ကောင်းမှုတော်စေတီတော် ဝင်ရောက်ဖူးမျှော်ခွင့်ကို တိုင်းအစိုးရရဲ့ ခွင့်ပြုချက်မရသေးတာကြောင့် ပြန်လည်ပိတ်သိမ်း

ကောင်းမှုတော်စေတီတော် ဝင်ရောက်ဖူးမျှော်ခွင့်ကို တိုင်းအစိုးရရဲ့ ခွင့်ပြုချက်မရသေးတာကြောင့် ပြန်လည်ပိတ်သိမ်း

စစ်ကိုင်း၊ ဇွန် – ၁ -၂၀၂၀
ရှိုင်းအောင် (VOM)

စစ်ကိုင်းမြို့က ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးကို ဒီကနေ့မနက်မှာ ဘုရားဖူးခွင့်ပြုလိုက်ပေမယ့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရသေးတာကြောင့် ဝင်ရောက်ဖူးမျှော်ဖူးခွင့်ကို ပြန်လည်ပိတ်သိမ်းလိုက်တယ်လို့ ကောင်းမှုတော်စေတီတော် ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” ခရိုင်အဆင့်ကို ဖွင့်မယ့်အစီးအစဉ်တင်ပြပြီးတော့ လုပ်ဆောင်တဲ့အခါမှာ ခရိုင်ကနေ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အကြံပြုချက်ယူပြီးတော့မှ ဖွင့်ရအောင်လို့ အကြံပြုလို့ ကျွန်တော်တို့ ပြန်ပြီးတော့ ပိတ်ရတာပါ၊ နိုင်ငံတော်ကသတ်မှတ်ထားတာ ၁၅ ရက်နေ့ထိ ထုတ်ထားတာ ရှိတယ်လေ၊ ဒီကနေ့ ကျွန်တော်တို့ ခဏတစ်ဖြုတ်ဖွင့်ပြီး ပြန်ပိတ်ပြီးတော့ နောက်ရက် ပြန်ပိတ်မယ်လို့ ” ကောင်းမှုတော်စေတီတော် ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကောင်းမှုတော်စေတီတော် ပြန်လည်ဖွင့်ဖို့ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနကို မေလ ၂၉ ရက်နေ့မှာ တင်ပြခဲ့တာဖြစ်ပေမယ့် ဒီကနေ့ ဇွန်လ ၁ ရက်နေ့မနက်ပိုင်းမှာ အစည်းအဝေးပြုလုပ်တဲ့အခါ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရမှာသာ ပြန်လည်ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြန်လည်ဖွင့်လှစ်ခွင့်ရခဲ့ရင်လည်း ဆိုင်ခန်းတွေကို စနစ်တကျရောင်းချစေမှာဖြစ်ပြီး ဘုရားဖူးတွေကိုလည်း အစုလိုက်အဖွဲ့လိုက် ဝင်ရောက်ဖူးမျှော်ခွင့်ပြုမှာမဟုတ်ဘဲ နိုင်ငံတော်ကချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ကောင်းမှုတော်ဘုရား

Zawgyi

ေကာင္းမႈေတာ္ေစတီေတာ္ ဝင္ေရာက္ဖူးေမွ်ာ္ခြင့္ကို တိုင္းအစိုးရရဲ႕ ခြင့္ျပဳခ်က္မရေသးတာေၾကာင့္ ျပန္လည္ပိတ္သိမ္း

စစ္ကိုင္း၊ ဇြန္ – ၁ -၂၀၂၀
ရႈိင္းေအာင္ (VOM)

စစ္ကိုင္းၿမိဳ႕က ရာဇမဏိစူဠာ ေကာင္းမႈေတာ္ဘုရားႀကီးကို ဒီကေန႔မနက္မွာ ဘုရားဖူးခြင့္ျပဳလိုက္ေပမယ့္ အစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္မရေသးတာေၾကာင့္ ဝင္ေရာက္ဖူးေမွ်ာ္ဖူးခြင့္ကို ျပန္လည္ပိတ္သိမ္းလိုက္တယ္လို႔ ေကာင္းမႈေတာ္ေစတီေတာ္ ေဂါပကအဖြဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

” ခ႐ိုင္အဆင့္ကို ဖြင့္မယ့္အစီးအစဥ္တင္ျပၿပီးေတာ့ လုပ္ေဆာင္တဲ့အခါမွာ ခ႐ိုင္ကေန တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ အႀကံျပဳခ်က္ယူၿပီးေတာ့မွ ဖြင့္ရေအာင္လို႔ အႀကံျပဳလို႔ ကြၽန္ေတာ္တို႔ ျပန္ၿပီးေတာ့ ပိတ္ရတာပါ၊ ႏိုင္ငံေတာ္ကသတ္မွတ္ထားတာ ၁၅ ရက္ေန႔ထိ ထုတ္ထားတာ ရွိတယ္ေလ၊ ဒီကေန႔ ကြၽန္ေတာ္တို႔ ခဏတစ္ျဖဳတ္ဖြင့္ၿပီး ျပန္ပိတ္ၿပီးေတာ့ ေနာက္ရက္ ျပန္ပိတ္မယ္လို႔ ” ေကာင္းမႈေတာ္ေစတီေတာ္ ေဂါပကအဖြဲ႕တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ေကာင္းမႈေတာ္ေစတီေတာ္ ျပန္လည္ဖြင့္ဖို႔ စစ္ကိုင္းခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဌာနကို ေမလ ၂၉ ရက္ေန႔မွာ တင္ျပခဲ့တာျဖစ္ေပမယ့္ ဒီကေန႔ ဇြန္လ ၁ ရက္ေန႔မနက္ပိုင္းမွာ အစည္းအေဝးျပဳလုပ္တဲ့အခါ စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္ရမွာသာ ျပန္လည္ဖြင့္လွစ္မွာျဖစ္တယ္လို႔ သိရပါတယ္။

ျပန္လည္ဖြင့္လွစ္ခြင့္ရခဲ့ရင္လည္း ဆိုင္ခန္းေတြကို စနစ္တက်ေရာင္းခ်ေစမွာျဖစ္ၿပီး ဘုရားဖူးေတြကိုလည္း အစုလိုက္အဖြဲ႕လိုက္ ၀င္ေရာက္ဖူးေမွ်ာ္ခြင့္ျပဳမွာမဟုတ္ဘဲ ႏိုင္ငံေတာ္ကခ်မွတ္ထားတဲ့ စည္းကမ္းေတြနဲ႔အညီ ျပန္လည္ဖြင့္လွစ္သြားမယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း #ေကာင္းမႈေတာ္ဘုရား

Related posts

Leave a Comment

VOM News

FREE
VIEW