ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးသမား (၂)ဦးသေဆုံး

ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးသမား (၂)ဦးသေဆုံး

ဖားကန့်၊ ဇွန် ၁-၂ဝ၂ဝ
ဇော်မိုးထက်(VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ သောင်းကော့ကျေးရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက သက်တမ်းကုန်လုပ်ကွက်က ကမ်းပါးပြိုကျတာကြောင့် ရေမဆေးရှာဖွေသူ(၂)ဦး သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာနယ်မြေရဲစခန်းကနေ သိရပါတယ်။

သေဆုံးသွားသူ ရေမဆေးသမားနှစ်ဦးဟာ တနိုင်းမြို့ဇာတိ ကချင်တိုင်းရင်းသားတဦးဖြစ်တဲ့ ဆမားဇော်ကိန် (၂၉)နှစ်နဲ့ ၊ ဆဒုံးမြို့ ရပ်ကွက်(၁) အားဟုတ်(ခ)ရှင်းချန်း (၂၁)နှစ်တို့ ဖြစ်တယ်လို့ သိရပါတယ် ။

သောင်းကောင့်ကျေးရွာအနီး အရင်က စိန်လုံတောင်တန်းကုမ္မဏီရဲ့ သက်တမ်းကုန် ကျောက်စိမ်းလုပ်ကွက်ကမ်းပါးခြေမှာ ရေမဆေးကျောက်ရှာဖွေစဉ် အမြင့်ပေ ၃ဝဝခန့်ကနေ ရုတ်တရက် ကမ်းပါးပြိုကျပြီး မြေစာပိသေဆုံးခဲ့ပြီး မြေပိသေဆုံးသူနှစ်ဦးဟာ ဦးခေါင်းနဲ့ မျက်နှာတွေ ကြေညက်သွားတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ် ။

အခုအခင်းဖြစ်ပွားတဲ့နေရာမှာပဲ မေလ (၃ဝ)ရက်နေ့ ည(၇)နာရီအချိန်က ဦးရန်အောင် (၃၃)နှစ်ဟာ ယခုပြိုကျမယ့် ကမ်းပါးပေါ်မှ ပြုတ်ကျခဲ့ပြီး သေဆုံးသွားခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီနေရာမှာပဲ ၂ဝ၁၉ခုနှစ် နိုဝင်ဘာ( ၆)ရက်နေ့ ည(၁၁)နာရီးခန့်ကလည်း ရေမဆေးရှာဖွေသူတဦး ကမ်းပါးပြိုကျမှုကြောင့် မြေပိသေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ် ။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖားကန့်-လုံးခင် ရတနာနယ်မြေမှာ မြေကမ်းပါးပြိုကျမှုများကြောင့် ၂ဝ၁၇နှစ်ကစပြီး နှစ်စဉ် လူပေါင်း(၅၀)ထက်မနည်း သေဆုံးနေခဲ့ရပြီး ဖြစ်ပါတယ် ။

၂ဝ၂ဝခုနှစ် ဇွန်လ(၁)ရက်နေ့အထိ အခုဖြစ်စဉ်အပါအဝင် မြေကမ်းပါးပြိုကျမှု(၈)ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း(၁၅)ဦး သေဆုံးခဲ့ကာ (၁)ဦးမှာ ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ သက်ဆိုင်ရာ ရဲမှတ်တမ်းများနဲ့ မီဒီယာများမှာဖော်ပြခဲ့သော သတင်းမှတ်တမ်းများအရ သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #မြေပြိုကျ #လူသေဆုံး

Zawgyi

ကမ္းပါးၿပိဳက်မႈေၾကာင့္ ေရမေဆးသမား (၂)ဦးေသဆုံး

ဖားကန႔္၊ ဇြန္ ၁-၂ဝ၂ဝ
ေဇာ္မိုးထက္(VOM)

ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူအုပ္စု၊ ေသာင္းေကာ့ေက်း႐ြာအနီးမွာ ဒီကေန႔မနက္ပိုင္းက သက္တမ္းကုန္လုပ္ကြက္က ကမ္းပါးၿပိဳက်တာေၾကာင့္ ေရမေဆးရွာေဖြသူ(၂)ဦး ေသဆုံးခဲ့တယ္လို႔ သက္ဆိုင္ရာနယ္ေျမရဲစခန္းကေန သိရပါတယ္။

