ကျောက်ဖြူလေဆိပ်အနီးမှာ ပေါက်ကွဲမှုဖြစ်၊ လူငယ်တစ်ဦးဒဏ်ရာရ

ကျောက်ဖြူလေဆိပ်အနီးမှာ ပေါက်ကွဲမှုဖြစ်၊ လူငယ်တစ်ဦးဒဏ်ရာရ

ကျောက်ဖြူ ၊ မတ် ၂၂- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အလယ်ပိုင်း ကျောက်ဖြူမြို့လေဆိပ်အနီးမှာ မနေ့ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းလောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး လေဆိပ်ဘေးလမ်းအနီးမှာ ဘောလုံးကစားနေတဲ့ လူငယ် (၃)ဦးအနက် ၁ ဦးဒဏ်အပြင်းအထန်ရာရရှိသွားကြောင်း သိရပါတယ်။

အဲဒီပေါက်ကွဲမှုဖြစ်စဉ်မှာ ဒဏ်ရာရရှိတဲ့လူငယ်ဟာ ကျောက်ဖြူမြို့ တိုးချဲ့ရပ်ကွက် (၂) လမ်းကဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသားတွေဖြစ်ကာ လေယာဉ်ပြေးလမ်းဘေးမှာ လက်လုပ်ဗုံးပုံစံ လိမ္မော်သီးအရွယ်လောက်ရှိတဲ့ ဗုံးတစ်လုံးကို ဆော့ကစားကြစဉ် အခုလိုပေါက်ကွဲမှုဖြစ် ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

” အသက် ၁၅ နှစ်အရွယ်လောက်ရှိတဲ့ ၉ တန်းကျောင်းသားလေး (၃) ယောက်က လက်လုပ်ဗုံးလို့ထင်ရတဲ့ဟာပေါ့။ သူတို့က ဗုံးလို့လည်းအသေချာမသိဘူး။ အဲဒါကို တစ်ယောက်နဲ့တစ်ယောက် မြောက်ပြီးဆော့ကြတယ်။ အဲဒီ ဗုံးမှာအတံလေး တစ်တံပါတယ်လို့ပြောတယ်။ အဲဒီ အတံကိုနုတ်ကြည့်တော့ နုတ်လို့မရဘူးလို့ပြောတယ်။ နုတ်လို့မရလို့ဆိုပြီး လွင့်ပစ်လိုက်တော့ “ဘောင်း” ဆိုပြီးပေါက်သွားတယ်။ အဲဒါမှာ တစ်ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူက မတ်တပ်ရပ်နေလို့ ပေါက်ထွက်တော့ ဒဏ်ရာရသွားတယ်။ ကျန်တဲ့နှစ်ယောက်က ထိုင်နေလို့ဒဏ်ရာမရလိုက်ဘူး” ကျောက်ဖြူမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောပါတယ်။

ကျောက်ဖြူလေဆိပ်အနီး မနေ့ကပေါက်ကွဲမှု အတွင်း ဒဏ်ရာရရှိသူ မောင်ဇော်ဇော်နိုင်မှာ ဒဏ်ရာက ခန္ဓာကိုယ်အနှံ့မှာရရှိသွားပြီး ဦးခေါင်း၊ လက်၊မျက်ခုံးနဲ့ ပေါင်တို့မှာဒဏ်ရာရရှိသွားကာ မျက်ခုံးဒဏ်ရာမှာ စိုးရိမ်ရကြောင်းသိရပါတယ်။

ဆက်လက်ပြီး ဦးဖိုးစံက” ဒဏ်ရာတွေက ခန္ဓာကိုယ်အနှံ့ပဲ၊ အစက်အစက်တွေ ပြန့်ပြီးရသွားတယ်။ ခေါင်းမှာရော၊ လက်၊ ပေါင်၊ မျက်ခုံးလည်း ကွဲသွားတယ်။ သူကအခု ဆေးရုံမှာကုသနေတယ်။ မျက်ခုံးကိုထိပြီးတော့ မျက်လုံးက လုံးဝဖွင့်လို့မရဘူး။ တကယ်လို့ ဒီမှာအခြေအနေမကောင်းဘူးဆိုရင် ရန်ကုန်ကို့ပို့ရမယ်လို့ပြောတယ်။ မျက်လုံးမှာ ဒဏ်ရာကစိုးရိမ်ရတယ်။ ကျန်တဲ့ ပေါင်နဲ့ လက်မှာ စုတ်ပြဲပြီး လက်အရိုးတော့မကျိုးဘူး” လို့ ပြောပြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျောက်ဖြူသေခံတွေကတော့ လေဆိပ်နားကို ဒီလက်လုပ်ဗုံးက ဘယ်ကနေရောက်လာတယ်ဆိုတာ မသိရှိကြောင်း၊ နယ်မြေခံရဲတပ်ဖွဲ့တွေကတော့ စုံစမ်းမှုတွေ လုပ်နေတဲ့အကြောင်း ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်တာဝန်ရှိသူတွေကိုဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။ ကျောက်ဖြူမြို့ မြို့မရဲစခန်းတာဝန်ရှိသူတွေကလည်း ဖြစ်စဉ်နဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပါဘူး။

#VoiceOfMyanmar #VOM #KyaukPhyu
#ကျောက်ဖြူလေဆိပ် #ကျောက်ဖြူ #ရခိုင်

………

zawgyi

ေက်ာက္ျဖဴေလဆိပ္အနီးမွာ ေပါက္ကြဲမႈျဖစ္၊ လူငယ္တစ္ဦးဒဏ္ရာရ

ေက်ာက္ျဖဴ ၊ မတ္ ၂၂- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္အလယ္ပိုင္း ေက်ာက္ျဖဴၿမိဳ႕ေလဆိပ္အနီးမွာ မေန႔ မတ္လ ၂၁ ရက္ေန႔ ည​ေနပိုင္းေလာက္က ေပါက္ကြဲမႈတစ္ခုျဖစ္ၿပီး ေလဆိပ္ေဘးလမ္းအနီးမွာ ေဘာလံုးကစားေနတဲ့ လူငယ္ (၃)ဦးအနက္ ၁ ဦးဒဏ္အျပင္းအထန္ရာရ႐ွိသြားေၾကာင္း သိရပါတယ္။

အဲဒီေပါက္ကြဲမႈျဖစ္စဥ္မွာ ဒဏ္ရာရ႐ွိတဲ႔လူငယ္ဟာ ေက်ာက္ျဖဴၿမိဳ႕ တိုးခ်ဲ့ရပ္ကြက္ (၂) လမ္းကျဖစ္ၿပီး အသက္ ၁၅ ႏွစ္အရြယ္ ၉ တန္းေက်ာင္းသားေတြျဖစ္ကာ ေလယာဥ္ေျပးလမ္းေဘးမွာ လက္လုပ္ဗံုးပံုစံ လိေမၼာ္သီးအရြယ္ေလာက္႐ွိတဲ့ ဗံုးတစ္လံုးကို ေဆာ့ကစားၾကစဥ္ အခုလိုေပါက္ကြဲမႈျဖစ္ ဒဏ္ရာရရိွခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

” အသက္ ၁၅ ႏွစ္အရြယ္ေလာက္႐ွိတဲ့ ၉ တန္းေက်ာင္းသားေလး (၃) ေယာက္က လက္လုပ္ဗံုးလို႔ထင္ရတဲ့ဟာေပါ့။ သူတို႔က ဗံုးလို႔လည္းအေသခ်ာမသိဘူး။ အဲဒါကို တစ္ေယာက္နဲ႔တစ္ေယာက္ ေျမာက္ၿပီးေဆာ့ၾကတယ္။ အဲဒီ ဗံုးမွာအတံေလး တစ္တံပါတယ္လို႔ေျပာတယ္။ အဲဒီ အတံကိုႏုတ္ၾကည့္ေတာ့ ႏုတ္လို႔မရဘူးလို႔ေျပာတယ္။ ႏုတ္လို႔မရလို႔ဆိုၿပီး လြင့္ပစ္လိုက္ေတာ့ “ေဘာင္း” ဆိုၿပီးေပါက္သြားတယ္။ အဲဒါမွာ တစ္ေယာက္ဒဏ္ရာရတယ္။ ဒဏ္ရာရတဲ့သူက မတ္တပ္ရပ္ေနလို႔ ေပါက္ထြက္ေတာ့ ဒဏ္ရာရသြားတယ္။ က်န္တဲ့ႏွစ္ေယာက္က ထိုင္ေနလို႔ဒဏ္ရာမရလိုက္ဘူး” ေက်ာက္ျဖဴၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဖိုးစံက ေျပာပါတယ္။

​ေက်ာက္ျဖဴေလဆိပ္အနီး မေန႔ကေပါက္ကြဲမႈ အတြင္း ဒဏ္ရာရ႐ွိသူ ေမာင္ေဇာ္ေဇာ္ႏိုင္မွာ ဒဏ္ရာက ခႏၶာကိုယ္အႏွံ႔မွာရ႐ွိသြားၿပီး ဦးေခါင္း၊ လက္၊မ်က္ခံုးနဲ႔ ေပါင္တို႔မွာဒဏ္ရာရ႐ွိသြားကာ မ်က္ခံုးဒဏ္ရာမွာ စိုးရိမ္ရေၾကာင္းသိရပါတယ္။

ဆက္လက္ၿပီး ဦးဖိုးစံက” ဒဏ္ရာေတြက ခႏၶာကိုယ္အႏွံ႔ပဲ၊ အစက္အစက္ေတြ ျပန္႔ျပီးရသြားတယ္။ ေခါင္းမွာေရာ၊ လက္၊ ေပါင္၊ မ်က္ခံုးလည္း ကြဲသြားတယ္။ သူကအခု ေဆးရံုမွာကုသေနတယ္။ မ်က္ခံုးကိုထိၿပီးေတာ့ မ်က္လံုးက လံုးဝဖြင့္လို႔မရဘူး။ တကယ္လို႔ ဒီမွာအေျခအေနမေကာင္းဘူးဆိုရင္ ရန္ကုန္ကို႔ပို႔ရမယ္လို႔ေျပာတယ္။ မ်က္လံုးမွာ ဒဏ္ရာကစိုးရိမ္ရတယ္။ က်န္တဲ့ ေပါင္နဲ႔ လက္မွာ စုတ္ၿပဲျပီး လက္အ႐ိုးေတာ့မက်ိဳးဘူး” လို႔ ေျပာျပပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေက်ာက္ျဖဴေသခံေတြကေတာ့ ေလဆိပ္နားကို ဒီလက္လုပ္ဗံုးက ဘယ္ကေနေရာက္လာတယ္ဆိုတာ မသိ႐ွိေၾကာင္း၊ နယ္ေျမခံရဲတပ္ဖြဲ႔ေတြကေတာ့ စံုစမ္းမႈေတြ လုပ္ေနတဲ့အေၾကာင္း ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တပ္မေတာ္တာဝန္႐ွိသူေတြကိုဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရေသးပါဘူး။ ေက်ာက္ျဖဴၿမိဳ႕ ၿမိဳ႕မရဲစခန္းတာဝန္႐ွိသူေတြကလည္း ျဖစ္စဥ္နဲ႔ ေနာက္ဆက္တြဲ အေျခအေနေတြကို ထုတ္ျပန္ ေျပာဆိုျခင္း မရွိေသးပါဘူး။

#VoiceOfMyanmar #VOM #KyaukPhyu
#ေက်ာက္ျဖဴေလဆိပ္ #ေက်ာက္ျဖဴ #ရခိုင္

Related posts

Leave a Comment

VOM News

FREE
VIEW