ကိုရိုနာဗိုင်းရပ်စ်ကြောင့် တိုကျိုအိုလံပစ်အားကစားပွဲတော်ကို တစ်နှစ်ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တိုကျိုအိုလံပစ်အားကစားပွဲတော်ကို တစ်နှစ်ရွှေ့ဆိုင်း

တိုကျို၊ မတ်-၂၄-၂၀၂၀
မျိုးဆက် (VOM)

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေကြောင့် ၂၀၂၀ တိုကျိုအိုလံပစ် အားကစားပွဲတော်ကို တစ်နှစ်ရွှေ့ဆိုင်းလိုက်တယ်လို့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီဝင် Dick Pound ကအတည်ပြု ပြောဆိုလိုက်ပါတယ်။

ယခုနှစ်နွေရာသီအတွင်း ဂျပန်နိုင်ငံမှာကျင်းပဖို့ စီစဉ်ထားတဲ့ အိုလံပစ်အားကစားပွဲတော်ကို အားကစားအဖွဲ့ စေလွှတ်နိုင်မှာမဟုတ်ဘူးလို့ ဗြိတိန်အိုလံပစ်အသင်းဥက္ကဌက ပြောကြားလိုက်ပြီးနောက် အိုလံပစ်ပွဲတော် ရွှေ့ဆိုင်းတဲ့ဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

သြစတြေးလျနဲ့ ကနေဒါနိုင်ငံတို့ကလည်း ဂျပန်မှာကျင်းပမယ့် အိုလံပစ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘူးလို့ ယခင်ကတည်းက ထုတ်ပြန်ထားကြပါတယ်။

ရရှိထားတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး တိုကျိုအိုလံပစ်ကို ရွှေ့ဆိုင်းဖို့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ Dick Pound က ယူအက်စ်အေတူဒေးသတင်းဌာနကို ပြောပါတယ်။

အိုလံပစ်ပြိုင်ပွဲနဲ့ပတ်သက်ပြီး ရှေ့ဆက်ရမယ့်အရာတွေကို သတ်မှတ်ထားတာမျိုးမရှိသေးပေမယ့် ဇူလိုင် ၂၄ ရက်မှာတော့ စတင်ကျင်းပနိုင်တော့မှာမဟုတ်ဘူးလို့ ပြောပါတယ်။

အိုလံပစ်ပွဲ ရွှေ့ဆိုင်းရေးနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီဟာ တစ်လကြာအချိန်ယူ စဉ်းစားဆုံးဖြတ်ခဲ့တာဖြစ်ပြီး မကြာမီမှာပဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်သွားဖို့ရှိနေပါတယ်။

Ref ; BBC Photo: Reuters
#VOM #voiceofmyanmar #တိုကျို #အိုလံပစ်ပြိုင်ပွဲ #တစ်နှစ်ရွှေ့ဆိုင်း

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ တုိက်ိဳအိုလံပစ္အားကစားပြဲေတာ္ကို တစ္နွစ္ေရႊ႕ဆိုင္း

တိုက်ိဳ၊ မတ္-၂၄-၂၀၂၀
မ်ိဳးဆက္ (VOM)

ကမၻာတစ္၀န္းမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ႕နွံ႕မႈေတြေၾကာင္႔ ၂၀၂၀ တိုက်ိဳအိုလံပစ္ အားကစားပြဲေတာ္ကို တစ္နွစ္ေရႊ႕ဆိုင္းလိုက္တယ္လို႔ အျပည္ျပည္ဆိုင္ရာ အိုလံပစ္ေကာ္မတီ၀င္ Dick Pound ကအတည္ျပဳ ေျပာဆိုလိုက္ပါတယ္။

ယခုနွစ္ေႏြရာသီအတြင္း ဂ်ပန္နိုင္ငံမွာက်င္းပဖို႔ စီစဥ္ထားတဲ႔ အိုလံပစ္အားကစားပြဲေတာ္ကို အားကစားအဖြဲ႔ ေစလႊတ္နိုင္မွာမဟုတ္ဘူးလို႔ ျဗိတိန္အိုလံပစ္အသင္းဥကၠဌက ေျပာၾကားလုိက္ျပီးေနာက္ အိုလံပစ္ပြဲေတာ္ ေရႊ႕ဆိုင္းတဲ႔ဆံုးျဖတ္ခ်က္ ထြက္ေပၚလာတာျဖစ္ပါတယ္။

ၾသစေၾတးလ်နဲ႔ ကေနဒါနုိင္ငံတို႔ကလည္း ဂ်ပန္မွာက်င္းပမယ္႔ အိုလံပစ္ပြဲမွာ ပါ၀င္ယွဥ္ျပိဳင္ျခင္းမျပဳဘူးလို႔ ယခင္ကတည္းက ထုတ္ျပန္ထားၾကပါတယ္။

ရရိွထားတဲ႔ သတင္းအခ်က္အလက္ေတြအေပၚ အေျခခံျပီး တိုက်ိဳအိုလံပစ္ကို ေရႊ႕ဆိုင္းဖို႔ အျပည္ျပည္ဆုိင္ရာ အိုလံပစ္ေကာ္မတီက ဆံုးျဖတ္လိုက္တာျဖစ္တယ္လို႔ Dick Pound က ယူအက္စ္ေအတူေဒးသတင္းဌာနကို ေျပာပါတယ္။

အိုလံပစ္ျပိဳင္ပြဲနဲ႔ပတ္သက္ျပီး ေရွ႕ဆက္ရမယ္႔အရာေတြကို သတ္မွတ္ထားတာမ်ိဳးမရိွေသးေပမယ္႔ ဇူလိုင္ ၂၄ ရက္မွာေတာ႔ စတင္က်င္းပနိုင္ေတာ႔မွာမဟုတ္ဘူးလို႔ ေျပာပါတယ္။

အိုလံပစ္ပြဲ ေရႊ႕ဆိုင္းေရးန႔ဲပတ္သက္ျပီး အျပည္ျပည္ဆိုင္ရာ အိုလံပစ္ေကာ္မတီဟာ တစ္လၾကာအခ်ိန္ယူ စဥ္းစားဆံုးျဖတ္ခဲ႔တာျဖစ္ျပီး မၾကာမီမွာပဲ ေၾကညာခ်က္္တစ္ရပ္ ထုတ္ျပန္သြားဖို႔ရိွေနပါတယ္။

Ref ; BBC Photo: Reuters
#VOM #voiceofmyanmar #တိုက်ိဳ #အိုလံပစ္ၿပိဳင္ပြဲ #တစ္ႏွစ္ေရႊ႕ဆုိင္း

Related posts

Leave a Comment

VOM News

FREE
VIEW