မြောက်ဦးဒေသ နယ်မြေမတည်ငြိမ်မှုကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရဖို့ အခြေနေမကောင်း

မြောက်ဦးဒေသ နယ်မြေမတည်ငြိမ်မှုကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရဖို့ အခြေနေမကောင်း

ရန်ကုန် ၊ ဇွန် ၁-၂၀၂၀
သိင်္ဂီ (VOM)

ရခိုင်ပြည်နယ်ရဲ့ နယ်မြေမတည်ငြိမ်မှု ၊မအေးချမ်းမှုတွေကြောင့် မြောက်ဦးဒေသဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရဖို့ အခြေနေမကောင်းဘူးလို့ သိရပါတယ်။

ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်ဖို့အတွက် အဆိုပြုစာတွဲ ၂ တွဲ တင်သွင်းရတဲ့အပြင် ကမ္ဘာအမွေအနှစ်စာရင်းဝင်ဖို့ ထိုက်တန်ကြောင်း(Nomination Dossier) သုံးသပ်စာတွဲနဲ့ ကမ္ဘာအမွေအနှစ်ရပြီးနောက် ဇုန်ကို ဘယ်လိုပုံစံ စီမံခန့်ခွဲမှုတွေလုပ်မလဲဆိုတဲ့ အစီအစဉ်ကိုပါ တင်ပြရတာဖြစ်ပါတယ်။

စီမံခန့်ခွဲမှုမှာ ဥပဒေသက်ရောက်မှုပါဝင်တဲ့အတွက် နယ်မြေအေးချမ်းမှုမရှိရင် စီမံခန့်ခွဲမှုကို တည်ဆောက်မရတဲ့အတွက် အကောင်ထည်ဖော်လို့မရခဲ့ပါက ကမ္ဘာအမွေအနှစ်ဗဟိုကော်မတီကို တင်သွင်းရမယ့်အချက်အလက်တွေကို လုပ်နိုင်လိမ့်မှာမဟုတ်တာကြောင့် ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်ဖို့ဆိုရင် နယ်မြေအေးချမ်းဖို့၊ စီမံခန့်ခွဲမှုတွေရမှဖြစ်မယ်လို့ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်တင်သွင်းရေးလုပ်ငန်းအဖွဲ့က အဖွဲ့ဝင်ဖြစ်သူ ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးက ပြောပါတယ်။

“ကမ္ဘာ့အမွေအနှစ်အဖွဲ့ကလည်း လာစစ်ဆေးတာတွေရှိမယ်၊ဒီလို မြေပြင်စစ်ဆေးတဲ့အခါ လုံခြုံရေးပိုင်းဆိုင်ရာကောင်းရမယ် ရဟတ်ယာဉ်တွေဘာတွေနဲ့စစ်ရမှာကိုး၊နယ်မြေအခြေအနေစောင့်ကြည့်နေတယ်၊နယ်မြေပေါ်မူတည်ပြီးဆက်လုပ်ရမယ့်လုပ်ငန်းစဉ်ရှိတယ်၊ ဆက်လုပ်ရမယ်လုပ်ငန်းကိုချင့်ချိန်နေပါ တယ်။ နိုင်ငံတကာမှာ စစ်ဖြစ်တဲ့ဒေသတွေကို ဘယ်တော့မှ ကမ္ဘာ့အမွေအနှစ်ပေးလေ့မရှိဘူး”လို့ ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ နယ်မြေအခြေအနေကိုစောင့်ကြည့်နေကြောင်း ၊အခြေအနေပေါ်မူတည်ပြီး ရှေ့လုပ်ငန်းစဉ်တွေကိုဆက်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၈ခုနှစ်ကတည်းကစတင်ခဲ့တဲ့ ဒေသတွင်းလက်နက်ကိုင် ပဋိပက္ခပြဿနာကြောင့် ကမ္ဘာအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးကိစ္စ ဆောင်ရွက်မှုဟာ နှောင့်နှေးခဲ့ရတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မေလ ၂၆ရက်နေ့ကပြုလုပ်ခဲ့တဲ့ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနဲ့ ရှေ့လုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့ကိစ္စတွေနှင့် စပ်လျဉ်းတဲ့ Video Conferencing ညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

မြောက်ဦးဒေသဟာ ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ်ခံရဖို့အတွက် အခြေခံအနေနဲ့ ကမ္ဘာ့အဆင့်မှီ စံတန်ဖိုးတွေ(Outstanding Universal Value)ဖြစ်တဲ့ ခိုင်မာမှု(Integrity)၊ စစ်မှန်မှု(Authenticity) စတဲ့ အချက်တွေနဲ့ ပြည့်စုံမှုရှိတဲ့အပြင် ပုဂံယဉ်ကျေးမှုဒေသနည်းတူ ရှေးဟောင်းဘုရား၊ ပုထိုး၊ စေတီတွေရှိသလို ရှေးဟောင်းမြို့ရိုး ၊ ကျုံး ၊ ခံတပ် စတဲ့ တခြားရှေးဟောင်းအဆောက်အဦးတွေပါ တစုတစည်းတည်း ပေါင်းစပ်တည်ရှိနေတာ ဖြစ်ပါတယ်။

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ အဆိုပြုစာတွဲ(Nomination Dossier)ကိုတော့ လာမယ့် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလမှာ ကမ္ဘာ့အမွေအနှစ်ကော်မတီဆီကို တင်ပြနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြောက်ဦး

Zawgyi

ေျမာက္ဦးေဒသ နယ္ေျမမတည္ၿငိမ္မႈေၾကာင့္ ကမၻာ့အေမြအႏွစ္စာရင္းဝင္အျဖစ္ သတ္မွတ္ခံရဖို႔ အေျခေနမေကာင္း

ရန္ကုန္ ၊ ဇြန္ ၁-၂၀၂၀
သိဂႌ (VOM)

ရခိုင္ျပည္နယ္ရဲ့ နယ္ေျမမတည္ၿငိမ္မႈ ၊မေအးခ်မ္းမႈေတြေၾကာင့္ ေျမာက္ဦးေဒသဟာ ကမၻာ့အေမြအႏွစ္စာရင္းဝင္အျဖစ္ သတ္မွတ္ခံရဖို႔ အေျခေနမေကာင္းဘူးလို႔ သိရပါတယ္။

ကမၻာ့အေမြအႏွစ္တစ္ခုျဖစ္ဖို႔အတြက္ အဆိုျပဳစာတြဲ ၂ တြဲ တင္သြင္းရတဲ့အျပင္ ကမၻာအေမြအႏွစ္စာရင္းဝင္ဖို႔ ထိုက္တန္ေၾကာင္း(Nomination Dossier) သုံးသပ္စာတြဲနဲ႔ ကမၻာအေမြအႏွစ္ရၿပီးေနာက္ ဇုန္ကို ဘယ္လိုပုံစံ စီမံခန္႔ခြဲမႈေတြလုပ္မလဲဆိုတဲ့ အစီအစဥ္ကိုပါ တင္ျပရတာျဖစ္ပါတယ္။

စီမံခန္႔ခြဲမႈမွာ ဥပေဒသက္ေရာက္မႈပါဝင္တဲ့အတြက္ နယ္ေျမေအးခ်မ္းမႈမ႐ွိရင္ စီမံခန္႔ခြဲမႈကို တည္ေဆာက္မရတဲ့အတြက္ အေကာင္ထည္ေဖာ္လို႔မရခဲ့ပါက ကမၻာအေမြအႏွစ္ဗဟိုေကာ္မတီကို တင္သြင္းရမယ့္အခ်က္အလက္ေတြကို လုပ္ႏိုင္လိမ့္မွာမဟုတ္တာေၾကာင့္ ကမၻာ့အေမြအႏွစ္တစ္ခုျဖစ္ဖို႔ဆိုရင္ နယ္ေျမေအးခ်မ္းဖို႔၊ စီမံခန္႔ခြဲမႈေတြရမွျဖစ္မယ္လို႔ ေျမာက္ဦးေဒသ ကမၻာ့အေမြအႏွစ္တင္သြင္းေရးလုပ္ငန္းအဖြဲ႕က အဖြဲ႔ဝင္ျဖစ္သူ ေ႐ွးေဟာင္းသုေတသန ပညာ႐ွင္တစ္ဦးက ေျပာပါတယ္။

“ကမၻာ့အေမြအႏွစ္အဖြဲ႔ကလည္း လာစစ္ေဆးတာေတြ႐ွိမယ္၊ဒီလို ေျမျပင္စစ္ေဆးတဲ့အခါ လုံျခဳံေရးပိုင္းဆိုင္ရာေကာင္းရမယ္ ရဟတ္ယာဥ္ေတြဘာေတြနဲ႔စစ္ရမွာကိုး၊နယ္ေျမအေျခအေနေစာင့္ၾကည့္ေနတယ္၊နယ္ေျမေပၚမူတည္ျပီးဆက္လုပ္ရမယ့္လုပ္ငန္းစဥ္႐ွိတယ္၊ ဆက္လုပ္ရမယ္လုပ္ငန္းကိုခ်င့္ခ်ိန္ေနပါ တယ္။ ႏိုင္ငံတကာမွာ စစ္ျဖစ္တဲ့ေဒသေတြကို ဘယ္ေတာ့မွ ကမၻာ့အေမြအႏွစ္ေပးေလ့မ႐ွိဘူး”လို႔ ေ႐ွးေဟာင္းသုေတသန ပညာ႐ွင္တစ္ဦးက ေျပာပါတယ္။

လက္ရွိမွာေတာ့ နယ္ေျမအေျခအေနကိုေစာင့္ၾကည့္ေနေၾကာင္း ၊အေျခအေနေပၚမူတည္ၿပီး ေ႐ွ႕လုပ္ငန္းစဥ္ေတြကိုဆက္လုပ္မွာျဖစ္တယ္လုိ႔ သိရပါတယ္။

၂၀၁၈ခုႏွစ္ကတည္းကစတင္ခဲ့တဲ့ ေဒသတြင္းလက္နက္ကိုင္ ပဋိပကၡျပႆနာေၾကာင့္ ကမၻာအေမြအႏွစ္စာရင္းတင္သြင္းႏိုင္ေရးကိစၥ ေဆာင္ရြက္မႈဟာ ေႏွာင့္ေႏွးခဲ့ရတယ္လို႔ သာသနာေရးႏွင့္ ယဥ္ေက်းမွုဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက ေမလ ၂၆ရက္ေန႔ကျပဳလုပ္ခဲ့တဲ့ ေျမာက္ဦးေဒသကို ကမၻာ့အေမြအႏွစ္ စာရင္းတင္သြင္းျခင္းလုပ္ငန္းႏွင့္ ပတ္သက္ၿပီး ေဆာင္ရြက္ၿပီးစီးမႈ၊ ေဆာင္ရြက္ဆဲနဲ႔ ေရွ႕လုပ္ငန္းစဥ္ေတြေဆာင္ရြက္ဖို႔ကိစၥေတြႏွင့္ စပ္လ်ဥ္းတဲ့ Video Conferencing ညႇိႏွိုင္းအစည္းအေဝးမွာ ေျပာဆိုခဲ့ပါတယ္။

ေျမာက္ဦးေဒသဟာ ကမာၻ႔အေမြအႏွစ္စာရင္း သတ္မွတ္ခံရဖို႔အတြက္ အေျခခံအေနနဲ႔ ကမာၻ႔အဆင့္မွီ စံတန္ဖိုးေတြ(Outstanding Universal Value)ျဖစ္တဲ့ ခိုင္မာမႈ(Integrity)၊ စစ္မွန္မႈ(Authenticity) စတဲ့ အခ်က္ေတြနဲ႔ ျပည့္စံုမႈ႐ွိတဲ့အျပင္ ပုဂံယဥ္ေက်းမႈေဒသနည္းတူ ေရွးေဟာင္းဘုရား၊ ပုထိုး၊ ေစတီေတြရွိသလို ေ႐ွးေဟာင္းၿမိဳ႕႐ိုး ၊ က်ဳံး ၊ ခံတပ္ စတဲ့ တျခားေရွးေဟာင္းအေဆာက္အဦးေတြပါ တစုတစည္းတည္း ေပါင္းစပ္တည္ရွိေနတာ ျဖစ္ပါတယ္။

ေျမာက္ဦးယဥ္ေက်းမႈအေမြအႏွစ္ေဒသ အဆိုျပဳစာတြဲ(Nomination Dossier)ကိုေတာ့ လာမယ့္ ၂၀၂၁ခုႏွစ္၊ ဇန္နဝါရီလမွာ ကမၻာ့အေမြအႏွစ္ေကာ္မတီဆီကို တင္ျပနိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ေျမာက္ဦး

Related posts

Leave a Comment

VOM News

FREE
VIEW