ရခိုင်ပြည်နယ်က တိုက်ပွဲရှောင်တွေဟာ မင်းတုန်းမြို့နယ်ထိရောက်လာ

#VOICEOFMYANMAR #သဖန္ေရာင္ #မင္းတုုန္း #အမ္း

ရခိုင်ပြည်နယ်က တိုက်ပွဲရှောင်တွေဟာ မင်းတုန်းမြို့နယ်ထိရောက်လာ

မင်းတုန်း-မတ်၁၅-၂၀၂၀
ဂျန်ကိုးလ်

ရခိုင်ပြည်နယ်အမ်းမြို့နယ်က တိုက်ပွဲတွေကြောင့် လုံခြုံရေးနဲ့ စားဝတ်နေရေးအခက်ခဲရှိတဲ့ တိုက်ပွဲရှောင်ပြည်သူ ၃၇ ယောက်ဟာ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ သဖန်ရောင်ရွာကို ရောက်လာပါတယ်။ ရောက်လာတဲ့ မိသားစု ၈ခုက ၃၇ယောက်ကို ကူညီပေးနေတဲ့ သဖန်ရောင်ရွာက ဦးရဲကျော်က
“ အဖေရဲ့လုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်းရဲ့ သားသမီးတွေရဲ့ အဆက်ပေါ့ ကျနော့အားကိုးနဲ့ပြေးလာကြတော့ ကျနော်ပဲစောင့်ရှောက်ထားရတယ်။
တိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီး မကွေးတိုင်းချင်းဝန်ကြီး ဝန်ကြီးချုပ် မြို့နယ်ခရိုင်ထွေအုပ်ကို တင်ပြစာနဲ့စာရေး အကူအညီတောင်းခံထားတယ်”လို့ ပြောပါတယ်။

အမ်းမြို့နယ်ဒါးလက်ချောင်းတလျောက် ကျေးရွာတွေကို ရခိုင်တပ်တော်AAက မကြာခဏဆိုသလိုဝင်လာတတ်ပြီး ငွေတောင်းတာနဲ့ စစ်သားစုဆောင်းတာတွေကြောင့် ထွက်ပြေးလာရတဲ့အကြောင်း တိုက်ပွဲရှောင်းထဲက တယောက်ဖြစ်တဲ့ ကိုအောင်မောင်းပြောပြတာက
“ သူတို့က ရွာတာဝန်ခံကိုခေါ်ပြီး အလှူငွေထည့်ရမယ်ပြောတယ် တခါ၂၀၀၀ကျပ် ထည့်ခဲ့ရတယ်
အစိုးရအုပ်ချုပ်ရေးမှူးက အမ်းမြို့ကပြန်မလာဘူး လုံခြုံရေးကြောင့်ပေါ့ သူတို့က မိန်းမတွေထမင်းချက်ရင်သေနတ်ထောင်ထားပြီးချက်ရမယ်၊ လယ်ထွန်ရင် သေနတ်လွယ်ပြီးထွန်ရမယ်
သူတို့နဲ့လက်တွဲရမယ်လို့ပြောတော့ မနေရဲတော့ဘူး စားဝတ်နေရေးထက် ကလေးတွေပညာရေး ကျန်းမာရေးအရအေးချမ်းတဲ့နေရာမှာဘဲနေချင်တယ်”လို့ပြန်ပြောပြပါတယ်။

အုပ်ချုပ်ရေးပိုင်းရဲ့တင်းကျပ်မှုအရ ဦးရဲကျော်ရဲ့ဧည့်သည်အဖြစ် စာရင်းပေးနေထိုင်နေရပြီး စားရေးသောက်ရေးလည်းအခက်အခဲရှိနေတယ်လို့ ပြောကြပါတယ်။

“ကလေးက ၂လသားအထိအငယ်ဆုံးပါတယ် ဦးရဲကျော်ကဆန်တစ်အိတ်စီပေးထားတယ် ။ အခြားအလှူရှင်က ဆန်ပေးတာရှိတယ်။ ကျနော်တို့ကို ဒီမှာမနေရဘူးလို့ပြောသွားတာကြားလိုက်တယ်။ တယောက်ချင်းရဲ့အချက်အလက်တွေလည်း ထွေအုပ်ကယူသွားပြီ ဒီမှာမနေလည်း အေးဆေးမယ်ထင်တဲ့နေရာသွားရမှာဘဲ ကလေးတွေပညာတတ်မှဖြစ်မယ်”လို့ တိုက်ပွဲရှောင်လာသူ ကိုခင်မောင်သန်းကပြောပါတယ်။

လတ်တလောမှာတော့ သဖန်းရောင်မှာ ခဏခိုလှုံနေပြီး အစိုးရက စီစဉ်ပေးမယ့်အချိန်ကို စောင့်နေတယ်လို့ ဆိုကြပါတယ်။

#VOICEOFMYANMAR #သဖန်ရောင် #မင်းတုန်း #အမ်း

ရခိုင္ျပည္နယ္က တိုက္ပြဲေရွာင္ေတြဟာ မင္းတုန္းျမို႕နယ္ထိေရာက္လာ

မင္းတုန္း-မတ္၁၅-၂၀၂၀
ဂ်န္ကိုးလ္

ရခိုင္ျပည္နယ္အမ္းၿမိဳ႕နယ္က တိုုက္ပြဲေတြေၾကာင့္ လံုုျခံဳေရးနဲ႕ စားဝတ္ေနေရးအခက္ခဲရွိတဲ႕ တိုုက္ပြဲေရွာင္ျပည္သူ ၃၇ ေယာက္ဟာ မေကြးတိုင္း၊ သရက္ခ႐ိုင္၊ မင္းတုန္းၿမိဳ႕နယ္၊ သဖန္ေရာင္ရြာကိုု ေရာက္လာပါတယ္။ ေရာက္လာတဲ႕ မိသားစုု ၈ခုုက ၃၇ေယာက္ကိုု ကူညီေပးေနတဲ႕ သဖန္ေရာင္႐ြာက ဦးရဲေက်ာ္က
“ အေဖရဲ႕လုပ္ေဖၚကိုင္ဘက္ သူငယ္ခ်င္းရဲ႕ သားသမီးေတြရဲ႕ အဆက္ေပါ့ က်ေနာ့အားကိုးနဲ႔ေျပးလာၾကေတာ့ က်ေနာ္ပဲေစာင့္ေရွာက္ထားရတယ္။
တိုင္းရင္းသားေရးရာျပည္ေထာင္စုဝန္ႀကီး မေကြးတိုင္းခ်င္းဝန္ႀကီး ဝန္ႀကီးခ်ဳပ္ ၿမိဳ႕နယ္ခ႐ိုင္ေထြအုပ္ကို တင္ျပစာနဲ႔စာေရး အကူအညီေတာင္းခံထားတယ္”လို႔ ေျပာပါတယ္။

အမ္းၿမိဳ႕နယ္ဒါးလက္ေခ်ာင္းတေလ်ာက္ ေက်း႐ြာေတြကို ရခိုင္တပ္ေတာ္AAက မၾကာခဏဆိုသလိုဝင္လာတတ္ၿပီး ေငြေတာင္းတာနဲ႕ စစ္သားစုုေဆာင္းတာေတြေၾကာင့္ ထြက္ေျပးလာရတဲ႕အေၾကာင္း တိုုက္ပြဲေရွာင္းထဲက တေယာက္ျဖစ္တဲ႕ ကိုုေအာင္ေမာင္းေျပာျပတာက
“ သူတို႔က ႐ြာတာဝန္ခံကိုေခၚၿပီး အလႉေငြထည့္ရမယ္ေျပာတယ္ တခါ၂၀၀၀က်ပ္ ထည့္ခဲ့ရတယ္
အစိုးရအုပ္ခ်ဳပ္ေရးမႉးက အမ္းၿမိဳ႕ကျပန္မလာဘူး လုံၿခဳံေရးေၾကာင့္ေပါ့ သူတို႔က မိန္းမေတြထမင္းခ်က္ရင္ေသနတ္ေထာင္ထားၿပီးခ်က္ရမယ္၊ လယ္ထြန္ရင္ ေသနတ္လြယ္ၿပီးထြန္ရမယ္
သူတို႔နဲ႔လက္တြဲရမယ္လို႔ေျပာေတာ့ မေနရဲေတာ့ဘူး စားဝတ္ေနေရးထက္ ကေလးေတြပညာေရး က်န္းမာေရးအရေအးခ်မ္းတဲ့ေနရာမွာဘဲေနခ်င္တယ္”လို႔ျပန္ေျပာျပပါတယ္။

အုပ္ခ်ဳပ္ေရးပိုင္းရဲ႕တင္းက်ပ္မႈအရ ဦးရဲေက်ာ္ရဲ႕ဧည့္သည္အျဖစ္ စာရင္းေပးေနထိုင္ေနရၿပီး စားေရးေသာက္ေရးလည္းအခက္အခဲရွိေနတယ္လိုု႕ ေျပာၾကပါတယ္။

“ကေလးက ၂လသားအထိအငယ္ဆုံးပါတယ္ ဦးရဲေက်ာ္ကဆန္တစ္အိတ္စီေပးထားတယ္ ။ အျခားအလႉရွင္က ဆန္ေပးတာရွိတယ္။ က်ေနာ္တို႔ကို ဒီမွာမေနရဘူးလို႔ေျပာသြားတာၾကားလိုက္တယ္။ တေယာက္ခ်င္းရဲ႕အခ်က္အလက္ေတြလည္း ေထြအုပ္ကယူသြားၿပီ ဒီမွာမေနလည္း ေအးေဆးမယ္ထင္တဲ့ေနရာသြားရမွာဘဲ ကေလးေတြပညာတတ္မွျဖစ္မယ္”လို႔ တိုုက္ပြဲေရွာင္လာသူ ကိုခင္ေမာင္သန္းကေျပာပါတယ္။

လတ္တေလာမွာေတာ့ သဖန္းေရာင္မွာ ခဏခိုုလွံဳေနျပီး အစိုုးရက စီစဥ္ေပးမယ့္အခ်ိန္ကိုု ေစာင့္ေနတယ္လိုု႕ ဆိုုၾကပါတယ္။

#VOICEOFMYANMAR #သဖန္ေရာင္ #မင္းတုုန္း #အမ္း

Related posts

Leave a Comment

VOM News

FREE
VIEW