ရန်ကုန်တိုင်းထဲက စားသောက်ဆိုင် ၊ လက်ဘက်ရည်ဆိုင်အပါအဝင် အသုပ်မျိုးစုံဆိုင်အားလုံး ပါဆယ်စနစ်ရောင်းချဖို့ စတင်ဆောင်ရွက်

ရန်ကုန်တိုင်းထဲက စားသောက်ဆိုင် ၊ လက်ဘက်ရည်ဆိုင်အပါအဝင် အသုပ်မျိုးစုံဆိုင်အားလုံး ပါဆယ်စနစ်ရောင်းချဖို့ စတင်ဆောင်ရွက်

ရန်ကုန်၊ မတ် ၂၈-၂၀၂၀
သိဂီ ၤ(VOM)

ရန်ကုန်တိုင်းထဲက စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်အပါအဝင် အသုပ်မျိုးစုံဆိုင် ၊ ကွမ်းယာဆိုင် အားလုံးကို ဒီကနေ့ မတ်လ ၂၈ ရက်နေ့ကစတင်ပြီး ပါဆယ်စနစ်ဖြင့်သာရောင်းချဖို့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တွေပါဝင်ဖွဲ့စည်းထားတဲ့ မြို့နယ်အလိုက် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးပူးပေါင်းကော်မတီက စတင်လုပ်ဆောင်နေပါတယ်။

လတ်တလောမှာ ရန်ကုန်တိုင်းအစိုးရအနေနဲ့ တရားဝင်စာထုတ်ပြန်ကန့်သတ်မှုမရှိသေးတဲ့အတွက် ဆိုင်တွေကို ပါဆယ်စနစ်နဲ့ရောင်းချဖို့ကို မေတ္တာရပ်ခံ တိုက်တွန်းတဲ့အနေနဲ့သာ အသိပေးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်က ပြောပါတယ်။

“မန္တလေးမှာက ဝန်ကြီးချုပ်ကိုယ်တိုင်က တရားဝင်စာထုတ်တယ်။ ရန်ကုန်မှာတော့ ဝန်ကြီးချုပ်က မထုတ်ပြန်သေးတာ့ သက်ဆိုင်ရာမြို့နယ်တွေမှာ ရောင်းတဲ့သူ ၃ ပေအကွာကနေ ရောင်းဖို့ဝယ်ဖို့။ စားသောက်ဆိုင်တွေအကုန်လုံး ပါဆယ်နဲ့ရောင်းဖို့ပေ့ါ။ မေတ္တာရပ်ခံတဲ့အဆင့် အသိစိတ်ဓာတ်နဲ့ လုပ်ဖို့တိုက်တွန်းတာ စတင်လုပ်တာပါ။ အဲ့ဒါက မန္တလေးနဲ့ရန်ကုန် မတူတာလေးတွေပေါ့။ ရန်ကုန်တိုင်းက နောက်ပိုင်း တိုင်းကစာထွက်လာရင်တော့ လုပ်မယ်ပေါ့။ လောလောဆယ်တော့ ကူးစက်မှုပျံ့ပွားမှုနည်းဖို့ လုပ်တာပါ။ ကိုယ်စားလှယ်တွေစုပြီး အစည်းအဝေးလုပ်တယ်။ မြို့နယ်အလိုက်လုပ်ဖို့ ဆွေးနွေးကြတယ်။”လို့ ဦးနေမျိုးထက်ကပြောပါတယ်။

ပါဆယ်စနစ်ရောင်းချမယ့်အစီအစဉ်ကို ကနဦးအနေနဲ့ တောင်ဥက္ကလာပမြို့နယ် ၊ ကျောက်တံတားမြို့နယ် ၊ ပုဇွန်တောင်မြို့နယ်တွေမှာ ဒီကနေ့ စတင်ဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။

