အိန္ဒိယကျောင်းသူကို အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်သူလေးဦး ကြိုးပေးကွပ်မျက်

#voiceofmyanmar #VOM #အိန္ဒိယကျောင်းသူ #ကြိုးပေးကွပ်မျက်

အိန္ဒိယကျောင်းသူကို အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်သူလေးဦး ကြိုးပေးကွပ်မျက် ဒေလီ၊ မတ်-၂၀-၂၀၂၀ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ၂၀၁၂ခုနှစ်အတွင်း ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ အမျိုးသားလေးဦးကို အကျဉ်းထောင်ထဲမှာ ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ သူတို့လေးဦးကို ၂၀၁၃ ခုနှစ်ကတည်းက တရားရုံးကသေဒါဏ်အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ဒေလီရှိ လုံခြုံရေးအထူးတင်းကြပ်တဲ့ တီဟာအကျဉ်းထောင်မှာ မတ် ၂၀ ရက်က ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီလိုကွပ်မျက်မှုဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်ပါတယ်။ အိန္ဒိယကျောင်းသူဟာ မောင်းနှင်နေတဲ့ဘတ်စ်ကားတစ်စင်းပေါ်မှာ အမျိုးသားခြောက်ယောက်ရဲ့ အုပ်စုဖွဲ့မုဒိမ်းကျင့်တာကိုခံရပြီးနောက် ရက်အနည်းငယ်အကြာမှာ ရရှိထားတဲ့ဒါဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။ ကျူးလွန်သူခြောက်ဦးအနက် တစ်ဦးဟာ ၂၀၁၃ ခုနှစ်မှာ အကျဉ်းထောင်အတွင်း ကိုယ့်ကိုယ်သတ်သေသွားပြီး အသက်မပြည့်သေးသူ ၁၇ နှစ်အရွယ် တရားခံတစ်ဦးကတော့ အိန္ဒိယနိုင်ငံဥပဒေအရ ထိန်းသိမ်းရေးစခန်းမှာ သုံးနှစ်နေထိုင်ပြီးနောက် ၂၀၁၅ ခုနှစ်မှာ ပြန်လွတ်ခဲ့ပါတယ်။ ကျူးလွန်သူတွေကို ကြိုးပေးကွပ်မျက်လိုက်တာနဲ့ ပတ်သက်ပြီး သမီးဖြစ်သူအတွက် တရားမျှတမှုရှိသွားပြီးဖြစ်ကြောင်းနဲ့…

Read More

ချင်းပြည်နယ်မှာ အေအေ အခြေချလှုပ်ရှားမှုမလုပ်ဖို့ CNF တောင်းဆို

#voiceofmyanmar #VOM #AA #CNF

ချင်းပြည်နယ်မှာ အေအေ အခြေချလှုပ်ရှားမှုမလုပ်ဖို့ CNF တောင်းဆို စစ်တွေ၊ မတ် ၂၀- ၂၀၂၀ ခိုင်လင်းစံ (VOM) တပ်မတော်နဲ့အေအေတို့ ကြားဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ရပ်တန့်ပြီး အေအေအနေဖြင့် ချင်းပြည်နယ်နဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ ချင်းအမျိုးသားပိုင်နေမြေတွေအတွင်း စစ်ရေးအရအခြေချနေထိုင်မှု လုံးဝမပြုလုပ်ဖို့ကို ချင်အမျိုးသားတပ်ဦး(CNF) ကမနေ့ မတ်၁၉ ရက်နေ့ ချင်အမျိုးသားတပ်ဦးရဲ့ သတ္တမအကြိမ် ညီလာခံမှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ အခုလိုမျိုးထုတ်ပြန်တောင်းဆိုရတာဟာ တပ်မတော်နဲ့ အေအေကြားဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေဟာ ခင်းအမျိုးသားတွေအပေါ် ချင်းအမျိုးသားတွေအပေါ်စစ်ရာဇဝတ်မှု ကျူ းလွန်မှုတွေဟာ အရေးပေါ်အခြေအနေရောက်ရှိနေပြီလို့မှတ်ယူပြီး တပ်မတော်နဲ့ အေအေတို့အနေနဲ့ သူတို့နေမြေထဲမှာ တိုက်ပွဲတွေချက်ချင်း ရပ်တန့်လိုတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ယခုအချိန်အခြေအနေမှာ အေအေအနေနဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသကနေထွက်သွားဖို့ဆိုတာဟာ ခက်ခဲနေအုံးမှာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးမောင်မောင်စိုးက ရှူမြင်သုံးသပ်ပါတယ်။ ” ဒါကတော့…

