ပလက်ဝ-ကျောက်တော် စက်လှေပေါ်ကနေ အရပ်သားနှစ်ဦးကို ကျောက်တော်တပ်က ဖမ်းဆီး

ပလက်ဝ ကျောက်တော်

ပလက်ဝ-ကျောက်တော် စက်လှေပေါ်ကနေ အရပ်သားနှစ်ဦးကို ကျောက်တော်တပ်က ဖမ်းဆီး ကျောက်တော်၊ ဖေဖော်ဝါရီ ၂၈- ၂၀၂၀ ခိုင်လင်းစံ (VOM) မနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းလောက်က ပလက်ဝကနေ ကျောက်တော်ကို ဆင်းလာတဲ့ စက်လှေပေါ်မှာလိုက်ပါလာသူတွေထဲက နှစ်ဦးကို ကျောက်တော်စကခ (၉) က ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြောင်း သတင်းရရှိပါတယ်။ ကုလားတန်မြစ်အတွင်း တင်းမကြီး ကျေးရွာအလွန်လောက်မှာ ခရီးသည်တွေလိုက်ပါလာတဲ့ စက်လှေကို သေနတ်ပစ်ဖေါက် ကမ်းကပ်ခိုင်းပြီးမှ ဒီထဲက ၂ယောက်ကို ဖမ်းသွားတာဖြစ်ကြောင်း ကျောက်တော်ဒေသခံတစ်ဦးပြောပြတာက “ တပ်မကဖမ်းထားလိုက်တယ်။ အဲ့နေရာမှာဘဲ မျက်နှာကို အဝတ်အုပ် လက်ပြန်ကြိုးတုပ်ပြီး ခေါ်သွားတယ်လို့ စက်လှေမှာပါတဲ့လူတွေရဲ့ ပြောပြချက်အရ သိရတယ်။” လို့ ဆိုပါတယ်။ အဲ့ဒီ ဖမ်းဆီးခံရတဲ့ခရီးသည် (၂) ဦးထဲမှာ တစ်ဦးမှာ ရခိုင်လူငယ်ညီလာခံအဖွဲ့ (AYC)က ကိုကျော်လှဖြစ်ပြီး နောက်တယောက်ကတော့ ဘူးသီးတောင်ဘက်ကဖြစ်ပြီး နာမည်မသိဘူးလို့…

Read More

ရေဆင်းကူးရင်း အလယ်တန်းကျောင်းသားနှစ်ယောက် ရေနစ်သေဆုံး

ပဲခူး ရေနစ်သေ

ရေဆင်းကူးရင်း အလယ်တန်းကျောင်းသားနှစ်ယောက် ရေနစ်သေဆုံး ပဲခူး ဖေဖော်ဝါရီ ၂၈-၂၀၂၀ ဝေဇင်ကြည်(VOM) ပဲခူးမြို့ ကျောက်ကြီးစု အုတ်စက်ရေကန်မှာ မနေ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့လယ် ၃နာရီဝန်းကျင်က အင်းဝ (-အ-ထ-က)ခွဲကျောင်းက ကျောင်းသားနှစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့သကျနွယ်လူမှုကယ်ဆယ်ရေးအသင်းကသိရပါတယ်။ ‟ကျနော်တို့ဆီကို ကလေးနှစ်ဦးရေနစ်ပြီးပျောက်သွားလို့ဆိုပြီးဖုန်းဝင်လာလို့ ကျနော်တို့လိုက်သွားတော့ အုတ်စက်ရေကန်အနီးက လူတွေ ရှာဖွေပြီး အပေါ်ကိုရောက်နေပါပြီ ။ အုတ်လုပ်ဖို့ မြေတူးထားတဲ့ကန်မှာ ရေဆင်းကူးရင်းနစ်ကြတာပါ ။ ကလေးနှစ်ယောက်လုံး သေဆုံးနေလို့ အလောင်းတွေကို ပဲခူးဆေးရုံကနေတဆင့် ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့ ပါတယ်လို့”ပဲခူးမြို့ သကျနွယ် လူမှုကယ်ဆယ်ရေး အသင်းက ကိုသူရအောင်ကပြောပါတယ်။ သေဆုံးတဲ့ကလေးတွေဟာ ပဲခူးမြို့ဥဿာသီရီ(၉)လမ်းနေ ဦးတင့်နောင်ရဲ့သားအသက်(၁၃)နှစ်ရှိ ခြောက်တန်းကျောင်းသား မောင်တင့်ထူးဝေနဲ့ ပဲခူးမြို့ အင်းဝင်(၁၃)လမ်းနေ ဦးဝင်းဇော်စိုးရဲ့သားအသက်(၁၁)နှစ်ရှိ ငါးတန်းကျောင်းသား မောင်ဥက္ကာဖြိုးတို့ ဖြစ်တယ်လို့ ပဲခူးမြို့အမှတ်(၁)ရဲစခန်းကသိရပါတယ်။ အဆိုပါ ကျောင်းသားနှစ်ဦး ရေနစ်သေဆုံးတာတဲ့ပတ်သက်ပြီး ခရိုင်ပညာရေးမှူး ဦးအေးသိန်းက ‟ကျနော်တို့ထူးခြားဖြစ်စဉ်တင်ထားပြီးပါပြီ ကျောင်းက (၁၂)နာရီမှာနေ့ပိုင်းတက်ရပါတယ်။…

