ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြုတ်ချရေးအဆိုကို လျှို့ဝှက်စနစ်နဲ့မဲခွဲမယ်ဆိုရင် မဲရလဒ်က အခုထက်ပိုမို ကောင်းမွန်မယ်
ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြုတ်ချရေးအဆိုကို လျှို့ဝှက်စနစ်နဲ့မဲခွဲမယ်ဆိုရင် မဲရလဒ်က အခုထက်ပိုမို ကောင်းမွန်မယ် နေပြည်တော်၊ ဇွန် ၁-၂၀၂၀ စွမ်းရဲထွဋ် (VOM) ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြုတ်ချရေးအဆိုကို လျှို့ဝှက်စနစ်နဲ့မဲခွဲမယ်ဆိုရင် မဲရလဒ်က အခုထက်ပိုမို ကောင်းမွန်မှာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် မင်းကင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ဒီကနေ့နေပြည်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ “မဲခွဲတဲ့အခါမှာ ကိုယ်တစ်ယောက်တည်းရဲ့ အယူအဆပေါ့။ မှန်ခြင်း၊ မှားခြင်းကတော့ ကိုယ်လည်း သက်သေမပြနိုင်ဘူး။ လျှို့ဝှက်ဆန္ဒမဲ။ စာရွက်နဲ့ လျှို့ဝှက်ဆန္ဒမဲကို မဲပုံထဲမှာ သွားထည့်ပေး။ ကိုယ်တို့ ဒီနေ့ရတဲ့ ၁၃၂ မဲထက်ပိုရမယ်။ ဒါ ကိုယ်ပြောရဲတယ်”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကပြောပါတယ်။ စက်ခလုပ်နှိပ်မဲပေးစနစ်နဲ့ ဆုံးဖြတ်တာက လျှို့ဝှက်ဆန္ဒမဲစနစ်လောက် မျှတမှုမရှိဘဲ စက်ခလုပ်နှိပ်မဲပေးစနစ်ဟာ ဘေးချင်းကပ်ထိုင်နေတဲ့ ကိုယ်စားလှယ်က ကိုယ်ပေးတဲ့မဲကို မြင်တွေ့နေနိုင်လို့ ယုံကြည်ချက်အတိုင်းမလုပ်ရဲဖြစ်နေကြတယ်လို့ ပြောပါတယ်။ “ဘေးကမြင်တယ်လေ။ ဘေးကလည်း…
Read More
ကောင်းမှုတော်စေတီတော် ဝင်ရောက်ဖူးမျှော်ခွင့်ကို တိုင်းအစိုးရရဲ့ ခွင့်ပြုချက်မရသေးတာကြောင့် ပြန်လည်ပိတ်သိမ်း
ကောင်းမှုတော်စေတီတော် ဝင်ရောက်ဖူးမျှော်ခွင့်ကို တိုင်းအစိုးရရဲ့ ခွင့်ပြုချက်မရသေးတာကြောင့် ပြန်လည်ပိတ်သိမ်း စစ်ကိုင်း၊ ဇွန် – ၁ -၂၀၂၀ ရှိုင်းအောင် (VOM) စစ်ကိုင်းမြို့က ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးကို ဒီကနေ့မနက်မှာ ဘုရားဖူးခွင့်ပြုလိုက်ပေမယ့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရသေးတာကြောင့် ဝင်ရောက်ဖူးမျှော်ဖူးခွင့်ကို ပြန်လည်ပိတ်သိမ်းလိုက်တယ်လို့ ကောင်းမှုတော်စေတီတော် ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ” ခရိုင်အဆင့်ကို ဖွင့်မယ့်အစီးအစဉ်တင်ပြပြီးတော့ လုပ်ဆောင်တဲ့အခါမှာ ခရိုင်ကနေ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အကြံပြုချက်ယူပြီးတော့မှ ဖွင့်ရအောင်လို့ အကြံပြုလို့ ကျွန်တော်တို့ ပြန်ပြီးတော့ ပိတ်ရတာပါ၊ နိုင်ငံတော်ကသတ်မှတ်ထားတာ ၁၅ ရက်နေ့ထိ ထုတ်ထားတာ ရှိတယ်လေ၊ ဒီကနေ့ ကျွန်တော်တို့ ခဏတစ်ဖြုတ်ဖွင့်ပြီး ပြန်ပိတ်ပြီးတော့ နောက်ရက် ပြန်ပိတ်မယ်လို့ ” ကောင်းမှုတော်စေတီတော် ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကောင်းမှုတော်စေတီတော် ပြန်လည်ဖွင့်ဖို့ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနကို မေလ ၂၉ ရက်နေ့မှာ တင်ပြခဲ့တာဖြစ်ပေမယ့်…
Read More
ဦးတီခွန်မြတ်ကို လွှတ်တော်ဥက္ကဌရာထူးကနေ ဖြုတ်ချရေးအဆို ရှုံးနိမ့်
