ဘားအံမြို့မှာ ဈေးရောင်းနေတဲ့အမျိုးသမီးတစ်ဦး သေနတ်နဲ့အပစ်ခံရ

ဘားအံမြို့မှာ ဈေးရောင်းနေတဲ့အမျိုးသမီးတစ်ဦး သေနတ်နဲ့အပစ်ခံရ

ကလေး ဇူလိုင် ၂၀-၂၀၂၀
ငြိမ်းသူမင်း(VOM)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မဲဘောင်အပိုင်း(၁)ရပ်ကွက်မှာရှိတဲ့ ဘားအံ-လှိုင်ဘွဲ့သွားတဲ့ ကားလမ်းဘေးက ဆန်ရောင်းတဲ့ဆိုင်မှာ ဆန်ရောင်းနေတဲ့ အမျိုးသမီးတစ်ဦးကို လူနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ် မနေ့ဇူလိုင်လ(၁၉)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ စုံစမ်း သိရပါတယ်။

အခင်းမဖြစ်ခင်အချိန်က အမျိုးသားနှစ်ဦး ဈေးဆိုင်ကိုရောက်လာပြီး ဝက်စာအတွက် ဆန်ကွဲ ဝယ်ချင်တယ်လို့ မေးတဲ့အတွက် သေနတ်နဲ့အပစ်ခံရတဲ့ အမျိုးသမီးက သူ့ဆိုင်မှာမရှိကြောင်း ရောင်းတဲ့ဆိုင်ကိုလမ်းညွှန်ပေးဖို့ ဆိုင်အမည်ကိုရေးပေးနေတဲ့အချိန်မှာ အမျိုးသားနှစ်ဦးထဲက တစ်ဦးဟာ ပစ္စတိုသေနတ်ထုတ်ပြီး ပစ်ခတ်ခံခဲ့ရတာကြောင့် အမျိုးသမီးရဲ့လက်ပြင်မှာ သေနတ်ရှပ်ထိ မှန်ထားတဲ့ ဒဏ်ရာရရှိကာ ဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ် နဲ့ ပတ်သက်လို့ သေနတ်ဒဏ်ရာရရှိခဲ့တဲ့ ဒေါ်မရင်သန်း ပြောပြတာက “သေနတ်နဲ့ ချိန်လိုက်တဲ့အခါမှာ ကျွန်မက လက်ထဲကဘောင်ချာစာအုပ်နဲ့ လက်ကို လှမ်းရိုက်လိုက်တော့ ပထမတစ်ချက်က ချော်သွားတယ်။ ဒုတိယတစ်ချက် ထပ်ပစ်ချိန်မှာတော့ ဘယ်ဘက် လက်ပြင်အောက် သေနတ်ရှပ်မှန်တဲ့ဒဏ်ရာ ရရှိခဲ့တယ်။ အဲ့ဒါပြီးတော့ သူတို့ ထွက်ပြေးသွားကြတယ်”လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူကို ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖြေကြားခဲ့ခြင်းမရှိပေမယ့် ဘားအံမြို့မရဲစခန်းက တာဝန်ရှိသူတွေကတော့ အခင်းဖြစ်ပွားရာနေရာကို သွားရောက်ပြီး စုံစမ်းစစ်ဆေးတာ၊ လုံခြုံရေးဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်တာ စတဲ့လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

ဘားအံမြို့မှာ ဇူလိုင်လ ၄ ရက်နေ့တုန်းကလည်း မြို့ပေါ်က နာရီစင်အနီးမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ လိုက်ပါလာတဲ့ ကားထဲက ယာဉ်မောင်းဖြစ်သူကို ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ဦးက သေနတ်နဲ့ ထုတ်ပြီး ခြိမ်းခြောက်တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ဒီလို ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာကြောင့် မြို့နေပြည်သူတွေက လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်လို့လည်း ပြောဆိုနေကြပါတယ်။

#voiceofmyanmar #VOM #ဘားအံ

Zawgyi

ဘားအံၿမိဳ႕မွာ ေဈးေရာင္းေနတဲ့အမ်ိဳးသမီးတစ္ဦး ေသနတ္နဲ႔အပစ္ခံရ

ကေလး ဇူလိုင္ ၂၀-၂၀၂၀
ၿငိမ္းသူမင္း(VOM)