Read More

ပလက်ဝကနေ ကျောက်တော်ကိုလာတဲ့ ခရီးသည်စက်လှေ ပစ်ခတ်ခံရ လူ ၄ ဦးထိခိုက်

ပလက်ဝကနေ ကျောက်တော်ကိုလာတဲ့ ခရီးသည်စက်လှေ ပစ်ခတ်ခံရ လူ ၄ ဦးထိခိုက် ကျောက်တော်၊ ဖေဖော်ဝါရီ ၂၇-၂၀၂၀ ခိုင်လင်းစံ (VOM) ချင်းပြည်နယ် ပလက်ဝမြို့ကနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ဆင်းလာတဲ့ ခရီးသည်တင်စက်လှေတစ်စီးဟာ ဒီကနေ့နေ့လယ် ၁ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခံလိုက်ရပြီး စက်လှေပေါ်လိုက်ပါလာခဲ့တဲ့ ခရီးသည် သုံးဦးနဲ့ စက်လှေသမားတစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူ လေးဦးအနက် စက်လှေမောင်းသူမှာ ခြေသလုံးထိခိုက်သွားခဲ့ပြီး ဒဏ်ရာအပြင်းထန်စွာရရှိခဲ့တယ်လို့ စက်လှေပေါ်မှာ လိုက်ပါလာသူတွေက ပြောပါတယ်။ “ကျွန်တော်တို့ စက်လှေက မနက်ပိုင်း ၈ နာရီကျော်လောက်ကထွက်လာတာ။ သွားနေရင်းနဲ့ နေ့လည် ၁ နာရီကျော်လောက်မှာ တင်းမရွာနားကိုအရောက်မှာ လက်နက်ကြီးကျည်က စက်လှေရဲ့နောက်ဘက်မှာ လာကျတယ်။ လူလေးဦးဒဏ်ရာရတယ်။ တစ်ဦးကတော့ တော်တော်ပြင်ထန်တယ်။”လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတာ်ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။ ကျောက်တော်မြို့နယ်အတွင်း တပ်မတော်နဲ့ အေအေတို့အကြား ဒီနေ့မနက်ပိုင်းက…

Read More

မျက်ကန်းတစ္ဆေမကြောက် ဆိုသော်ငြား မိုးပြိုရင်တော့ အများ

မျက်ကန်းတစ္ဆေမကြောက် ဆိုသော်ငြား မိုးပြိုရင်တော့ အများ ကိုရိုနာ ဗိုင်းရပ်စ် တရုတ်နိုင်ငံရဲ့ အပြင်ဖက် အနည်းဆုံး ၄၇ နိုင်ငံကို ကူးစက်တာရှိလာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ပါတယ်။ အန္တာတိက တိုက်ကလွဲလို့ ကျန် တိုက်ကြီးတွေဆီက နိုင်ငံတွေဆီ ပျံ့နှံ့နေတယ်လို့ WHO က ပြောပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇၀၀ ကျော်လာပြီး သေဆုံးသူ ၉ ဦး ရှိနေပြီဖြစ်တဲ့ ဂျပန်နိုင်ငံက မတ်လ အထိ စာသင်ကျောင်းတွေကို ပိတ်ဖို့ ကြေငြာလိုက်ပါပြီ။ ဒါ့အပြင် လာမယ့် ဂျူလိုင်လ ၂၄ ရက်နေ့မှာ ဂျပန်က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် အိုလံပစ် ပွဲကိုလည်း ရွှေ့ဆိုင်းဖို့ ဆွေးနွေးတိုင်ပင်နေကြပါတယ်။ တရုတ်နိုင်ငံ အပါအဝင် တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၁၀၀၀ ကျော် ဖြစ်လာပြီး၊…

