ကလေး-မင်းကင်းလမ်းကို စတင်ပိတ်

ကလေး-မင်းကင်းလမ်းကို စတင်ပိတ်

ကလေး၊ မတ် ၂၄-၂၀၂၀
ရန်နိုင်စိုး(VOM)

ကလေးမြို့နဲ့ မင်းကင်းသွားတဲ့လမ်းကို ဒီကနေ့မတ်လ ၂၄ ရက်‌နေ့ကစပြီး ဘုရားဖူးကားတွေနဲ့ အကြောင်းမရှိပဲသွားလာသူတွေကို ပိတ်ပင်လိုက်ပါတယ်။

ရန်ကုန်မြို့၊ ဝေဘာဂီဆေးရုံနဲ့ ချင်းပြည်နယ်၊ တီးတိန်ဆေးရုံတို့မှာ Covid 19 ဗိုင်းရပ်စ်ပိုးရှိသူ ၂ ဦးတွေ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနာက တရားဝင်ကြေညာပြီးနောက်ပိုင်း ချင်းပြည်နယ်နဲ့ စပ်ဆက်နေတဲ့ ကလေးမြို့သွားလာတာတွေကို အခုလို စီစစ်ပိတ်ပင်ရတာဖြစ်တယ်လို့ သိရပါတယ်။

” ပိတ်တယ်ဆိုတာက ကိုယ့်နေအိမ်ကို ပြန်မယ့်သူတွေတော့ စီစစ်ပြီးသွားခွင့်ပေးတယ်။ ကုန်ကားကတော့ သွားလာခွင့်ပေးတယ်။ ဒါတောင် ကျန်းမာရေးအကုန်စစ်ဆေးပြီးမှ ခွင့်ပြုတာ။ ဘုရားဖူးသွားလာတယ် ဘာညာဆိုရင် လုံးဝသွားခွင့်မပေးဘူး။ ပိတ်ပစ်လိုက်တယ်။ ဒါကလဲ အထက်က ညွှန်ကြားထားလို့ပါ ” လို့ မင်းကင်းမြို့နယ်အုပ်ချုပ်ရေးမှုး ဦးဘိုသန်းက ပြောပါတယ်။

ကလေးမြို့ဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာတည်ရှိပြီး Covid-19 ဖြစ်ပွားသူတစ်ဦးကလဲ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ ရှိနေတဲ့အတွက် ကလေးမြို့က ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေလဲ ဖြစ်ပေါ်နေပါတယ်။

” အခု ကျနော်တို့ ကားသမားတွေလဲ အကုန်စစ်နေတယ်။ ခရီးသည်တွေရော‌ပေါ့။ ဒေသခံဖြစ်ပြီး အိမ်ပြန်ရင်တော့ ခွင့်ပြုတယ်၊ အရေးကြီးကိစ္စဆိုရင် ခွင့်ပြုတယ်။ အလည်သွားမယ် ဘာညာဆိုရင် ပြန်လွှတ်တယ် “လို့ ကလေး-မင်းကင်း ခရီးသည်ကားပြေးဆွဲနေတဲ့ ကိုဝင်းမင်းသိန်းက ပြောပါတယ်။

လတ်တလောမှာတော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ COVID-19ရောဂါကူးစက်ခံလူနာနဲ့ ထိတွေ့ ဆက်ဆံဖူးသူအားလုံးကို လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ကလေး #မင်းကင်းလမ်း #စတင်ပိတ်

Zawgyi

ကေလး-မင္းကင္းလမ္းကို စတင္ပိတ္

ကေလး၊ မတ္ ၂၄-၂၀၂၀
ရန္ႏိုင္စိုး(VOM)

ကေလးၿမိဳ႕နဲ႔ မင္းကင္းသြားတဲ့လမ္းကို ဒီကေန႔မတ္လ ၂၄ ရက္‌ေန႔ကစၿပီး ဘုရားဖူးကားေတြနဲ႔ အေၾကာင္းမရွိပဲသြားလာသူေတြကို ပိတ္ပင္လိုက္ပါတယ္။

ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီေဆး႐ုံနဲ႔ ခ်င္းျပည္နယ္၊ တီးတိန္ေဆး႐ုံတို႔မွာ Covid 19 ဗိုင္းရပ္စ္ပိုးရွိသူ ၂ ဦးေတြ႕တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနာက တရားဝင္ေၾကညာၿပီးေနာက္ပိုင္း ခ်င္းျပည္နယ္နဲ႔ စပ္ဆက္ေနတဲ့ ကေလးၿမိဳ႕သြားလာတာေတြကို အခုလို စီစစ္ပိတ္ပင္ရတာျဖစ္တယ္လို႔ သိရပါတယ္။

” ပိတ္တယ္ဆိုတာက ကိုယ့္ေနအိမ္ကို ျပန္မယ့္သူေတြေတာ့ စီစစ္ၿပီးသြားခြင့္ေပးတယ္။ ကုန္ကားကေတာ့ သြားလာခြင့္ေပးတယ္။ ဒါေတာင္ က်န္းမာေရးအကုန္စစ္ေဆးၿပီးမွ ခြင့္ျပဳတာ။ ဘုရားဖူးသြားလာတယ္ ဘာညာဆိုရင္ လုံးဝသြားခြင့္မေပးဘူး။ ပိတ္ပစ္လိုက္တယ္။ ဒါကလဲ အထက္က ၫႊန္ၾကားထားလို႔ပါ ” လို႔ မင္းကင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႈး ဦးဘိုသန္းက ေျပာပါတယ္။

ကေလးၿမိဳ႕ဟာ ခ်င္းျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းအစပ္မွာတည္ရွိၿပီး Covid-19 ျဖစ္ပြားသူတစ္ဦးကလဲ ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕မွာ ရွိေနတဲ့အတြက္ ကေလးၿမိဳ႕က ေဒသခံေတြၾကားမွာ စိုးရိမ္မႈေတြလဲ ျဖစ္ေပၚေနပါတယ္။

” အခု က်ေနာ္တို႔ ကားသမားေတြလဲ အကုန္စစ္ေနတယ္။ ခရီးသည္ေတြေရာ‌ေပါ့။ ေဒသခံျဖစ္ၿပီး အိမ္ျပန္ရင္ေတာ့ ခြင့္ျပဳတယ္၊ အေရးႀကီးကိစၥဆိုရင္ ခြင့္ျပဳတယ္။ အလည္သြားမယ္ ဘာညာဆိုရင္ ျပန္လႊတ္တယ္ “လို႔ ကေလး-မင္းကင္း ခရီးသည္ကားေျပးဆြဲေနတဲ့ ကိုဝင္းမင္းသိန္းက ေျပာပါတယ္။

လတ္တေလာမွာေတာ့ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ သက္ဆိုင္ရာတာဝန္ရွိသူေတြက ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕ျပည္သူ႔ေဆး႐ုံမွာ ေဆးကုသမႈခံယူေနတဲ့ COVID-19ေရာဂါကူးစက္ခံလူနာနဲ႔ ထိေတြ႕ ဆက္ဆံဖူးသူအားလုံးကို လိုက္လံစစ္ေဆးမႈေတြ ျပဳလုပ္ေနတာျဖစ္တယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #ကေလး #မင္းကင္းလမ္း #စတင္ပိတ္

Related posts

Leave a Comment

VOM News

FREE
VIEW