Read More

ရာဇာစိုးငွေစုငွေချေးအသင်းမှာ ငွေစုသူတွေ သူတို့ငွေပြန်မရသေးလို့ ရှင်းလင်းပွဲလုပ်

#VOM #voiceofmyanmar #မႏၲေလး #ရာဇာစိုး #ေငြစုေငြေခ်း

ရာဇာစိုးငွေစုငွေချေးအသင်းမှာ ငွေစုသူတွေ သူတို့ငွေပြန်မရသေးလို့ ရှင်းလင်းပွဲလုပ် မန္တလေး၊ မတ် ၂၀-၂၀၂၀ လင်းခိုင်(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၊ ၈၁လမ်းနဲ့ ၄၁လမ်းထောင့်မှာဖွင့်ထားတဲ့ ရာဇာစိုးငွေစုငွေချေးလုပ်ငန်းက ငွေစုသူတွေရဲ့ ငွေတွေကို ငွေကြေးမလည်ပတ်နိုင်တဲ့အတွက် ငွေထုတ်တဲ့လုပ်ငန်းကိုရပ်တန့်တယ်လို့ ဖေဖော်ဝါရီလ ၃ရက်နေ့ကကြေညာခဲ့ပါတယ်။ အဲ့ဒီလိုကြေညာတဲ့နေ့ကစပြီး ငွေစုသူတွေရဲ့ ငွေတွေကို ဒီကနေ့အချိန်ထိ ပြန်လည်ထုတ်ပေးခြင်းမရှိတဲ့အတွက် နစ်နာသူတွေဟာ သူတို့ရဲ့ငွေတွေ‌ကိုပြန်လိုချင်တဲ့အတွက် ဒီကနေ့မနက်ပိုင်းက မန္တလေးလူထုစင်တာမှာ ရှင်းလင်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ “ဒီရာဇာစိုးအသင်းမှာ ကျွန်တော်တို့ အသင်းသား/သူ နှစ်ထောင့် ခုနှစ်ရာကျော် နစ်နာသူတွေရဲ့ ငွေကြေးတွေကို ပြန်လိုချင်တယ်၊ ကျွန်တော်တို့ရဲ့ ချွေးနည်းစာ ၊ တရားဝင်နစ်နာတဲ့အချက်တွေကို ရိုးသားစွာ မီဒီယာကနေတဆင့်ပြောပြချင်တဲ့အတွက် ခုလိုရှင်းလင်းပွဲပြုလုပ်တာပါ”လို့ ရာဇာစိုးငွေစုငွေချေးအသင်းသား ဦးမြင့်ထူးကပြောပါတယ်။ ခုလိုဖြစ်နေတဲ့အကြောင်းအရာတွေကို အသင်းရဲ့တာဝန်ရှိသူတွေက ဒီကနေ့အချိန်ထိ ငွေကြေးဘယ်လောက်ရှိနေတယ်၊ အမြတ်ငွေဘယ်လောက်ရနေသလဲ၊ ဘာကြောင့် အခုလို ဖြစ်ပျက်သွားလဲဆိုတာတွေကို တရားဝင်အသိပေးစာထုတ်ပြန်တာ မရှိသေးဘူးလို့ အသင်းသူ/သားတွေက ပြောပါတယ်။ ငွေစုတဲ့သူတွေထဲက…

