စဉ့်ကိုင်

ရဲတပ်ဖွဲ့မှူးလိုက်ပါလာတဲ့ ရဲကားနဲ့တိုက်မိလို့ ဆယ်အိမ်မှူးတစ်ဦးသေဆုံး မန္တလေး ဇွန် ၂-၂၀၂၀ ဖြူဖြူ (VOM) မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာအုပ်စုအတွင်း ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဒုခရိုင်ရဲတပ်ဖွဲ့မှူးလိုက်ပါလာတဲ့ ရဲကားနဲ့တိုက်မိလို့ ဆယ်အိမ်မှူးတစ်ဦး နေရာတင်သေဆုံးခဲ့ပြီး အဲ့ဒီရဲကားဟာ ရပ်တန့်မှုမရှိဘဲ မောင်းပြေးခဲ့တယ်လို့ ဘယ်လင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသူရထွန်းကပြောပါတယ်။ ဖြစ်စဉ်မှာ ဇွန်လ ၁ ရက်နေ့ ည ၈ နာရီဝန်းကျင်က ကျောက်ဆည်ခရိုင် ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မိုးလွင်လိုက်ပါပြီး ရဲတပ်သား အောင်ဇေယျမောင်းနှင်လာတဲ့ ပွိုင့်ကားဟာ မိုင်တိုင် ၃၇၇/၁ မှာ အလုပ်ကပြန်လာတဲ့ ဘယ်လင်းကျေးရွာအုပ်စု၊ ဘဏ္ဌာကျေးရွာ ဆယ်အိမ်မှူး ဦးစိုးဝင်းကို တိုက်မိခဲ့ပြီး နေရာတင်သေဆုံးမှု ဖြစ်ခဲ့တယ်လို့ ဦးသူရထွန်းကပြောပါတယ်။ “လမ်းဘေးမှာ လမ်းကူးဖို့ရပ်နေချိန်မှာ ရဲကားက အရှိန်လွန်ပြီးဝင်တိုက်တာပေ့ါ။ တိုက်သွားတာကို သူတို့ကထွက်ပြေးသွားတယ်။ အဲ့ဒါနဲ့ ရွာက ကလေးလေးယောက်က ဆိုင်ကယ်နဲ့လိုက်ကြတာပေါ့။ ကျောက်ဆည်မြို့အဝင်မှာမီတော့ ရှေ့ကပိတ်ရပ်ပြီး…

Read More

ပြည်ပပြန်တွေကို ရွာဘုန်းကြီးကျောင်းမှာမထားဖို့ ဦးဆောင်ဆန္ဒပြခဲ့သူ(၄)ဦးကို အမှုဖွင့်

ပြည်ပပြန်တွေကို ရွာဘုန်းကြီးကျောင်းမှာမထားဖို့ ဦးဆောင်ဆန္ဒပြခဲ့သူ(၄)ဦးကို အမှုဖွင့် ကလေး ဇွန် ၂-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာဘုန်းကြီးကျောင်းမှာ ပြည်ပပြန်တွေကို စောင့်ကြည့် ခြေချုပ်အဖြစ်ထားဖို့ စီစဉ်တာကို ကန့်ကွက်ဆန္ဒပြရာမှာ ဦးဆောင်ခဲ့တဲ့သူ(၄)ဦးကို အရေးယူပေးဖို့ ဝက်လက်မြို့မရဲစခန်းမှာ တိုင်တန်းထားတယ်လို့ ဝက်လက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင် က ပြောပါတယ်။ “ပြည်ပပြန်တွေကို ထားရှိရာမှာ ကန့်ကွက်ဆန္ဒပြတဲ့ ဦးဆောင်သူတွေကို အရေးယူပေးဖို့ ရဲစခန်း မှာ တိုင်ထားပါတယ်”လို့ ဦးစိုးလှိုင်မောင် က ပြောပါတယ်။ ထိုင်းနိုင်ငံကနေ မိမိတို့နေရပ်ဖြစ်တဲ့ ဝက်လက်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကိုပြန်လာတဲ့ ပြည်ပပြန် လေးဦးကို ပင်းဇင်းကျေးရွာမှာထားဖို့ မြို့နယ်တာဝန်ရှိသူတွေက စီစဉ်ခဲ့တာနဲ့ပတ်သက်ပြီး ကျေးရွာသူကျေးရွာသား ၂၀၀ လောက်က မေလ(၃၀)ရက်နေ့ ညပိုင်းကရွာဘုန်းကြီးကျောင်းမှာ မထားဖို့ လူစုလူဝေးနဲ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်တဲ့သူတွေထဲက ဦးဆောင်သူတွေကို အရေးယူပေးဖို့ ဇွန်လ ၁ ရက်နေ့က ဝက်လက်မြို့မရဲစခန်းမှာ…

Read More

စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ချုပ်ရေးအဖွဲ့က ဖိနှိပ်မှုရှိနေတယ်လို့ဆိုကာ သမဂ္ဂအဖွဲ့ဝင်တွေက ရှင်းလင်းမှုပြုလုပ်

စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ချုပ်ရေးအဖွဲ့က ဖိနှိပ်မှုရှိနေတယ်လို့ဆိုကာ သမဂ္ဂအဖွဲ့ဝင်တွေက ရှင်းလင်းမှုပြုလုပ် မန္တလေး၊ ဇွန် ၂-၂၀၂၀ ဟိန်းကို(VOM) မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းက စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ကျောင်းသားတွေကို ဖိနှိပ်မှုတွေရှိတယ်လို့ဆိုကာ ဒီကနေ့မနက်ပိုင်းက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကနေ ရှင်းလင်းမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ဆရာ၊ဆရာမတွေဟာ ကျောင်းသားတွေ အသုံးပြုရမယ့် ကျောင်းပိုင်ပစ္စည်းများကို အသုံးပြုခိုင်းခြင်းမရှိဘဲ ကျောင်းသား၊ကျောင်းသူတွေကို ပေါက်ပြားဖြင့်မြေလှန်ခြင်းများ မကြာခဏပြုလုပ်ခိုင်းတာနဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့ အခက်အခဲတင်ပြတဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို တစ်ဖက်သက်အပြစ်ရှာ အရေးယူမှုများရှိနေတယ်လို့ စိုက်ပျိုးရေးသိပ္ပံကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေက ပြောပါတယ်။ “ကျောင်းက ဘဏ္ဏာရေးအရှုပ်အရှင်း‌တွေဆို ရှင်းတမ်းမရှိဘူး ဒါမဖြစ်သင့်ဘူး ၊ ကျနော်တို့ကျောင်းအတွက်အများကြီးနစ်နာတယ်။ ကျောင်းနှစ်စမှာ အားကစားကြေး(၃၀၀၀)ကောက်တယ်၊ ကျောင်းသား ၆၀၀နီးပါး ပေးရတယ်၊ အဲ့ဒီလိုပေးထားတာကို ကျောင်းအားကစားပွဲကျင်းပရင် အားကစားပစ္စည်းစုံလင်အောင် ထောက်ပံ့မှုမရှိဘူး၊ ကျောင်းရဲ့ အားကစားအသုံးစရိတ်ကိုလည်း ရှင်းလင်းထုတ်ပြောတာမရှိဘူး”လို့ စိုက်ပျိုးရေးသိပ္ပံကျောင်းသားများသမဂ္ဂဥက္ကဌ ကိုထက်ဝေဟင်ကပြောပါတယ်။ ဒါ့အပြင် ကျောင်းဝတ်စုံအတွက် ပုဆိုး၊ ထမိန်ကြေးဟုဆိုကာ ငွေကျပ်(၁၃၀၀)ကောက်ခံကာ ကျောင်းဖွင့်အပြီး…

Read More

အလုပ်သမားပေါင်း တစ်သောင်းကျော်ကို ကျပ်ဘီလီယံ သန်း ၁၀၀၀ ကျော် EU မြန်ကူအဖွဲ့က ထောက်ပံ့ထား

အလုပ်သမားပေါင်း တစ်သောင်းကျော်ကို ကျပ်ဘီလီယံ သန်း ၁၀၀၀ ကျော် EU မြန်ကူအဖွဲ့က ထောက်ပံ့ထား ရန်ကုန် ၊ ဇွန် ၂-၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ်ကာလမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတစ်သောင်းကျော်ကို EU-ဥရောပသမဂ္ဂအရေးပေါ်ရန်ပုံငွေထောက်ပံ့ရေးအဖွဲ့၊မြန်ကူ(Myan Ku)က ကျပ်ဘီလီယံ သန်း ၁၀၀၀ ကျော် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလှူဒါန်းမှုပြုလုပ်တဲ့အထဲမှာ အထည်ချုပ်စက်ရုံတွေက အမျိုးသမီးစက်ရုံအလုပ်သမား ၁၁၀၀၀ ကျော်ပါဝင်ခဲ့ပြီး ထောက်ပံ့မှုကို မေလပထမအပတ်ကစတင်ခဲ့ကာ ယခုပေးအပ်ပြီးတဲ့စာရင်းဟာဆိုရင် ဇွန်လ ၁ ရက်နေ့အထိ စာရင်းဖြစ်တယ်လို့ သိရပါတယ်။ “အလုပ်ပြုတ်သွားတဲ့ အထည်ချုပ်အလုပ်သမားတွေကို ထောက်ပံ့မှုပေးတာဖြစ်ပါတယ်။ EUကနေ အလုပ်သမားတွေဆီ တိုက်ရိုက် wave money ကနေ လွှဲပေးတာပါ။ တကယ်အလုပ်ပြုတ်သူ လူမှုဖူလုံရေးစသဖြင့် လိုအပ်တဲ့အချက်အလက်တွေ ဖြည့်ရတယ်။”လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်ကပြောပါတယ်။ ရန်ကုန်တိုင်းက စက်ရုံအလုပ်သမားတွေအပြင်…

Read More

မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းတွေစတင်ဖို့ တပ်မတော်ကိုကမ်းလှမ်း

မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းတွေစတင်ဖို့ တပ်မတော်ကိုကမ်းလှမ်း စစ်တွေ၊ ဇွန် ၂- ၂၀၂၀ ထက်အောင်စိုင်း (VOM) မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ ရခိုင်တပ်(ULA/AA)၊ ကိုးကန့်တပ်(MNTJP/ MNDAA)၊ တအောင်းတပ်(PSLF/ TNLA)တို့က အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးလုပ်ငန်စဉ်စတင်ဖို့ ကမ်းလှမ်းတဲ့ထုတ်ပြန်ချက်ကို မနေ့ ဇွန်လ ၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဆက်လက်ပြီး မဟာမိတ် (၃)ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဇွန်လ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ ဆဋ္ဌမအကြိမ်မြောက် အပစ်အခတ်ရပ်စဲကြောင်းနဲ့ မိမိတို့မဟာမိတ်အဖွဲ့တွေအနေနဲ့ တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲလိုကြောင်း ပါဝင်ပါတယ်။ ” အခုအချိန်ထိပေါ့နော် တပ်မတော်ဖက်ကလည်း အပစ်ရပ်ကြေညာတာတွေရှိသလို့ မြောက်ပိုင်းသုံးဖွဲ့ကလည်း အပစ်ရပ်ကြေညာတာတွေရှိတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ကျနော့်တို့ရခိုင်မှာလည်း တိုက်ပွဲလျော့ချနိုင်တာ အခုထိမရှိဘူး။ မြောက်ပိုင်းမှာက တိုက်ပွဲလျော့ချနိုင်ပေမယ့် ရခိုင်မှာတော့မတွေ့ဘူး။ မြောက်ပိုင်းအဖွဲ့တွေရော တပ်မတော်ကပါ တစ်ဖက်သက် အပစ်ရပ်ကြေညာတာတွေက ရည်ရွယ်ချက်နဲ့ဆိုပေမယ့် ကောင်းတယ်လို့ဆိုပေမယ့် လက်တွေ့မှာတော့ အလုပ်မဖြစ်ဘူး။…

Read More

နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကို ရန်ကုန်စီမံဘဏ္ဍာဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်း

နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကို ရန်ကုန်စီမံဘဏ္ဍာဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်း ရန်ကုန် ၊ ဇွန်၂-၂၀၂၀ သူရိန်(VOM) ဒီကနေ့ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးနေရာကို နေပြည်တော်ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးအား အစားထို့ခန့်အပ်ဖို့ တိုင်းအစိုးရဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းက စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း ကွယ်လွန်ခဲ့လို့ သူ့ရဲ့နေရာမှာ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကို ဝန်ကြီးတာဝန်ထမ်းဆောင်ဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ “ဦးရဲမင်းဦးက လူငယ်လူတော်တယောက်ပါ။ ဒါပေမယ့် ဝန်ကြီးနေရာက သက်တမ်းနဲနဲပဲ ကျန်နေတဲ့အချိန်မှာ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ထဲက ဒေါ်စန္ဒာမင်း၊ ဦးတင့်လွင်တို့လို သူတွေဆို ပိုကောင်းမယ်၊ သူတို့က ရန်ကုန်တိုင်းရဲ့စီမံဘဏ္ဍာကို ပိုသိတဲ့သူတွေလေ”လို့ ဒဂုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောပါတယ်။ ဦးရဲမင်းဦးဟာ ၂၀၁၃ ခုနှစ်ကစတင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ရဲ့ စီးပွားရေးကော်မတီဝင်နဲ့ ပြန်ကြားရေးကော်မတီတို့မှာ ပါဝင်ခဲ့သူဖြစ်သလို စီးပွားရေး၊ ငွေကြေးနဲ့…

Read More

အိန္ဒိယနိုင်ငံမှာ မြန်မာကျောင်းသား ၁၇၀ ကျော် ပိတ်မိနေ

အိန္ဒိယနိုင်ငံမှာ မြန်မာကျောင်းသား ၁၇၀ ကျော် ပိတ်မိနေ ကလေး၊ ဇွန် ၂-၂၀၂၀ ငြိမ်းသူမင်း(VOM) ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံမှာ ကျမ်းစာကျောင်း သွားတက်နေတဲ့ ကျောင်းသားကျောင်းသူ ဦးရေ ၁၇၀ ကျော်ဟာ မြန်မာနိုင်ငံကို ပြန်လာလို့မရဘဲ အိန္ဒိယမှာ ပိတ်မိနေတယ်လို့ ရိခေါ်ဒါရ်မြို့အခြေစိုက် ဟွာလ်ငိုဒေသဖွံဖြိုးရေးအဖွဲ့ဒါရိုက်တာ ဒေါ်နူနီး က ပြောပါတယ်။ ဒေါ်နူနီးရဲ့ ပြောပြချက်အရ အဲ့ဒီကျောင်းသားတွေဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကယ်ရာလာ ၊ မဒရပ်နဲ့ချနိုင်း စတဲ့မြို့နယ်တွေက ကျမ်းစာကျောင်းတွေမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေဖြစ်ပါတယ်။ သူတို့ဟာ နွေရာသီကျောင်းပိတ်ချိန်ကာလ မြန်မာနိုင်ငံကိုပြန်မလာဘဲ နောက်နှစ် ကျောင်းဆက်တက်နိုင်ဖို့ အိန္ဒိယနိုင်ငံမှာ ရရာအလုပ်လုပ် နေကြတာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကြောင့် အိန္ဒိယနိုင်ငံအတွင်း လော့ဒေါင်း သတ်မှတ်ခဲ့တာကြောင့် သူတို့အလုပ်လုပ်နေတဲ့ အလုပ်တွေပိတ်ပြီး အလုပ်ပိတ်တဲ့ ရက်ရှည်လာတာနဲ့အမျှ စားဖို့ခက်ခဲတဲ့အပြင် အိမ်ရှင်တွေကလည်း ငွေမပေးနိုင်လို့ နှင်ထုတ်တဲ့အဖြစ်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။…

Read More
VOM News

FREE
VIEW