အခုနှစ်မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၄၀၀ ကျော်အနက် (၂၇)ဦးသေဆုံး

အခုနှစ်မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၄၀၀ ကျော်အနက် (၂၇)ဦးသေဆုံး

နေပြည်တော် ၊ ဇူလိုင် ၂၅-၂၀၂၀
ကောင်းလက်ျာ(VOM)

အခုနှစ် ဇန်နဝါရီလ(၁)ရက်‌နေ့ကနေ ဇူလိုင်လဆန်းအထိ တိုင်းနဲ့ပြည်နယ်အသီးရှိ မြို့နယ်အချို့မှာ သွေးလွန်တုပ်ကွေးရောဂါနဲ့ ‌ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရသူ(၃၄၀၀)ကျော်ရှိခဲ့တဲ့အနက် ကျား၊ မ(၂၇)ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းနဲ့ပြည်နယ်(၁၄)ခုအနက် စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွားနေပြီး ကျန်ဒေသတွေအနက် ချင်းပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။

ပဲခူးတိုင်းမှာ ဖြစ်ပွားမှုနူန်း မနှစ်ထက်စာရင် နည်းတယ်လို့ပြောလို့ရပေမယ့် သုံးယောက်သေဆုံးခဲ့ပြီးပါပြီ။ လက်တလောမှာတော့ ကျောင်းတွေမှာ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ရုံမက အသိပညာပေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်”လို့ ပဲခူးးတိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာ ရန်နိုင်မောင်ကပြောပါတယ်။

ဇူလိုင်လ ပထမအပတ်ခန့်အထိ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၃၄၄၄) ဦးရှိပြီး သေဆုံးသူ(၁)ဦးရှိတဲ့အပြင် စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ဖြစ်ပွားမှုအ
များဆုံးလို့ ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား‌စေသော Dengue Virus သယ်ဆောင်တဲ့ ခြင်ကျားဟာ နေ့အချိန်တွေမှာ ပိုကိုက်လေ့ရှိတဲ့အတွက် နေ့ခင်းဘက်မှာ ကလေးငယ်တွေကို ခြင်မကိုက်ဖို့ ဂရုစိုက်ရမှာဖြစ်တဲ့အပြင် လူတစ်ဦးချင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းကိုဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပဲခူးဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကျားကိုက်ခံရတာကနေ စတင်ပြီး အရင်က ကလေးသူငယ်များသာ ဖြစ်ပွားလေ့ရှိပေမယ့်လည်း နောက်ပိုင်းမှာ အသက်အရွယ်မရွေး ဖြစ်ပွားလာတဲ့အပြင် အသက် ၁၅ နှစ်အထက် လူကြီးတွေမှာ အသက်သေဆုံးမှုနှုန်း ပိုမြင့်မားတယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်ကစတင်ပြီး နှစ်အလိုက် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနူန်းအရ ၂၀၁၇ ခုနှစ်မှာ ၃၁၂၈၈ ဦး၊ ၂၀၁၈ ခုနှစ်တွင်၂၃၂၇၃ ဦးနဲ့ အရင်နှစ် တစ်နှစ်ပတ်လုံး ဖြစ်ပွားသူဦးရေ (၂၄၃၄၅)ဦးရှိခဲ့တဲ့အတွက် မိုးရာသီကာလ ခြင်မကိုက်‌စေဖို့နဲ့ ခြင်ခိုအောင်းနိုင်တဲ့နေရာတွေကို သတိထားကာ ကြိုတင်ကာကွယ်ကြဖို့ ကျန်းမာရေးဌာနက သတိပေးထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး

Zawgyi

အခုႏွစ္မိုးရာသီကာလ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူ ၃၄၀၀ ေက်ာ္အနက္ (၂၇)ဦးေသဆုံး

ေနျပည္ေတာ္ ၊ ဇူလိုင္ ၂၅-၂၀၂၀
ေကာင္းလက္်ာ(VOM)

အခုႏွစ္ ဇန္နဝါရီလ(၁)ရက္‌ေန႔ကေန ဇူလိုင္လဆန္းအထိ တိုင္းနဲ႔ျပည္နယ္အသီးရွိ ၿမိဳ႕နယ္အခ်ိဳ႕မွာ ေသြးလြန္တုပ္ေကြးေရာဂါနဲ႔ ‌ေဆး႐ုံတက္ေရာက္ကုသမႈခံယူခဲ့ရသူ(၃၄၀၀)ေက်ာ္ရွိခဲ့တဲ့အနက္ က်ား၊ မ(၂၇)ဦး ေသဆုံးခဲ့တယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနကေန သိရပါတယ္။

ေနျပည္ေတာ္ေကာင္စီ၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ တိုင္းနဲ႔ျပည္နယ္(၁၄)ခုအနက္ စစ္ကိုင္းတိုင္းမွာ အမ်ားဆုံးျဖစ္ပြားေနၿပီး က်န္ေဒသေတြအနက္ ခ်င္းျပည္နယ္မွာ ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားမႈမရွိေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာရဲ႕ ထုတ္ျပန္ခ်က္မွာ ထည့္သြင္းေဖာ္ျပထားတာ ျဖစ္ပါတယ္။

ပဲခူးတိုင္းမွာ ျဖစ္ပြားမႈႏူန္း မႏွစ္ထက္စာရင္ နည္းတယ္လို႔ေျပာလို႔ရေပမယ့္ သုံးေယာက္ေသဆုံးခဲ့ၿပီးပါၿပီ။ လက္တေလာမွာေတာ့ ေက်ာင္းေတြမွာ ဖုံး၊ သြန္၊ လဲ၊ စစ္ လုပ္႐ုံမက အသိပညာေပးလုပ္ငန္းေတြ ဆက္လုပ္ေနတယ္”လုိ႔ ပဲခူးးတိုင္းက်န္းမာေရးဦးစီးမႉး ေဒါက္တာ ရန္ႏိုင္ေမာင္ကေျပာပါတယ္။

ဇူလိုင္လ ပထမအပတ္ခန႔္အထိ တိုင္းနဲ႔ျပည္နယ္အသီးသီးမွာ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူ (၃၄၄၄) ဦးရွိၿပီး ေသဆုံးသူ(၁)ဦးရွိတဲ့အျပင္ စစ္ကိုင္းတိုင္းနဲ႔ မႏၲေလးတိုင္းတို႔မွာ ျဖစ္ပြားမႈအ
မ်ားဆုံးလို႔ က်န္းမာ‌ေရးႏွင့္အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္မွာ ထည့္သြင္းေဖာ္ျပထားပါတယ္။

ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြား‌ေစေသာ Dengue Virus သယ္ေဆာင္တဲ့ ျခင္က်ားဟာ ေန႔အခ်ိန္ေတြမွာ ပိုကိုက္ေလ့ရွိတဲ့အတြက္ ေန႔ခင္းဘက္မွာ ကေလးငယ္ေတြကို ျခင္မကိုက္ဖုိ႔ ဂ႐ုစိုက္ရမွာျဖစ္တဲ့အျပင္ လူတစ္ဦးခ်င္း ဖံုး၊ သြန္၊ လဲ၊ စစ္ လုပ္ငန္းကိုေဆာင္႐ြက္ဖို႔ လိုအပ္တယ္လို႔ ပဲခူးေဆး႐ုံႀကီးမွ တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ေသြးလြန္တုပ္ေကြးေရာဂါဟာ ျခင္က်ားကိုက္ခံရတာကေန စတင္ၿပီး အရင္က ကေလးသူငယ္မ်ားသာ ျဖစ္ပြားေလ့ရွိေပမယ့္လည္း ေနာက္ပိုင္းမွာ အသက္အ႐ြယ္မေ႐ြး ျဖစ္ပြားလာတဲ့အျပင္ အသက္ ၁၅ ႏွစ္အထက္ လူႀကီးေတြမွာ အသက္ေသဆုံးမႈႏႈန္း ပိုျမင့္မားတယ္လို႔ သိရပါတယ္။

၂၀၁၇ ခုႏွစ္ကစတင္ၿပီး ႏွစ္အလိုက္ ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈႏူန္းအရ ၂၀၁၇ ခုႏွစ္မွာ ၃၁၂၈၈ ဦး၊ ၂၀၁၈ ခုႏွစ္တြင္၂၃၂၇၃ ဦးနဲ႔ အရင္ႏွစ္ တစ္ႏွစ္ပတ္လုံး ျဖစ္ပြားသူဦးေရ (၂၄၃၄၅)ဦးရွိခဲ့တဲ့အတြက္ မိုးရာသီကာလ ျခင္မကိုက္‌ေစဖုိ႔နဲ႔ ျခင္ခိုေအာင္းႏိုင္တဲ့ေနရာေတြကို သတိထားကာ ႀကိဳတင္ကာကြယ္ၾကဖို႔ က်န္းမာေရးဌာနက သတိေပးထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

#voiceofmyanmar #VOM #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW