စောင့်ကြည့်လူနာတွေနဲ့ စောင့်ကြည့်ကာလ ၁၄ ရက်အတွက် အကြောက်မလွန်ကြစေချင်
မကွေး၊ မတ် ၂၂ – ၂၀၂၀
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေနဲ့ သေဆုံးသူ အရေအတွက်ဟာ ကမ္ဘာနဲ့အဝှမ်း မြင့်တက်လာနေပါတယ်။ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း၊ ထိုင်းနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေ မြင့်တက်လာနေတာကြောင့် နယ်စပ်ဂိတ်တွေကို ပိတ်ထားခဲ့ပြီး ထိုင်းနိုင်ငံကို အလုပ်သွားလုပ်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာခဲ့ရင် အိမ်တွင်းမှာ ၁၄ ရက် နေထိုင်ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း ရှိမရှိ စောင့်ကြည့်ဖို့၊ ကူးစက်ခံရတဲ့ လက္ခဏာတွေ ပြလာခဲ့ရင် နီးစပ်ရာ ကျန်းမာရေး ဌာနတွေကို အမြန်ဆုံး သွားရောက် ကုသခံဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီအတောအတွင်းမှာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က ပြန်လာတဲ့ မြန်မာအလုပ်သမားတွေထဲက အဖျားရောဂါခံစားကြရတာတွေ ရှိတဲ့အထဲက၊ စောင့်ကြည့်ကုသမှုကို မခံယူလိုသူတွေ၊ စောင့်ကြည်ကုသမှုကနေ ရှောင်တိမ်းသွားသူတွေရဲ့ သတင်းတွေကို ကြားနေရသလို၊ စောင့်ကြည့်လူနာအဖြစ် စောင့်ကြည့်ကုသမှု ခံယူနေသူတွေ၊ ခံယူခဲ့သူတွေလည်း ရှိပါတယ်။
ဒီလို စောင့်ကြည့်လူနာတွေထဲက တယောက်ဖြစ်တဲ့ မကွေးတိုင်း ကံမမြို့နယ်က မမာမာ (အမည်လွှဲ) ကို ဆေးရုံပေါ်မှာ စောင့်ကြည့်ကာလကို ဘယ်လို ဖြတ်သန်းခဲ့သလဲ၊ သူ့ရဲ့ ပတ်ဝန်းကျင်က သူ့ကို ဘယ်လို ဆက်ဆံလည်း ဆိုတာတွေကို VOM သတင်းထောက် ဂျန်ကိုးလ်က ဆက်သွယ် မေးမြန်းထားပါတယ်။
မမာမာဟာ တရုတ်နိုင်ငံတွင်းက စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ လုပ်သားတဦးဖြစ်ပြီး တရုတ်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေမှုကြောင့် နှစ်ဖက်အစိုးရအစီအစဉ်နဲ့ ပြည်တော်ပြန်လာခဲ့သူ တဦးလည်းဖြစ်ပါတယ်။