Read More

၁၀ မိနစ်တိုင်း လူတစ်ဦးသေ၊ တစ်နာရီကြာတိုင်း လူ ၅၀ ကူးစက်ခံနေရတဲ့ အီရန်ရောက် ကိုရိုနာဗိုင်းရပ်စ်

#voiceofmyanmar #VOM #အီရန္ #ကိုရိုုနာ

၁၀ မိနစ်တိုင်း လူတစ်ဦးသေ၊ တစ်နာရီကြာတိုင်း လူ ၅၀ ကူးစက်ခံနေရတဲ့ အီရန်ရောက် ကိုရိုနာဗိုင်းရပ်စ် တီဟီရန်၊ မတ်-၂၀-၂၀၂၀ မျိုးဆက် (VOM) အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ်ကူးစက်ပျံ့နှံ့မှုနဲ့ပတ်သက်တဲ့ ထိတ်လန့်ဖွယ် စာရင်းဇယားတွေ ကို အီရန်အာဏာပိုင်တွေက ထုတ်ပြန်လိုကပါတယ်။ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကြောင့် လူ ၁၂၈၄ ဦးသေဆုံးခြင်းနဲ့အတူ အရှေ့အလယ်ပိုင်းမှာ ဗိုင်းရပ်စ်အဆိုးရွားဆုံး ကူးစက်ခံနေရတဲ့နိုင်ငံဖြစ်ပါတယ်။ ရရှိထားတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံတွက်ချက်မှုအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီရန်နိုင်ငံမှာ ၁၀ မိနစ်ကို လူတစ်ဦးနှုန်းသေဆုံးနေကြရပြီး တစ်နာရီကြာတိုင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀ ဦးရှိကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကီယာနုရှ်ဂျဟန်ပါက သူ့ရဲ့ တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။ အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၁၄၉ ဦးသေဆုံးခြင်းနဲ့အတူ သေဆုံးသူအရေးအတွက်မှာ ၁၂၈၄ ဦးအထိ မြင့်တက်လာကာ ကူးစက်ခံရသူမှာ…

Read More

COVID-19 ဗိုင်းရပ်စ် ဂယက်နဲ့ မြန်မာ့ဖရဲသခွားမွှေး ဈေးကွက်

#voiceofmyanmar #VOM #ဖရဲသခြါးေမႊး

COVID-19 ဗိုင်းရပ်စ် ဂယက်နဲ့ မြန်မာ့ဖရဲသခွားမွှေး ဈေးကွက် နန်းထက်ထက်ချစ်( VOM) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ Corona Virus ရောဂါပိုးကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံတွင်း ပြည်နယ်တစ်ခုနဲ့တစ်ခု၊ မြို့တစ်ခုနဲ့တစ်ခု ကူးလူးဆက်ဆံမှုတွေကို ပိတ်ဆို့ဖြတ်တောက်လိုက်ပါတယ်။ ဒီလိုနဲ့ ကုန်သွယ်မှုတွေ ရပ်ဆိုင်းသွားခဲ့ပြီး တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိတဲ့ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွေဟော်၊ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းတွေမှာလည်း ကုန်သွယ်မှုလုပ်ငန်း အများစု ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်။ နှစ်စဉ် တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်-မြန်မာ ကုန်သွယ်မှု လျော့နည်းလေ့ရှိပေမယ့် ၂၀၂၀ခုနှစ်မှာတော့ Corona Virus ရောဂါပိုး စတင်ကူးစက်မှုဟာ Global Economy အတိုင်းအတာအထိ သက်ရောက်တာကြောင့် တရုတ်-မြန်မာ ကုန်သွယ်မှုလုပ်ငန်းတွေအပေါ်မှာလည်း သက်ရောက်မှု များပြားခဲ့ပါတယ်။ ဒီသက်ရောက်ထဲမှာ မြန်မာ့ ဖရဲသခွားမွှေး စိုက်ပျိုးထုတ်လုပ်သူတွေဟာလည်း နစ်နာဆုံးရှုံးမှုကို ခံစားရတဲ့ ပြည်သူတွေထဲ ပါဝင်ခဲ့ပါတယ်။…

