ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အရှိန်မြင့်လာနေ

ဘန်ကောက်၊ မတ်-၂၂-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၈ ဦးကို မတ် ၂၂ ရက်မှတွေ့ရှိခဲ့ပြီး နေ့စဉ်ကူးစက်ခံရမှုမှာ အများဆုံးအရေးအတွက်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကူးစက်ခံရသူ ၅၉၉ ဦးရှိလာပြီဖြစ်တယ်လို့ ထိုင်းကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကူးစက်မှုအသစ်တွေဟာ လက်ဝှေ့ရုံတစ်ခုမှဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်နဲ့ ဆက်နွယ်နေပြီး လူနာတစ်ဦးပြန်လည်ကျန်းမာလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူTaweesin Wisanuyothin က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရောဂါကူးစက်မှုအများစုဟာ ဗန်ကောက်မှာဖြစ်ပြီး လူမှုဝန်းကျင်းမှာ လှုပ်ရှားမှုတွေလုပ်နေကြတဲ့ လူငယ်တွေပါဝင်ကြောင်း၊ ပြည်သူများအနေနဲ့ ဖြစ်နိုင်သမျှနေအိမ်မှာနေကြဖို့ သူကတိုက်တွန်းထားပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ထိုင်းနိုင်ငံတွင် လူတစ်ဦးသေဆုံးခဲ့ပြီး၊ ဘန်ကောက်မှာတော့ အစားအသောက်ရောင်းတဲ့ ဈေးဆိုင်တွေကလွဲလို့ ကုန်တိုက်ကြီးတွေ ကို မတ် ၂၂ ရက်ကနေ ဧပြီ ၁၂ ရက်အထိပိတ်ထားမယ်လို့ ဘန်ကောက်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်ဘန်ကောက်ရှိ စာသင်ကျောင်းတွေနဲ့ အရက်၊ ဘီယာဆိုင်တွေကိုလည်း နောက်ထပ် ၂၂ ရက်ပိတ်ထားပြီး ညွှန်ကြားထားပြီး မလိုက်နာသူတွေကို ထောင်ဒဏ်တစ်နှစ် ဒါမှမဟုတ် ဘတ် တစ်သိန်းဒဏ်ရိုက်မယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

Ref : CNA
Photo: Reuters

#VoiceOfMyanmar #VOM #Coronavirus #COVID19
#ကိုရိုနာဗိုင်းရပ်စ် #ကိုဗစ်၁၉ #ထိုင်းနိုင်ငံ

…………

zawgyi

ထိုင္းနုိင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈ အရိွန္ျမင္႔လာေန

ဘန္ေကာက္၊ မတ္-၂၂-၂၀၂၀
မ်ိဳးဆက္ (VOM)

ထိုင္းနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၈၈ ဦးကို မတ္ ၂၂ ရက္မွေတြ႔ရိွခဲ႔ျပီး ေန႔စဥ္ကူးစက္ခံရမႈမွာ အမ်ားဆံုးအေရးအတြက္ျဖစ္ပါတယ္။ လက္ရိွအခ်ိန္ထိ ကူးစက္ခံရသူ ၅၉၉ ဦးရိွလာျပီျဖစ္တယ္လို႔ ထိုင္းက်န္းမာေရး တာ၀န္ရိွသူတစ္ဦးက ေျပာပါတယ္။

ကူးစက္မႈအသစ္ေတြဟာ လက္ေ၀ွ႔ရံုတစ္ခုမွဗိုင္းရပ္စ္ကူးစက္မႈျဖစ္စဥ္နဲ႔ ဆက္ႏြယ္ေနျပိီး လူနာတစ္ဦးျပန္လည္က်န္းမာလာတယ္လို႔ က်န္းမာေရး၀န္ၾကီးဌာန ေျပာေရးဆိုခြင္႕ရိွသူTaweesin Wisanuyothin က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ေရာဂါကူးစက္မႈအမ်ားစုဟာ ဗန္ေကာက္မွာျဖစ္ျပီး လူမႈ၀န္းက်င္းမွာ လႈပ္ရွားမႈေတြလုပ္ေနၾကတဲ႔ လူငယ္ေတြပါ၀င္ေၾကာင္း၊ ျပည္သူမ်ားအေနနဲ႔ ျဖစ္နိုင္သမွ်ေနအိမ္မွာေနၾကဖို႔ သူကတိုက္တြန္းထားပါတယ္။

ဗိုင္းရပ္စ္ကူးစက္မႈေၾကာင္႔ ထိုင္းနုိင္ငံတြင္ လူတစ္ဦးေသဆံုးခဲ႔ျပီး၊ ဘန္ေကာက္မွာေတာ့ အစားအေသာက္ေရာင္းတဲ႔ ေစ်းဆိုင္ေတြကလြဲလို႔ ကုန္တိုက္ၾကီးေတြ ကို မတ္ ၂၂ ရက္ကေန ဧျပီ ၁၂ ရက္အထိပိတ္ထားမယ္လို႔ ဘန္ေကာက္အုပ္ခ်ဳပ္ေရးမွဴးက ထုတ္ျပန္ထားပါတယ္။

ဒါ႔အျပင္ဘန္ေကာက္ရိွ စာသင္ေက်ာင္းေတြနဲ႔ အရက္၊ ဘီယာဆိုင္ေတြကိုလည္း ေနာက္ထပ္ ၂၂ ရက္ပိတ္ထားျပီး ညႊန္ၾကားထားျပီး မလိုက္နာသူေတြကို ေထာင္ဒဏ္တစ္နွစ္ ဒါမွမဟုတ္ ဘတ္ တစ္သိန္းဒဏ္ရိုက္မယ္လို႔ ေၾကညာခ်က္မွာေဖာ္ျပထားပါတယ္။

Ref : CNA
Photo: Reuters

#VoiceOfMyanmar #VOM #Coronavirus #COVID19
#ကိုရိုနာဗိုင္းရပ္စ္ #ကိုဗစ္၁၉ #ထိုင္းႏိုင္ငံ

Related posts

Leave a Comment

VOM News

FREE
VIEW