Read More

သမဝါယမတက္ကသိုလ်(သန်လျင်) မှာ  ကျောင်းသားထုအခွင့်အရေး အတွက် တောင်းဆို လှုပ်ရှားမှု ပြုလုပ်

သမဝါယမတက္ကသိုလ်(သန်လျင်) မှာ  ကျောင်းသားထုအခွင့်အရေး အတွက် တောင်းဆို လှုပ်ရှားမှု ပြုလုပ် သန်လျင်-ဖေဖေါ်ဝါရီ-၂၇-၂၀၂၀ စွဲ့ဝတီ (VOM) သမဝါယမတက္ကသိုလ်(သန်လျင်) ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီးတော့ ဒီမိုကရေစီပညာရေးနဲ့ ကျောင်းသားထုအခွင့်အရေး အတွက် တောင်းဆို လှုပ်ရှားမှုကို ဒီကနေ့ နေ့လယ်ပိုင်း သမဝါယမတက္ကသိုလ်(သန်လျင်)ကျောင်းဝင်းအတွင်း မှာ ပြုလုပ်ခဲ့ပါတယ်။ “ကျွန်တော်တို့ လှုပ်ရှားမူက တောင်းဆိုချက် သုံးခုရှိပါတယ်။ ပထမတစ်ခုကတော့ သမဝါယမတက္ကသိုလ် (သန်လျင်)မှာ ကျဉ်းမြောင်းနေတဲ့ တက္ကသိုလ်လမ်းမကို ပြုပြင် တိုးချဲ့ဖောက်လုပ်ပေးဖို့ပေါ့။ အဲဒါကလမ်းပိုင်းပေါ့။ နောက်တစ်ခုကတော့ အဆောင်ပေါ့။ ကျွန်တော်တို့ ကျောင်းမှာ နယ်ကနေ လာပြီး ကျောင်းတက်တဲ့သူတွေ များတယ်။ ပုဂ္ဂလိက အဆောင်တွေမှာပဲ ကျောင်းသားကျောင်းသူတွေက ငွေကြေးပေးပြီးနေနေရတယ်။ အစားအသောက်တွေကိုလည်း သူတို့ အဆင်ပြေသလို ဝယ်စားနေရတယ်။ ဒါကြောင့် ကျောင်းသားကျောင်းသူတွေ နေရထိုင်ရတာက အဆင်ပြေအောင်၊ ကျောင်းတွင်းမှာ အဆောင်ဆောက်လုပ်ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။ နောက်တစ်ချက်က…

Read More

ဖားကန့် လုံးခင်း ရတနာမြေမှာ လက်လုပ်လက်စား ကျောက်စိမ်းလုပ်ကွက်တွေ ချထားပေးတော့မည်

ဖားကန့် လုံးခင်း ရတနာမြေမှာ လက်လုပ်လက်စား ကျောက်စိမ်းလုပ်ကွက်တွေ ချထားပေးတော့မည် ဖားကန့် -ဖေဖော်ဝါရီ-၂၇ -၂၀၂၀ ဇော်မိုးထက် (ဖားကန့် ) ကချင်ပြည်နယ် ဖားကန့်ဒေသရှိ လုံးခင်း/ဖားကန့် ရတနာနယ်မြေအတွင်းမှာ တနိုင်တပိုင် လက်လုပ်လက်စား လုပ်ကွက်(အသစ်) တွေ ချထားပေးတော့မယ်လို့ မြို့နယ်လုပ်ကွက် ကြီးကြပ်ရေးနဲ့ လျှောက်လွှာစိစစ်ရေးအဖွဲ့၊ မြို့နယ်ကွင်းဆင်းတိုင်းတာ စိစစ်ရေးအဖွဲ့တို့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကနေ သိရပါတယ်။ တူးဖော် လုပ်ကိုင်လိုသူတွေကို လုပ်ကွက်ပေါင်း (၃၇၆) ကွက် ကို အိတ်ပိတ်တင်ဒါစနစ်နဲ့ လုပ်ကိုင်ခွင့် ချထားပေးမယ်လို့လည်း သိရပါတယ်။ လာမည့် မတ်လ ၃ ရက်ကနေ ၁၃ ရက် အထိ မော်ဝမ်းရပ်ကွက်ရှိ OSS (One Stop Service) ရုံးမှာ လျှောက်လွှာတွေ ယူနိုင်ပြီဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံ(နိုင်ငံသား)များအနေနဲ့ မြန်မာ့ကျောက်မျက်ရတနာ တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းတွေကို လက်လုပ်လက်စား…

