စောင့်ကြည့်လူနာတွေနဲ့ စောင့်ကြည့်ကာလ ၁၄ ရက်အတွက် အကြောက်မလွန်ကြစေချင်

စောင့်ကြည့်လူနာတွေနဲ့ စောင့်ကြည့်ကာလ ၁၄ ရက်အတွက် အကြောက်မလွန်ကြစေချင် မကွေး၊ မတ် ၂၂ – ၂၀၂၀ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေနဲ့ သေဆုံးသူ အရေအတွက်ဟာ ကမ္ဘာနဲ့အဝှမ်း မြင့်တက်လာနေပါတယ်။ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း၊ ထိုင်းနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေ မြင့်တက်လာနေတာကြောင့် နယ်စပ်ဂိတ်တွေကို ပိတ်ထားခဲ့ပြီး ထိုင်းနိုင်ငံကို အလုပ်သွားလုပ်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာခဲ့ရင် အိမ်တွင်းမှာ ၁၄ ရက် နေထိုင်ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း ရှိမရှိ စောင့်ကြည့်ဖို့၊ ကူးစက်ခံရတဲ့ လက္ခဏာတွေ ပြလာခဲ့ရင် နီးစပ်ရာ ကျန်းမာရေး ဌာနတွေကို အမြန်ဆုံး သွားရောက် ကုသခံဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီအတောအတွင်းမှာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က ပြန်လာတဲ့ မြန်မာအလုပ်သမားတွေထဲက အဖျားရောဂါခံစားကြရတာတွေ ရှိတဲ့အထဲက၊ စောင့်ကြည့်ကုသမှုကို…

Read More

ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ကို အမှုဖွင့်အရေးယူပေးဖို့ သြဝါဒစရိယ ဆရာတော်ကြီးများ တောင်းဆို

ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ကို အမှုဖွင့်အရေးယူပေးဖို့ သြဝါဒစရိယ ဆရာတော်ကြီးများ တောင်းဆို စစ်ကိုင်း မတ်လ ၂၂ -၂၀၂၀ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့ ရာဇမဏီစူဠာ ကောင်းမှုတော်စေတီတော်ကို ခွင့်ပြုချက်မရှိပဲ ဖောက်ထွင်းခဲ့တဲ့ ဂေါပကအဖွဲ့ကို အမြန်ဆုံး အမှုဖွင့်အရေးယူပေးဖို့ ကောင်းမှုတော်စေတီတော် သြဝါဒစရိယဆရာတော်ကြီးတွေက တောင်းဆိုလိုက်ပါတယ်။ ရာဇမဏီစူဠာကောင်းမှုတော်စေတီကို သြဝါဒဆရာတော်ကြီးများ၊ဌာနဆိုင်ရာများ တွေရဲ့ ခွင့်ပြုချက် မတောင်းဘဲနဲ့ ဂေါပကဥက္ကဌ အဖွဲ့ က ရှေးဟောင်းယဉ်ကျေးမှု စေတီတော်ကြီး ကို ဖောက်ထွင်းတာဟာ ရှေးဟောင်းအမွေအနှစ် တွေ ပျက်စီးဆုံးရှုံးအောင် ပြုလုပ်တာဖြစ်တဲ့အတွက် ဥပဒေနဲ့ အညီ အရေးယူပေးဖို့ ဆရာတော်ကြီးတွေက စစ်ကိုင်းမြို့၊ မန်းကျည်းစဉ်ရပ်၊ ဘုရားကြီးကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ” ဒီကောင်းမှုတော်စေတီ လုံးပတ်ကြီးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဖောက်တယ်။ ဘုန်းကြီးတို့က ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ စခန်းကို…

Read More

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အရှိန်မြင့်လာနေ ဘန်ကောက်၊ မတ်-၂၂-၂၀၂၀ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၈ ဦးကို မတ် ၂၂ ရက်မှတွေ့ရှိခဲ့ပြီး နေ့စဉ်ကူးစက်ခံရမှုမှာ အများဆုံးအရေးအတွက်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကူးစက်ခံရသူ ၅၉၉ ဦးရှိလာပြီဖြစ်တယ်လို့ ထိုင်းကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကူးစက်မှုအသစ်တွေဟာ လက်ဝှေ့ရုံတစ်ခုမှဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်နဲ့ ဆက်နွယ်နေပြီး လူနာတစ်ဦးပြန်လည်ကျန်းမာလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူTaweesin Wisanuyothin က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ရောဂါကူးစက်မှုအများစုဟာ ဗန်ကောက်မှာဖြစ်ပြီး လူမှုဝန်းကျင်းမှာ လှုပ်ရှားမှုတွေလုပ်နေကြတဲ့ လူငယ်တွေပါဝင်ကြောင်း၊ ပြည်သူများအနေနဲ့ ဖြစ်နိုင်သမျှနေအိမ်မှာနေကြဖို့ သူကတိုက်တွန်းထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ထိုင်းနိုင်ငံတွင် လူတစ်ဦးသေဆုံးခဲ့ပြီး၊ ဘန်ကောက်မှာတော့ အစားအသောက်ရောင်းတဲ့ ဈေးဆိုင်တွေကလွဲလို့ ကုန်တိုက်ကြီးတွေ ကို မတ် ၂၂ ရက်ကနေ ဧပြီ ၁၂ ရက်အထိပိတ်ထားမယ်လို့ ဘန်ကောက်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင်ဘန်ကောက်ရှိ စာသင်ကျောင်းတွေနဲ့…

Read More

ကျောက်ဖြူလေဆိပ်အနီးမှာ ပေါက်ကွဲမှုဖြစ်၊ လူငယ်တစ်ဦးဒဏ်ရာရ

ကျောက်ဖြူလေဆိပ်အနီးမှာ ပေါက်ကွဲမှုဖြစ်၊ လူငယ်တစ်ဦးဒဏ်ရာရ ကျောက်ဖြူ ၊ မတ် ၂၂- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အလယ်ပိုင်း ကျောက်ဖြူမြို့လေဆိပ်အနီးမှာ မနေ့ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းလောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး လေဆိပ်ဘေးလမ်းအနီးမှာ ဘောလုံးကစားနေတဲ့ လူငယ် (၃)ဦးအနက် ၁ ဦးဒဏ်အပြင်းအထန်ရာရရှိသွားကြောင်း သိရပါတယ်။ အဲဒီပေါက်ကွဲမှုဖြစ်စဉ်မှာ ဒဏ်ရာရရှိတဲ့လူငယ်ဟာ ကျောက်ဖြူမြို့ တိုးချဲ့ရပ်ကွက် (၂) လမ်းကဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသားတွေဖြစ်ကာ လေယာဉ်ပြေးလမ်းဘေးမှာ လက်လုပ်ဗုံးပုံစံ လိမ္မော်သီးအရွယ်လောက်ရှိတဲ့ ဗုံးတစ်လုံးကို ဆော့ကစားကြစဉ် အခုလိုပေါက်ကွဲမှုဖြစ် ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ” အသက် ၁၅ နှစ်အရွယ်လောက်ရှိတဲ့ ၉ တန်းကျောင်းသားလေး (၃) ယောက်က လက်လုပ်ဗုံးလို့ထင်ရတဲ့ဟာပေါ့။ သူတို့က ဗုံးလို့လည်းအသေချာမသိဘူး။ အဲဒါကို တစ်ယောက်နဲ့တစ်ယောက် မြောက်ပြီးဆော့ကြတယ်။ အဲဒီ ဗုံးမှာအတံလေး…

Read More

ရခိုင်ပြည်နယ်မှာ တရုတ်ကပြန်လာသူ ၂၈ ဦးကို စောင်ကြည့်နေ

ရခိုင်ပြည်နယ်မှာ တရုတ်ကပြန်လာသူ ၂၈ ဦးကို စောင်ကြည့်နေ စစ်တွေ၊ မတ် ၂၂ – ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ဘက်ပိုင်းဒေသနဲ့ အလယ်ပိုင်းက မြို့နယ်တချို့မှာ တရုတ်အစိုးရရဲ့ အစီအစဉ်နဲ့ ပြန်လာသူ ၂၈ ယောက်ကို မိမိတို့ရဲ့နေအိမ်မှာ စောင့်ကြည့်အနေနဲ့ ထားရှိတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ အဲဒီစောင့်ကြည့်ခံထားရသူတွေဟာ ကိုရိုနာဗိုင်းရပ်စ်(COVID- 19) ရောဂါသံသယနဲ့ပတ်သက်ပြီး စောင့်ကြည့်တာမျိုးမဟုတ်ဘဲ နိုင်ငံခြားကပြန်လာတာကြောင့် သူတို့ရဲ့နေအိမ်တွေမှာဘဲ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ခရိုင်၊မြို့နယ်ကျန်းမာရေးဦးဌာနတို့က ၁၄ ရက်ကြာ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောင်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က” နိုင်ငံခြားကလာတဲ့လူတွေကို သူတို့အိမ်မှာပဲ နေခိုင်းပြီး စောင့်ကြည့်ခိုင်းထားတာရှိတယ်။ ရခိုင်ပြည်နယ် မြို့နယ် (၈)မြို့နယ်က (၂၈) ယောက်ရှိတယ်။ သူတို့ကို စောင့်ကြည့်တယ်ဆိုတာက ရောဂါလက္ခဏာတွေ့လို့မဟုတ်ဘူး။ နိုင်ငံခြားက ပြန်လာလို့ တရုတ်နိုင်ငံအစိုးရအစီအစဉ်နဲ့ မြန်မာနိုင်ငံသို့…

Read More
VOM News

FREE
VIEW