ရွှေတိဂုံဘုရားကို အွန်လိုင်းဘိုကင်စနစ်နဲ့စာရင်းပေးပြီး ဖူးမျှော်ခွင့်ပြုဖို့စီစဉ်

ရွှေတိဂုံဘုရားကို အွန်လိုင်းဘိုကင်စနစ်နဲ့စာရင်းပေးပြီး ဖူးမျှော်ခွင့်ပြုဖို့စီစဉ်

ရန်ကုန် ၊ ဇူလိုင် ၈
သိင်္ဂီ (VOM)

ရွှေတိဂုံဘုရားကို Online-အွန်လိုင်းကနေ စာရင်းပေးပြီး လာရောက်ဖူးမျှော်ခွင့်ပေးတဲ့စနစ်နဲ့ ပြန်ဖွင့်နိုင်ဖို့စီစဉ်နေပြီး ဘုရားကိုပြန်ဖွင်နိုင်ဖို့အတွက် အဆင်ပြေမယ့်နည်းလမ်းကို စဉ်းစားကာ စမ်းသပ်မှုတွေလုပ်နေတာဖြစ်တယ်လို့ ရွှေတိဂုံဘုရားဂေါပကအဖွဲ့ကပြောပါတယ်။

“စက်တွေကတော့ ရောက်နေပြီ။ စမယ်ဆိုရင် စက်တွေက ခုတပတ်ထဲမှာ လာပြီးတပ်ဆင်ပေးမယ် ပြောတယ်။ စက်တပ်ပြီး အရင်ဆုံး အဆင်မပြေ ကြည့်ရမှာပေါ့။ အဆင်ပြေတယ်ဆိုရင် ဆွေးနွေး ညှိနိူင်းတာတွေလုပ်ရမှာပါ ။ “လို့ဂေါပကအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာရဲအောင်ကပြောပါတယ်။

လက်ရှိမှာတော့ ရွှေတိဂုံဘုရားကိုဖူးမျှော်ခွင့်နဲ့ ပြန်လည်ဖွင့်လှစ်မယ့် ရက်အတိကျကို မသိရသေးသေးပေမယ့် ဖွင့်လှစ်ချိန်မှာတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်မယ့်ကိစ္စတွေကိုတော့ အဆင်သင့်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

” ဒီကနေ့ ဖြစ်ပေါ်နေတဲ့ရောဂါအခြေအနေအရ လူပေါင်း ၁၀၀ ကနေ ၁၀၀၀ ဖြစ်သွားနိုင်တော့ ရောဂါဖြန့်ဝေရေးဌာန အဖြစ်မခံနိုင်ဘူး၊ ဘုရားပြန်လည်ဖွင့်လှစ်ချိန်မှာ ဘုရားဖူးဧည့်သည်တွေကနေ ကိုဗစ် ၁၉ရောဂါ ကူးစက်ပျံ့ပွားမှုမရှိအောင် အဓိကလုပ်ဆောင်မှာဖြစ်ပါတယ်” လို့ ဒေါက်တာရဲအောင်ကပြောပါတယ်။

ရွှေတိဂုံဘုရားကို ပြီးခဲ့တဲ့ မတ်လ ၂၅ ရက် နေ့ကတည်းက အချိန်အကန့်အသတ်နဲ့ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့ပြီး ၊မတ်လ ၃၁ ရက်မှာ အချိန်ပိုတိုးကန့်သတ်မှုအဖြစ် မနက် ၁၀ နာရီကနေ ၃ နာရီကို ပြောင်းလဲခဲ့ပါတယ်။ဧပြိလ ၉ ရက်နေ့မှာတော့ ဘုရားဖူးခွင့်ကို ယာယီပိတ်လိုက်ပြီး အခုချိန်ထိပိတ်ထားဆဲဖြစ်ပါတယ်။

Photo – ရွှေတိဂုံဘုရားဂေါပကအဖွဲ့
#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ေရႊတိဂုံဘုရားကို အြန္လိုင္းဘိုကင္စနစ္နဲ႔စာရင္းေပးၿပီး ဖူးေမ်ွာ္ခြင့္ျပဳဖို႔စီစဥ္