Read More

စစ်ကိုင်းတက္ကသိုလ်မှာ Peace Event -2020 ကျင်းပ

စစ်ကိုင်းတက္ကသိုလ်မှာ Peace Event -2020 ကျင်းပ စစ်ကိုင်း ဖေဖော်ဝါရီ ၂၇ -၂၀၂၀ မောင်တာရာ (VOM) စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်၊IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတ(မဟာသဒ္ဓမ္မဇောတိကဓဇ)ရဲ့လမ်းညွန်မှု၊စစ်ကိုင်းတက္ကသိုလ်ဆရာများသမဂ္ဂ၊ကျောင်းသားများသမဂ္ဂ နဲ့ IBEC Global Youth Organization တို့ ပူးပေါင်း စီစဉ်တဲ့ Peace Event -2020 ကို ဒီနေ့ နံနက်ပိုင်းက စစ်ကိုင်းတက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နဲ့ ဝန်ကြီးများ၊ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန၊ညွန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်း၊တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတွေက တာဝန်ရှိသူတွေ၊စစ်ကိုင်းမြို့ ရှိ အရပ်ဖက်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ ”ဘာကြောင့် တက္ကသိုလ်တွေမှာ ဒီ Peace Event ကိုဆောင်ရွက်ရတာလဲဆိုရင် မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေထဲမှာ လူငယ်တွေရဲ့အခန်းကဏ္ဍက သိပ်အရေးကြီးတယ်၊ကမ္ဘာကြီးပေါ်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ Peace Education ကို ကလေးဘဝကတည်းက လေ့ကျင့်သင်ကြားပေးကြရတယ်။မြန်မာ့လူနေမှုဘဝမှာကျတော့ ငြိမ်းချမ်းရေးဟာ သိပ်အရေးပါတယ်လို့ ဒါဟာ ပညာရေးတစ်ခုလို့…

Read More

ရခိုင်ပြည်နယ်အတွင်း မြို့ရွာတချို့မှာ တပ်မတော်က ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်

ရခိုင်ပြည်နယ်အတွင်း မြို့ရွာတချို့မှာ တပ်မတော်က ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ် စစ်တွေ၊ ဖေဖော်ဝါရီ ၂၇- ၂၀၂၀ ခိုင်လင်းစံ(VOM) ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျောက်တော်မြို့လယ်မှာ တပ်မတော်အရာရှိတစ်ဦးအသတ်ခံရ တာ တခြားတပ်မတော်သားတွေကို အန္တရယ်ပြုတာတွေဖြစ်ခဲ့ ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ယခုရက်ပိုင်းရက်တွေမှာ တပ်မတော်က မြို့ရွာတချို့ကို ဝင်ရောက် စစ်ဆေးတာတွေပြုလုပ်နေကြောင်း သိရပါတယ်။ မနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အတွင်း စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာနဲ့ ကြက်တောပြင် ကျေးရွာတွေမှာ တပ်၊ လဝက၊ ရဲတို့ပူးပေါင်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ ” စစ်သားတွေ မြို့ထဲဝင်လာတယ်။ အခုလည်း အိမ်နားမှာရပ်နေကြတယ်။ တစ်စုံတစ်ရာ အနှောင့်အယှက် ပေးတာတော့မရှိဘူး။ မြို့ထဲဖက်မှာတော့ စစ်ဆေးတာတွေရှိတယ်လို့ ကြားတယ်။” လို့ ရသေ့တောင်မြို့ပေါ် ဒေသခံတစ်ဦးကပြောပါတယ်။ ဆက်လက်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းလောက်က ကျောက်တော်မြို့နယ်…