ဦးတီခွန်မြတ်ကို လွှတ်တော်ဥက္ကဌရာထူးကနေ ဖြုတ်ချရေးအဆို ရှုံးနိမ့် နေပြည်တော်၊ ဇွန် ၁-၂၀၂၀ Voice Of Myanmar ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်ကို တာ၀န်ကနေရုတ်သိမ်းပေးဖို့အဆိုကို ဒီကနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်မှာ ထည့်သွင်းဆွေးနွေးခဲ့ရာ အဆိုရှုံးနိမ့်ခဲ့ပါတယ်။ ဦးတီခွန်မြတ်ကို တာဝန်ကနေရုပ်သိမ်းပေးဖို့ လွှတ်တော်ကိုယ်စားလှယ် (၁၁၀)ဦးက မေလ(၂၈)ရက်နေ့မှာ လက်မှတ်ရေးထိုးပြီး ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။ အဲ့ဒီအဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က တင်သွင်းခဲ့တာဖြစ်ပြီး တင်သွင်းခဲ့တဲ့အဆိုနဲ့စပ်လျှဉ်းပြီး ပါဝင်ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိရင် မေလ ၂၉ ရက်နေ့ ညနေကို နောက်ဆုံးထားပြီး အမည်စာရင်းပေးသွင်းနိုင်တယ်လို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်က လွှတ်တော်ကို ကြေငြာခဲ့ပါတယ်။ အဲ့ဒီလိုကြေငြာခဲ့ပြီး ဒီကနေ့ ဇွန်လ(၁)ရက်‌နေ့ ပြည့်သူ့လွှတ်တော်မှာ ထည့်သွင်းဆွေးနွေးရာမှာတော့ လျိုဝှက်မဲပေးစနစ်နဲ့ မဲပေးခဲ့ရာ ထောက်ခံဆန္ဒမဲ(၁၃၂)မဲ၊ ကန့်ကွက်ဆန္ဒမဲ(၂၄၃)မဲ နဲ့ ကန့်ကွက်ဆန္ဒမဲအရေအတွက်များတဲ့အတွက် တင်သွင်းခဲ့တဲ့အဆို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #VOM #နေပြည်တော်…
Read More
ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးသမား (၂)ဦးသေဆုံး
ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးသမား (၂)ဦးသေဆုံး ဖားကန့်၊ ဇွန် ၁-၂ဝ၂ဝ ဇော်မိုးထက်(VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ သောင်းကော့ကျေးရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက သက်တမ်းကုန်လုပ်ကွက်က ကမ်းပါးပြိုကျတာကြောင့် ရေမဆေးရှာဖွေသူ(၂)ဦး သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာနယ်မြေရဲစခန်းကနေ သိရပါတယ်။ သေဆုံးသွားသူ ရေမဆေးသမားနှစ်ဦးဟာ တနိုင်းမြို့ဇာတိ ကချင်တိုင်းရင်းသားတဦးဖြစ်တဲ့ ဆမားဇော်ကိန် (၂၉)နှစ်နဲ့ ၊ ဆဒုံးမြို့ ရပ်ကွက်(၁) အားဟုတ်(ခ)ရှင်းချန်း (၂၁)နှစ်တို့ ဖြစ်တယ်လို့ သိရပါတယ် ။ သောင်းကောင့်ကျေးရွာအနီး အရင်က စိန်လုံတောင်တန်းကုမ္မဏီရဲ့ သက်တမ်းကုန် ကျောက်စိမ်းလုပ်ကွက်ကမ်းပါးခြေမှာ ရေမဆေးကျောက်ရှာဖွေစဉ် အမြင့်ပေ ၃ဝဝခန့်ကနေ ရုတ်တရက် ကမ်းပါးပြိုကျပြီး မြေစာပိသေဆုံးခဲ့ပြီး မြေပိသေဆုံးသူနှစ်ဦးဟာ ဦးခေါင်းနဲ့ မျက်နှာတွေ ကြေညက်သွားတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ် ။ အခုအခင်းဖြစ်ပွားတဲ့နေရာမှာပဲ မေလ (၃ဝ)ရက်နေ့ ည(၇)နာရီအချိန်က ဦးရန်အောင် (၃၃)နှစ်ဟာ ယခုပြိုကျမယ့် ကမ်းပါးပေါ်မှ ပြုတ်ကျခဲ့ပြီး…
Read More
ဗစ်တိုးရီးယားကိစ္စ အမှုအမှန်ပေါ်ဖို့ လွှတ်တော်ကနေ အထူးကော်မရှင်ဖွဲ့ပြီးဆောင်ရွက်ဖို့ ရှေ့နေဦးခင်မော်ဇော်အကြံပြု
Read More
ချင်းပြည်နယ်ရဲ့ ပထမဦးဆုံး (ဆူရ်ဘုန်)လေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းများပြီးစီး
ချင်းပြည်နယ်ရဲ့ ပထမဦးဆုံး (ဆူရ်ဘုန်)လေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းများပြီးစီး ကလေး ဇွန် ၁-၂၀၂၀ ငြိမ်းသူမင်း(VOM) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ တည်ဆောက်နေတဲ့ (ဆူရ်ဘုန်)လေယာဉ်ကွင်း တည်ဆောက်မှုလုပ်ငန်းတွေ ပြီးစီးသွားပြီဖြစ်တယ်လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရွှေထီးအိုး က ပြောပါတယ်။ ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၆၊ ဧပြီလထဲက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီလုပ်ငန်းဆောင်ရွက်ချိန်မှာ နိုင်ငံတော်အစိုးရရဲ့ခွင့်ပြုငွေ ကျပ် ၂၅ ဘီလီယံ အသုံးပြုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေထဲက လေယာဉ်မျှော်စင်တည်ဆောက်ခြင်းလုပ်ငန်း ၊ လေယာဉ်အတက်အဆင်းပြေးလမ်း နဲ့ ခရီးသည်နားနေနိုင်မယ့် အဆောက်အဦးတွေကို တည်ဆောက်ပြီးစီးခဲ့တာပါ။ အဲ့ဒီလုပ်ငန်းထဲက မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း နည်းနည်းပါးပါးနဲ့ အခြားလုပ်ငန်း အနည်းငယ်သာ ကျန်ရှိတော့တာဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။ ဝန်ကြီး ဦးရွှေထီးအိုး က “ဖွင့်ပွဲလုပ်ဖို့ကျတော့ COVID-19 ရောဂါကာလလည်း ဖြစ်နေတယ်။ လူကြီးတွေအချိန်ပေးနိုင်ဖို့ကလည်း ရှိနေတယ်။ ရာသီဥတုကလည်း ချင်းတောင်မှာတော့ ပြည်ပထက်တော့ မိုးများတယ်။ ဒါတွေအပေါ်မှာမူတည်ပြီးတော့…
Read More
NLDပါတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းတွေကို ဇွန်လထဲမှာ အပြီးရွေးချယ်ပေးဖို့ မှာကြားထား
NLDပါတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းတွေကို ဇွန်လထဲမှာ အပြီးရွေးချယ်ပေးဖို့ မှာကြားထား နေပြည်တော်၊ ဇွန် ၁-၂၀၂၀ စွမ်းရဲထွဋ် (VOM) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းတွေကို ဇွန်လထဲမှာ အပြီး ရွေးချယ်ပေးဖို့ မှာကြားထားတယ်လို့ NLDပါတီရဲ့ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က မေလ ၃၁ ရက်နေ့မှာ ပြောပါတယ်။ နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ မနေ့မေလ(၃၁)ရက်နေ့ကပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးအပြီး Video Conference စနစ်နဲ့ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။ “ဒီအစည်းအဝေးကနေပြီး ဇွန်လ ၂ ရက်နေ့ စာထွက်မယ်။ မြို့မိ၊မြို့ဖရွေးပေးဖို့။ ဇွန်လ ၄ ရက်နေ့မှာ တော့ ကိုယ်စားလှယ်လောင်းရွေးချယ်ပေးဖို့။ အဲ့ဒီတော့ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်က ရွေးတာတွေကိုစီစစ်ပြီး ဗဟိုကိုပို့ပေးဖို့။ ဇွန်လအပြီး ကိုယ်စားလှယ်လောင်းရွေးပေးဖို့ဆိုပြီးတော့ လောလောဆယ်ပြောထားတယ်”လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဘယ်နေ့မှာလုပ်မယ်ဆိုတဲ့…
Read More
မြောက်ဦးဒေသ နယ်မြေမတည်ငြိမ်မှုကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရဖို့ အခြေနေမကောင်း
မြောက်ဦးဒေသ နယ်မြေမတည်ငြိမ်မှုကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရဖို့ အခြေနေမကောင်း ရန်ကုန် ၊ ဇွန် ၁-၂၀၂၀ သိင်္ဂီ (VOM) ရခိုင်ပြည်နယ်ရဲ့ နယ်မြေမတည်ငြိမ်မှု ၊မအေးချမ်းမှုတွေကြောင့် မြောက်ဦးဒေသဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရဖို့ အခြေနေမကောင်းဘူးလို့ သိရပါတယ်။ ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်ဖို့အတွက် အဆိုပြုစာတွဲ ၂ တွဲ တင်သွင်းရတဲ့အပြင် ကမ္ဘာအမွေအနှစ်စာရင်းဝင်ဖို့ ထိုက်တန်ကြောင်း(Nomination Dossier) သုံးသပ်စာတွဲနဲ့ ကမ္ဘာအမွေအနှစ်ရပြီးနောက် ဇုန်ကို ဘယ်လိုပုံစံ စီမံခန့်ခွဲမှုတွေလုပ်မလဲဆိုတဲ့ အစီအစဉ်ကိုပါ တင်ပြရတာဖြစ်ပါတယ်။ စီမံခန့်ခွဲမှုမှာ ဥပဒေသက်ရောက်မှုပါဝင်တဲ့အတွက် နယ်မြေအေးချမ်းမှုမရှိရင် စီမံခန့်ခွဲမှုကို တည်ဆောက်မရတဲ့အတွက် အကောင်ထည်ဖော်လို့မရခဲ့ပါက ကမ္ဘာအမွေအနှစ်ဗဟိုကော်မတီကို တင်သွင်းရမယ့်အချက်အလက်တွေကို လုပ်နိုင်လိမ့်မှာမဟုတ်တာကြောင့် ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်ဖို့ဆိုရင် နယ်မြေအေးချမ်းဖို့၊ စီမံခန့်ခွဲမှုတွေရမှဖြစ်မယ်လို့ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်တင်သွင်းရေးလုပ်ငန်းအဖွဲ့က အဖွဲ့ဝင်ဖြစ်သူ ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးက ပြောပါတယ်။ “ကမ္ဘာ့အမွေအနှစ်အဖွဲ့ကလည်း လာစစ်ဆေးတာတွေရှိမယ်၊ဒီလို မြေပြင်စစ်ဆေးတဲ့အခါ လုံခြုံရေးပိုင်းဆိုင်ရာကောင်းရမယ် ရဟတ်ယာဉ်တွေဘာတွေနဲ့စစ်ရမှာကိုး၊နယ်မြေအခြေအနေစောင့်ကြည့်နေတယ်၊နယ်မြေပေါ်မူတည်ပြီးဆက်လုပ်ရမယ့်လုပ်ငန်းစဉ်ရှိတယ်၊ ဆက်လုပ်ရမယ်လုပ်ငန်းကိုချင့်ချိန်နေပါ တယ်။ နိုင်ငံတကာမှာ…
Read More
မြေပုံမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီး
မြေပုံမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီး မြေပုံ၊ ဇွန် ၁- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးတို့ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့က ဖမ်းဆီးသွားပြီး မနေ့ မေလ ၃၁ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ မိသားစုဝင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။ တပ်မတော်နဲ့ ရဲပူးပေါင်းအဖွဲ့က ဖမ်းဆီးသွားသူတွေမှာ မြေပုံမြို့နယ်၊ အငူကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဇော် အသက်(၄၀)နှစ်နဲ့ မြေပုံမြို့၊ ရွာသစ်ကေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်တို့ဖြစ်ပြီး သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ အုပ်ချုပ်ရေးမှူးနှစ်ယောက်ကို ပြီးခဲ့တဲ့မေလ ၂၉ ရက်နေ့က အစည်းအဝေးရှိတယ်ဆိုကာ လိမ်လည်ခေါ်ဆောင်သွားတာဖြစ်ပြီး သူတို့နှစ်ယောက်ကို ဘယ်ပုဒ်မနဲ့တရားစွဲဆိုထားတာကိုရော ဘယ်မှာချုပ်နှောင်ထားတယ်ဆိုတာကိုပါ အတိအကျမသိရသေးဘူးလို့ ဦးမောင်ဇော်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။ မြေပုံမြို့နယ်၊ အငူကျေးရွာအုပ်ချုပ်ရေးမှူးရဲ့မိခင် ဒေါ်ခင်လှရီပြောပြတာကတော့” သောကြာနေ့က ကျမသားလေး…
Read More
VOM News
FREE
VIEW