မမာမာ – ကိုရိုနာဗိုင်းရပ်စ်တွေဖြစ်တော့ စက်ရုံကလည်း နားရမယ်ဆိုတော့ အစိုးရအစီအစဉ်နဲ့ တရုတ်ပြည်ကနေ ထိုင်းနိုင်ငံကိုလေယာဉ်စီး၊ အဲ့ဒီ ထိုင်းကနေ မြန် မာပြည်ကိုလေယာဉ်ပြန်လာပါတယ်။ လေဆိပ်တွေ ရောက်တိုင်း ရောက်တိုင်းမှာ ကျန်းမာရေး စစ်ဆေးပါတယ်။ အဲ့ဒီလို စစ်တုန်းက ဘာမှ မဖြစ်ပါဘူး။ ရန်ကုန်ကို မတ် ၆ ရက်နေ့က ရောက်တယ်။ ရန်ကုန်ရောက်ပြီး ရန်ကုန်ကနေ တဆင့် ရွာကို လိုင်းကားနဲ့ နောက်နေ့မှာ ပြန်လာပါတယ်။ ရွာရောက်ပြီး ၄ ရက်လောက်နေတော့ အဖျား ၁၀၀.၄F နဲ့ အာတွေခြောက်၊ အသားတွေနာ၊ ချောင်းဆိုးတော့ တိုက်နယ်ဆေးရုံကို သွားပြခဲ့တာ။
အဲ့ဒီမှာ ဆရာဝန်တွေက ကျမကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ သံသယပေါ့။ စောင့်ကြည့်လူနာဆိုပြီးတော့ နှာခေါင်းနဲ့လည်ချောင်းကနေ တို့ဖတ်နမူနာဆိုတာ ယူပြီး ရန်ကုန် ဓာတ်ခွဲခန်းကို ပို့တယ်။ အဖြေရတော့ ပိုးမရှိဘူး။ ဒါပေမယ့် ဆေးရုံမှာ ၁၄ ရက်ပြည့်အောင် နေခဲ့ရတယ်။ အခုလည်း အိမ်မှာ ၁၄ ရက် အပြင်မထွက်ပဲ အိမ်မှာလည်း သီးခြားပေါ့။ ထပ်နေခိုင်းတော့ နေနေတာ။
VOM – သံသယလူနာအဖြစ်နေထိုင်ရချိန်မှာ ဘယ်လို စိတ်ဖိစီးမှုတွေ ရှိခဲ့လဲ။
မမာမာ – ထွေထွေထူးထူး စိတ်ဖိစီးမှုမရှိခဲ့ပါဘူး။ ဒါပေမယ့်ပေါ့၊ မဖြစ်နိုင်ဘူးလို့တွေးပေမယ့် မတော်တဆရှိချင်လည်း ရှိနိုင်တယ်လို့ တွေးပါတယ်။ ရှိခဲ့မယ်ဆိုရင် ကိုယ်က သယ်ဆောင်သူဖြစ်မယ်၊ ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်တော့ ဒုက္ခရောက်တော့မယ်လို့တော့ တွေးခဲ့မိပါတယ်။
VOM – ဆေးရုံတက်နေတဲ့ အခြားလူနာတွေရဲ့တုန့်ပြန်မှုကဘယ်လိုရှိလဲဗျ
မမာမာ – ဆေးရုံမတက်ရသေးတဲ့ လာပြရမယ့်သူတွေသာ စောင့်ကြည့်လူနာရှိနေလို့၊ ကြောက်လို့မလာရဲဘူး ကြားတယ်၊ ဆေးရုံကိုသွားမပြရဲတော့ဘူး ဆိုတာမျိုးပေါ့၊ အဲလိုမျိုးတွေပဲကြားရပါတယ်။ ဆေးရုံကတစ်ခြားလူနာတွေရဲ့ တုန့်ပြန်မှုကတော့ မသိရပါဘူး ခွဲနေခဲ့ရတာဆိုတော့ အရမ်းကြီးမဆိုးဘူးထင်ပါတယ်။
VOM – တက်ခဲ့ရတာက တိုက်နယ်ဆေးရုံဆိုတော့ ဘာတွေ လိုအပ်ချက်ရှိတယ်လို့ ထင်လဲ။
မမာမာ – တိုက်နယ်ဆေးရုံမို့ အားနည်းချက်တချို့ ရှိနိုင်ပေမယ့် အဲ့ဒီအပေါ် ဆရာဝန်တွေအပေါ် ယုံကြည်မှုမလျော့ပါဘူး။ အဲက ဆရာဝန်ကြီးကလည်း အားပေးစကားပြောပါတယ် ကိုဗစ်-19ရှိခဲ့မယ်ဆိုလည်း ရန်ကုန်၊ မန္တလေးတို့ထိ မဟုတ်တောင် မကွေးမြို့ပေါ်လောက်ထိတော့ ပို့ပြီးကုသပေးကြမယ်လို့ ထင်ပါတယ်။