ရန္ကုန္ ၊ ဇူလိုင္ ၈
သိဂႌ (VOM)

ေရႊတိဂုံဘုရားကို Online-အြန္လိုင္းကေန စာရင္းေပးၿပီး လာေရာက္ဖူးေမ်ွာ္ခြင့္ေပးတဲ့စနစ္နဲ႔ ျပန္ဖြင့္ႏိုင္ဖို႔စီစဥ္ေနၿပီး ဘုရားကိုျပန္ဖြင္ႏိုင္ဖို႔အတြက္ အဆင္ေျပမယ့္နည္းလမ္းကို စဥ္းစားကာ စမ္းသပ္မႈေတြလုပ္ေနတာျဖစ္တယ္လုိ႔ ေရႊတိဂုံဘုရားေဂါပကအဖြဲ႔ကေျပာပါတယ္။

“စက္ေတြကေတာ့ ေရာက္ေနၿပီ။ စမယ္ဆိုရင္ စက္ေတြက ခုတပတ္ထဲမွာ လာၿပီးတပ္ဆင္ေပးမယ္ ေျပာတယ္။ စက္တပ္ၿပီး အရင္ဆုံး အဆင္မေျပ ၾကည့္ရမွာေပါ့။ အဆင္ေျပတယ္ဆိုရင္ ေဆြးေႏြး ညႇိႏိူင္းတာေတြလုပ္ရမွာပါ ။ “လို႔ေဂါပကအဖြဲ႔ဝင္ျဖစ္သူ ေဒါက္တာရဲေအာင္ကေျပာပါတယ္။

လက္႐ွိမွာေတာ့ ေရႊတိဂုံဘုရားကိုဖူးေမ်ွာ္ခြင့္နဲ႔ ျပန္လည္ဖြင့္လွစ္မယ့္ ရက္အတိက်ကို မသိရေသးေသးေပမယ့္ ဖြင့္လွစ္ခ်ိန္မွာေတာ့ က်န္းမာေရးနဲ႔ပတ္သက္ၿပီး လုပ္ေဆာင္မယ့္ကိစၥေတြကိုေတာ့ အဆင္သင့္ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

” ဒီကေန႔ ျဖစ္ေပၚေနတဲ့ေရာဂါအေျခအေနအရ လူေပါင္း ၁၀၀ ကေန ၁၀၀၀ ျဖစ္သြားႏိုင္ေတာ့ ေရာဂါျဖန္႔ေဝေရးဌာန အျဖစ္မခံႏိုင္ဘူး၊ ဘုရားျပန္လည္ဖြင့္လွစ္ခ်ိန္မွာ ဘုရားဖူးဧည့္သည္ေတြကေန ကိုဗစ္ ၁၉ေရာဂါ ကူးစက္ပ်ံ႕ပြားမႈမ႐ွိေအာင္ အဓိကလုပ္ေဆာင္မွာျဖစ္ပါတယ္” လို႔ ေဒါက္တာရဲေအာင္ကေျပာပါတယ္။

ေရႊတိဂုံဘုရားကို ၿပီးခဲ့တဲ့ မတ္လ ၂၅ ရက္ ေန႔ကတည္းက အခ်ိန္အကန္႔အသတ္နဲ႔ မနက္ ၉ နာရီကေန ညေန ၄ နာရီအထိ ဖြင့္လွစ္ခဲ့ၿပီး ၊မတ္လ ၃၁ ရက္မွာ အခ်ိန္ပိုတိုးကန္႔သတ္မႈအျဖစ္ မနက္ ၁၀ နာရီကေန ၃ နာရီကို ေျပာင္းလဲခဲ့ပါတယ္။ဧၿပိလ ၉ ရက္ေန႔မွာေတာ့ ဘုရားဖူးခြင့္ကို ယာယီပိတ္လိုက္ၿပီး အခုခ်ိန္ထိပိတ္ထားဆဲျဖစ္ပါတယ္။

Photo – ေရႊတိဂံုဘုရားေဂါပကအဖြဲ႔
#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW