ပြည်ပပြန်တွေကို ရွာဘုန်းကြီးကျောင်းမှာမထားဖို့ ဦးဆောင်ဆန္ဒပြခဲ့သူ(၄)ဦးကို အမှုဖွင့်

ပြည်ပပြန်တွေကို ရွာဘုန်းကြီးကျောင်းမှာမထားဖို့ ဦးဆောင်ဆန္ဒပြခဲ့သူ(၄)ဦးကို အမှုဖွင့်

ကလေး ဇွန် ၂-၂၀၂၀
ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာဘုန်းကြီးကျောင်းမှာ ပြည်ပပြန်တွေကို စောင့်ကြည့် ခြေချုပ်အဖြစ်ထားဖို့ စီစဉ်တာကို ကန့်ကွက်ဆန္ဒပြရာမှာ ဦးဆောင်ခဲ့တဲ့သူ(၄)ဦးကို အရေးယူပေးဖို့ ဝက်လက်မြို့မရဲစခန်းမှာ တိုင်တန်းထားတယ်လို့ ဝက်လက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင် က ပြောပါတယ်။

“ပြည်ပပြန်တွေကို ထားရှိရာမှာ ကန့်ကွက်ဆန္ဒပြတဲ့ ဦးဆောင်သူတွေကို အရေးယူပေးဖို့ ရဲစခန်း မှာ တိုင်ထားပါတယ်”လို့ ဦးစိုးလှိုင်မောင် က ပြောပါတယ်။

ထိုင်းနိုင်ငံကနေ မိမိတို့နေရပ်ဖြစ်တဲ့ ဝက်လက်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကိုပြန်လာတဲ့ ပြည်ပပြန် လေးဦးကို ပင်းဇင်းကျေးရွာမှာထားဖို့ မြို့နယ်တာဝန်ရှိသူတွေက စီစဉ်ခဲ့တာနဲ့ပတ်သက်ပြီး ကျေးရွာသူကျေးရွာသား ၂၀၀ လောက်က မေလ(၃၀)ရက်နေ့ ညပိုင်းကရွာဘုန်းကြီးကျောင်းမှာ မထားဖို့ လူစုလူဝေးနဲ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်တဲ့သူတွေထဲက ဦးဆောင်သူတွေကို အရေးယူပေးဖို့ ဇွန်လ ၁ ရက်နေ့က ဝက်လက်မြို့မရဲစခန်းမှာ တိုင်တန်ထားတာဖြစ်ပါတယ်။

“ဦးဆောင်တဲ့သူ ၄ ဦး ကို အမှုဖွင့်ထားတယ်။ တာဝန်ဝတ္တရားနှောင့်ယှက်မှု နဲ့ မနေ့က အမှုဖွင့်ထားတယ်။ အမှုပဲဖွင့်ထားတယ် မဖမ်းရသေးပါဘူး”လို့ ဝက်လက်မြို့မရဲစခန်း က တာဝန်ရှိသူတွေကပြောပါတယ်။

ပင်းဇင်းကျေးရွာမှာ ထားဖို့စီစဉ်ခဲတဲ့ ပြည်တော်ပြန်(၄)ဦးဟာ ထိုင်းနိုင်ငံကပြန်လာပြီး ရွှေဘိုမြို့မှာ ခြေချုပ်စောင့်ကြည့်အဖြစ် အရင်ထားခဲ့တာဖြစ်ပြီး သူတို့ရဲ့ အာခေါင်တို့ဖတ် နမူနာနဲ့ နှာခေါင်းတို့ဖတ် နမူနာတို့ကို စစ်ဆေးခဲ့ရာမှာတာ့ ပိုးကူးစက်ခံထားရခြင်းမရှိဘူးလို့ အဖြေထွက်ခဲ့တဲ့အတွက် ကျေးရွာဘုန်းကြီးကျောင်းကို ပို့ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ကန့်ကွက်ဆန္ဒပြမှုအပြီးမှာ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြို့နယ်တာဝန်ရှိသူတွေက အစည်းဝေး လုပ်ပြီးမှ ဦးဆောင်သူတွေကိုအရေးယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဝက်လက်

Zawgyi

ျပည္ပျပန္ေတြကို ႐ြာဘုန္းႀကီးေက်ာင္းမွာမထားဖို႔ ဦးေဆာင္ဆႏၵျပခဲ့သူ(၄)ဦးကို အမႈဖြင့္

ကေလး ဇြန္ ၂-၂၀၂၀
ၿငိမ္းသူမင္း(VOM)

စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕နယ္၊ ပင္းဇင္းေက်း႐ြာဘုန္းႀကီးေက်ာင္းမွာ ျပည္ပျပန္ေတြကို ေစာင့္ၾကည့္ ေျခခ်ဳပ္အျဖစ္ထားဖို႔ စီစဥ္တာကို ကန႔္ကြက္ဆႏၵျပရာမွာ ဦးေဆာင္ခဲ့တဲ့သူ(၄)ဦးကို အေရးယူေပးဖို႔ ဝက္လက္ၿမိဳ႕မရဲစခန္းမွာ တိုင္တန္းထားတယ္လို႔ ဝက္လက္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးလႈိင္ေမာင္ က ေျပာပါတယ္။

“ျပည္ပျပန္ေတြကို ထားရွိရာမွာ ကန႔္ကြက္ဆႏၵျပတဲ့ ဦးေဆာင္သူေတြကို အေရးယူေပးဖို႔ ရဲစခန္း မွာ တိုင္ထားပါတယ္”လို႔ ဦးစိုးလႈိင္ေမာင္ က ေျပာပါတယ္။

ထိုင္းႏိုင္ငံကေန မိမိတို႔ေနရပ္ျဖစ္တဲ့ ဝက္လက္ၿမိဳ႕နယ္အတြင္းမွာရွိတဲ့ ေက်း႐ြာေတြကိုျပန္လာတဲ့ ျပည္ပျပန္ ေလးဦးကို ပင္းဇင္းေက်း႐ြာမွာထားဖို႔ ၿမိဳ႕နယ္တာဝန္ရွိသူေတြက စီစဥ္ခဲ့တာနဲ႔ပတ္သက္ၿပီး ေက်း႐ြာသူေက်း႐ြာသား ၂၀၀ ေလာက္က ေမလ(၃၀)ရက္ေန႔ ညပိုင္းက႐ြာဘုန္းႀကီးေက်ာင္းမွာ မထားဖို႔ လူစုလူေဝးနဲ႔ ကန႔္ကြက္ဆႏၵျပခဲ့ၾကပါတယ္။

အဲ့ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ကန႔္ကြက္ဆႏၵထုတ္ေဖာ္တဲ့သူေတြထဲက ဦးေဆာင္သူေတြကို အေရးယူေပးဖို႔ ဇြန္လ ၁ ရက္ေန႔က ဝက္လက္ၿမိဳ႕မရဲစခန္းမွာ တိုင္တန္ထားတာျဖစ္ပါတယ္။

“ဦးေဆာင္တဲ့သူ ၄ ဦး ကို အမႈဖြင့္ထားတယ္။ တာဝန္ဝတၱရားေႏွာင့္ယွက္မႈ နဲ႔ မေန႔က အမႈဖြင့္ထားတယ္။ အမႈပဲဖြင့္ထားတယ္ မဖမ္းရေသးပါဘူး”လို႔ ဝက္လက္ၿမိဳ႕မရဲစခန္း က တာဝန္ရွိသူေတြကေျပာပါတယ္။

ပင္းဇင္းေက်း႐ြာမွာ ထားဖို႔စီစဥ္ခဲတဲ့ ျပည္ေတာ္ျပန္(၄)ဦးဟာ ထိုင္းႏိုင္ငံကျပန္လာၿပီး ေ႐ႊဘိုၿမိဳ႕မွာ ေျခခ်ဳပ္ေစာင့္ၾကည့္အျဖစ္ အရင္ထားခဲ့တာျဖစ္ၿပီး သူတို႔ရဲ႕ အာေခါင္တို႔ဖတ္ နမူနာနဲ႔ ႏွာေခါင္းတို႔ဖတ္ နမူနာတို႔ကို စစ္ေဆးခဲ့ရာမွာတာ့ ပိုးကူးစက္ခံထားရျခင္းမရွိဘူးလို႔ အေျဖထြက္ခဲ့တဲ့အတြက္ ေက်း႐ြာဘုန္းႀကီးေက်ာင္းကို ပို႔ခဲ့တာျဖစ္ပါတယ္။

အဲ့ဒီလို ကန႔္ကြက္ဆႏၵျပမႈအၿပီးမွာ ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ ၿမိဳ႕နယ္တာဝန္ရွိသူေတြက အစည္းေဝး လုပ္ၿပီးမွ ဦးေဆာင္သူေတြကိုအေရးယူဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ဝက္လက္

Related posts

Leave a Comment

VOM News

FREE
VIEW