မြို့နယ်တစ်ခုနှစ်တစ်ခု လုပ်ဆောင်ပုံ မတူညီနိုင်ကြောင်း ၊ တချို့မြို့နယ်တွေက စာထုတ်ပြန်တာရှိသလို တချို့မြို့နယ်တွေက မြို့နယ်၊ရပ်ကွက်အတွင်း အသိပေးလိုက်လံ ပြောဆိုတာတွေပြုလုပ်သွားမှာဖြစ်ပါတယ်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အကြောင်းကြားမယ်။ ဒီည ရပ်ကွက်တွင်းလိုက်အော်လိမ့်မယ်။ တရားဝင်စာထုတ်တာတော့မရှိဘူး။ ရပ်ကွက်အလိုက် ဒီညစအော်မယ်။ ပါဆယ်ပဲရောင်းပေးဖို့ ။ မြို့နယ်အလိုက်ကော်မတီမှာ ကိုယ်စားလှယ်တွေက နာယကအဖြစ်ပါတယ်။ ကိုယ့်မြို့နယ်အလိုက် အစည်းအဝေးလုပ်ပြီး လုပ်တဲ့ပုံစံပါ။ ကျနော်တို့မြို့နယ်မှာ ဆိုင်တော်တော်များများ ပိတ်သွားပြီ။ ဆိုင်ထိုင်တဲ့သူလည်း ရှားသွားပါတယ်။ စာမထုတ်ဖြစ်တာပဲရှိပါတယ်။ လိုက်အော်တာတွေတော့ လုပ်ပါတယ်။ လုပ်တဲ့ပုံစံကတော့ တစ်မြို့နယ်နဲ့တစ်မြို့နယ် နည်းနည်းကွဲတာပေါ့။”လို့ တောင်ဥက္ကလာမမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောရန်နိုင်က ပြောပါတယ်။

ဒါကြောင့် စားသောက်ဆိုင် ၊ လက်ဘက်ရည်ဆိုင်အပါအဝင် အားလုံးအနေနဲ့ ဆိုင်ထိုင်စားသောက်ခြင်းကို မပြုလုပ်ဘဲ ပါဆယ်စနစ်သာရောင်းချပေးဖို့ ရောင်းချတဲ့အခါ ပစ္စည်းပေးခြင်း ၊ငွေယူခြင်းကိစ္စရပ်တွေလုပ်ဆောင်ရာမှာလည်း ၃ ပေအကွာအဝေး ဆောင်ရွက်ဖို့လိုအပ်တာဖြစ်ပါတယ်။

ရန်ကုန်မြို့ဟာ စီးပွားရေးမြို့တော်ဖြစ်တာကြောင့် လုပ်ငန်းစဉ်တွေကို တစ်ဆင့်ချင်း လုပ်ဆောင်သွားနေရကြောင်း ၊ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်လာရင်တော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို တင်ပြတာတွေ လုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ မြို့နယ်အလိုက် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ် ကုသရေးပူးပေါင်းကော်မတီတွေ ဖွဲ့စည်းထားပါတယ်။ ဒီကော်မတီမှာ လွှတ်တော်ကိုယ်စားလှယ်တွေက နယကအဖြစ်ပါဝင်နေပြီး မြို့နယ်ထွေအုပ်က ဥက္ကဋ္ဌ ၊မြို့နယ်ကျန်းမာရေးအဖွဲ့ဝင် ၊ အတွင်းရေးမှူး၊ ရဲတပ်ဖွဲ့ ၊မြို့နယ်စည်ပင် ၊ ခရိုင်ဈေးများဌာန၊ မြို့နယ်လဝက ၊မြို့နယ်မီးသတ် ၊ ပညာရေးဌာနပေါင်းစုံပါဝင်ပါတယ်။

Photo – မြင့်မြတ်သူ
#VOM #voiceofmyanmar #ရန်ကုန် #စားသောက်ဆိုင် #ပါဆယ်စနစ်

Zawgyi

ရန္ကုန္တုိင္းထဲက စားေသာက္ဆုိင္ ၊ လက္ဘက္ရည္ဆုိင္အပါအ၀င္ အသုပ္မ်ိဳးစုံဆုိင္အားလုံး ပါဆယ္စနစ္ေရာင္းခ်ဖို႔ စတင္ေဆာင္ရြက္

ရန္ကုန္၊ မတ္ ၂၈-၂၀၂၀
သိဂီ ၤ(VOM)

