ဦးတီခွန်မြတ်ကို လွှတ်တော်ဥက္ကဌရာထူးကနေ ဖြုတ်ချရေးအဆို ရှုံးနိမ့်

ဦးတီခွန်မြတ်ကို လွှတ်တော်ဥက္ကဌရာထူးကနေ ဖြုတ်ချရေးအဆို ရှုံးနိမ့်

နေပြည်တော်၊ ဇွန် ၁-၂၀၂၀
Voice Of Myanmar

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်ကို တာ၀န်ကနေရုတ်သိမ်းပေးဖို့အဆိုကို ဒီကနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်မှာ ထည့်သွင်းဆွေးနွေးခဲ့ရာ အဆိုရှုံးနိမ့်ခဲ့ပါတယ်။

ဦးတီခွန်မြတ်ကို တာဝန်ကနေရုပ်သိမ်းပေးဖို့ လွှတ်တော်ကိုယ်စားလှယ် (၁၁၀)ဦးက မေလ(၂၈)ရက်နေ့မှာ လက်မှတ်ရေးထိုးပြီး ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။

အဲ့ဒီအဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က တင်သွင်းခဲ့တာဖြစ်ပြီး တင်သွင်းခဲ့တဲ့အဆိုနဲ့စပ်လျှဉ်းပြီး ပါဝင်ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိရင် မေလ ၂၉ ရက်နေ့ ညနေကို နောက်ဆုံးထားပြီး အမည်စာရင်းပေးသွင်းနိုင်တယ်လို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်က လွှတ်တော်ကို ကြေငြာခဲ့ပါတယ်။

အဲ့ဒီလိုကြေငြာခဲ့ပြီး ဒီကနေ့ ဇွန်လ(၁)ရက်‌နေ့ ပြည့်သူ့လွှတ်တော်မှာ ထည့်သွင်းဆွေးနွေးရာမှာတော့ လျိုဝှက်မဲပေးစနစ်နဲ့ မဲပေးခဲ့ရာ ထောက်ခံဆန္ဒမဲ(၁၃၂)မဲ၊ ကန့်ကွက်ဆန္ဒမဲ(၂၄၃)မဲ နဲ့ ကန့်ကွက်ဆန္ဒမဲအရေအတွက်များတဲ့အတွက် တင်သွင်းခဲ့တဲ့အဆို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ဦးတီခြန္ျမတ္ကို လႊတ္ေတာ္ဥကၠဌရာထူးကေန ျဖဳတ္ခ်ေရးအဆို ရႈံးနိမ့္

ေနျပည္ေတာ္၊ ဇြန္ ၁-၂၀၂၀
Voice Of Myanmar

ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ဦးတီခြန္ျမတ္ကို တာ၀န္ကေန႐ုတ္သိမ္းေပးဖို႔အဆိုကို ဒီကေန႔ျပဳလုပ္တဲ့ ျပည္သူ႔လႊတ္ေတာ္မွာ ထည့္သြင္းေဆြးေႏြးခဲ့ရာ အဆိုရႈံးနိမ့္ခဲ့ပါတယ္။

ဦးတီခြန္ျမတ္ကို တာဝန္ကေန႐ုပ္သိမ္းေပးဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ (၁၁၀)ဦးက ေမလ(၂၈)ရက္ေန႔မွာ လက္မွတ္ေရးထိုးၿပီး ျပည္သူ႔လႊတ္ေတာ္မွာ အဆိုတင္သြင္းခဲ့ပါတယ္။

အဲ့ဒီအဆိုကို ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီဝင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းစိန္က တင္သြင္းခဲ့တာျဖစ္ၿပီး တင္သြင္းခဲ့တဲ့အဆိုနဲ႔စပ္လွ်ဥ္းၿပီး ပါဝင္ေဆြးေႏြးလိုတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရွိရင္ ေမလ ၂၉ ရက္ေန႔ ညေနကို ေနာက္ဆုံးထားၿပီး အမည္စာရင္းေပးသြင္းႏိုင္တယ္လို႔ ျပည္သူ႔လႊတ္ေတာ္ဒုတိယဥကၠဌ ဦးထြန္းထြန္းဟိန္က လႊတ္ေတာ္ကို ေၾကျငာခဲ့ပါတယ္။

အဲ့ဒီလိုေၾကျငာခဲ့ၿပီး ဒီကေန႔ ဇြန္လ(၁)ရက္‌ေန႔ ျပည့္သူ႔လႊတ္ေတာ္မွာ ထည့္သြင္းေဆြးေႏြးရာမွာေတာ့ လ်ိဳဝွက္မဲေပးစနစ္နဲ႔ မဲေပးခဲ့ရာ ေထာက္ခံဆႏၵမဲ(၁၃၂)မဲ၊ ကန႔္ကြက္ဆႏၵမဲ(၂၄၃)မဲ နဲ႔ ကန႔္ကြက္ဆႏၵမဲအေရအတြက္မ်ားတဲ့အတြက္ တင္သြင္းခဲ့တဲ့အဆို ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW