ကိုဗစ် ၁၉ ရောဂါကာလအတွင်း ဧည့်လမ်းညွှန်တွေနဲ့ တစ်ကိုယ်ရည်ကာကွယ်ခြင်း အထူးဂရုစိုက်ဖို့လိုအပ်

ကိုဗစ် ၁၉ ရောဂါကာလအတွင်း ဧည့်လမ်းညွှန်တွေနဲ့ တစ်ကိုယ်ရည်ကာကွယ်ခြင်း အထူးဂရုစိုက်ဖို့လိုအပ်

ရန်ကုန် ၊ မတ် ၂၈-၂၀၂၀
သိဂီ ၤ(VOM)

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူနဲ့ ကားတစ်စီးတည်းအတူစီးမိရင် ရောဂါကူးစက်နိုင်ချေများတဲ့အတွက် ဧည့်လမ်းညွှန်တွေအနေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ တစ်ကိုယ်ရည်ကာကွယ်မှုတွေကို အထူးဂရုစိုက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းက သတိပေးပြောဆိုလိုက်ပါတယ်။

“နည်းနည်းလေး သတိထားပြီးတော့ ခပ်လှမ်းလှမ်းနေတာတို့ ဒါပေမယ့်လည်း အလုပ်သဘာ၀ ကားတစ်စီးတည်း အတူစီးရတယ်။ အဲယားကွန်းကလည်း မဖွင့်လို့မရဘူး ဒီလိုအခြေအနေမှာ တစ်ကိုယ်ရည်ကာကွယ်မှုကို သေချာဂရုစိုက်ဖို့လိုအပ်တယ်။ တစ်ကိုယ်ရည်ကာကွယ်မှု ဘယ်လောက်ပဲလုပ်ထားလည်း ရောဂါပိုးရှိသူနဲ့ တစ်စီးတည်း အတူစီးမိတယ်ဆိုရင် ရောဂါပိုးကူးစက်ခံရနိုင်မှုက များတယ်။ လေယာဉ်တွေလည်းပါမယ်။ ဖြစ်ချင်မှတော့ဖြစ်မယ် ဖြစ်နိုင်ချေများတယ်။ အလုပ်သဘာဝဖြစ်တော့ ထမင်းစားတာဘာညာ ခွဲစားလို့ရပေမယ့် ခရီးသွားရင် ကားတစ်စီးတည်း စီးရတယ်။ ဝန်ဆောင်မှုပေးတဲ့အခါလည်း အကွာအဝေး ကွာပြောဖို့ကလည်း သိပ်အဆင်မပြေဘူး။”လို့ ဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းကပြောပါတယ်။

ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလမှာ ဧည့်လမ်းညွှန်ဝန်ဆောင်မှုတွေကို လိုက်သင့် မလိုက်သင့်ဆိုတာကိုတော့ ကန့်သတ်လို့မရကြောင်း ၊ တကယ်လို့စားဝတ်နေရေးအတွက် မဖြစ်မနေ လုပ်ဆောင်ဖို့လိုအပ်ခဲ့ရင် တစ်ကိုယ်ရည်သန့်ရှင်းမှု ၊ တစ်ကိုယ်ရည်ကာကွယ်မှုကို မဖြစ်မနေ လုပ်ဆောင်သင့်တယ်လို့ ဧည့်လမ်းညွန်းအသင်းကပြောပါတယ်။

ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိတဲ့ ထပ်တိုးလူနာ ၃ ဦးထဲမှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ထဲက ပြင်သစ်ဧည့်လမ်းညွှန်တစ်ဦးပါဝင်ခဲ့တဲ့အတွက် ဧည့်လမ်းညွှန်တွေကို အထူးဂရုစိုက်ဖို့ ခုလိုပြောဆိုထားတာ ဖြစ်ပါတယ်။

ရောဂါပိုးတွေ့ရှိတဲ့ဧည့်လမ်းညွှန်ဟာ ဧည့်သည်ဆီကနေ ရောဂါကူးစက်ခံရသလား ဒါမှမဟုတ် ပြည်တွင်းက ကိုယ့်လူအချင်းချင်းဆီကပဲ ကူးစက်ခံရသလားဆိုတာတာ့ မသိရသေးပါဘူး။ တကယ်လို့ ဧည့်သည်ဆီက ကူးစက်တာမဟုတ်ပဲ ပြည်တွင်းကပဲ ကူးစက်တယ်ဆိုပါက အခြေအနေတွေ ပိုရှုပ်ထွေးသွားနိုင်တယ်လို့လည်း ဧည့်လမ်းညွန်အသင်းက ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း နိုင်ငံတကာခရီးသွားဧည့်သည် အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုရှိတဲ့နိုင်ငံတွေက ဧည့်သည်တွေကို ဧည့်လမ်းညွှန်ဝန်ဆောင်မှုပေးခဲ့တဲ့ ဧည့်လမ်းညွှန်တွေအနေနဲ့ အိမ်ထဲမှာသာနေထိုင်ပြီး တစ်ကိုယ်ရေသန့်ရှင်ရေးကို အထူးသတိပြုခြင်း ၊ နေအိမ်အနီးပတ်ဝန်ကျင်းမှာ မိသားစုဝင် ဒါမှမဟုတ် တခြားသူတွေနဲ့ နီးနီးစပ်စပ်နေထိုင်မှု မပြုလုပ်ဘဲ အသုံးအဆောင်ပစ္စည်းကအစ သီးသန့်အသုံးပြုသင့်တယ်လို့ ဒီကနေ့ မတ်လ ၂၈ ရက်နေ့မှာ စာထုတ်ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျန်းမာရေးသံသယဖြစ်ဖွယ်ရာရှိလာခဲ့ရင်လည်း ကျန်းမာရေးဌာနမှာ အမြန်ဆုံးကုသမှုခံယူပါလို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ရောဂါပိုးတွေ့ရှိခဲ့တဲ့ ပြင်သစ်ဧည့်လမ်းညွှန်ဟာ မတ်လ ၁၄ ရက်ကနေ ၁၉ ရက်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ မန္တလေးမြို့က ရွှေကျောင်း ၊ ကျောက်စိမ်းဈေး၊ မဟာမုနိ၊ အောင်နန်း လက်မှုပစ္စည်းဆိုင် ၊ အင်း၀ ၊ စစ်ကိုင်းတောင် ၊ ဦးပိန်တံတား ၊ ရွှေပြားခတ်၊ ငွေထည်လုပ်ငန်း (စစ်ကိုင်း) ၊ မုံရွာ ၊ဗိုလ်ဝင်တောင် ၊ ရွှေဘတောင် ၊ပခုက္ကူ ၊ ပုဂံ ၊ သမ္ဗုဒ္ဓေ၊ ဗောဓိတစ်ထောင် ၊ လည်ပတ် (မော်တော်ယာဉ်) ပုပ္ပား၊ ကလော တို့ကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

သွားရောက်လည်ပတ်ခဲ့တဲ့နေရာတွေက ဟိုတယ်တွေကိုတော့ ပိုးသတ်ဆေးဖြန်ခြင်း ၊ ဝန်ထမ်းတွေကို ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ခြင်း တွေပြုလုပ်နေပြီး လတ်တလော သတင်းတွေအရ ကလောက ဟိုတယ်ကိုတော့ လော့ခ်ဒေါင်း လုပ်ထားတယ်လို့သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသူ ၈ ဦးအထိရှိလာနေပြီး ရန်ကုန်မှာ ၅ ယောက်၊ တီးတိန်မှာ တစ်ယောက် ၊ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ တစ်ယောက် ၊ မန္တလေး ကန်တော်နဒီဆေးရုံမှာ တစ်ယောက်ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံကိုတော့ အလည်ပတ်လာရောက်မယ့် ခရီးသွားဧည့်သည့်ဝင်ရောက်မှု ရာခိုင်နှုန်းနီးပါး ရပ်ဆိုင်းနေပြီလို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ဧည့်လမ်းညွန် #ဧည့်ဝင်ရောက်မှု #ရာနူန်းပြည့်နီးပါးရပ်

Zawgyi

ကိုဗစ္ ၁၉ ေရာဂါကာလအတြင္း ဧည့္လမ္းညႊန္ေတြနဲ႔ တစ္ကိုယ္ရည္ကာကြယ္ျခင္း အထူးဂရုစိုက္ဖုိ႔လိုအပ္

ရန္ကုန္ ၊ မတ္ ၂၈-၂၀၂၀
သိဂီ ၤ(VOM)

ကုိရုိနာဗုိင္းရပ္စ္ေရာဂါပုိး ကူးစက္ခံရသူနဲ႔ ကားတစ္စီးတည္းအတူစီးမိရင္ ေရာဂါကူးစက္ႏုိင္ေခ်မ်ားတဲ့အတြက္ ဧည့္လမ္းညႊန္ေတြအေနနဲ႔ တစ္ကုိယ္ရည္သန္႔ရွင္းေရး၊ တစ္ကိုယ္ရည္ကာကြယ္မႈေတြကို အထူးဂရုစုိက္လုပ္ေဆာင္ဖုိ႔ လိုအပ္တယ္လို႔ ျမန္မာႏုိင္ငံဧည့္လမ္းညႊန္မ်ားအသင္းက သတိေပးေျပာဆုိလုိက္ပါတယ္။

“နည္းနည္းေလး သတိထားၿပီးေတာ့ ခပ္လွမ္းလွမ္းေနတာတုိ႔ ဒါေပမယ့္လည္း အလုပ္သဘာ၀ ကားတစ္စီးတည္း အတူစီးရတယ္။ အဲယားကြန္းကလည္း မဖြင့္လုိ႔မရဘူး ဒီလိုအေျခအေနမွာ တစ္ကုိယ္ရည္ကာကြယ္မႈကုိ ေသခ်ာဂရုစိုက္ဖုိ႔လိုအပ္တယ္။ တစ္ကုိယ္ရည္ကာကြယ္မႈ ဘယ္ေလာက္ပဲလုပ္ထားလည္း ေရာဂါပိုးရွိသူနဲ႔ တစ္စီးတည္း အတူစီးမိတယ္ဆုိရင္ ေရာဂါပုိးကူးစက္ခံရႏုိင္မႈက မ်ားတယ္။ ေလယာဥ္ေတြလည္းပါမယ္။ ျဖစ္ခ်င္မွေတာ့ျဖစ္မယ္ ျဖစ္ႏုိ္င္ေခ်မ်ားတယ္။ အလုပ္သဘာ၀ျဖစ္ေတာ့ ထမင္းစားတာဘာညာ ခြဲစားလုိ႔ရေပမယ့္ ခရီးသြားရင္ ကားတစ္စီးတည္း စီးရတယ္။ ၀န္ေဆာင္မႈေပးတဲ့အခါလည္း အကြာအေ၀း ကြာေျပာဖုိ႔ကလည္း သိပ္အဆင္မေျပဘူး။”လို႔ ဧည့္လမ္းညႊန္အသင္းဥကၠ႒ ဦးေအာင္ထြန္းလင္းကေျပာပါတယ္။

ကိုဗစ္ ၁၉ ေရာဂါျဖစ္ပြားေနတဲ့ကာလမွာ ဧည့္လမ္းညႊန္၀န္ေဆာင္မႈေတြကုိ လုိက္သင့့္ မလိုက္သင့္ဆိုတာကိုေတာ့ ကန္႔သတ္လုိ႔မရေၾကာင္း ၊ တကယ္လုိ႔စား၀တ္ေနေရးအတြက္ မျဖစ္မေန လုပ္ေဆာင္ဖို႔လိုအပ္ခဲ့ရင္ တစ္ကုိယ္ရည္သန္႔ရွင္းမႈ ၊ တစ္ကုိယ္ရည္ကာကြယ္မႈကို မျဖစ္မေန လုပ္ေဆာင္သင့္တယ္လို႔ ဧည့္လမ္းညြန္းအသင္းကေျပာပါတယ္။

ကိုဗစ္ ၁၉ ေရာဂါပုိးေတြ႔ရွိတဲ့ ထပ္တုိးလူနာ ၃ ဦးထဲမွာ ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္ထဲက ျပင္သစ္ဧည့္လမ္းညႊန္တစ္ဦးပါ၀င္ခဲ့တဲ့အတြက္ ဧည့္လမ္းညႊန္ေတြကို အထူးဂရုစုိက္ဖုိ႔ ခုလုိေျပာဆုိထားတာ ျဖစ္ပါတယ္။

ေရာဂါပိုးေတြ႔ရွိတဲ့ဧည့္လမ္းညႊန္ဟာ ဧည့္သည္ဆီကေန ေရာဂါကူးစက္ခံရသလား ဒါမွမဟုတ္ ျပည္တြင္းက ကိုယ့္လူအခ်င္းခ်င္းဆီကပဲ ကူးစက္ခံရသလားဆိုတာတာ့ မသိရေသးပါဘူး။ တကယ္လို႔ ဧည့္သည္ဆီက ကူးစက္တာမဟုတ္ပဲ ျပည္တြင္းကပဲ ကူးစက္တယ္ဆိုပါက အေျခအေနေတြ ပိုရႈပ္ေထြးသြားနိုင္တယ္လို႔လည္း ဧည့္လမ္းညြန္အသင္းက ေျပာဆုိထားတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ၿပီးခဲ့တဲ့ ၁၄ ရက္အတြင္း ႏုိင္ငံတကာခရီးသြားဧည့္သည္ အထူးသျဖင့္ ကိုရုိနာဗုိင္းရပ္စ္ကူးစက္ျပန္႔ပြားမႈရွိတဲ့ႏုိင္ငံေတြက ဧည့္သည္ေတြကို ဧည့္လမ္းညႊန္၀န္ေဆာင္မႈေပးခဲ့တဲ့ ဧည့္လမ္းညႊန္ေတြအေနနဲ႔ အိိမ္ထဲမွာသာေနထုိင္ၿပီး တစ္ကုိယ္ေရသန္႔ရွင္ေရးကို အထူးသတိျပဳျခင္း ၊ ေနအိမ္အနီးပတ္၀န္က်င္းမွာ မိသားစု၀င္ ဒါမွမဟုတ္ တျခားသူေတြနဲ႔ နီးနီးစပ္စပ္ေနထိုင္မႈ မျပဳလုပ္ဘဲ အသုံးအေဆာင္ပစၥည္းကအစ သီးသန္႔အသုံးျပဳသင့္တယ္လို႔ ဒီကေန႔ မတ္လ ၂၈ ရက္ေန႔မွာ စာထုတ္ျပန္ေျပာဆိုထားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ က်န္းမာေရးသံသယျဖစ္ဖြယ္ရာရွိလာခဲ့ရင္လည္း က်န္းမာေရးဌာနမွာ အျမန္ဆုံးကုသမႈခံယူပါလို႔လည္း ထုတ္ျပန္ခ်က္မွာပါရိွပါတယ္။

ေရာဂါပုိးေတြ႔ရွိခဲ့တဲ့ ျပင္သစ္ဧည့္လမ္းညႊန္ဟာ မတ္လ ၁၄ ရက္ကေန ၁၉ ရက္အတြင္း ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္ ၊ မႏၱေလးၿမိဳ႕က ေရႊေက်ာင္း ၊ ေက်ာက္စိမ္းေစ်း၊ မဟာမုနိ၊ ေအာင္နန္း လက္မႈပစၥည္းဆုိင္ ၊ အင္း၀ ၊ စစ္ကုိင္းေတာင္ ၊ ဦးပိန္တံတား ၊ ေရႊျပားခတ္၊ ေငြထည္လုပ္ငန္း (စစ္ကုိင္း) ၊ မုံရြာ ၊ဗုိလ္၀င္ေတာင္ ၊ ေရႊဘေတာင္ ၊ပခုကၠဴ ၊ ပုဂံ ၊ သမၺဳေဒၶ၊ ေဗာဓိတစ္ေထာင္ ၊ လည္ပတ္ (ေမာ္ေတာ္ယာဥ္) ပုပၸား၊ ကေလာ တုိ႔ကို သြားေရာက္လည္ပတ္ခဲ့တာ ျဖစ္ပါတယ္။

သြားေရာက္လည္ပတ္ခဲ့တဲ့ေနရာေတြက ဟိုတယ္ေတြကုိေတာ့ ပိုးသတ္ေဆးျဖန္ျခင္း ၊ ၀န္ထမ္းေတြကို က်နး္မာေရးေစာင့္ေရွာက္မႈျပဳလုပ္ျခင္း ေတြျပဳလုပ္ေနၿပီး လတ္တေလာ သတင္းေတြအရ ကေလာက ဟိုတယ္ကိုေတာ့ ေလာ့ခ္ေဒါင္း လုပ္ထားတယ္လို႔သိရပါတယ္။

လက္ရွိျမန္မာႏုိင္ငံမွာ ကုိဗစ္ ၁၉ ေရာဂါပုိးကူးစက္ခံရသူ ၈ ဦးအထိရွိလာေနၿပီး ရန္ကုန္မွာ ၅ ေယာက္၊ တီးတိန္မွာ တစ္ေယာက္ ၊ ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆးရုံမွာ တစ္ေယာက္ ၊ မႏၱေလး ကန္ေတာ္နဒီေဆးရုံမွာ တစ္ေယာက္ျဖစ္ပါတယ္။

လက္ရွိျမန္မာႏုိင္ငံကုိေတာ့ အလည္ပတ္လာေရာက္မယ့္ ခရီးသြားဧည့္သည့္၀င္ေရာက္မႈ ရာခုိင္နႈန္းနီးပါး ရပ္ဆုိင္းေနၿပီလုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ဧည့္လမ္းညြန္ #ဧည့္ဝင္ေရာက္မွဳ #ရာႏူန္းျပည့္နီးပါးရပ္

Related posts

Leave a Comment

VOM News

FREE
VIEW