ရန္ကုန္တုိင္းထဲက စားေသာက္ဆုိင္၊ လက္ဘက္ရည္ဆုိင္အပါအ၀င္ အသုပ္မ်ိဳးစုံဆုိင္ ၊ ကြမ္းယာဆုိင္ အားလုံးကို ဒီကေန႔ မတ္လ ၂၈ ရက္ေန႔ကစတင္ၿပီး ပါဆယ္စနစ္ျဖင့္သာေရာင္းခ်ဖုိ႔ ျပည္သူလႊတ္ေတာ္ကုိယ္စားလွယ္ေတြပါ၀င္ဖြဲ႔စည္းထားတဲ့ ၿမိဳ႕နယ္အလုိက္ ကုိဗစ္ ၁၉ ကာကြယ္ထိန္းခ်ဳပ္ကုသေရးပူးေပါင္းေကာ္မတီက စတင္လုပ္ေဆာင္ေနပါတယ္။

လတ္တေလာမွာ ရန္ကုန္တုိင္းအစိုးရအေနနဲ႔ တရား၀င္စာထုတ္ျပန္ကန္႔သတ္မႈမရွိေသးတဲ့အတြက္ ဆုိင္ေတြကုိ ပါဆယ္စနစ္နဲ႔ေရာင္းခ်ဖို႔ကုိ ေမတၱာရပ္ခံ တုိက္တြန္းတဲ့အေနနဲ႔သာ အသိေပးလုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ေက်ာက္တံတားၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေနမ်ိဳးထက္က ေျပာပါတယ္။

“မႏၱေလးမွာက ၀န္ႀကီးခ်ဳပ္ကိုယ္တုိင္က တရား၀င္စာထုတ္တယ္။ ရန္ကုန္မွာေတာ့ ၀န္ႀကီးခ်ဳပ္က မထုတ္ျပန္ေသးတာ့ သက္ဆုိင္ရာၿမိဳ႕နယ္ေတြမွာ ေရာင္းတဲ့သူ ၃ ေပအကြာကေန ေရာင္းဖုိ႔၀ယ္ဖုိ႔။ စားေသာက္ဆုိင္ေတြအကုန္လုံး ပါဆယ္နဲ႔ေရာင္းဖုိ႔ေပ့ါ။ ေမတၱာရပ္ခံတဲ့အဆင့္ အသိစိတ္ဓာတ္နဲ႔ လုပ္ဖုိ႔တုိက္တြန္းတာ စတင္လုပ္တာပါ။ အဲ့ဒါက မႏၱေလးနဲ႔ရန္ကုန္ မတူတာေလးေတြေပါ့။ ရန္ကုန္တုိင္းက ေနာက္ပုိင္း တုိင္းကစာထြက္လာရင္ေတာ့ လုပ္မယ္ေပါ့။ ေလာေလာဆယ္ေတာ့ ကူးစက္မႈပ်႕ံပြားမႈနည္းဖို႔ လုပ္တာပါ။ ကုိယ္စားလွယ္ေတြစုၿပီး အစည္းအေ၀းလုပ္တယ္။ ၿမိဳ႕နယ္အလိုက္လုပ္ဖို႔ ေဆြးေႏြးၾကတယ္။”လုိ႔ ဦးေနမ်ိဳးထက္ကေျပာပါတယ္။

ပါဆယ္စနစ္ေရာင္းခ်မယ့္အစီအစဥ္ကုိ ကနဦးအေနနဲ႔ ေတာင္ဥကၠလာပၿမိဳ႕နယ္ ၊ ေက်ာက္တံတားၿမိဳ႕နယ္ ၊ ပုဇြန္ေတာင္ၿမိဳ႕နယ္ေတြမွာ ဒီကေန႔ စတင္ေဆာင္ရြက္မႈေတြ ျပဳလုပ္ေနပါတယ္။

ၿမိဳ႕နယ္တစ္ခုႏွစ္တစ္ခု လုပ္ေဆာင္ပုံ မတူညီႏုိင္ေၾကာင္း ၊ တခ်ိဳ႕ၿမိဳ႕နယ္ေတြက စာထုတ္ျပန္တာရွိသလို တခ်ိဳ႕ၿမိဳ႕နယ္ေတြက ၿမိဳ႕နယ္၊ရပ္ကြက္အတြင္း အသိေပးလိုက္လံ ေျပာဆိုတာေတြျပဳလုပ္သြားမွာျဖစ္ပါတယ္။

“ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြက အေၾကာင္းၾကားမယ္။ ဒီည ရပ္ကြက္တြင္းလိုက္ေအာ္လိမ့္မယ္။ တရား၀င္စာထုတ္တာေတာ့မရွိဘူး။ ရပ္ကြက္အလုိက္ ဒီညစေအာ္မယ္။ ပါဆယ္ပဲေရာင္းေပးဖုိ႔ ။ ၿမိဳ႕နယ္အလိုက္ေကာ္မတီမွာ ကုိယ္စားလွယ္ေတြက နာယကအျဖစ္ပါတယ္။ ကုိယ့္ၿမိဳ႕နယ္အလိုက္ အစည္းအေ၀းလုပ္ၿပီး လုပ္တဲ့ပုံစံပါ။ က်ေနာ္တုိ႔ၿမိဳ႕နယ္မွာ ဆုိင္ေတာ္ေတာ္မ်ားမ်ား ပိတ္သြားၿပီ။ ဆုိင္ထိုင္တဲ့သူလည္း ရွားသြားပါတယ္။ စာမထုတ္ျဖစ္တာပဲရွိပါတယ္။ လိုက္ေအာ္တာေတြေတာ့ လုပ္ပါတယ္။ လုပ္တဲ့ပုံစံကေတာ့ တစ္ၿမိဳ႕နယ္နဲ႔တစ္ၿမိဳ႕နယ္ နည္းနည္းကြဲတာေပါ့။”လို႔ ေတာင္ဥကၠလာမၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကုိယ္စားလွယ္ ေဒါက္တာေစာရန္ႏုိင္က ေျပာပါတယ္။

ဒါေၾကာင့္ စားေသာက္ဆုိင္ ၊ လက္ဘက္ရည္ဆုိင္အပါအ၀င္ အားလုံးအေနနဲ႔ ဆုိင္ထုိင္စားေသာက္ျခင္းကုိ မျပဳလုပ္ဘဲ ပါဆယ္စနစ္သာေရာင္းခ်ေပးဖို႔ ေရာင္းခ်တဲ့အခါ ပစၥည္းေပးျခင္း ၊ေငြယူျခင္းကိစၥရပ္ေတြလုပ္ေဆာင္ရာမွာလည္း ၃ ေပအကြာအေ၀း ေဆာင္ရြက္္ဖို႔လိုအပ္တာျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕ဟာ စီးပြားေရးၿမိဳ႕ေတာ္ျဖစ္တာေၾကာင့္ လုပ္ငန္းစဥ္ေတြကို တစ္ဆင့္ခ်င္း လုပ္ေဆာင္သြားေနရေၾကာင္း ၊ အေရးေပၚလုပ္ေဆာင္ဖုိ႔ လုိအပ္လာရင္ေတာ့ ရန္ကုန္တုိင္းအစိုးရအဖြဲ႔ကို တင္ျပတာေတြ လုပ္သြားမွာျဖစ္တယ္လို႔သိရပါတယ္။

လက္ရွိမွာေတာ့ ၿမိဳ႕နယ္အလုိက္ ကုိဗစ္ ၁၉ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးပူးေပါင္းေကာ္မတီေတြ ဖြဲ႔စည္းထားပါတယ္။ ဒီေကာ္မတီမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက နယကအျဖစ္ပါ၀င္ေနၿပီး ၿမိဳ႕နယ္ေထြအုပ္က ဥကၠ႒ ၊ၿမိဳ႕နယ္က်န္းမာေရးအဖြဲ႔၀င္ ၊ အတြင္းေရးမွဴး၊ ရဲတပ္ဖြဲ႔ ၊ၿမိဳ႕နယ္စည္ပင္ ၊ ခရုိင္ေစ်းမ်ားဌာန၊ ၿမိဳ႕နယ္လ၀က ၊ၿမိဳ႕နယ္မီးသတ္ ၊ ပညာေရးဌာနေပါင္းစုံပါ၀င္ပါတယ္။

Photo – ျမင့္ျမတ္သူ
#VOM #voiceofmyanmar #ရန္ကုန္ #စားေသာက္ဆုိင္ #ပါဆယ္စနစ္

Related posts

Leave a Comment

VOM News

FREE
VIEW