ရွှေ့ပြောင်းအလုပ်သမားတွေဆီက မဲလိုချင်ရင် အလုပ်သမားတွေကို တည်ဆဲဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးဖို့ လို

ရွှေ့ပြောင်းအလုပ်သမားတွေဆီက မဲလိုချင်ရင် အလုပ်သမားတွေကို တည်ဆဲဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးဖို့ လို

ရန်ကုန်၊ မတ် ၁၅ – ၂၀၂၀
သိင်္ဂီ (VOM)

၂၀၂၀ ရွေးကောက်ပွဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေဆီက မဲလိုချင်ရင် အလုပ်သမားတွေကို
တည်ဆဲဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်တယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။

လက်ရှိ အာဏာရပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အလုပ်သမားတွေဘက်က ရပ်တည်ပေးတာ အားနည်းလွန်းသလို၊ အလုပ်သမားတွေ ရဲ့အခွင့်အရေး အကျိုးစီးပွားတွေကို စိတ်မဝင်စားတဲ့ အခြေအနေဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ယက်မှ အကြံပေး တရားလွှတ်တော်ရှေ့နေဦးဌေးက ဆိုပါတယ်။

” အလုပ်သမားအခွင့်အရေး အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်မပေးတဲ့ ပါတီတွေကို မဲမပေးတော့ဘူး။ လက်ရှိမြန်မာပြည်မှာ နိုင်ငံရေးပါတီတွေဟာ အလုပ်သမားတွေ ရဲ့အခွင့်အရေး အကျိုးစီးပွားတွေစိတ်မဝင်စားဘူး။ နိုင်ငံရေးပဲ စိတ်ဝင်စားကြတယ်။ မဲလိုချင်ရင် တည်ဆဲဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးပါ။ ဒီနေ့အထိတော့ လွှတ်တော်ထဲမှာ အလုပ်သမားတွေအတွက် ပြောပေးမယ့်သူ၊ ဆွေးနွေးပေးမယ့်သူမရှိဘူး။ လယ်သမား အလုပ်သမားတွေ ကိုယ်တိုင်ပြောမှ ရမယ့်အခြေအနေဖြစ်လာတယ်။ စပီကာတွေလိုလာတယ်။” လို့ ရှေ့နေဦးဌေးက ပြောပါတယ်။

ဒါ ကြောင့်အလုပ်သမားတွေထဲက ကိုယ်စားလှယ်တချို့ဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ဖို့လုပ်ဆောင်နေပါတယ်။ ကိုယ်စားလှယ်လောင်း ၆ ဦးဝင်ရောက်ယှဉ်ပြိုင်မယ်လို့သိရပြီး အလုပ်သမားကိုယ်စားလှယ်လောင်းစာရင်းကိုတော့ လာမယ့် မတ်လ ၁၇ ရက်နေ့၊ နောက်ဆုံးအစည်းအဝေးပြုလုပ်ပြီးမှ သိရမှာဖြစ်ပါတယ်။

” အလုပ်သမားအရေးကိစ္စနဲ့ ပတ်သက်လို့ပြောပေးမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ ဒီနေ့ထိမတွေ့ရဘူး။ ပြောပေးမယ့် ကိုယ်စားလှယ်တွေလိုအပ်နေတယ်။ အလုပ်သမား အခက်အခဲတွေတင်ပြတဲ့ အလုပ်သမားဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်တွေမှာ ကြည့်လိုက်ရင်လည်း လွှတ်တော်မှာ ဝင်ရောက်ဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မတွေ့ရဘူး။ ဒါကြောင့် ဝင်ရောက်ဆွေးနွေးပေးမယ့် အလုပ်သမားအရေးကို လုပ်ပေးချင်တဲ့သူတွေ ရှိစေချင်တဲ့ဆိုတဲ့ စဉ်းစားချက်နဲ့ဆွေးနွေးနေတာဖြစ်တယ်”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ် သမားသမဂများ အဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင်၊ ခိုင်ဇာအောင် ကပြောပါတယ်။

#VoiceOfMyanmar #VOM #အလုပ်သမားအခွင့်အရေး #အလုပ်သမားကိုယ်စားလှယ် #အလုပ်သမားကိုယ်စားလှယ်လောင်း

………..

zawgyi

ေ႐ႊ႕ေျပာင္းအလုပ္သမားေတြဆီက မဲလိုခ်င္ရင္ အလုပ္သမားေတြကို တည္ဆဲဥပေဒအရ ကာကြယ္ေစာင့္ေရွာက္ေပးဖို႔ လို

ရန္ကုန္၊ မတ္ ၁၅ – ၂၀၂၀
သိဂႌ (VOM)

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြဆီက မဲလိုခ်င္ရင္ အလုပ္သမားေတြကို
တည္ဆဲဥပေဒအရ ကာကြယ္ေစာင့္ေရွာက္ေပးဖို႔ လိုအပ္တယ္လို႔ အလုပ္သမားအဖြဲ႕အစည္းေတြက ေျပာပါတယ္။

လက္ရွိ အာဏာရပါတီနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ အလုပ္သမားေတြဘက္က ရပ္တည္ေပးတာ အားနည္းလြန္းသလို၊ အလုပ္သမားေတြ ရဲ႕အခြင့္အေရး အက်ိဳးစီးပြားေတြကို စိတ္မဝင္စားတဲ့ အေျခအေနျဖစ္ေနတယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားကြန္ယက္မွ အႀကံေပး တရားလႊတ္ေတာ္ေရွ႕ေနဦးေဌးက ဆိုပါတယ္။

” အလုပ္သမားအခြင့္အေရး အက်ိဳးစီးပြားကို ကာကြယ္ ေစာင့္ေရွာက္မေပးတဲ့ ပါတီေတြကို မဲမေပးေတာ့ဘူး။ လက္ရွိျမန္မာျပည္မွာ ႏိုင္ငံေရးပါတီေတြဟာ အလုပ္သမားေတြ ရဲ႕အခြင့္အေရး အက်ိဳးစီးပြားေတြစိတ္မဝင္စားဘူး။ ႏိုင္ငံေရးပဲ စိတ္ဝင္စားၾကတယ္။ မဲလိုခ်င္ရင္ တည္ဆဲဥပေဒအရ ကာကြယ္ေစာင့္ေရွာက္ေပးပါ။ ဒီေန႔အထိေတာ့ လႊတ္ေတာ္ထဲမွာ အလုပ္သမားေတြအတြက္ ေျပာေပးမယ့္သူ၊ ေဆြးေႏြးေပးမယ့္သူမရွိဘူး။ လယ္သမား အလုပ္သမားေတြ ကိုယ္တိုင္ေျပာမွ ရမယ့္အေျခအေနျဖစ္လာတယ္။ စပီကာေတြလိုလာတယ္။” လို႔ ေရွ႕ေနဦးေဌးက ေျပာပါတယ္။

ဒါ ေၾကာင့္အလုပ္သမားေတြထဲက ကိုယ္စားလွယ္တခ်ိဳ႕ဟာ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္းအျဖစ္ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔လုပ္ေဆာင္ေနပါတယ္။ ကိုယ္စားလွယ္ေလာင္း ၆ ဦးဝင္ေရာက္ယွဥ္ၿပိဳင္မယ္လို႔သိရၿပီး အလုပ္သမားကိုယ္စားလွယ္ေလာင္းစာရင္းကိုေတာ့ လာမယ့္ မတ္လ ၁၇ ရက္ေန႔၊ ေနာက္ဆုံးအစည္းအေဝးျပဳလုပ္ၿပီးမွ သိရမွာျဖစ္ပါတယ္။

” အလုပ္သမားအေရးကိစၥနဲ႔ ပတ္သက္လို႔ေျပာေပးမယ့္ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ ဒီေန႔ထိမေတြ႕ရဘူး။ ေျပာေပးမယ့္ ကိုယ္စားလွယ္ေတြလိုအပ္ေနတယ္။ အလုပ္သမား အခက္အခဲေတြတင္ျပတဲ့ အလုပ္သမားဥပေဒျပင္ဆင္ေရး လုပ္ငန္းစဥ္ေတြမွာ ၾကည့္လိုက္ရင္လည္း လႊတ္ေတာ္မွာ ဝင္ေရာက္ေဆြးေႏြးတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ မေတြ႕ရဘူး။ ဒါေၾကာင့္ ဝင္ေရာက္ေဆြးေႏြးေပးမယ့္ အလုပ္သမားအေရးကို လုပ္ေပးခ်င္တဲ့သူေတြ ရွိေစခ်င္တဲ့ဆိုတဲ့ စဥ္းစားခ်က္နဲ႔ေဆြးေႏြးေနတာျဖစ္တယ္”လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာအလုပ္ သမားသမဂမ်ား အဖြဲ႕ခ်ဳပ္ဗဟိုအလုပ္မႈေဆာင္၊ ခိုင္ဇာေအာင္ ကေျပာပါတယ္။

#VoiceOfMyanmar #VOM #အလုပ္သမားအခြင့္အေရး #အလုပ္သမားကိုယ္စားလွယ္ #အလုပ္သမားကိုယ္စားလွယ္ေလာင္း

Related posts

Leave a Comment

VOM News

FREE
VIEW