Read More

မူဆယ်မြို့မှာ ဒုတိယအကြိမ် လုယက်မှုဖြစ်ပွားခဲ့

မူဆယ်မြို့မှာ ဒုတိယအကြိမ် လုယက်မှုဖြစ်ပွားခဲ့ မူဆယ်၊ ဖေဖေါ်ဝါရီ ၂၇-၂၀၂၀ ဖြူဖြူဖွေး(မူဆယ်) မူဆယ်မြို့၊ မြောက်ရပ်ကွက်၊ ၅၅၅ လမ်းကြား၊ သန်းငွေ တည်ခိုခန်းအနီးမှာ မနေ့ ဖေဖော်ဝါရီ(၂၆)ရက်၊ ညပိုင်းက အမျိုးသမီးတစ်ဦးဆီကနေ ပိုက်ဆံအိတ် လုယူမှုဖြစ်ပွားခဲ့ပါတယ်။ “ကျွန်မ အလုပ်အပြန် ၅၅၅လမ်းကြား၊ သန်းငွေတည်ခိုခန်းအနီးအရောက်မှာ လက်နှစ်ဖက်နဲ့ကိုင်ဆောင်ထားတဲ့ ပိုက်ဆံအိတ်နဲ့ဖုန်းကို အမျိုးသားတစ်ဦးလုယူထွက်‌ပြေးခဲ့ပါတယ်။ သူလုယူတော့ စိုးရိမ်ထိမ့်လန့်မှုဖြစ်ခဲ့ပါတယ်၊ သူနောက်ကပြေးလိုက်ရင်း ပတ်ဝန်းကျင်ကို အကူအညီတောင်းခံတော့ တာဝန်ရှိသူများနဲ့ ရပ်ကွက်ထဲက သူတွေ ဝိုင်းဝန်းဖမ်းပေးလို့ မိခဲ့ပါတယ်”လို့ ပိုက်ဆံအိတ်လုယက်ခံရသူ မသဉ္ဇာစုလှိုင်က VOM ကိုပြောပါတယ်။ ပိုက်ဆံအိတ်လုယက်ခံရတာနဲ့ပက်သက်ပြီး မူဆယ်မြို့မရဲစခန်းမှ ယာယီစခန်းမှုး ရဲအုပ်သန့်ဇင်ဦး ပြောပြတာကတော့ “ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝဘေးကင်းလုံခြုံရေးအတွက် ပြစ်မှုကင်းရှင်းအောင် နေ့ညမပျက် လုံခြုံရေးအစီအမံများ ဆောင်ရွတ်ပါတယ်၊ အခု ကျွန်တော်တို့ရဲလုပ်ငန်း ပြီးမြောက်အောင်ဆောင်ရွက်နေပြီး၊ တရားဥပဒေအတိုင်း ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်နေပြီး နယ်မြေဒေသ ပထဝီအနေအထားအရ…

Read More

ဗီအိုအမ်ရဲ့ ညနေ ၆နာရီခွဲ သတင်းအစီအစဉ်ကို စန္ဒာမုနိဘုရားရင်ပြင်ကနေ တင်ဆက်မှု

ဗီအိုအမ်ရဲ့ ညနေ ၆နာရီခွဲ သတင်းအစီအစဉ်ကို စန္ဒာမုနိဘုရားရင်ပြင်ကနေ တင်ဆက်မှု ဖေဖေါ်ဝါရီ ၂၆-၂၀၂၀ မူဆယ်မြို့က နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ်ဖြစ်သည့် မန့်ဝိန်းဂိတ် တွင် ကိုယ်အပူချိန်လွန်ကဲနေသော အသက် ၂၃ နှစ်အရွယ်အမျိုးသားတစ်ဦးကို တွေ့ရပြီး ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ပြီး မူဆယ်ပြည်သူ့ဆေးရုံမှာ စောင့်ကြည့်ကုသပေးနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေဆီက သိရတဲ့သတင်း။ နေပြည်တော်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၀ရက်နေ့က မူကြိုကျောင်းသူ အသက်(၄)နှစ် (၄)လအရွယ်ကို အတန်းအတူတက်တဲ့ အသက်အရွယ်တူ မူကြိုကျောင်းသားက အဓမ္မပြုကျင့်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့သတင်း။ မူဆယ်မြို့လယ် အမှတ်၁ စည်ပင်သာယာဈေးဘေးကပ်လျက်က ငွေလဲလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆိုင်မှာ ဖေဖေါ်ဝါရီလ ၂၆ ရက်နံနက် ၆ နာရီအချိန်က အုပ်စုဖွဲ့ပြီး ငွေကျပ်သိန်းတစ်ရာကျော် အလုခံရတဲ့သတင်း။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က အချိန်အခါမဟုတ် လေပြင်းတိုက်ခက်မှုကြောင့်…

Read More
VOM News

FREE
VIEW