ေသဆုံးသြားသူ ေရမေဆးသမားႏွစ္ဦးဟာ တႏိုင္းၿမိဳ႕ဇာတိ ကခ်င္တိုင္းရင္းသားတဦးျဖစ္တဲ့ ဆမားေဇာ္ကိန္ (၂၉)ႏွစ္နဲ႔ ၊ ဆဒုံးၿမိဳ႕ ရပ္ကြက္(၁) အားဟုတ္(ခ)ရွင္းခ်န္း (၂၁)ႏွစ္တို႔ ျဖစ္တယ္လို႔ သိရပါတယ္ ။

ေသာင္းေကာင့္ေက်း႐ြာအနီး အရင္က စိန္လုံေတာင္တန္းကုမၼဏီရဲ႕ သက္တမ္းကုန္ ေက်ာက္စိမ္းလုပ္ကြက္ကမ္းပါးေျခမွာ ေရမေဆးေက်ာက္ရွာေဖြစဥ္ အျမင့္ေပ ၃ဝဝခန႔္ကေန ႐ုတ္တရက္ ကမ္းပါးၿပိဳက်ၿပီး ေျမစာပိေသဆုံးခဲ့ၿပီး ေျမပိေသဆုံးသူႏွစ္ဦးဟာ ဦးေခါင္းနဲ႔ မ်က္ႏွာေတြ ေၾကညက္သြားတဲ့ဒဏ္ရာနဲ႔ ေသဆုံးသြားခဲ့တာလို႔ မ်က္ျမင္ေတြ႕ရွိသူေတြကေျပာပါတယ္ ။

အခုအခင္းျဖစ္ပြားတဲ့ေနရာမွာပဲ ေမလ (၃ဝ)ရက္ေန႔ ည(၇)နာရီအခ်ိန္က ဦးရန္ေအာင္ (၃၃)ႏွစ္ဟာ ယခုၿပိဳက်မယ့္ ကမ္းပါးေပၚမွ ျပဳတ္က်ခဲ့ၿပီး ေသဆုံးသြားခဲ့ရတာလည္းျဖစ္ပါတယ္။ ဒါ့အျပင္ အဲ့ဒီေနရာမွာပဲ ၂ဝ၁၉ခုႏွစ္ ႏိုဝင္ဘာ( ၆)ရက္ေန႔ ည(၁၁)နာရီးခန႔္ကလည္း ေရမေဆးရွာေဖြသူတဦး ကမ္းပါးၿပိဳက်မႈေၾကာင့္ ေျမပိေသဆုံးခဲ့တဲ့ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ပါတယ္ ။

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ ဖားကန႔္-လုံးခင္ ရတနာနယ္ေျမမွာ ေျမကမ္းပါးၿပိဳက်မႈမ်ားေၾကာင့္ ၂ဝ၁၇ႏွစ္ကစၿပီး ႏွစ္စဥ္ လူေပါင္း(၅၀)ထက္မနည္း ေသဆုံးေနခဲ့ရၿပီး ျဖစ္ပါတယ္ ။

၂ဝ၂ဝခုႏွစ္ ဇြန္လ(၁)ရက္ေန႔အထိ အခုျဖစ္စဥ္အပါအဝင္ ေျမကမ္းပါးၿပိဳက်မႈ(၈)ႀကိမ္ ျဖစ္ပြားခဲ့ၿပီး လူေပါင္း(၁၅)ဦး ေသဆုံးခဲ့ကာ (၁)ဦးမွာ ဒဏ္ရာျပင္းထန္စြာရခဲ့တယ္လို႔ သက္ဆိုင္ရာ ရဲမွတ္တမ္းမ်ားနဲ႔ မီဒီယာမ်ားမွာေဖာ္ျပခဲ့ေသာ သတင္းမွတ္တမ္းမ်ားအရ သိရပါတယ္။

#voiceofmyanmar #VOM #ဖားကန္႔ #ေျမၿပိဳက် #လူေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW