ရခိုင်ပြည်နယ်မှာ တရုတ်ကပြန်လာသူ ၂၈ ဦးကို စောင်ကြည့်နေ

ရခိုင်ပြည်နယ်မှာ တရုတ်ကပြန်လာသူ ၂၈ ဦးကို စောင်ကြည့်နေ

စစ်တွေ၊ မတ် ၂၂ – ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ဘက်ပိုင်းဒေသနဲ့ အလယ်ပိုင်းက မြို့နယ်တချို့မှာ တရုတ်အစိုးရရဲ့ အစီအစဉ်နဲ့ ပြန်လာသူ ၂၈ ယောက်ကို မိမိတို့ရဲ့နေအိမ်မှာ စောင့်ကြည့်အနေနဲ့ ထားရှိတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

အဲဒီစောင့်ကြည့်ခံထားရသူတွေဟာ ကိုရိုနာဗိုင်းရပ်စ်(COVID- 19) ရောဂါသံသယနဲ့ပတ်သက်ပြီး စောင့်ကြည့်တာမျိုးမဟုတ်ဘဲ နိုင်ငံခြားကပြန်လာတာကြောင့် သူတို့ရဲ့နေအိမ်တွေမှာဘဲ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ခရိုင်၊မြို့နယ်ကျန်းမာရေးဦးဌာနတို့က ၁၄ ရက်ကြာ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောင်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က” နိုင်ငံခြားကလာတဲ့လူတွေကို သူတို့အိမ်မှာပဲ နေခိုင်းပြီး စောင့်ကြည့်ခိုင်းထားတာရှိတယ်။ ရခိုင်ပြည်နယ် မြို့နယ် (၈)မြို့နယ်က (၂၈) ယောက်ရှိတယ်။ သူတို့ကို စောင့်ကြည့်တယ်ဆိုတာက ရောဂါလက္ခဏာတွေ့လို့မဟုတ်ဘူး။ နိုင်ငံခြားက ပြန်လာလို့ တရုတ်နိုင်ငံအစိုးရအစီအစဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လာလို့ တရားဝင်စောင့်ကြည့်နေတာ။” လို့ ပြောပါတယ်။

စောင့်ကြည့်ကာလ ၁၄ ရက်အတွင်း အိမ်ထဲက အိမ်ပြင်မထွက်ရဘဲနေရတာ ဖြစ်ပြီး သူတို့ဟာ ရခိုင်ပြည်နယ် ရသေ့တောင်၊ ကျောက်ဖြူ ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တောစတဲ့ မြို့နယ်တွေကဖြစ်ကြောင်း သိရပါတယ်။

စောင့်ကြည့်ခံထားရသူတွေဟာ လွန်ခဲ့တဲ့ တပတ်အကြာလောက်က တရုတ်နိုင်ငံက ပြန်လာသူတွေဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ လူပေါင်း ၂၀၀ ကျော်ကို တရုတ်အစိုးရအစီအစဉ်နဲ့ မြန်မာနိုင်ငံကို ပို့ဆောင်ပေးခဲ့တာဖြစ်ကြောင်းနဲ့ အဲဒီအထဲမှာ ရခိုင်ပြည်နယ်က ၂၈ ယောက်ပါဝင်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ စောင့်ကြည့်လူနာ(PUI) အဖြစ် ၅ ယောက်တွေ့ရှိခဲ့ပြီး မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ ၊ မင်းပြားတို့ကဖြစ်ကာ အဲဒီ စောင့်ကြည့်လူနာတွေမှာ ကိုရိုနာဗိုင်းရပ်ပိုးမတွေ့ရှိကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကပ်ရောဂါ တစ်ခုအဖြစ်ကြေညာထားပြီး မြန်မာနိုင်ငံမှာတော့ ယခုအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိမှု မရှိသေးကြောင်း မြန်မာနိုင်ငံ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- ခိုင်လင်းစံ

#VoiceOfMyanmar #VOM #Coronavirus #COVID19
#ရခိုင် #တရုတ်မှပြန်လာ #စောင့်ကြည်လူနာ

………………..

ရခိုင္ျပည္နယ္မွာ တ႐ုတ္ကျပန္လာသူ ၂၈ ဦးကို ေစာင္ၾကည့္ေန

စစ္ေတြ၊ မတ္ ၂၂ – ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခုိင္ျပည္နယ္ေျမာက္ဘက္ပိုင္းေဒသနဲ႔ အလယ္ပိုင္းက ၿမိဳ႕နယ္တခ်ိဳ႕မွာ တရုတ္အစိုးရရဲ႕ အစီအစဥ္နဲ႔ ျပန္လာသူ ၂၈ ေယာက္ကို မိမိတို႔ရဲ႕ေနအိမ္မွာ ေစာင့္ၾကည့္အေနနဲ႔ ထားရွိတယ္လို႔ ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ေျပာပါတယ္။

အဲဒီေစာင့္ၾကည့္ခံထားရသူေတြဟာ ကို႐ိုနာဗိုင္းရပ္စ္(COVID- 19) ေရာဂါသံသယနဲ႔ပတ္သက္ၿပီး ​ေစာင့္ၾကည့္တာမ်ိဳးမဟုတ္ဘဲ ႏိုင္ငံျခားကျပန္လာတာေၾကာင့္ သူတို႔ရဲ႕ေနအိမ္ေတြမွာဘဲ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္အရ ခ႐ိုင္၊ၿမိဳ႕နယ္က်န္းမာေရးဦးဌာနတို႔က ၁၄ ရက္ၾကာ ေစာင့္ၾကည့္ေနတာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္၊ ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာင္ၫႊန္ၾကားေရးမႉး ေဒါက္တာစိုးဝင္းပိုင္က” ႏိုင္ငံျခားကလာတဲ့လူေတြကို သူတို႔အိမ္မွာပဲ ေနခိုင္းျပီး ေစာင့္ၾကည့္ခိုင္းထားတာ႐ွိတယ္။ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ (၈)ၿမိဳ႕နယ္က (၂၈) ေယာက္႐ွိတယ္။ သူတို႔ကို ေစာင့္ၾကည့္တယ္ဆိုတာက ေရာဂါလကၡဏာေတြ႔လို႔မဟုတ္ဘူး။ ႏိုင္ငံျခားက ျပန္လာလို႔ တ႐ုတ္ႏိုင္ငံအစိုးရအစီအစဥ္နဲ႔ ျမန္မာႏိုင္ငံသို႔ ျပန္လာလို႔ တရားဝင္ေစာင့္ၾကည့္ေနတာ။” လို႔ ေျပာပါတယ္။

ေစာင့္ၾကည့္ကာလ ၁၄ ရက္အတြင္း အိမ္ထဲက အိမ္ျပင္မထြက္ရဘဲေနရတာ ျဖစ္ျပီး သူတို႔ဟာ ရခိုင္ျပည္နယ္ ရေသ့ေတာင္၊ ေက်ာက္ျဖဴ ၊ မင္းျပား၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ပုဏၰားကြၽန္း၊ ေပါက္ေတာစတဲ႔ ၿမိဳ႕နယ္ေတြကျဖစ္ေၾကာင္း သိရပါတယ္။

ေစာင့္ၾကည့္ခံထားရသူေတြဟာ လြန္ခဲ႔တဲ႔ တပတ္အၾကာ​ေလာက္က တ႐ုတ္ႏိုင္ငံက ျပန္လာသူေတြျဖစ္ၿပီး ျမန္မာတစ္ႏိုင္ငံလံုး အတိုင္းအတာအရ လူေပါင္း ၂၀၀ ေက်ာ္ကို တ႐ုတ္အစိုးရအစီအစဥ္နဲ႔ ျမန္မာႏိုင္ငံကို ပို႔ေဆာင္ေပးခဲ့တာျဖစ္ေၾကာင္းနဲ႔ အဲဒီအထဲမွာ ရခိုင္ျပည္နယ္က ၂၈ ေယာက္ပါဝင္တယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္မွာ ေစာင့္ၾကည့္လူနာ(PUI) အျဖစ္ ၅ ေယာက္ေတြ႔႐ွိခဲ့ၿပီး ေမာင္ေတာ၊ ပုဏၰားကြၽန္း၊ ေက်ာက္ျဖဴ ၊ မင္းျပားတို႔ကျဖစ္ကာ အဲဒီ ေစာင့္ၾကည့္လူနာေတြမွာ ကို႐ိုနာဗိုင္းရပ္ပိုးမေတြ႔႐ွိေၾကာင္း ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျဖစ္တဲ့ ကူးစက္ေရာဂါကို ကမာၻ႔က်န္းမာေရးအဖြဲ႔(WHO)က ကပ္ေရာဂါ တစ္ခုအျဖစ္ေၾကညာထားၿပီး ျမန္မာႏိုင္ငံမွာေတာ့ ယခုအခ်ိန္အထိ ကို႐ိုနာဗိုင္းရပ္စ္ ​ေရာဂါပိုးေတြ႔႐ွိမႈ မ႐ွိေသးေၾကာင္း ျမန္မာႏိုင္ငံ က်န္မာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ဓာတ္ပံု- ခိုင္လင္းစံ

#VoiceOfMyanmar #VOM #Coronavirus #COVID19
#ရခိုင္ #တရုတ္မွျပန္လာ #ေစာင့္ၾကည္လူနာ

Related posts

Leave a Comment

VOM News

FREE
VIEW