ပျောက်နေတဲ့ ဆိုးလ်မြို့တော်ဝန် သေဆုံးလျှက်တွေ့ရှိ

ပျောက်နေတဲ့ ဆိုးလ်မြို့တော်ဝန် သေဆုံးလျှက်တွေ့ရှိ

ဆိုးလ်၊ ဇူလိုင်-၁၀-၂၀၂၀
မျိုးဆက် (VOM)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ဝန်ဟာ ဇူလိုင် ၉ ရက်က ပျောက်ဆုံးသွားပြီးနောက် သူ့ရဲ့အလောင်းကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဆိုးလ်မြို့တော်ဝန် Park Won-soonဟာ နေအိမ်မှမထွက်ခွာမီ စာတစ်စောင်ချန်ရစ်ခဲ့တာကို တွေ့ရှိတာကြောင့် သူ့ရဲ့သမီးဖြစ်သူက ရဲတပ်ဖွဲ့ကိုအကြောင်းကြားပြီး ရှာဖွေမှုများပြုလုပ်ခဲ့ကြပါတယ်။

မြို့တော်ဝန် ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင် ၆၀၀ဟာ ဒရုန်းတွေ ခွေးတွေအသုံးပြုပြီး နာရီပေါင်းများစွာ ရှာဖွေမှုများပြုခဲ့ပြီးနောက် သူ့ရဲ့ဖုန်းအချက်ပြလှိုင်းကို နောက်ဆုံးခြေရာခံမိခဲ့တဲ့ ဆိုးလ်မြောက်ပိုင်းရှိ ဘူဂတ်တောင်ပေါ်မှာ မြို့တော်ဝန်ရဲ့အလောင်းအား ရဲတပ်ဖွ့ဲကတွေ့ရှိခဲ့ပါတယ်။

လက်ရှိအချိန်ထိ သူသေဆုံးရခြင်းအကြောင်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာမရှိသေးပါဘူး။ မြို့တော်ဝန် မပျောက်ဆုံးမီ နာရီအနည်းငယ်အလိုမှာ သူ့ကို လိင်ပိုင်ဆိုင်ရာနှောက်ယှက်စော်ကားမှုနဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးက တိုင်ကြားမှုပြုခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့ပေမယ့် ဒီကိစ္စကို အတည်မပြုနိုင်သေးပါဘူး။

သူဟာ သေဆုံးမယ့်နေ့ ဇူလိုင် ၉ ရက်မှာ ရုံးတက်ခြင်းမရှိပဲ ဆိုးလ်မြို့တော်ခန်းမမှာ သမ္မတရုံးတာဝန်ရှိသူတစ်ဦးနဲ့ ပြုလုပ်မယ့်အစည်းအဝေးကို ဖျက်သိမ်းခဲ့ပါတယ်။

Park Won-soonဟာ ၂၀၁၁ ခုနှစ်မှာ ဆိုးလ်မြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ယမန်နှစ်ဇွန်လမှာ သူ့ရဲ့ တတိယသက်တမ်းနဲ့ နောက်ဆုံးသက်တမ်းအဖြစ် ထပ်မံရွေးချယ်ခံခဲ့ရပါတယ်။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #ဆိုးလ်

Zawgyi

ေပ်ာက္ေနတဲ႔ ဆိုးလ္ျမိဳ႕ေတာ္၀န္ ေသဆံုးလွ်က္ေတြ႔ရိွ

ဆိုးလ္၊ ဇူလိုင္-၁၀-၂၀၂၀
မ်ိဳးဆက္ (VOM)

ေတာင္ကိုရီးယားနိုင္ငံ ဆိုးလ္ျမိဳ႕ေတာ္၀န္ဟာ ဇူလိုင္ ၉ ရက္က ေပ်ာက္ဆံုးသြားျပီးေနာက္ သူ႔ရဲ႕အေလာင္းကို ရဲတပ္ဖြဲ႔က ရွာေဖြေတြ႔ရိွခဲ႔ပါတယ္။

ဆိုးလ္ျမိဳ႕ေတာ္၀န္ Park Won-soonဟာ ေနအိမ္မွမထြက္ခြာမီ စာတစ္ေစာင္ခ်န္ရစ္ခဲ႔တာကို ေတြ႔ရိွတာေၾကာင္႔ သူ႔ရဲ႕သမီးျဖစ္သူက ရဲတပ္ဖြဲ႔ကိုအေၾကာင္းၾကားျပီး ရွာေဖြမႈမ်ားျပဳလုပ္ခဲ႔ၾကပါတယ္။

ျမိဳ႕ေတာ္၀န္ ေပ်ာက္ဆံုးမႈနဲ႔ပတ္သက္ျပီး ရဲတပ္ဖြဲ႔နဲ႔ မီးသတ္တပ္ဖြဲ႔၀င္ ၆၀၀ဟာ ဒရုန္းေတြ ေခြးေတြအသံုးျပဳျပီး နာရီေပါင္းမ်ားစြာ ရွာေဖြမႈမ်ားျပဳခဲ႔ျပီးေနာက္ သူ႔ရဲ႕ဖုန္းအခ်က္ျပလိႈင္းကို ေနာက္ဆံုးေျခရာခံမိခဲ႔တဲ႔ ဆိုးလ္ေျမာက္ပိုင္းရိွ ဘူဂတ္ေတာင္ေပၚမွာ ၿမိဳ႕ေတာ္ဝန္ရဲ႕အေလာင္းအား ရဲတပ္ဖြ႔ဲကေတြ႔ရိွခဲ႔ပါတယ္။

လက္ရိွအခ်ိန္ထိ သူေသဆံုးရျခင္းအေၾကာင္းနဲ႔ ပတ္သက္ျပီး ထုတ္ျပန္တာမရိွေသးပါဘူး။ ျမိဳ႕ေတာ္၀န္ မေပ်ာက္ဆံုးမီ နာရီအနည္းငယ္အလိုမွာ သူ႔ကို လိင္ပိုင္ဆိုင္ရာေနွာက္ယွက္ေစာ္ကားမႈနဲ ့ အမ်ိဳးသမီး၀န္ထမ္းတစ္ဦးက တိုင္ၾကားမႈျပဳခဲ႔တယ္လို႔ သတင္းမ်ားထြက္ေပၚခဲ႔ေပမယ္႔ ဒီကိစၥကို အတည္မျပဳနိုင္ေသးပါဘူး။

သူဟာ ေသဆံုးမယ္႔ေန႔ ဇူလိုင္ ၉ ရက္မွာ ရံုးတက္ျခင္းမရိွပဲ ဆိုးလ္ျမိဳ႕ေတာ္ခန္းမမွာ သမၼတရံုးတာ၀န္ရိွသူတစ္ဦးနဲ႔ ျပဳလုပ္မယ္႔အစည္းအေ၀းကို ဖ်က္သိမ္းခဲ႔ပါတယ္။

Park Won-soonဟာ ၂၀၁၁ ခုနွစ္မွာ ဆိုးလ္ျမိဳ႕ေတာ္၀န္အျဖစ္ ေရြးခ်ယ္ခံခဲ႔ရျပီး ယမန္နွစ္ဇြန္လမွာ သူ႔ရဲ႕ တတိယသက္တမ္းနဲ႔ ေနာက္ဆံုးသက္တမ္းအျဖစ္ ထပ္မံေရြးခ်ယ္ခံခဲ႔ရပါတယ္။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #ဆိုးလ္

Related posts

Leave a Comment

VOM News

FREE
VIEW