မန္တလေးဈေးချိုတော်ကို COVID-19 ကာကွယ်ရေးအတွက် ယာယီပိတ်

မန္တလေးဈေးချိုတော်ကို COVID-19 ကာကွယ်ရေးအတွက် ယာယီပိတ်

မန္တလေး၊ မတ် ၂၈-၂၀၂၀
လင်းခိုင်(VOM)

မန္တလေးမြို့က ကုန်အရောင်းအဝယ်အများအပြားပြုလုပ်နေတဲ့ ဈေးချိုတော်ကို COVID-19ရောဂါကြိုတင်ကာကွယ်ရေးအနေနဲ့ မတ်လ (၂၉)ရက်နေ့ကနေစပြီး ခေတ္တယာယီပိတ်သိမ်းလိုက်ပြီလို့ အဆင့်မြင့်ဈေးချိုတော်နှင့်တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ကပြောပါတယ်။

“လတ်တလောအနေအထားအရ COVID-19ဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေးမှာ အထောက်အကူဖြစ်ရေရည်ရွယ်ချက်နဲ့ ပိတ်ရခြင်းဖြစ်ပါတယ်။ ဈေးသူဈေးသားတွေကိုလည်း ဒီဟာနဲ့ပတ်သက်ပြီး သဘောပေါက်နားလည်အောင်ရှင်းပြပြီး ဖြစ်ပါတယ်”လို့ အဆင့်မြင့်ဈေးချိုတော်နှင့်တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမင်းထွန်းကပြောပါတယ်။

ဈေးချိုတော်အတွင်းက လူသုံးကုန်ပစ္စည်းတွေနဲ့ အထည်အလိပ်တန်းတွေကို ပိတ်လိုက်ပေမယ့် အသား၊ငါးနဲ့ အစားအသောက်တန်းကို အချိန်အကန့်အသတ်ပုံစံနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ဈေးချို #ယာယီပိတ်

Zawgyi

မႏၲေလးေဈးခ်ိဳေတာ္ကို COVID-19 ကာကြယ္ေရးအတြက္ ယာယီပိတ္

မႏၲေလး၊ မတ္ ၂၈-၂၀၂၀
လင္းခိုင္(VOM)

မႏၲေလးၿမိဳ႕က ကုန္အေရာင္းအ၀ယ္အမ်ားအျပားျပဳလုပ္ေနတဲ့ ေဈးခ်ိဳေတာ္ကို COVID-19ေရာဂါႀကိဳတင္ကာကြယ္ေရးအေနနဲ႔ မတ္လ (၂၉)ရက္ေန႔ကေနစၿပီး ေခတၱယာယီပိတ္သိမ္းလိုက္ၿပီလို႔ အဆင့္ျမင့္ေဈးခ်ိဳေတာ္ႏွင့္တိုက္တန္းႀကီး ေဈးအက်ိဳးေတာ္ေဆာင္အဖြဲ႕ကေျပာပါတယ္။

“လတ္တေလာအေနအထားအရ COVID-19ဗိုင္းရပ္စ္ ထိန္းခ်ဳပ္ႏိုင္ေရးမွာ အေထာက္အကူျဖစ္ေရရည္႐ြယ္ခ်က္နဲ႔ ပိတ္ရျခင္းျဖစ္ပါတယ္။ ေဈးသူေဈးသားေတြကိုလည္း ဒီဟာနဲ႔ပတ္သက္ၿပီး သေဘာေပါက္နားလည္ေအာင္ရွင္းျပၿပီး ျဖစ္ပါတယ္”လို႔ အဆင့္ျမင့္ေဈးခ်ိဳေတာ္ႏွင့္တိုက္တန္းႀကီး ေဈးအက်ိဳးေတာ္ေဆာင္အဖြဲ႕ အတြင္းေရးမႉး ဦးမ်ိဳးမင္းထြန္းကေျပာပါတယ္။

ေဈးခ်ိဳေတာ္အတြင္းက လူသုံးကုန္ပစၥည္းေတြနဲ႔ အထည္အလိပ္တန္းေတြကို ပိတ္လိုက္ေပမယ့္ အသား၊ငါးနဲ႔ အစားအေသာက္တန္းကို အခ်ိန္အကန႔္အသတ္ပုံစံနဲ႔ ေရာင္းခ်ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #ေဈးခ်ိဳ #ယာယီပိတ္

Related posts

Leave a Comment

VOM News

FREE
VIEW