အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နေ့တည်း လူ ၂၀၀ ကျော် သေဆုံး

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နေ့တည်း လူ ၂၀၀ ကျော် သေဆုံး

ရောမ၊ မတ်-၉-၂၀၂၀
မျိုးဆက် (VOM)

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နေ့တည်း လူ ၂၀၀ ကျော်သေဆုံးသွားတာကြောင့် သေဆုံးသူဦးရေဟာ ၁၃၃ဦးကနေ ၃၆၆ဦးအထိ တစ်ဟုန်ထိုးမြင့်တက်သွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ရောဂါကူးစက်ခံရသူအရေအတွက်ဟာလည်း ၅၈၈၃ဦးမှ ၇၃၇၅ဦးအထိ ရှိနေပြီလို့ မြို့ပြကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။

ရောဂါတားဆီးရေး အစီအမံတစ်ခုအဖြစ် ဒေသတွင်းရှိ အဓိကမြို့ မီလန်တည်ရှိတဲ့ လူဦးရေ ၁၀သန်းနေထိုင်တဲ့ လွမ်ဘာဒီဒေသမှာ အရေးပေါ်အခြေအနေကလွဲပြီး ဝင်ရောက်ခွင့်ပိတ်ထားကာ ဗင်းနစ်၊ ပါးမားနှင့် မိုဒီနာအပါအဝင် အခြား ပြည်နယ် ၁၄ ခုမှာလည်း အလားတူ အစီအမံများချမှတ်ထားကာ အဲဒီဒေသက လူဦးရေ ၁၆ သန်းကိုလည်း ရောဂါကူးစက်မှုရှိမရှိ သီးခြားထား စောင့်ကြည့်မှုတွေလုပ်ဆောင်နေပါတယ်။

ဒါ့အပြင်စာသင်ကျောင်းတွေ၊ အားကစားခန်းမတွေ၊ ပြတိုက်တွေ၊ ညကလပ်တွေနဲ့ နိုင်ငံတစ်ဝန်း အခြားသော လူစုလူဝေးဖြစ်စေမယ့် ပွဲအခမ်းအနားတွေ ကျင်းပခွင့်ကိုလည်း ပိတ်ထားကြောင်း ဝန်ကြီးချုပ်ဂူဆက်ပီကွန်တီ က ကြေညာပါတယ်။

အဲဒီတားမြစ်ကန့်သတ်ချက်တွေဟာ ဧပြီလ၃ရက်နေ့အထိ သတ်မှတ်ထားတယ်လို့ အီတလီအစိုးရက ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူဦးရေ ၃၆၀၀ ရှိပြီး ကူးစက်ခံရသူ ၁၀၇၀၀၀ အထိ မြင့်တက်နေပါတယ်။

Ref : BBC Photo:AP
#VOM #voiceofmyanmar #ရောမ #အီတလီ #ကိုရိုနာဗိုင်းရပ်စ် #တနေ့တည်းလူ၂၀၀သေဆုံး

Zawgyi

အီတလီမွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ တစ္ေန႔တည္း လူ ၂၀၀ ေက်ာ္ ေသဆံုး

ေရာမ၊ မတ္-၉-၂၀၂၀
မ်ိဳးဆက္ (VOM)

အီတလီႏုိင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ေၾကာင့္ တစ္ေန႔တည္း လူ ၂၀၀ ေက်ာ္ေသဆံုးသြားတာေၾကာင္႔ ေသဆံုးသူဦးေရဟာ ၁၃၃ဦးကေန ၃၆၆ဦးအထိ တစ္ဟုန္ထုိးျမင့္တက္သြားတယ္လို႔ တာဝန္ရွိသူေတြကေျပာပါတယ္။

ေရာဂါကူးစက္ခံရသူအေရအတြက္ဟာလည္း ၅၈၈၃ဦးမွ ၇၃၇၅ဦးအထိ ရိွေနျပီလို႔ ျမိဳ႔ျပကာကြယ္ေရး ေအဂ်င္စီက ေျပာပါတယ္။

ေရာဂါတားဆီးေရး အစီအမံတစ္ခုအျဖစ္ ေဒသတြင္းရိွ အဓိကျမိဳ႕ မီလန္တည္ရိွတဲ႔ လူဦးေရ ၁၀သန္းေနထိုင္တဲ႔ လြမ္ဘာဒီေဒသမွာ အေရးေပၚအေျခအေနကလြဲျပီး ၀င္ေရာက္ခြင္႔ပိတ္ထားကာ ဗင္းနစ္၊ ပါးမားနွင္႔ မိုဒီနာအပါအ၀င္ အျခား ျပည္နယ္ ၁၄ ခုမွာလည္း အလားတူ အစီအမံမ်ားခ်မွတ္ထားကာ အဲဒီေဒသက လူဦးေရ ၁၆ သန္းကိုလည္း ေရာဂါကူးစက္မႈရိွမရိွ သီးျခားထား ေစာင္႔ၾကည္႔မႈေတြလုပ္ေဆာင္ေနပါတယ္။

ဒါ႔အျပင္စာသင္ေက်ာင္းေတြ၊ အားကစားခန္းမေတြ၊ ျပတုိက္ေတြ၊ ညကလပ္ေတြနဲ႔ ႏုိင္ငံတစ္ဝန္း အျခားေသာ လူစုလူေဝးျဖစ္ေစမယ္႔ ပဲြအခမ္းအနားေတြ က်င္းပခြင္႔ကုိလည္း ပိတ္ထားေၾကာင္း ဝန္ၾကီးခ်ဳပ္ဂူဆက္ပီကြန္တီ က ေၾကညာပါတယ္။

အဲဒီတားျမစ္ကန္႔သတ္ခ်က္ေတြဟာ ဧျပီလ၃ရက္ေန႔အထိ သတ္မွတ္ထားတယ္လို႔ အီတလီအစိုးရက ထုတ္ျပန္ထားပါတယ္။

လက္ရိွအခ်ိန္ထိ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ ကမၻာတစ္၀န္းမွာ ေသဆံုးသူဦးေရ ၃၆၀၀ ရိွျပီး ကူးစက္ခံရသူ ၁၀၇၀၀၀ အထိ ျမင္႔တက္ေနပါတယ္။

Ref : BBC Photo:AP
#VOM #voiceofmyanmar #ေရာမ #အီတလီ #ကိုရိုနာဗိုင္းရပ္စ္ #တေန႔တည္းလူ၂၀၀ေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW