တပ်မတော်အနေနဲ့ တရုတ်-အမေရိကန်ကြား မိတ်ဆွေမပြတ်တဲ့ ဆက်ဆံရေးသာရှိ

တပ်မတော်အနေနဲ့ တရုတ်-အမေရိကန်ကြား မိတ်ဆွေမပြတ်တဲ့ ဆက်ဆံရေးသာရှိ

နေပြည်တော်၊ ဇူလိုင် ၂၅-၂၀၂၀
စွမ်းရဲထွဋ် (VOM)

အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုဆိုတာကတော့ ကမ္ဘာပေါ်မှာ မလွဲမသွေဖြစ်တဲ့ကိစ္စဖြစ်ပြီး မည်သည့်နိုင်ငံနဲ့မှ မိတ်ဆွေမပြတ်ဆက်ဆံရေးရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီကနေ့ နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံအနေနဲ့က နိုင်ငံခြားရေးမူဝါဒမှာလည်း လွတ်လပ်ပြီး တက်ကြွ၊ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒရှိတယ်။ ပြီးရင် အစဉ်အဆက်သုံးစွဲလာတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်လည်းရှိတယ်။ မည်သည့်နိုင်ငံနဲ့မှ မိတ်ဆွေမပြတ်ဆက်ဆံရေး ရှိတယ်၊ တပ်မတော်က ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ရပ်တန့်သွားတာမျိူးမရှိဘဲ တက်ကြွစွာပါဝင်နေတယ်”လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

၂၁ ပင်လုံအစည်းအဝေးအတွက်လည်း တက်ရောက်မယ့် တပ်မတော်ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့လည်း ကြိုတင်ဆောင်ရွက်ထားပြီးပြီလို့ ပြောပါတယ်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောတာက “တပ်မတော်အနေနဲ့ကတော့ ငြိမ်းချမ်းရေးကို လိုချင်ပါတယ်။ ငြိမ်းချမ်းရေးကို အလေးအနက်ထားပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရည်မှန်းချက်တွေကိုလည်း ပြောပြီးဖြစ်တယ်။ နံပါတ်နှစ်ကတော့ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကော်မတီကြီးနှစ်ခုမှာပါပါတယ်။ JMCမှာ ဗိုလ်ချုပ်ကြီးရာပြည့်ဦးစီးပြီး ပါဝင်တယ်။ UPDJCမှာလည်း တပ်မတော်သားကိုယ်စားလှယ်တွေ ပါဝင်ဆောင်ရွက်လျက်ရှိတယ်။ ဗိုလ်ချုပ်ကြီးတင်မောင်ဝင်း ၊ ဗိုလ်ချုပ်စိုးနိုင်ဦးလည်း ပါဝင်ပါတယ်။ ပျက်ကွက်မှုမရှိပါဘူး။ လိုက်ပါပြီး တက်တက်ကြွကြွ ပါဝင်ပါတယ်။ နံပါတ်သုံးက ငြိမ်းချမ်းရေးအတွက် တိုးတက်စေတဲ့အလုပ်မှန်သမျှကို တပ်မတော်အနေနဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်”လို့ ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

လာမယ့် အထွေထွေရွေးကောက်ပွဲမှာ တပ်တွင်းမဲရုံအချို့ကိုသာ တပ်ပြင်ထုတ်နိုင်မှာဖြစ်ပြီး အချို့ကိုတော့ တပ်ထဲမှာပဲ သီးသန့်ထားရှိရမှာဖြစ်တဲ့အပြင် ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းထားတဲ့ဥပဒေတွေ၊ ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းထားတဲ့စည်းမျဉ်းတွေအတိုင်း လိုက်နာဆောင်ရွက်သွားမှာပါလို့ ဒီကနေ့ပြုလုပ်တဲ့ရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

တပ္မေတာ္အေနနဲ႔ တ႐ုတ္-အေမရိကန္ၾကား မိတ္ေဆြမျပတ္တဲ့ ဆက္ဆံေရးသာရွိ

ေနျပည္ေတာ္၊ ဇူလိုင္ ၂၅-၂၀၂၀
စြမ္းရဲထြဋ္ (VOM)

အင္အားႀကီးႏိုင္ငံေတြရဲ႕ အားၿပိဳင္မႈဆိုတာကေတာ့ ကမာၻေပၚမွာ မလြဲမေသြျဖစ္တဲ့ကိစၥျဖစ္ၿပီး မည္သည့္ႏိုင္ငံနဲ႔မွ မိတ္ေဆြမျပတ္ဆက္ဆံေရးရွိတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဒီကေန႔ ေနျပည္ေတာ္ တပ္မေတာ္ စစ္သမိုင္းျပတိုက္မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ျမန္မာႏိုင္ငံအေနနဲ႔က ႏိုင္ငံျခားေရးမူဝါဒမွာလည္း လြတ္လပ္ၿပီး တက္ႂကြ၊ ဘက္မလိုက္တဲ့ ႏိုင္ငံျခားေရးမူဝါဒရွိတယ္။ ၿပီးရင္ အစဥ္အဆက္သုံးစြဲလာတဲ့ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရး မူႀကီး ၅ ရပ္လည္းရွိတယ္။ မည္သည့္ႏိုင္ငံနဲ႔မွ မိတ္ေဆြမျပတ္ဆက္ဆံေရး ရွိတယ္၊ တပ္မေတာ္က ျပည္တြင္းၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ ပတ္သက္ၿပီးေတာ့ ရပ္တန္႔သြားတာမ်ိဴးမရွိဘဲ တက္ႂကြစြာပါဝင္ေနတယ္”လို႔ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

၂၁ ပင္လုံအစည္းအေဝးအတြက္လည္း တက္ေရာက္မယ့္ တပ္မေတာ္ကိုယ္စားလွယ္ေတြ ေဆြးေႏြးဖို႔လည္း ႀကိဳတင္ေဆာင္႐ြက္ထားၿပီးၿပီလို႔ ေျပာပါတယ္။

ဗိုလ္မွဴးခ်ဳပ္ေဇာ္္မင္းထြန္းေျပာတာက “တပ္မေတာ္အေနနဲ႔ကေတာ့ ၿငိမ္းခ်မ္းေရးကို လိုခ်င္ပါတယ္။ ၿငိမ္းခ်မ္းေရးကို အေလးအနက္ထားပါတယ္။ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ရည္မွန္းခ်က္ေတြကိုလည္း ေျပာၿပီးျဖစ္တယ္။ နံပါတ္ႏွစ္ကေတာ့ တပ္မေတာ္အေနနဲ႔ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး ေကာ္မတီႀကီးႏွစ္ခုမွာပါပါတယ္။ JMCမွာ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္ဦးစီးၿပီး ပါဝင္တယ္။ UPDJCမွာလည္း တပ္မေတာ္သားကိုယ္စားလွယ္ေတြ ပါဝင္ေဆာင္႐ြက္လ်က္ရွိတယ္။ ဗိုလ္ခ်ဳပ္ႀကီးတင္ေမာင္ဝင္း ၊ ဗိုလ္ခ်ဳပ္စိုးႏိုင္ဦးလည္း ပါဝင္ပါတယ္။ ပ်က္ကြက္မႈမရွိပါဘူး။ လိုက္ပါၿပီး တက္တက္ႂကြႂကြ ပါဝင္ပါတယ္။ နံပါတ္သုံးက ၿငိမ္းခ်မ္းေရးအတြက္ တိုးတက္ေစတဲ့အလုပ္မွန္သမွ်ကို တပ္မေတာ္အေနနဲ႔ တက္တက္ႂကြႂကြ ပါဝင္ေဆာင္႐ြက္လ်က္ရွိပါတယ္”လို႔ ရွင္းလင္းခဲ့တာျဖစ္ပါတယ္။

လာမယ့္ အေထြေထြေ႐ြးေကာက္ပြဲမွာ တပ္တြင္းမဲ႐ုံအခ်ိဳ႕ကိုသာ တပ္ျပင္ထုတ္ႏိုင္မွာျဖစ္ၿပီး အခ်ိဳ႕ကိုေတာ့ တပ္ထဲမွာပဲ သီးသန္႔ထားရွိရမွာျဖစ္တဲ့အျပင္ ေ႐ြးေကာက္ပြဲေကာ္မရွင္က ျပဌာန္းထားတဲ့ဥပေဒေတြ၊ ေ႐ြးေကာက္ပြဲေကာ္မရွင္က ျပဌာန္းထားတဲ့စည္းမ်ဥ္းေတြအတိုင္း လိုက္နာေဆာင္႐ြက္သြားမွာပါလို႔ ဒီကေန႔ျပဳလုပ္တဲ့ရွင္းလင္းပြဲမွာ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW