မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းပေးဖို့ နေပြည်တော်တရားလွှတ်တော်ချုပ်ကို တင်ပြမယ်

မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းပေးဖို့ နေပြည်တော်တရားလွှတ်တော်ချုပ်ကို တင်ပြမယ်

ရန်ကုန် ၊မတ် ၉-၂၀၂၀
သိင်္ဂီ(VOM)

မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းပေးဖို့အတွက် နေပြည်တော်တရားလွှတ်တော်ချုပ်မှာ ဥပဒေကြောင်းအရ တင်ပြမှုကို လာမယ့်မတ်လ ၁၃ ရက်နေ့မှာ Phoe Phyu @Associates law firm အဖွဲ့ရှေ့နေအုပ်စုနဲ့ ကချင်ပြည်နယ် မြစ်ဆုံဒေသခံတွေပူးပေါင်းပြီး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

နေပြည်တော်တရားလွှတ်တော်ချုပ်မှာ မတင်ပြခင် မြစ်ကြီးနားခရိုင်ကို ဖေဖော်ဝါရီလက မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်စဲရေးအတွက် တရားမမှုတင်ခဲ့ရာ ခရိုင်ကပယ်ချခဲ့သလို မြစ်ကြီးနားပြည်နယ်တရားရုံကို ထပ်မံတင်ပြခဲ့ပေမယ့်လည်း လက်ခံခြင်း ၊ ပယ်ချခြင်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိဘူးလို့ သိရပါတယ်။

” မြစ်ဆုံစီမံကိန်းကို ဘာပဲလုပ်လုပ် ဒေသခံတွေကန့်ကွက်တယ်ဆိုတာကို ပြချင်တာဖြစ်တယ်။ ဒေသခံတွေနဲ့ ဥပဒေပညာရှင်တွေနဲ့ပူးပေါင်းလုပ်မှာဖြစ်တယ်။ ဒေသခံ ၃၀၂ ဦးလုပ်တာနဲ့ ရှေ့နေလုပ်တာအတူတူပဲ။ ပြည်သူတွေ ဒီလောက်တားနေတာတောင် မြစ်ဆုံစီမံကိန်း ဆက်လုပ်ရင် ဦးသိန်းစိန်အစိုးရလက်ထက်ကလို တစ်နိုင်ငံလုံးအင်အားနဲ့ ကန့်ကွက်မှုတွေလုပ်သွားမယ်။” လို့ မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်စဲရေးလှုပ်ရှားနေတဲ့ ကချင်ပြည်နယ် တာဝန်ခံတစ်ဦးကပြောပါတယ်။

နေပြည်တော်တရားလွှတ်တော်ချုပ်မှာလည်း တရားမမှုအနေနဲ့ ထပ်မံတင်ပြမှာဖြစ်ပြီး မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်စဲဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့လည်းရှိတယ်လို့ သိရပါတယ်။

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးရေးအတွက် မြန်မာ့နိုင်ငံရေးလူမှုအဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေ စသဖြင့် အားလုံးကဆန္ဒပြတောင်းဆိုမှုတွေလည်း ပြုလုပ်ခဲ့တာရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း မြန်မာနိုင်ငံကို တရုတ်သမ္မတလာချိန် မြစ်ဆုံစီမံကိန်းရပ်ပေးဖို့အတွက် တောင်းဆိုတဲ့ဆန္ဒပြပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #နေပြည်တော် #မြစ်ဆုံစီမံကိန်းရပ်တန့်ရေး #တရားလွှတ်တော်ချုပ်တင်ပြမယ်

Zawgyi


ရန်ကုန် ၊မတ် ၉-၂၀၂၀
သိင်္ဂီ(VOM)








Related posts

Leave a Comment

VOM News

FREE
VIEW