငယ် ၅ ဦးပါဝင်ပြီး၊ ၉ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားပြီး ကျန်လေးဦးဟာ ဒဏ်ရာရရှိကာ ကျောက်တော်ဆေးရုံကို ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။ ” ဒဏ်ရာရတာက ၅ ယောက်နဲ့ သေဆုံးသွားတာ ၁ ယောက်ရှိတယ်။ ယင်းမှာက လူတွေပြောတာက လက်နက်ကြီးတစ်ခုခု ကောက်ရလာတယ်။ အဲ့ဒါကိုကလေးတွေက မသိပဲနဲ့ ကစားကြတာမှာ ပေါက်ကွဲပြီးတော့…
Read Moreတရားမဝင်ဝင်ရောက်နေတဲ့ ပြည်ပနိုင်ငံသားတွေကို အထူးစီမံချက်တွေနဲ့ စဉ်ဆက်မပြတ်ဖော်ထုတ်ပြီး အရေးယူဖို့တင်တဲ့အဆို ရှုံးနိမ့်
တရားမဝင်ဝင်ရောက်နေတဲ့ ပြည်ပနိုင်ငံသားတွေကို အထူးစီမံချက်တွေနဲ့ စဉ်ဆက်မပြတ်ဖော်ထုတ်ပြီး အရေးယူဖို့တင်တဲ့အဆို ရှုံးနိမ့် မန္တလေး ဖေဖော်ဝါရီ ၁၁-၂၀၂၀ ဖြူဖြူ(VOM) မန္တလေးတိုင်းအတွင်းမှာ တရားမဝင်နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်နေထိုင်တဲ့ ပြည်ပနိုင်ငံသားတွေကို အထူးစီမံချက်နဲ့ စဉ်ဆက်မပြတ် စစ်ဆေးဖော်ထုတ်ပြီး ထိရောက်စွာအရေးယူဆောင်ရွက်ဖို့ တိုက်တွန်းတဲ့အဆိုကို ဒီကနေ့မနက်ပိုင်းက မန္တလေးတိုင်းလွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုရှုံးနိမ့်ပြီး ပျက်ပြယ်ခဲ့ပါတယ်။ မိတ္တီလာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းလွှွတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုးက ဖေဖော်ဝါရီ ၅ ရက်နေ့က အဆိုတင်သွင်းခဲ့တာဖြစ်ပြီး ဒီကနေ့မှာ လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးက ပါဝင်ဆွေးနွေးခဲ့ပြီးနောက် အဆိုကိုမဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ (၃၃)မဲ၊ ကန့်ကွက်မဲ (၃၄) မဲ၊ ကြားနေမဲ (၁)မဲနဲ့ အဆိုရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂)ဦးနဲ့ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး NLDပါတီဝင် လွှတ်တော်ကိုယ်စားလှယ်(၂) ဦးကတော့ တိုင်းဒေသကြီးအစိုးရအနေနဲ့မဟုတ်ဘဲ ပြည်ထောင်စုအဆင့်ကနေ ဆောင်ရွက်မှသာ ပိုသင့်တော်တယ်ဆိုတဲ့ သဘောသက်ရောက်မှုနဲ့ ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အဆိုရှုံးနိမ့်တာနဲ့ပတ်သက်ပြီး အဆိုတင်သွင်းသူ ဦးအောင်ကျော်မိုးက “…
Read Moreဘာသာရေးကြောင့် ကမန်မျိုးနွယ်စုတွေ ခွဲခြားဆက်ဆံခံနေရ
ဘာသာရေးကြောင့် ကမန်မျိုးနွယ်စုတွေ ခွဲခြားဆက်ဆံခံနေရ ရန်ကုန်၊ ဖေဖော်ဝါရီ – ၁၁ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ကိုးကွယ်တဲ့ဘာသာမတူတဲ့အတွက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ကမန်လူမျိုးစုတွေ ခွဲခြားဆက်ဆံခံနေရတယ်လို့ ကမန်တိုင်းရင်းသူ ဒေါ်ဒါလီမြင့်က ပြောပါတယ်။ “အဓိကတော့ ကိုးကွယ်မှုဘာသာအပေါ်မှာ မူတည်ပြီးတော့မှ သူတို့ရဲ့ စိတ်တွေက ဒီလိုဖြစ်သွားလားလို့ ကျွန်မစဉ်းစားမိပါတယ်။ အဓိကတော့ မျိုးနွယ်နဲ့ ဘာသာက ကွဲပြားနေရမှာပါ”လို့ ဒေါ်ဒါလီမြင့်က ပြောပါတယ်။ ဗမာလူမျိုးထဲမှာပင် ကိုးကွယ်မှုဘာသာမျိုးစုံရှိပြီး တိုင်းရင်းသားမျိုးနွယ်စုအသေးဖြစ်စေ၊ အကြီးဖြစ်စေ မျိုးနွယ်စုနဲ့ ဘာသာကိုးကွယ်မှု မသက်ဆိုင်ပါဘူးလို့ ဒေါ်ဒါလီမြင့်က ပြောပါတယ်။ “တချို့တွေရဲ့ အမြင်မှာ ဝေဝါးစေတာက အစ္စလာမ်ကိုးကွယ်တယ်ဆိုတာနဲ့တင် တချို့လုပ်ငန်းတွေမှာ ခွဲခြားဆက်ဆံခံနေရတာတွေ ရှိနေတယ်၊ တချို့ဆိုရင် အလုပ်သွားလျှောက်ရင် အလုပ်မရတာတွေ ရှိနေတယ်၊ ရာထူးတိုးမယ့်အပိုင်းတွေမှာဆိုရင်လည်း အစ္စလာမ်ဘာသာဝင်တွေက ခွဲခြားဆက်ဆံခံနေရတာတွေ ရှိနေတယ်၊ အဲဒါကြောင့်မို့ ကျွန်မကတော့ ဘာသာပေါ်မှာမူတည်တယ်လို့ ကောက်ချက်ချတာပါ”လို့ ဒေါ်ဒါလီမြင့်က ပြောပါတယ်။…
Read Moreစိန့်မာတင်ကျွန်းအနီး ဘင်္ဂါလီစက်လှေတိမ်းမှောက်၊ ဒုက္ခသည် ၁၆ ဦးသေဆုံး
စိန့်မာတင်ကျွန်းအနီး ဘင်္ဂါလီစက်လှေတိမ်းမှောက်၊ ဒုက္ခသည် ၁၆ ဦးသေဆုံး ဒါကာ၊ ဖေဖော်ဝါရီ-၁၁-၂၀၂၀ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေမှ ဘင်္ဂါလီ၁၂၅ ဦးကိုတင်ဆောင်ထားတဲ့ စက်လှေတစ်စီးဟာ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖေဖော်ဝါရီ ၁၁ ရက်အစောပိုင်းက နစ်မြုပ်သွားတာကြောင့် ၁၆ ဦးထက်မနည်းသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ အဲဒီလှေဟာ ဘင်္ဂလားပင်လယ်အော်ထဲက စိန့်မာတင်ကျွန်းမှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၁၄ ဦး၊ ကလေးငယ်တစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ကမ်းခြေစောင့်တပ်ဖွဲ့၊ ရေတပ်က ရေငုပ်သမားတွေနဲ့ အခြားကယ်ဆယ်ရေးသမားတွေဟာ ဆယ်ယူခဲ့ကြပါတယ်။ အခင်းဖြစ်ပွားရာနေရာမှ ဘင်္ဂါလီဒုက္ခသည် ၆၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီး အဲဒီစက်လှေဟာ မလေးရှားကို ဦးတည်သွားရောက်နေတာဖြစ်ပြီး အချိန်းအချက်နေရာတွေကနေ ဒုက္ခသည်တွေကို တင်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဆယ်ယူရရှိခဲ့တဲ့ ရုပ်အလောင်းတွေကို အနီးအနားမှာရှိတဲ့ ဆာဟာပိုရစ်ကျွန်းကို ပို့ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်နေကြပါတယ်။ ဒါပေမယ့် လူဘယ်လောက်ပျောက်ဆုံး နေတယ်ဆိုတာကိုတော့…
Read Moreရသေ့တောင် သမီးလှရွာဟောင်းမှာ နေအိမ် ၁၅ လုံးမီးလောင်ပျက်စီးသွား
ရသေ့တောင် သမီးလှရွာဟောင်းမှာ နေအိမ် ၁၅ လုံးမီးလောင်ပျက်စီးသွား ရသေ့တောင်၊ဖေဖော်ဝါရီ ၁၁- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ရက္ခူ တိုင်(သမီးလှရွာဟောင်း ကုန်တန်း) ကျေးရွာမှာ လူနေအိမ် ၁၅ လုံးတိတိ မီးလောင်ပျက်စီးသွာကြောင်း မနေ့ ဖေဖော်ဝါရီလ ၁၀ ရက်က ဒေသခံတွေရဲ့သတင်းပေးပို့ချက်အရ သိရပါတယ်။ အဲ့ဒီလိုမျိုး မိမိတို့ရဲ့ ကျေးရွာတွင်းက နေအိမ် ၁၅ လုံးတိတိ မီးလောင်မှုကြောင့်ဆုံးရှူုံးသွားခြင်းမှာ တပ်မတော်ရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ” သမီးလှရွာဟောင်း ရက္ခူ တိုင်ရွာမှာ အိမ်တွေကို မီးလောင်တာမှာ အိမ်တွေစရင်းအတိကျ ပြောပြပါမယ်။ မီးလောင်သွာတာနေ အိမ်အားလုံး ၁၅ လုံးလောက်ရှိတယ်။ တပ်မတော်စစ်ကြောင်းက အခုပဲရွာကထွက်သွားတယ်။ ” လို့ သမီးလှရွာဟောင်းက ဒေသခံပညာရေးဝန်ထမ်းတစ်ဦးက မနေ့က ဆက်သွယ်စဉ် ပြောပါတယ်။ မီးလောင်ပျက်စီးသွားတဲ့ နေအိမ်ပိုင်ရှင်တွေမှာ…
Read More