စဥ္႔ကိုင္

ရဲတပ်ဖွဲ့မှူးလိုက်ပါလာတဲ့ ရဲကားနဲ့တိုက်မိလို့ ဆယ်အိမ်မှူးတစ်ဦးသေဆုံး

မန္တလေး ဇွန် ၂-၂၀၂၀
ဖြူဖြူ (VOM)

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာအုပ်စုအတွင်း ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဒုခရိုင်ရဲတပ်ဖွဲ့မှူးလိုက်ပါလာတဲ့ ရဲကားနဲ့တိုက်မိလို့ ဆယ်အိမ်မှူးတစ်ဦး နေရာတင်သေဆုံးခဲ့ပြီး အဲ့ဒီရဲကားဟာ ရပ်တန့်မှုမရှိဘဲ မောင်းပြေးခဲ့တယ်လို့ ဘယ်လင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသူရထွန်းကပြောပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၁ ရက်နေ့ ည ၈ နာရီဝန်းကျင်က ကျောက်ဆည်ခရိုင် ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မိုးလွင်လိုက်ပါပြီး ရဲတပ်သား အောင်ဇေယျမောင်းနှင်လာတဲ့ ပွိုင့်ကားဟာ မိုင်တိုင် ၃၇၇/၁ မှာ အလုပ်ကပြန်လာတဲ့ ဘယ်လင်းကျေးရွာအုပ်စု၊ ဘဏ္ဌာကျေးရွာ ဆယ်အိမ်မှူး ဦးစိုးဝင်းကို တိုက်မိခဲ့ပြီး နေရာတင်သေဆုံးမှု ဖြစ်ခဲ့တယ်လို့ ဦးသူရထွန်းကပြောပါတယ်။

“လမ်းဘေးမှာ လမ်းကူးဖို့ရပ်နေချိန်မှာ ရဲကားက အရှိန်လွန်ပြီးဝင်တိုက်တာပေ့ါ။ တိုက်သွားတာကို သူတို့ကထွက်ပြေးသွားတယ်။ အဲ့ဒါနဲ့ ရွာက ကလေးလေးယောက်က ဆိုင်ကယ်နဲ့လိုက်ကြတာပေါ့။ ကျောက်ဆည်မြို့အဝင်မှာမီတော့ ရှေ့ကပိတ်ရပ်ပြီး လူတိုက်သွားတယ်၊ ပြသာနာ လာရှင်းလှည့်ပါပြောတာကို မရှင်းဘဲ ရဲကားကနောက်ဆုတ်ပြီး ပြန်ထွက်ပြေးတဲ့အချိန်မှာ လိုက်လာတဲ့ကလေးထဲက တစ်ယောက်ကို ပြန်တိုက်မိသေးတယ်။”လို့ ဦးသူရထွန်းကပြောပါတယ်။

ထပ်မံအတိုက်ခံရတဲ့ လူငယ်ကတော့ ပွန်းရှဒဏ်ရာသာရရှိခဲ့ပြီး သူတို့ဟာ ရဲကားနောက်ကို ဆက်လိုက်ရာမှာတော့ ရဲကားဟာ ကျောက်ဆည်မြို့မရဲစခန်းအတွင်းကို ဝင်သွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဘယ်လင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ကျောက်ဆည်မြို့နယ်ရဲမှူးတို့ကို ဖြစ်စဉ်ရှင်းပြရာမှာ အရေးယူဖို့ ချက်ချင်းဆောင်ရွက်ပေးခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ စဉ့်ကိုင်မြို့နယ်ရဲစခန်းမှာ ယာဉ်မောင်းကို ၃၀၄(က)/ ၃၃၇ နဲ့အမှုဖွင့်ထားပြီး ဒုခရိုင်ရဲတပ်ဖွဲ့မှူးကိုတော့ ရဲစည်းကမ်းအရအရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အတိုက်ခံရပြီး သေဆုံးသွားတဲ့ ဦးစိုးဝင်းကိုတော့ ဇွန် ၂ ရက် ညနေ ၃ နာရီဝန်းကျင်မှာ သဂြိုလ်လိုက်ပြီလို့ ဦးသူရထွန်းကပြောပါတယ်။

#voiceofmyanmar #VOM #စဉ့်ကိုင် #ရဲကားနဲ့အတိုက်ခံရ #ဆယ်အိမ်မှူးသေဆုံး

Zawgyi

ရဲတပ္ဖြဲ႕မွဴးလုိက္ပါလာတဲ့ ရဲကားနဲ႔တိုက္မိလို႔ ဆယ္အိမ္မွဴးတစ္ဦးေသဆုံး

မႏၲေလး ဇြန္ ၂-၂၀၂၀
ျဖဴျဖဴ (VOM)

မႏၲေလးတိုင္း၊ စဥ့္ကိုင္ၿမိဳ႕နယ္၊ ဘယ္လင္းေက်း႐ြာအုပ္စုအတြင္း ရန္ကုန္-မႏၲေလးလမ္းေဟာင္းမွာ ဒုခ႐ိုင္ရဲတပ္ဖြဲ႕မႉးလိုက္ပါလာတဲ့ ရဲကားနဲ႔တိုက္မိလို႔ ဆယ္အိမ္မႉးတစ္ဦး ေနရာတင္ေသဆုံးခဲ့ၿပီး အ့ဲဒီရဲကားဟာ ရပ္တန႔္မႈမရွိဘဲ ေမာင္းေျပးခဲ့တယ္လို႔ ဘယ္လင္းေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးသူရထြန္းကေျပာပါတယ္။

ျဖစ္စဥ္မွာ ဇြန္လ ၁ ရက္ေန႔ ည ၈ နာရီဝန္းက်င္က ေက်ာက္ဆည္ခ႐ိုင္ ဒုခ႐ိုင္ရဲတပ္ဖြဲ႕မႉး ရဲမႉး ေဇာ္မိုးလြင္လိုက္ပါၿပီး ရဲတပ္သား ေအာင္ေဇယ်ေမာင္းႏွင္လာတဲ့ ပြိဳင့္ကားဟာ မိုင္တိုင္ ၃၇၇/၁ မွာ အလုပ္ကျပန္လာတဲ့ ဘယ္လင္းေက်း႐ြာအုပ္စု၊ ဘဏၭာေက်း႐ြာ ဆယ္အိမ္မႉး ဦးစိုးဝင္းကို တိုက္မိခဲ့ၿပီး ေနရာတင္ေသဆုံးမႈ ျဖစ္ခဲ့တယ္လို႔ ဦးသူရထြန္းကေျပာပါတယ္။

“လမ္းေဘးမွာ လမ္းကူးဖို႔ရပ္ေနခ်ိန္မွာ ရဲကားက အရွိန္လြန္ၿပီးဝင္တိုက္တာေပ့ါ။ တိုက္သြားတာကို သူတို႔ကထြက္ေျပးသြားတယ္။ အဲ့ဒါနဲ႔ ႐ြာက ကေလးေလးေယာက္က ဆိုင္ကယ္နဲ႔လိုက္ၾကတာေပါ့။ ေက်ာက္ဆည္ၿမိဳ႕အဝင္မွာမီေတာ့ ေရွ႕ကပိတ္ရပ္ၿပီး လူတိုက္သြားတယ္၊ ျပသာနာ လာရွင္းလွည့္ပါေျပာတာကို မရွင္းဘဲ ရဲကားကေနာက္ဆုတ္ၿပီး ျပန္ထြက္ေျပးတဲ့အခ်ိန္မွာ လိုက္လာတဲ့ကေလးထဲက တစ္ေယာက္ကို ျပန္တိုက္မိေသးတယ္။”လို႔ ဦးသူရထြန္းကေျပာပါတယ္။

ထပ္မံအတိုက္ခံရတဲ့ လူငယ္ကေတာ့ ပြန္းရွဒဏ္ရာသာရရွိခဲ့ၿပီး သူတို႔ဟာ ရဲကားေနာက္ကို ဆက္လိုက္ရာမွာေတာ့ ရဲကားဟာ ေက်ာက္ဆည္ၿမိဳ႕မရဲစခန္းအတြင္းကို ဝင္သြားတယ္လို႔ သိရပါတယ္။

အဲ့ဒီေနာက္ ဘယ္လင္းေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးနဲ႔အဖြဲ႕က ေက်ာက္ဆည္ၿမိဳ႕နယ္ရဲမႉးတို႔ကို ျဖစ္စဥ္ရွင္းျပရာမွာ အေရးယူဖို႔ ခ်က္ခ်င္းေဆာင္႐ြက္ေပးခဲ့တယ္လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ စဥ့္ကိုင္ၿမိဳ႕နယ္ရဲစခန္းမွာ ယာဥ္ေမာင္းကို ၃၀၄(က)/ ၃၃၇ နဲ႔အမႈဖြင့္ထားၿပီး ဒုခ႐ိုင္ရဲတပ္ဖြဲ႕မႉးကိုေတာ့ ရဲစည္းကမ္းအရအေရးယူဖို႔ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

အတိုက္ခံရၿပီး ေသဆုံးသြားတဲ့ ဦးစိုးဝင္းကိုေတာ့ ဇြန္ ၂ ရက္ ညေန ၃ နာရီဝန္းက်င္မွာ သၿဂိဳလ္လိုက္ၿပီလို႔ ဦးသူရထြန္းကေျပာပါတယ္။

#voiceofmyanmar #VOM #စဥ့္ကိုင္ #ရဲကားနဲ႔အတိုက္ခံရ #ဆယ္အိမ္မွဴးေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW