COVID 19 ရောဂါကူးစက်မှုမြင့်တဲ့ နိုင်ငံက ဧည့်သည်တွေဝင်လာရင် ၂ပတ်စောင့်ကြည့်မယ်ဆိုလို့ လှည့်ပြန်သွားသူတွေရှိ

#VOICEOFMYANMAR #VOM #covid19

COVID 19 ရောဂါကူးစက်မှုမြင့်တဲ့ နိုင်ငံက ဧည့်သည်တွေဝင်လာရင် ၂ပတ်စောင့်ကြည့်မယ်ဆိုလို့ လှည့်ပြန်သွားသူတွေရှိ မန္တလေး မတ် ၁၅ ဖြူဖြူ (VOM) COVID 19 ရောဂါ ကူးစက်မှု မြင့်တက်နေတဲ့ ၈ နိုင်ငံကနေ မြန်မာနိုင်ငံကို ဝင်ရောက်လာသူတွေကို စိစစ်ကာ ၂ ပတ်ကြာ သီးသန့်စောင့်ကြည့်ပြီးမှ ပြည်ဝင်ခွင့်ပြုဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ ဒီနေ့ မတ်လ ၁၅ ရက်မှာ လေဆိပ်တွေကို ညွှန်ကြားလိုက်ပါတယ်။ COVID 19 ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်နေ ကိုရီးယား၊ တရုတ် ၊အီတလီ ၊အီရန်၊ ပြင်သစ်၊ စပိန် ဂျာမနီ၊ အမေရိကန်နိုင်ငံတို့က ဝင်ရောက်လာသူတွေနဲ့ အဲဒီနိုင်ငံတွေက ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို ၂ ပတ် သီးသန့်ထားရှိစောင့်ကြည့်ဖို့ ညွှန်ကြားထားတာပါ။ အဲဒီလို ညွှန်ကြားလိုက်ပြီးနောက် မန္တလေး လေဆိပ်ကနေဝင်ရောက်လာတဲ့ နိုင်ငံခြားသား…

Read More

ရခိုင်ပြည်နယ်က တိုက်ပွဲရှောင်တွေဟာ မင်းတုန်းမြို့နယ်ထိရောက်လာ

#VOICEOFMYANMAR #သဖန်ရောင် #မင်းတုန်း #အမ်း

ရခိုင်ပြည်နယ်က တိုက်ပွဲရှောင်တွေဟာ မင်းတုန်းမြို့နယ်ထိရောက်လာ မင်းတုန်း-မတ်၁၅-၂၀၂၀ ဂျန်ကိုးလ် ရခိုင်ပြည်နယ်အမ်းမြို့နယ်က တိုက်ပွဲတွေကြောင့် လုံခြုံရေးနဲ့ စားဝတ်နေရေးအခက်ခဲရှိတဲ့ တိုက်ပွဲရှောင်ပြည်သူ ၃၇ ယောက်ဟာ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ သဖန်ရောင်ရွာကို ရောက်လာပါတယ်။ ရောက်လာတဲ့ မိသားစု ၈ခုက ၃၇ယောက်ကို ကူညီပေးနေတဲ့ သဖန်ရောင်ရွာက ဦးရဲကျော်က “ အဖေရဲ့လုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်းရဲ့ သားသမီးတွေရဲ့ အဆက်ပေါ့ ကျနော့အားကိုးနဲ့ပြေးလာကြတော့ ကျနော်ပဲစောင့်ရှောက်ထားရတယ်။ တိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီး မကွေးတိုင်းချင်းဝန်ကြီး ဝန်ကြီးချုပ် မြို့နယ်ခရိုင်ထွေအုပ်ကို တင်ပြစာနဲ့စာရေး အကူအညီတောင်းခံထားတယ်”လို့ ပြောပါတယ်။ အမ်းမြို့နယ်ဒါးလက်ချောင်းတလျောက် ကျေးရွာတွေကို ရခိုင်တပ်တော်AAက မကြာခဏဆိုသလိုဝင်လာတတ်ပြီး ငွေတောင်းတာနဲ့ စစ်သားစုဆောင်းတာတွေကြောင့် ထွက်ပြေးလာရတဲ့အကြောင်း တိုက်ပွဲရှောင်းထဲက တယောက်ဖြစ်တဲ့ ကိုအောင်မောင်းပြောပြတာက “ သူတို့က ရွာတာဝန်ခံကိုခေါ်ပြီး အလှူငွေထည့်ရမယ်ပြောတယ် တခါ၂၀၀၀ကျပ် ထည့်ခဲ့ရတယ် အစိုးရအုပ်ချုပ်ရေးမှူးက အမ်းမြို့ကပြန်မလာဘူး လုံခြုံရေးကြောင့်ပေါ့ သူတို့က မိန်းမတွေထမင်းချက်ရင်သေနတ်ထောင်ထားပြီးချက်ရမယ်၊ လယ်ထွန်ရင်…

Read More

တိုက်ပွဲတွေအတွင်း ဖမ်းဆီးမိတဲ့ ပြင်းထန်ဒဏ်ရာရ တပ်မတော်သား ၄ ဦး အေအေပြန်လွှတ်ပေးမယ်

#voiceofmyanmar #VOM #AA #တပ္မေတာ္

တိုက်ပွဲတွေအတွင်း ဖမ်းဆီးမိတဲ့ ပြင်းထန်ဒဏ်ရာရ တပ်မတော်သား ၄ ဦး အေအေပြန်လွှတ်ပေးမယ် စစ်တွေ၊ မတ် ၁၅- ၂၀၂၀ ခိုင်လင်းစံ (VOM) ပြီးခဲ့တဲ့ မတ်လ (၁၀၊ ၁၁) ရက်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ တပ်မတော်နဲ့အေအေကြား တိုက်ပွားခဲ့ပြီးတဲ့နောက် တပ်မတော်ဖက်က ၃၆ ဦးကို အေအေကဖမ်းဆီးခဲ့ရာ ယင်းအထဲက ၂ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အချိန်မီဆေးကုသဖို့ လိုအပ်တာကြောင့် ပြန်လွှတ်ပေးဖို့ ထုတ်ပြန်ထားကြောင်း အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောဆိုပြီး မနေ့က မတ်လ ၁၄ ရက်နေ့မှာလည်း နောက်ထပ်ဒဏ်ရာရသူ ၁၅ ဦးရှိရာ ယင်းအထဲက ဒဏ်ရာပြင်းထန်သူ ၂ ဦးပြန်လွှတ်ပေးဖို့ အေအေက ထုတ်ပြန်ထားတာရှိပါတယ်။ အခုလိုမျိုး တပ်မတော်ဖက်က အေအေနဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးခံရပြီးတော့ ဒဏ်ပြင်းထန်သူ ၄ ဦးကို ပြန်လွှတ်ပေးဖို့…

Read More

ရွှေ့ပြောင်းအလုပ်သမားတွေဆီက မဲလိုချင်ရင် အလုပ်သမားတွေကို တည်ဆဲဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးဖို့ လို

ရွှေ့ပြောင်းအလုပ်သမားတွေဆီက မဲလိုချင်ရင် အလုပ်သမားတွေကို တည်ဆဲဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးဖို့ လို ရန်ကုန်၊ မတ် ၁၅ – ၂၀၂၀ သိင်္ဂီ (VOM) ၂၀၂၀ ရွေးကောက်ပွဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေဆီက မဲလိုချင်ရင် အလုပ်သမားတွေကို တည်ဆဲဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်တယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။ လက်ရှိ အာဏာရပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အလုပ်သမားတွေဘက်က ရပ်တည်ပေးတာ အားနည်းလွန်းသလို၊ အလုပ်သမားတွေ ရဲ့အခွင့်အရေး အကျိုးစီးပွားတွေကို စိတ်မဝင်စားတဲ့ အခြေအနေဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ယက်မှ အကြံပေး တရားလွှတ်တော်ရှေ့နေဦးဌေးက ဆိုပါတယ်။ ” အလုပ်သမားအခွင့်အရေး အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်မပေးတဲ့ ပါတီတွေကို မဲမပေးတော့ဘူး။ လက်ရှိမြန်မာပြည်မှာ နိုင်ငံရေးပါတီတွေဟာ အလုပ်သမားတွေ ရဲ့အခွင့်အရေး အကျိုးစီးပွားတွေစိတ်မဝင်စားဘူး။ နိုင်ငံရေးပဲ စိတ်ဝင်စားကြတယ်။ မဲလိုချင်ရင် တည်ဆဲဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးပါ။ ဒီနေ့အထိတော့ လွှတ်တော်ထဲမှာ အလုပ်သမားတွေအတွက် ပြောပေးမယ့်သူ၊…

Read More
VOM News

FREE
VIEW