VOM – မမာမာနေထိုင်ခဲ့တဲ့တရုတ်ပြည်မှာ ဘယ်လို အခြေအနေတွေ ကြုံခဲ့ရလဲ၊
မမာမာ – သူတို့နိုင်ငံရဲ့ဥပဒေကိုလိုက်နာရင် သူတို့နိုင်ငံသားလိုပါပဲ ကိုရိုနာတွေ အရမ်းပြန့်နေတဲ့အချိန်မှာ ရဲစခန်းက ဖုန်းဆက်မေးပါတယ် အကူညီလိုမလိုရယ် အန္တရာယ်ကင်းအောင်နေဖို့ရယ် အသိပေးပါတယ်။
VOM – ဒီရောဂါနဲ့ပတ်သက်ပြီး တချို့အရပ်တွေမှာ တုန့်ပြန်မှု့ပြင်းထန်ကြတယ်။ မမာမာရဲ့ ပတ်ဝန်းကျင်မှာ ဒါမျိုး တွေ့ကြုံရလား။ ဒါမျိုးဖြစ်ခဲ့ရင် ဘယ်လိုတုန့်ပြန်မယ် စိတ်ကူးမိလဲ
မမာမာ – ဘယ်သူကမှ ဒီလိုမျိုးဖြစ်လည်းမဖြစ်ချင်ကြပါဘူး။ သူ့နေရာမှာ ကိုယ်သာဆိုရင်ဆိုတဲ့အတွေးဟာ အရမ်းကိုတန်ဘိုးရှိမယ်ထင်ပါတယ်။ သူများတွေကို အဲလိုမျိုးတွေးတတ်စေချင်ပါတယ်။
VOM – ဆေးရုံကဆင်းတော့ရော ပတ်ဝန်းကျင်က ဘာတွေ ပြောကြလဲ။
မမာမာ – ပြန်ကြားရတာပေါ့။ ကျမရဲ့သူငယ်ချင်းက တဆင့် ပြန်ပြောပြတာ။ လူတွေရဲ့ ကိုယ်ချင်းစာတရားမရှိမှုကို သိစေချင်တာပေါ့နော်။ တစ်ချို့က သူတို့ကလေးမှာဖြစ်ရင် ဆေးထိုးသတ်ပစ်မယ်လို့ ပြောကြတယ်တဲ့၊ တကယ်သာဖြစ်ရင်၊ ကိုယ့်သွေးသားကိုလုပ်ရက်မှာလား။ ပြီးတော့ဖြစ်ခဲ့ရင်တောင် ဖေးမအားပေးကြရမှာပေါ့။ အကြောက်လွန်ကြတဲ့သူတွေရယ်၊ ပညာတတ်၊ ဘွဲ့ရ အမည်ခံပြီးမှ မစဉ်းစား၊ မတွေးခေါ်တတ်တဲ့သူတွေရယ်ဟာ အရမ်းဆိုးပါတယ်။ ပတ်ဝန်းကျင်က အရမ်းအကြောက်လွန်တတ်ကြတော့ ကျမအမေကဆို ကျမနေမကောင်းတော့ ဆေးရုံဆေးခန်း သွားပြီးတောင် အသိမပေးခိုင်းပါဘူး။ ကျမကသာ တာဝန်သိစိတ်နဲ့ အသိပေးတယ်။ ဆရာဝန်ကြီးတွေ ဆရာ၊ ဆရာမတွေ ပြောတဲ့အတိုင်းလိုက်လုပ်တယ်။ အဓိကကတော့ အဲလိုတွေ သူများတွေ အကြောက်လွန်မှာစိုးလို့ဆိုပြီး ကျမက အိမ်မှာပဲနေနေလိုက်ရင်၊ အကယ်လို့များ ကျမမှာ ဒီရောဂါသာရှိနေခဲ့မယ်ဆိုရင် မလိုလားအပ်တာတွေအများကြီး ဖြစ်လာမှာ။ ဒါကြောင့် အကြောက်မလွန်ကြစေချင်ပါဘူး။
#VoiceOfMyanmar #VOM #Coronavirus #COVID19
#စောင့်ကြည့်လူနာ #စောင့်ကြည့်ကာလ
……….