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ မဲေဘာင္အပိုင္း(၁)ရပ္ကြက္မွာရွိတဲ့ ဘားအံ-လႈိင္ဘြဲ႕သြားတဲ့ ကားလမ္းေဘးက ဆန္ေရာင္းတဲ့ဆိုင္မွာ ဆန္ေရာင္းေနတဲ့ အမ်ိဳးသမီးတစ္ဦးကို လူႏွစ္ဦးက ေသနတ္နဲ႔ ပစ္ခတ္ခဲ့တဲ့ျဖစ္စဥ္ မေန႔ဇူလိုင္လ(၁၉)ရက္ ညေနပိုင္းက ျဖစ္ပြားခဲ့တယ္လို႔ ဘားအံၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးကေန စုံစမ္း သိရပါတယ္။

အခင္းမျဖစ္ခင္အခ်ိန္က အမ်ိဳးသားႏွစ္ဦး ေဈးဆိုင္ကိုေရာက္လာၿပီး ဝက္စာအတြက္ ဆန္ကြဲ ဝယ္ခ်င္တယ္လို႔ ေမးတဲ့အတြက္ ေသနတ္နဲ႔အပစ္ခံရတဲ့ အမ်ိဳးသမီးက သူ႔ဆိုင္မွာမရွိေၾကာင္း ေရာင္းတဲ့ဆိုင္ကိုလမ္းၫႊန္ေပးဖို႔ ဆိုင္အမည္ကိုေရးေပးေနတဲ့အခ်ိန္မွာ အမ်ိဳးသားႏွစ္ဦးထဲက တစ္ဦးဟာ ပစၥတိုေသနတ္ထုတ္ၿပီး ပစ္ခတ္ခံခဲ့ရတာေၾကာင့္ အမ်ိဳးသမီးရဲ႕လက္ျပင္မွာ ေသနတ္ရွပ္ထိ မွန္ထားတဲ့ ဒဏ္ရာရရွိကာ ေဆး႐ုံမွာေဆးကုသမႈခံယူေနတယ္လုိ႔ သိရပါတယ္။

ဒီျဖစ္စဥ္ နဲ႔ ပတ္သက္လို႔ ေသနတ္ဒဏ္ရာရရွိခဲ့တဲ့ ေဒၚမရင္သန္း ေျပာျပတာက “ေသနတ္နဲ႔ ခ်ိန္လိုက္တဲ့အခါမွာ ကြၽန္မက လက္ထဲကေဘာင္ခ်ာစာအုပ္နဲ႔ လက္ကို လွမ္း႐ိုက္လိုက္ေတာ့ ပထမတစ္ခ်က္က ေခ်ာ္သြားတယ္။ ဒုတိယတစ္ခ်က္ ထပ္ပစ္ခ်ိန္မွာေတာ့ ဘယ္ဘက္ လက္ျပင္ေအာက္ ေသနတ္ရွပ္မွန္တဲ့ဒဏ္ရာ ရရွိခဲ့တယ္။ အဲ့ဒါၿပီးေတာ့ သူတို႔ ထြက္ေျပးသြားၾကတယ္”လို႔ ေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးက တာဝန္ရွိသူကို ဖုန္းနဲ႔အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေပမယ့္ ေျဖၾကားခဲ့ျခင္းမရွိေပမယ့္ ဘားအံၿမိဳ႕မရဲစခန္းက တာဝန္ရွိသူေတြကေတာ့ အခင္းျဖစ္ပြားရာေနရာကို သြားေရာက္ၿပီး စုံစမ္းစစ္ေဆးတာ၊ လုံၿခဳံေရးဆိုင္ရာလုပ္ငန္းေတြ ေဆာင္႐ြက္တာ စတဲ့လုပ္ငန္းေတြ လုပ္ေဆာင္ေနတယ္လို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကေန သိရပါတယ္။

ဘားအံၿမိဳ႕မွာ ဇူလိုင္လ ၄ ရက္ေန႔တုန္းကလည္း ၿမိဳ႕ေပၚက နာရီစင္အနီးမွာ ဌာနဆိုင္ရာဝန္ထမ္းေတြ လိုက္ပါလာတဲ့ ကားထဲက ယာဥ္ေမာင္းျဖစ္သူကို ဆိုင္ကယ္စီးလာတဲ့ လူငယ္တစ္ဦးက ေသနတ္နဲ႔ ထုတ္ၿပီး ၿခိမ္းေျခာက္တဲ့ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။ဒီလို ျဖစ္စဥ္ေတြ ျဖစ္ပြားခဲ့တာေၾကာင့္ ၿမိဳ႕ေနျပည္သူေတြက လုံၿခဳံေရးအတြက္ စိုးရိမ္ေနၾကတယ္လို႔လည္း ေျပာဆိုေနၾကပါတယ္။

#voiceofmyanmar #VOM #ဘားအံ

Related posts

Leave a Comment

VOM News

FREE
VIEW