မြေပုံမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီး

မြေပုံမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီး

မြေပုံ၊ ဇွန် ၁- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးတို့ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့က ဖမ်းဆီးသွားပြီး မနေ့ မေလ ၃၁ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ မိသားစုဝင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

တပ်မတော်နဲ့ ရဲပူးပေါင်းအဖွဲ့က ဖမ်းဆီးသွားသူတွေမှာ မြေပုံမြို့နယ်၊ အငူကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဇော် အသက်(၄၀)နှစ်နဲ့ မြေပုံမြို့၊ ရွာသစ်ကေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်တို့ဖြစ်ပြီး သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ အုပ်ချုပ်ရေးမှူးနှစ်ယောက်ကို ပြီးခဲ့တဲ့မေလ ၂၉ ရက်နေ့က အစည်းအဝေးရှိတယ်ဆိုကာ လိမ်လည်ခေါ်ဆောင်သွားတာဖြစ်ပြီး သူတို့နှစ်ယောက်ကို ဘယ်ပုဒ်မနဲ့တရားစွဲဆိုထားတာကိုရော ဘယ်မှာချုပ်နှောင်ထားတယ်ဆိုတာကိုပါ အတိအကျမသိရသေးဘူးလို့ ဦးမောင်ဇော်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

မြေပုံမြို့နယ်၊ အငူကျေးရွာအုပ်ချုပ်ရေးမှူးရဲ့မိခင် ဒေါ်ခင်လှရီပြောပြတာကတော့” သောကြာနေ့က ကျမသားလေး မောင်ဇော်အဖမ်းခံရပါတယ်။ တပ်မတော်နဲ့ရဲက ကိုယ်တိုင်လာဖမ်းတာ မဟုတ်ပါဘူး။ သူတို့က အစည်းအဝေးဆိုပြီး လိမ်လို့ခေါ်ပါတယ်။ အမှုတွဲက ရုံးကိုမရောက်သေးတော့ ဘယ်ပုဒ်မနဲ့ တရားစွဲလဲ အတိအကျမသိသေးပါဘူး။ သူတို့ပြောတာတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေလို့တော့ ပြောတယ်။” လို့ ပြောပါတယ်။

ဆက်လက်ပြီး ဦးမောင်ဇော်ရဲ့မိခင်က ဦးမောင်ဇော်အိမ်အပါအဝင် သူ့ရဲ့မိသားစုဝင်တွေအိမ်ကိုပါ တပ်မတော်နဲ့ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေကြောင်းနဲ့ သူ့သားကို အေအေနဲ့ အဆက်အသွယ်လုပ်တယ်ဆိုပြီး ရှာဖွေတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

” သူတို့က ကျွန်မသားလေးကို အေအေနဲ့ ဆက်သွယ်တယ်ဆိုပြီး ရှာတယ်။ ကျွန်မတို့အိမ်ကိုလည်း လာမွေပါတယ်။ စစ်သားတွေက ဝင်မွေပါတယ်။ ရဲသားတွေက အပြင်က စောင့်နေကြပါတယ်။ သူတို့ရှာတာမှာ ကျွန်မတို့အိမ်က ဘာအစအနမှလည်း မရပါဘူး။ သူတို့က မောင်ဇော်အိမ်တစ်အိမ်တည်း ဝင်ရှာတာမဟုတ်ဘူး။ မိသားစုဝင်တွေ (၃) ယောက်လုံးရဲ့ အိမ်တွေကိုပါ ဝင်ရှာတာ။” လို့ အငူကျေးရွာအုပ်ချုပ်ရေးမှူးရဲ့မိခင် ဒေါ်ခင်လှရီကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အုပ်ချုပ်ရေးမှူးတွေဖမ်းဆီးခံရတာကို အတည်ပြုပြောဆိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းပြောတာက” သူတို့ကို စစ်တပ်နဲ့ ရဲက အစတုန်းက စစ်ဆေးတယ်။ ပြီးတော့ဖမ်းသွားတာ။ သူတို့နှစ်ယောက်ကို ဒီနေ့ မေလ ၃၁ ရက်နေ့မှာ အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့သိရတယ်။ သူတို့မိသားစုတွေရဲ့ အိမ်ကိုလည်း ဝင်ရောက်ရှာဖွေတာတွေလုပ်တယ်လို့ ကြားတယ်။ အဲ့ဒီ အုပ်ချုပ်ရေးမှူးတွေရဲ့ အိမ်တွေကိုလည်း လာရှာတယ်။ ဒါပေမယ့်ဘာမှမတွေ့ဘူး။ ” လို့ ပြောပါတယ်။

အငူကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဇော်နဲ့ ရွာသစ်ကေရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီးတာကြောင့် တစ်ခြားအုပ်ချုပ်ရေးမှူးတွေဟာလည်း စိုးရိမ်နေကြကြောင်း သိရပါတယ်။

ဆက်လက်ပြီး ဦးမောင်ဇော်ရဲ့မိခင်က ” မောင်ဇော်တို့ကို ဘယ်မှာဖမ်းထားလဲဆိုတာ မသိပါဘူး။ မြို့နယ်မှူးအိမ်မှာ ထားတယ်လို့လည်းပြောတယ်။ အဒေါ်တို့အနေနဲ့ကတော့ သူတို့ကို အချုပ်လည်း မကျစေချင်ဘူး။ အတတ်နိုင်ဆုံး ပြန်လွှတ်စေချင်ပါတယ်။ သားလေးတစ်ယောက်အဖမ်းခံရတော့ အဒေါ်ရဲ့စိတ်ထဲမှာက ခံစားရတာ မပြောပြတတ်တော့ဘူး။ အသက်သေသွားသလို ခံစားရပါတယ်။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ်တောင်ဖက်ပိုင်း၊ တောင်ကုတ်မြို့နယ်မှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဥက္ကဋ္ဌ အပါအဝင် (၃) ဦးကို တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတာတွေလည်း ရှိပါတယ်။

ရခိုင်ပြည်နယ်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို VOMက ဆက်သွယ်ခဲ့ရာ သူ့အနေနဲ့ မြေပုံမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဖမ်းဆီးခံရတဲ့သတင်းကို မကြားမိသေးဘူးလို့ ပြောပါတယ်။

#voiceofmyanmar #VOM #မြေပုံ

Zawgyi

ေျမပုံမွာ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးႏွစ္ဦးကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္ဖမ္းဆီး

ေျမပုံ၊ ဇြန္ ၁- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသ၊ ေျမာက္ဦးခ႐ိုင္၊ ေျမပုံၿမိဳ႕နယ္မွာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦးနဲ႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴး တစ္ဦးတို႔ကို တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕ပူးေပါင္းအဖြဲ႕က ဖမ္းဆီးသြားၿပီး မေန႔ ေမလ ၃၁ ရက္ေန႔က အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္ဖမ္းဆီးထားတယ္လုိ႔ မိသားစုဝင္ေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

တပ္မေတာ္နဲ႔ ရဲပူးေပါင္းအဖြဲ႕က ဖမ္းဆီးသြားသူေတြမွာ ေျမပုံၿမိဳ႕နယ္၊ အငူေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ေဇာ္ အသက္(၄၀)ႏွစ္နဲ႔ ေျမပုံၿမိဳ႕၊ ႐ြာသစ္ေကရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ျမင့္တို႔ျဖစ္ၿပီး သူတို႔ကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္ထားတာျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီ အုပ္ခ်ဳပ္ေရးမွဴးႏွစ္ေယာက္ကို ၿပီးခဲ့တဲ့ေမလ ၂၉ ရက္ေန႔က အစည္းအေဝးရွိတယ္ဆိုကာ လိမ္လည္ေခၚေဆာင္သြားတာျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ကို ဘယ္ပုဒ္မနဲ႔တရားစြဲဆိုထားတာကိုေရာ ဘယ္မွာခ်ဳပ္ေႏွာင္ထားတယ္ဆိုတာကိုပါ အတိအက်မသိရေသးဘူးလို႔ ဦးေမာင္ေဇာ္ရဲ႕ မိခင္ျဖစ္သူက ေျပာပါတယ္။

ေျမပုံၿမိဳ႕နယ္၊ အငူေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴးရဲ႕မိခင္ ေဒၚခင္လွရီေျပာျပတာကေတာ့” ေသာၾကာေန႔က က်မသားေလး ေမာင္ေဇာ္အဖမ္းခံရပါတယ္။ တပ္မေတာ္နဲ႔ရဲက ကိုယ္တိုင္လာဖမ္းတာ မဟုတ္ပါဘူး။ သူတို႔က အစည္းအေဝးဆိုၿပီး လိမ္လို႔ေခၚပါတယ္။ အမႈတြဲက ႐ုံးကိုမေရာက္ေသးေတာ့ ဘယ္ပုဒ္မနဲ႔ တရားစြဲလဲ အတိအက်မသိေသးပါဘူး။ သူတို႔ေျပာတာေတာ့ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒလို႔ေတာ့ ေျပာတယ္။” လို႔ ေျပာပါတယ္။

ဆက္လက္ၿပီး ဦးေမာင္ေဇာ္ရဲ႕မိခင္က ဦးေမာင္ေဇာ္အိမ္အပါအဝင္ သူ႔ရဲ႕မိသားစုဝင္ေတြအိမ္ကိုပါ တပ္မေတာ္နဲ႔ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြေၾကာင္းနဲ႔ သူ႔သားကို ေအေအနဲ႔ အဆက္အသြယ္လုပ္တယ္ဆိုၿပီး ရွာေဖြတာျဖစ္ႏိုင္တယ္လုိ႔ ေျပာပါတယ္။

” သူတို႔က ကြၽန္မသားေလးကို ေအေအနဲ႔ ဆက္သြယ္တယ္ဆိုၿပီး ရွာတယ္။ ကြၽန္မတို႔အိမ္ကိုလည္း လာေမြပါတယ္။ စစ္သားေတြက ဝင္ေမြပါတယ္။ ရဲသားေတြက အျပင္က ေစာင့္ေနၾကပါတယ္။ သူတို႔ရွာတာမွာ ကြၽန္မတို႔အိမ္က ဘာအစအနမွလည္း မရပါဘူး။ သူတို႔က ေမာင္ေဇာ္အိမ္တစ္အိမ္တည္း ဝင္ရွာတာမဟုတ္ဘူး။ မိသားစုဝင္ေတြ (၃) ေယာက္လုံးရဲ႕ အိမ္ေတြကိုပါ ဝင္ရွာတာ။” လို႔ အငူေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးရဲ႕မိခင္ ေဒၚခင္လွရီကေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ရခိုင္ျပည္နယ္၊ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက အုပ္ခ်ဳပ္ေရးမႉးေတြဖမ္းဆီးခံရတာကို အတည္ျပဳေျပာဆိုပါတယ္။

ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းေျပာတာက” သူတို႔ကို စစ္တပ္နဲ႔ ရဲက အစတုန္းက စစ္ေဆးတယ္။ ၿပီးေတာ့ဖမ္းသြားတာ။ သူတို႔ႏွစ္ေယာက္ကို ဒီေန႔ ေမလ ၃၁ ရက္ေန႔မွာ အၾကမ္းဖက္ဥပေဒနဲ႔ အမႈဖြင့္ထားတယ္လို႔သိရတယ္။ သူတို႔မိသားစုေတြရဲ႕ အိမ္ကိုလည္း ဝင္ေရာက္ရွာေဖြတာေတြလုပ္တယ္လို႔ ၾကားတယ္။ အဲ့ဒီ အုပ္ခ်ဳပ္ေရးမွဴးေတြရဲ႕ အိမ္ေတြကိုလည္း လာရွာတယ္။ ဒါေပမယ့္ဘာမွမေတြ႕ဘူး။ ” လို႔ ေျပာပါတယ္။

အငူေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ေဇာ္နဲ႔ ႐ြာသစ္ေကရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးတို႔ကို အၾကမ္းဖက္ဥပေဒနဲ႔ အမႈဖြင့္ဖမ္းဆီးတာေၾကာင့္ တစ္ျခားအုပ္ခ်ဳပ္ေရးမွဴးေတြဟာလည္း စိုးရိမ္ေနၾကေၾကာင္း သိရပါတယ္။

ဆက္လက္ၿပီး ဦးေမာင္ေဇာ္ရဲ႕မိခင္က ” ေမာင္ေဇာ္တို႔ကို ဘယ္မွာဖမ္းထားလဲဆိုတာ မသ္ိပါဘူး။ ၿမိဳ႕နယ္မွဴးအိမ္မွာ ထားတယ္လို႔လည္းေျပာတယ္။ အေဒၚတို႔အေနနဲ႔ကေတာ့ သူတို႔ကို အခ်ဳပ္လည္း မက်ေစခ်င္ဘူး။ အတတ္ႏိုင္ဆုံး ျပန္လႊတ္ေစခ်င္ပါတယ္။ သားေလးတစ္ေယာက္အဖမ္းခံရေတာ့ အေဒၚရဲ႕စိတ္ထဲမွာက ခံစားရတာ မေျပာျပတတ္ေတာ့ဘူး။ အသက္ေသသြားသလို ခံစားရပါတယ္။” လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၁၁ ရက္ေန႔ကလည္း ရခိုင္ျပည္နယ္ေတာင္ဖက္ပိုင္း၊ ေတာင္ကုတ္ၿမိဳ႕နယ္မွာ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕ ဥကၠ႒ အပါအဝင္ (၃) ဦးကို ေတာင္ကုတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ကဖမ္းဆီးၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္ထားတာေတြလည္း ရွိပါတယ္။

ရခိုင္ျပည္နယ္၊ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္းကို VOMက ဆက္သြယ္ခဲ့ရာ သူ႔အေနနဲ႔ ေျမပုံၿမိဳ႕နယ္မွာ ရပ္ကြက္နဲ႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴးေတြ ဖမ္းဆီးခံရတဲ့သတင္းကို မၾကားမိေသးဘူးလို႔ ေျပာပါတယ္။

#voiceofmyanmar #VOM #ေျမပံု

Related posts

Leave a Comment

VOM News

FREE
VIEW