Read More

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧရာဝတီတိုင်းလွှတ်တော် ၂၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂ ရက်သာ ကျင်းပတော့မည်

#voiceofmyanmar #VOM #ဧရာဝတီတိုင်းလွှတ်တော်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧရာဝတီတိုင်းလွှတ်တော် ၂၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂ ရက်သာ ကျင်းပတော့မည် ကိုအောင် VOM ပုသိမ်/မတ်၂၀-၂၀၂၀ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီး နိင်ငံတော်သမ္မတရုံးရဲ့ပြန်ကြားချက်အရ လာမယ့် ၂၂ကြိမ်မြောက် ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးကို၂ရက်သာကျင်းပတော့မယ်လို့သိရပါတယ်။ မတ်လ၂၄ရက်နေ့လွှတ်တော်မှာ ဝန်ကြီးဌာနတွေရဲ့ဘတ်ဂျတ်တောင်းခံမူလွှတ်တော်ကိုတင်တဲ့အစည်းအဝေးနဲ့ ၃၁ရက်နေ့မှာ ဘတ်ဂျတ်အတည်ပြုတဲ့ အစည်းအဝေးနှစ်ခုသာကျင်းပသွားမှာလို့ တိုင်းလွှတ်တော်ဥက္ကဌဦးအောင်ကျော်ခိုင်ကပြောပါတယ်။ “မတ်လ ၂၄ ရက်နေ့က ဝန်ကြီးဌာနတွေရဲ့ဘတ်ဂျက်အတည်ပြုပေးရမှာဖြစ်လို့ မလုပ်မနေရ မို့လို့ခေါ်တာပါ၊ နိုင်ငံတော်သမ္မတရုံးရဲ့ ကြေငြာချက်ကိုလိုက်နာတဲ့အနေနဲ့လွှတ်တော်ကို ပုံစံပြောင်းပြီးလုပ်ဖို့ စီစဉ်လိုက်တာပါ” လို့ သူကပြောပါတယ် လွှတ်တော် ကျင်းပတဲ့နေ့မှာလဲ တက်ရောက်မယ့်ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေ ဧည့်သည်တွေကိုလည်း ကိုရိုနာကာကွယ်ဖို့ အစီအစဉ်တွေထည့်သွင်းထားတယ်လို့ဆိုပါတယ်။ “အစည်းအဝေးထဲမှာ ကိုယ်စားလှယ်တွေကို (၃)ပေခြားစီ ခုံခင်းကျင်းထားမယ် ကျန်းမာရေးကိုခေါ်ထားပြီး ကိုယ်စားလှယ်တွေရော ရုံးအဖွဲ့ရော မီဒီယာတွေရော အားလုံးကို ကိုယ်ပူချိန်တိုင်းတာတို့ လက်ဆေးတာတို့နဲ့ ပတ်သက်တဲ့ ပြင်ဆင်မှုတွေလုပ်ထားတယ်”လို့ တိုင်းလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်ကပြောပါတယ် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာကိုယ်စားလှယ်များရဲ့ မေးခွန်းများကို လာမည့်(၂၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှသာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar…

Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ ရှင်ပြုပွဲကိုလက်နက်ကြီးကျ အလှူ့ရှင်ရဲ့ညီမသေဆုံး

