Covid-19 ကမ္ဘာ့ကပ်ရောဂါကူးစက်မှု အရှိန်မြင့်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတိပေး

Covid-19 ကမ္ဘာ့ကပ်ရောဂါကူးစက်မှု အရှိန်မြင့်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတိပေး

ဂျီနီဗာ၊ မတ်-၂၄-၂၀၂၀
မျိုးဆက် (VOM)

ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတဲ့ Covid-19 ကမ္ဘာ့ကပ်ရောဂါကူးစက်ခံရသူဦးရေဟာ လက်ရှိအချိန်ထိ သုံးသိန်းကျော်ရှိလာပြီး ကူးစက်မှုအရှိန်မြင့်မားလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက သတိပေးပြောကြားလိုက်ပါတယ်။

Covid-19 ပထမဆုံးကူးစက်ခံရသူ တစ်သိန်းဟာ ရက်ပေါင်း ၆၇ ရက်အတွင်း ဖြစ်ပေါ်ခြင်းဖြစ်ပြီး နောက်ထပ်ကူးစက်ခံရသူတစ်သိန်းဟာ ၁၁ရက်အတွင်းဖြစ်ကာ နောက်ဆုံးကူးစက်ခံရသူ တစ်သိန်းကတော့ လေးရက်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကူးစက်မှုလမ်းကြောင်းဟာ အပြောင်းအလဲဖြစ်နိုင်ဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူး တီဒရော့စ်အက်ဟာနွမ်ဂဘရေအီးဆက် ကပြောပါတယ်။

နိုင်ငံတွေအနေနဲ့ တင်းကျပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေနဲ့ ရောဂါနဲ့ဆက်နွယ်နေသူတွေကို ခြေရာကောက်ဖို့ မဟာဗျူဟာတွေကို ရွေးချယ်ဆောင်ရွက်ကြဖို့ သူကတိုက်တွန်းထားပါတယ်။

ရောဂါပြန့်နှံ့ဖြစ်ပွားမှုကို ဟန့်တားထိန်းချုပ်ဖို့ မိမိတို့အနေနဲ့ လုပ်စရာရှိတာတွေကို အကောင်းဆုံး လုပ်ဆောင်မှာဖြစ်ပြီး ဘောလုံးပွဲတစ်ပွဲကဲ့သို့ပင် ခုခံကာကွယ်နေရုံမျှဖြင့် အနိုင်ရမှာမဟုတ်ဘဲ တိုက်စစ်ဆင်သွားရမည်ဖြစ်တယ်လို့ ဖီဖာဥက္ကဌနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ပြောခဲ့တာဖြစ်ပါတယ်။

Ref: BBC Photo: AFP
#VOM #voiceofmyanmar #ဂျနီဖာ #ကိုရိုနာကူးစက်မှု #အရှိန်မြင့် #ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတိပေး

Zawgyi

Covid-19 ကမၻာ့ကပ္ေရာဂါကူးစက္မႈ အရွိန္ျမင့္လာတယ္လုိ႔ ကမၻာ့က်န္းမာေရးအဖဲြ႔သတိေပး

ဂ်ီနီဗာ၊ မတ္-၂၄-၂၀၂၀
မ်ိဳးဆက္ (VOM)

ကုိရုိနာဗုိင္းရပ္စ္္ေၾကာင္႔ျဖစ္ပြားတဲ႔ Covid-19 ကမၻာ့ကပ္ေရာဂါကူးစက္ခံရသူဦးေရဟာ လက္ရိွအခ်ိန္ထိ သံုးသိန္းေက်ာ္ရွိလာျပီး ကူးစက္မႈအရွိန္ျမင့္မားလာတယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔ အၾကီးအကဲက သတိေပးေျပာၾကားလိုက္ပါတယ္။

Covid-19 ပထမဆံုးကူးစက္ခံရသူ တစ္သိန္းဟာ ရက္ေပါင္း ၆၇ ရက္အတြင္း ျဖစ္ေပၚျခင္းျဖစ္ျပီး ေနာက္ထပ္ကူးစက္ခံရသူတစ္သိန္းဟာ ၁၁ရက္အတြင္းျဖစ္ကာ ေနာက္ဆံုးကူးစက္ခံရသူ တစ္သိန္းကေတာ႔ ေလးရက္အတြင္းမွာ ျဖစ္ပြားခဲ႔တာျဖစ္ပါတယ္။

ဒါေပမယ္႔ ကူးစက္မႈလမ္းေၾကာင္းဟာ အေျပာင္းအလဲျဖစ္ႏုိင္ဆဲျဖစ္ေၾကာင္း ကမၻာ႔က်န္းမာေရးအဖြဲ႔ ညႊန္ၾကားေရးမွဴး တီဒေရာ့စ္အက္ဟာႏြမ္ဂဘေရအီးဆက္ ကေျပာပါတယ္။

ႏုိင္ငံေတြအေနနဲ႔ တင္းက်ပ္တဲ႔ စမ္းသပ္စစ္ေဆးမႈေတြနဲ႔ ေရာဂါနဲ႔ဆက္ႏြယ္ေနသူေတြကို ေျခရာေကာက္ဖို႔ မဟာဗ်ဴဟာေတြကုိ ေရြးခ်ယ္ေဆာင္ရြက္ၾကဖို႔ သူကတိုက္တြန္းထားပါတယ္။

ေရာဂါျပန္႔ႏွံ႔ျဖစ္ပြားမႈကုိ ဟန္႔တားထိန္းခ်ဳပ္ဖို႔ မိမိတုိ႔အေနနဲ႔ လုပ္စရာရွိတာေတြကို အေကာင္းဆံုး လုပ္ေဆာင္မွာျဖစ္ျပီး ေဘာလံုးပြဲတစ္ပြဲကဲ႔သို႔ပင္ ခုခံကာကြယ္ေနရံုမွ်ျဖင္႔ အနိုင္ရမွာမဟုတ္ဘဲ တိုက္စစ္ဆင္သြားရမည္ျဖစ္တယ္လုိ႔ ဖီဖာဥကၠဌနဲ႔ ပူးတဲြသတင္းစာရွင္းလင္းပဲြမွာ ကမၻာ႔က်န္းမာေရးအဖြဲ႔အၾကီးအကဲက ေျပာခဲ့တာျဖစ္ပါတယ္။

Ref: BBC Photo: AFP
#VOM #voiceofmyanmar #ဂ်နီဖာ #ကိုရိုနာကူးစက္မွဳ #အရိွန္ျမင့္ #ကမာၻ႕က်န္းမာေရးအဖြဲ႔သတိေပး

Related posts

Leave a Comment

VOM News

FREE
VIEW