zawgyi
ေစာင့္ၾကည့္လူနာေတြနဲ႔ ေစာင့္ၾကည့္ကာလ ၁၄ ရက္အတြက္ အေၾကာက္မလြန္ၾကေစခ်င္
မေကြး၊ မတ္ ၂၂ – ၂၀၂၀
ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ဦးေရနဲ႔ ေသဆံုးသူ အေရအတြက္ဟာ ကမၻာနဲ႔အဝွမ္း ျမင့္တက္လာေနပါတယ္။ ျမန္မာႏိုင္ငံနဲ႔ အိမ္နီးခ်င္း၊ ထိုင္းႏိုင္ငံမွာလည္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ဦးေရ ျမင့္တက္လာေနတာေၾကာင့္ နယ္စပ္ဂိတ္ေတြကို ပိတ္ထားခဲ့ျပီး ထိုင္းႏိုင္ငံကို အလုပ္သြားလုပ္တဲ့ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ ျမန္မာႏိုင္ငံကို ျပန္လာခဲ့ရင္ အိမ္တြင္းမွာ ၁၄ ရက္ ေနထိုင္ျပီး ဗိုင္းရပ္စ္ပိုး ကူးစက္ခံရျခင္း ရွိမရွိ ေစာင့္ၾကည့္ဖို႔၊ ကူးစက္ခံရတဲ့ လကၡဏာေတြ ျပလာခဲ့ရင္ နီးစပ္ရာ က်န္းမာေရး ဌာနေတြကို အျမန္ဆံုး သြားေရာက္ ကုသခံဖို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ၾကီးဌာနက ထုတ္ျပန္ထားပါတယ္။
ဒီအေတာအတြင္းမွာ ထိုင္းႏိုင္ငံနဲ႔ တရုတ္ႏိုင္ငံတို႔က ျပန္လာတဲ့ ျမန္မာအလုပ္သမားေတြထဲက အဖ်ားေရာဂါခံစားၾကရတာေတြ ရွိတဲ့အထဲက၊ ေစာင့္ၾကည့္ကုသမႈကို မခံယူလိုသူေတြ၊ ေစာင့္ၾကည္ကုသမႈကေန ေရွာင္တိမ္းသြားသူေတြရဲ႕ သတင္းေတြကို ၾကားေနရသလို၊ ေစာင့္ၾကည့္လူနာအျဖစ္ ေစာင့္ၾကည့္ကုသမႈ ခံယူေနသူေတြ၊ ခံယူခဲ့သူေတြလည္း ရွိပါတယ္။
ဒီလို ေစာင့္ၾကည့္လူနာေတြထဲက တေယာက္ျဖစ္တဲ့ မေကြးတိုင္း ကံမျမိဳ႕နယ္က မမာမာ (အမည္လႊဲ) ကို ေဆးရံုေပၚမွာ ေစာင့္ၾကည့္ကာလကို ဘယ္လို ျဖတ္သန္းခဲ့သလဲ၊ သူ႔ရဲ႕ ပတ္ဝန္းက်င္က သူ႔ကို ဘယ္လို ဆက္ဆံလည္း ဆိုတာေတြကို VOM သတင္းေထာက္ ဂ်န္ကိုးလ္က ဆက္သြယ္ ေမးျမန္းထားပါတယ္။
မမာမာဟာ တရုတ္ႏိုင္ငံတြင္းက စက္ရံုတခုမွာ အလုပ္လုပ္ေနတဲ့ လုပ္သားတဦးျဖစ္ျပီး တရုတ္ႏိုင္ငံတြင္း ကိုရိုနာဗိုင္းရပ္စ္ ျပန္႔ပြားေနမႈေၾကာင့္ ႏွစ္ဖက္အစိုးရအစီအစဥ္နဲ႔ ျပည္ေတာ္ျပန္လာခဲ့သူ တဦးလည္းျဖစ္ပါတယ္။
မမာမာ – ကိုရိုနာဗိုင္းရပ္စ္ေတြျဖစ္ေတာ့ စက္ရံုကလည္း နားရမယ္ဆိုေတာ့ အစိုးရအစီအစဥ္နဲ႔ တ႐ုတ္ျပည္ကေန ထိုင္းႏိုင္ငံကိုေလယာဥ္စီး၊ အဲ့ဒီ ထိုင္းကေန ျမန္ မာျပည္ကိုေလယာဥ္ျပန္လာပါတယ္။ ေလဆိပ္ေတြ ေရာက္တိုင္း ေရာက္တိုင္းမွာ က်န္းမာေရး စစ္ေဆးပါတယ္။ အဲ့ဒီလို စစ္တုန္းက ဘာမွ မျဖစ္ပါဘူး။ ရန္ကုန္ကို မတ္ ၆ ရက္ေန႔က ေရာက္တယ္။ ရန္ကုန္ေရာက္ျပီး ရန္ကုန္ကေန တဆင့္ ရြာကို လိုင္းကားနဲ႔ ေနာက္ေန႔မွာ ျပန္လာပါတယ္။ ရြာေရာက္ျပီး ၄ ရက္ေလာက္ေနေတာ့ အဖ်ား ၁၀၀.၄F နဲ႔ အာေတြေျခာက္၊ အသားေတြနာ၊ ေခ်ာင္းဆိုးေတာ့ တိုက္နယ္ေဆးရံုကို သြားျပခဲ့တာ။
အဲ့ဒီမွာ ဆရာဝန္ေတြက က်မကို ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရတဲ့ သံသယေပါ့။ ေစာင့္ၾကည့္လူနာဆိုျပီးေတာ့ ႏွာေခါင္းနဲ႔လည္ေခ်ာင္းကေန တို႔ဖတ္နမူနာဆိုတာ ယူျပီး ရန္ကုန္ ဓာတ္ခြဲခန္းကို ပို႔တယ္။ အေျဖရေတာ့ ပိုးမရွိဘူး။ ဒါေပမယ့္ ေဆးရံုမွာ ၁၄ ရက္ျပည့္ေအာင္ ေနခဲ့ရတယ္။ အခုလည္း အိမ္မွာ ၁၄ ရက္ အျပင္မထြက္ပဲ အိမ္မွာလည္း သီးျခားေပါ့။ ထပ္ေနခိုင္းေတာ့ ေနေနတာ။
VOM – သံသယလူနာအျဖစ္ေနထိုင္ရခ်ိန္မွာ ဘယ္လို စိတ္ဖိစီးမႈေတြ ရွိခဲ့လဲ။
မမာမာ – ေထြေထြထူးထူး စိတ္ဖိစီးမႈမရွိခဲ့ပါဘူး။ ဒါေပမယ့္ေပါ့၊ မျဖစ္ႏိုင္ဘူးလို႔ေတြးေပမယ့္ မေတာ္တဆရွိခ်င္လည္း ရွိႏိုင္တယ္လို႔ ေတြးပါတယ္။ ရွိခဲ့မယ္ဆိုရင္ ကိုယ္က သယ္ေဆာင္သူျဖစ္မယ္၊ ကိုယ့္ေၾကာင့္ ကိုယ့္ပတ္ဝန္းက်င္ေတာ့ ဒုကၡေရာက္ေတာ့မယ္လို႔ေတာ့ ေတြးခဲ့မိပါတယ္။
VOM – ေဆး႐ုံတက္ေနတဲ့ အျခားလူနာေတြရဲ႕တုန္႔ျပန္မႈကဘယ္လိုရွိလဲဗ်
မမာမာ – ေဆး႐ုံမတက္ရေသးတဲ့ လာျပရမယ့္သူေတြသာ ေစာင့္ၾကည့္လူနာရွိေနလို႔၊ ေၾကာက္လို႔မလာရဲဘူး ၾကားတယ္၊ ေဆး႐ုံကိုသြားမျပရဲေတာ့ဘူး ဆိုတာမ်ိဳးေပါ့၊ အဲလိုမ်ိဳးေတြပဲၾကားရပါတယ္။ ေဆး႐ုံကတစ္ျခားလူနာေတြရဲ႕ တုန္႔ျပန္မႈကေတာ့ မသိရပါဘူး ခြဲေနခဲ့ရတာဆိုေတာ့ အရမ္းႀကီးမဆိုးဘူးထင္ပါတယ္။
VOM – တက္ခဲ့ရတာက တိုက္နယ္ေဆး႐ုံဆိုေတာ့ ဘာေတြ လိုအပ္ခ်က္ရွိတယ္လို႔ ထင္လဲ။
မမာမာ – တိုက္နယ္ေဆး႐ုံမို႔ အားနည္းခ်က္တခ်ိဳ႕ ရွိႏိုင္ေပမယ့္ အဲ့ဒီအေပၚ ဆရာဝန္ေတြအေပၚ ယုံၾကည္မႈမေလ်ာ့ပါဘူး။ အဲက ဆရာဝန္ႀကီးကလည္း အားေပးစကားေျပာပါတယ္ ကိုဗစ္-19ရွိခဲ့မယ္ဆိုလည္း ရန္ကုန္၊ မႏၲေလးတို႔ထိ မဟုတ္ေတာင္ မေကြးၿမိဳ႕ေပၚေလာက္ထိေတာ့ ပို႔ၿပီးကုသေပးၾကမယ္လို႔ ထင္ပါတယ္။
VOM – မမာမာေနထိုင္ခဲ့တဲ့တ႐ုတ္ျပည္မွာ ဘယ္လို အေျခအေနေတြ ႀကဳံခဲ့ရလဲ၊
မမာမာ – သူတို႔ႏိုင္ငံရဲ႕ဥပေဒကိုလိုက္နာရင္ သူတို႔ႏိုင္ငံသားလိုပါပဲ ကို႐ိုနာေတြ အရမ္းျပန္႔ေနတဲ့အခ်ိန္မွာ ရဲစခန္းက ဖုန္းဆက္ေမးပါတယ္ အကူညီလိုမလိုရယ္ အႏၲရာယ္ကင္းေအာင္ေနဖို႔ရယ္ အသိေပးပါတယ္။
VOM – ဒီေရာဂါနဲ႔ပတ္သက္ၿပီး တခ်ိဳ႕အရပ္ေတြမွာ တုန္႔ျပန္မႈ႕ျပင္းထန္ၾကတယ္။ မမာမာရဲ႕ ပတ္ဝန္းက်င္မွာ ဒါမ်ိဳး ေတြ႔ၾကံဳရလား။ ဒါမ်ိဳးျဖစ္ခဲ့ရင္ ဘယ္လိုတုန္႔ျပန္မယ္ စိတ္ကူးမိလဲ
မမာမာ – ဘယ္သူကမွ ဒီလိုမ်ိဳးျဖစ္လည္းမျဖစ္ခ်င္ၾကပါဘူး။ သူ႔ေနရာမွာ ကိုယ္သာဆိုရင္ဆိုတဲ့အေတြးဟာ အရမ္းကိုတန္ဘိုးရွိမယ္ထင္ပါတယ္။ သူမ်ားေတြကို အဲလိုမ်ိဳးေတြးတတ္ေစခ်င္ပါတယ္။
VOM – ေဆး႐ုံကဆင္းေတာ့ေရာ ပတ္ဝန္းက်င္က ဘာေတြ ေျပာၾကလဲ။
မမာမာ – ျပန္ၾကားရတာေပါ့။ က်မရဲ႕သူငယ္ခ်င္းက တဆင့္ ျပန္ေျပာျပတာ။ လူေတြရဲ႕ ကိုယ္ခ်င္းစာတရားမရွိမႈကို သိေစခ်င္တာေပါ့ေနာ္။ တစ္ခ်ိဳ႕က သူတို႔ကေလးမွာျဖစ္ရင္ ေဆးထိုးသတ္ပစ္မယ္လို႔ ေျပာၾကတယ္တဲ့၊ တကယ္သာျဖစ္ရင္၊ ကိုယ့္ေသြးသားကိုလုပ္ရက္မွာလား။ ၿပီးေတာ့ျဖစ္ခဲ့ရင္ေတာင္ ေဖးမအားေပးၾကရမွာေပါ့။ အေၾကာက္လြန္ၾကတဲ့သူေတြရယ္၊ ပညာတတ္၊ ဘြဲ႕ရ အမည္ခံၿပီးမွ မစဥ္းစား၊ မေတြးေခၚတတ္တဲ့သူေတြရယ္ဟာ အရမ္းဆိုးပါတယ္။ ပတ္ဝန္းက်င္က အရမ္းအေၾကာက္လြန္တတ္ၾကေတာ့ က်မအေမကဆို က်မေနမေကာင္းေတာ့ ေဆးရံုေဆးခန္း သြားၿပီးေတာင္ အသိမေပးခိုင္းပါဘူး။ က်မကသာ တာဝန္သိစိတ္နဲ႔ အသိေပးတယ္။ ဆရာဝန္ၾကီးေတြ ဆရာ၊ ဆရာမေတြ ေျပာတဲ့အတိုင္းလိုက္လုပ္တယ္။ အဓိကကေတာ့ အဲလိုေတြ သူမ်ားေတြ အေၾကာက္လြန္မွာစိုးလို႔ဆိုျပီး က်မက အိမ္မွာပဲေနေနလိုက္ရင္၊ အကယ္လို႔မ်ား က်မမွာ ဒီေရာဂါသာရွိေနခဲ့မယ္ဆိုရင္ မလိုလားအပ္တာေတြအမ်ားၾကီး ျဖစ္လာမွာ။ ဒါေၾကာင့္ အေၾကာက္မလြန္ၾကေစခ်င္ပါဘူး။
#VoiceOfMyanmar #VOM #Coronavirus #COVID19
#ေစာင့္ၾကည့္လူနာ #ေစာင့္ၾကည့္ကာလ