ပုဏ္ဏားကျွန်းမြို့နယ်မှာ ရှင်ပြုပွဲကိုလက်နက်ကြီးကျ အလှူ့ရှင်ရဲ့ညီမသေဆုံး ပုဏ္ဏားကျွန်း၊ မတ် ၁၉-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက လက်မဆိပ်ကျေးရွာကို မနေ့မတ်လ ၁၈ ရက်နေ့ညပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ နေအိမ်တစ်လုံးမီးလောင်သွားခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ အဲ့ဒီလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာဟာ ရှင်ပြုတရားနာပွဲပြုလုပ်နေတဲ့ နေအိမ်ဖြစ်ပြီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အလှူရှင်မရဲ့ညီမဖြစ်သူ ဒေါ်အေးမြစိုးဟာ ကျည်ထိမှန်သေဆုံးသွားခဲ့ပြီး နောက်ထပ်နေအိမ်တစ်လုံးလည်း မီးလောင်သွားခဲ့တယ်လို့ ပြောပါတယ်။ “မနေ့က ည ၁၂ နာရီကျော်လောက်မှာ နေဗီက ကျောက်တော်ဘက်ကနေ ဆင်းလာတယ်။ ကျောက်တော်မြို့နယ်၊ ပီကောက်ဝမှာလည်း သုံးလေးချက်လောက်ပစ်ခတ်ခဲ့တယ်လို့ သိရတယ်။ ကျွန်တော်တို့ရွာနားကိုအရောက်မှာ ၁၅ မိနစ်လောက်ပစ်တယ်။ ရွာမှာက ရှင်ပြုပွဲတစ်ခုရှိတယ်။ အဲ့ဒီမှာ မောင်ရှင်လောင်းအမေရဲ့ညီမက ကျည်ထိပြီး သေဆုံးသွားခဲ့ပါတယ်။”လို့ လက်မဆိပ်ကျေးရွာသားတစ်ဦးက ပြောပါတယ်။ ကျေးရွာအတွင်းကို တပ်မတော်နေဗီကနေ ဘာကြောင့်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ရတယ်ဆိုတာနဲ့ ပတ်သက်လို့ တပ်မတော်ဘက်ကို မေးမြန်းခဲ့ပေမယ့်လည်း အဆက်အသွယ်မရရှိခဲ့ပါဘူး။ အဲ့ဒီကျေးရွာဟာ…

Read More

တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ ပထမနှစ်ဝက်စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်သူ ၈၀၀၀ကျော်ရှိ

တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ ပထမနှစ်ဝက်စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်သူ ၈၀၀၀ကျော်ရှိ ရန်ကုန်၊ မတ် ၁၉-၂၀၂၀ စွဲ့ဝတီ(VOM) ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် ပထမနှစ်ဝက်စာမေးပွဲများကို မတ်လ ၁၈ရက်နေ့က စတင်ကျင်းပရာမှာ နိုင်ငံတစ်ဝန်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်များရဲ့ စုစုပေါင်းစာရင်းရှိ ၃၁၈၅၃၄ ဦးအနက် ၃၁၀၆၁၈ ဦး ဖြေဆိုကြပြီး ပျက်ကွက်တဲ့သူ ၈၂၉၂ ဦးရှိတယ်လို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ “ ဒီနေ့ဖြေဆိုမူမှာ မနက်ပိုင်းအခြေအနေကတော့ မနေ့ကအတိုင်းပဲ ။ ထပ်မတိုးပါဘူး။ ဒီနေ့မှာ နည်းပညာတက္ကသိုလ်တို့ ကွန်ပျုတာတက္ကသိုလ်တို့ စဖြေတာပါ။ ပျက်ကွက်သူ ၈၀၀၀ကျော်လုံးကို အစားထိုးဖြေဆိုခိုင်းဖို့က ဟုတ်ချင်မှဟုတ်မှာလေ။ တစ်ချို့က လာမဖြေတာတွေရှိတယ်။ မလာတဲ့သူတွေကို ပျက်ကွက်လို့ပဲ သတ်မှတ်ရမှာပါ။ ကျွန်တော်တို့ ကိုဗစ်ရောဂါကြောင့်မလာတာလို့ ခွင့်မတိုင်တာတွေလည်းရှိတယ်”လို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကပြောပါတယ်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊…

Read More

မန္တလေးတိုင်းအစိုးရက ဝက်ဝံကျေးရွာကလူတွေ ကျေနပ်တဲ့အထိရှင်းပြသွားမယ်

မန္တလေးတိုင်းအစိုးရက ဝက်ဝံကျေးရွာကလူတွေ ကျေနပ်တဲ့အထိရှင်းပြသွားမယ် မန္တလေး၊ မတ် ၁၉-၂၀၂၀ ဖြူဖြူ(VOM) မူးယစ်ဆေးဝါးနဲ့ တရားမဝင်ပစ္စည်းတွေကို X-ray စက်နဲ့ စစ်ဆေးတဲ့ဂိတ်ကို ဝက်ဝံကျေးရွာအနီးမှာ ထားရှိနိုင်ဖို့အတွက် ဒေသခံတွေသဘောပေါက်လက်ခံတဲ့အထိ ရှင်းလင်းတင်ပြသွားမယ်လို့ မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင်ကပြောပါတယ်။ “ပထမထားတဲ့နေရာက ရှောင်ကွင်းလမ်းတွေရှိတယ်။ ဒီ X-ray စက်ကိုရှောင်ပြီးတော့ လုပ်လို့ရတဲ့ position ဖြစ်နေတယ်။ အဲဒီလိုလုပ်လို့မရအောင် အကောင်းဆုံးနေရာကတော့ အဲဒီဝက်ဝံနေရာပဲ။ ဒါကတရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးရှုထောင့်ကနေပြောပါတယ်။”လို့ မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင်ကပြောပါတယ်။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ဟာ တစ်ဖက်နိုင်ငံကနေ ပြည်တွင်းကိုဝင်ရောက်လာတဲ့ ဝင်ပေါက်တစ်ခုလည်းဖြစ်ပြီး မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်လက်နက်နဲ့ မှောင်ခိုပစ္စည်းတွေ ဝင်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်တဲ့အတွက် ရှောင်ကွင်းသွားလာလို့မရတဲ့နေရာကနေ ခေတ်မီ X-ray စက်နဲ့ စစ်ဆေးမှုတွေလုပ်ဆောင်မှ တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးကို ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဦးဇာနည်အောင်က ပြောပါတယ်။ ဒါကြောင့် အဲဒီ X-ray စက်နဲ့စစ်ဆေးရေးဂိတ်ကို ဝက်ဝံကျေးရွာဘက်ထားရှိနိုင်ဖို့ ဒေသခံတွေနားလည် လက်ခံအောင်…

Read More

ဖားကန့်မှာ Covid -19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ရက်ပိုင်းအတွင်း စတင်လုပ်ဆောင်တော့မယ်

ဖားကန့်မှာ Covid -19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ရက်ပိုင်းအတွင်း စတင်လုပ်ဆောင်တော့မယ် ဖားကန့် ၊ မတ်-၁၉-၂၀၂၀ ဇော်မိုးထက်(VOM) ကချင်ပြည်နယ်၊ ဖားကန့်ရတနာနယ်မြေမှာ Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ရက်ပိုင်းအတွင်း စတင်လုပ်ဆောင်တော့မယ်လို့ ဖားကန့်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်ကပြောပါတယ် ။ ကမ္ဘာ့ကူးစက်ရောဂါ ကိုရိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုလုပ်ငန်းတွေကို စတင်လုပ်ဆောင်တော့မယ်လို့ ဒီကနေ့မနက် ဖားကန့် ပြည်သူ့ ဆေးရုံဝင်းအတွင်းမှာပြုလုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ် ။ အဲ့ဒီဆွေးနွေးပွဲကို ပြည်သူ့ကျန်းမာရေးဌာနက သက်ဆိုင်ရာဌာနများ ၊ အရပ်ဖက်လူမှုကူညီရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ” အဓိကကတော့ ကျနော်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်းနဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ပါပဲ ။ လာတဲ့ကားတွေကို တားမယ် ။ခရီးသည်တွေကို အပူချိန်တိုင်းမယ် ။အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ရှိ/မရှိ…

Read More
VOM News

FREE
VIEW