မင်းဘူးမြို့မှာ GTI ကျောင်းဖွင့်ပေးဖို့ စီစဉ်နေ နေပြည်တော်၊ ဇူလိုင် ၁၄-၂၀၂၀ စွမ်းရဲထွဋ် (VOM) မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာမှာ အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်ဖိ့ုစီမံနေတယ်လို့ ပညာရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဒီကနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ မင်းဘူးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက မင်းဘူး (စကု)မြို့နယ်က သင့်လျော်တဲ့မြေနေရာမှာ အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်း ဖွင့်ပေးဖို့ အစီအစဉ်ရှိ၊မရှိ မေးမြန်းခဲ့ပါတယ်။ နည်းပညာ၊ သက်မွေးပညာနဲ့ လေ့ကျင့်ရေးဦးစီးဌာနအနေနဲ့ ကျောင်းသစ်တွေကိုဖွင့်လှစ်တဲ့နေရာမှာ ပထမဦးစွာ ခရိုင်မြို့ကြီးတွေမှာ ဦးစားပေးစတင်ဆောင်ရွက်သွားဖို့ မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိတာကြောင့် ခရိုင်မြို့ကြီးတစ်ခုဖြစ်တဲ့ မင်းဘူးမြို့နယ်မှာ အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းကျောင်း တစ်ကျောင်းဖွင့်လှစ်ဖို့ လျာထားပြီးဖြစ်တယ်လို့ ဒုတိယဝန်ကြီးက ရှင်းလင်းခဲ့ပါတယ်။ “မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုတွင် မြေဧရိယာ ၁၅.၀၉ ဧကအား မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိရန်အတွက် မြေလွတ်၊ မြေလပ်နှင့်…
Read MoreMonth: July 2020
ကျောက်စိမ်း ဝိညာဉ်
ကျောက်စိမ်း ဝိညာဉ် Voice Of Myanmar ဇော်မိုးထက် ၊ ရန်အောင်ထွန်း မိုးတွင်းရောက်တဲ့အခါ ဖားကန့်မှာ မြေပြို လူသေတဲ့သတင်းက အမြဲကြားနေရတာပါ အခုလည်း ဇူလိုင် ၂ ရက် မနက်ပိုင်းက ဝှေခါကျေးရွာအနီးမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက် မြေသားနံရံပြိုကျပြီး သေဆုံးသူ ရုပ်အလောင်း ၁၇၂ လောင်း ဆယ်ယူရရှိခဲ့ပါတယ်။ ဒေသခံတွေကတော့ ၃၀၀ ထက်နည်းမှာမဟုတ်ဘူးလို့ သုံးသပ်ပြောဆိုနေကြပါတယ်။ “ ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေကို ဝှေခါသုဿန်မှာပဲ ဇူလိုင် ၃ ရက်နေ့က ၇၇ လောင်း၊ ၄ ရက်နေ့မှာ ၃၂ လောင်း စုစုပေါင်း ၁၀၉ လောင်း မြေမြှုပ်သင်္ဂြိုလ်ခဲ့ပါတယ်။ မီးသင်္ဂြိုလ်တာက ၉ လောင်းပါ။ မိသားစုဝင်တွေက သူ့တို့အစီအစဉ်နဲ့သူတို့ အပြင်မှာ သယ်ယူသင်္ဂြိုလ်တာ ၅၄ လောင်းရှိပြီး ပိုင်ရှင်မပေါ်ဘူးလို့ ယူဆလို့ရတာက ၅ လောင်းပဲရှိတယ်”လို့…
Read Moreတောင်ကြီးမြို့မှာ ရဲစခန်းအချုပ်ကျနေတဲ့ အချုပ်သား ၂ ဦး ထွက်ပြေး
တောင်ကြီးမြို့မှာ ရဲစခန်းအချုပ်ကျနေတဲ့ အချုပ်သား ၂ ဦး ထွက်ပြေး နေပြည်တော်၊ ဇူလိုင် ၁၄-၂၀၂၀ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊ အမှတ်၂ နယ်မြေရဲစခန်းကနေ အချုပ်သားနှစ်ဦး ထွက်ပြေးလွတ်မြောက်မှု မနေ့ဇူလိုင်လ ၁၃ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိသူတစ်ဦးက ပြောပါတယ်။ “ထောင်နှစ်ကြီးသမားတွေဖြစ်ပြီး မူးယစ်မှုနဲ့ ထပ်မံတရားရင်ဆိုင်နေသူနှစ်ဦးပါ။ ကနေ့ မနက်အထိ ပြန်လည်ဖမ်းဆီးရမိတာ မရှိသေးဘူး။ ပိတ်ဆို့ ရှာဖွေစစ်ဆေး စုံစမ်းနေပါတယ်”လို့ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိသူတစ်ဦးက ပြောပါတယ်။ ထွက်ပြေးလွတ်မြောက်နေသူ နှစ်ဦးထဲက အောင်ဇော်ဦး(၃၄ နှစ်)ဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံနေသူဖြစ်ပြီး နောက်တစ်ဦးမှာ ဇော်မိုးဌေး(၃၅ နှစ်)ဖြစ်ပြီး ထောင်ဒဏ် ၁၃ နှစ်ကျခံနေသူဖြစ်တယ်လို့ သိရကာ မူးယစ်မှုတစ်ခုအတွက် ထပ်မံတရားရင်ဆိုင်ဖို့ အမှတ်၂ နယ်မြေရဲစခန်းမှာ ချုပ်နှောင်ထားစဉ်ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ ထွက်ပြေးသွားတဲ့ အချုပ်သားနှစ်ဦးဟာ တောင်ကြီးမြို့၊ အမှတ်၂…
Read Moreမန္တလေးမြို့မှာ NLDအစိုးရ အလိုမရှိ စာသားပါတဲ့ စာရွက်တွေကို လိုက်လံဖြန့်ကြဲထား
မန္တလေးမြို့မှာ NLDအစိုးရ အလိုမရှိ စာသားပါတဲ့ စာရွက်တွေကို လိုက်လံဖြန့်ကြဲထား မန္တလေး၊ ဇူလိုင် ၁၄-၂၀၂၀ ဟိန်းကို(VOM) မန္တလေးမြို့မှာ NLD အစိုးရအလိုမရှိ စာသားတွေပါဝင်တဲ့ စာရွက်တွေကို မနေ့ဇူလိုင် (၁၃)ရက်ညပိုင်းက လူစည်းကားတဲ့မီးပွိုင့်ထောင့်တွေမှာ လာရောက်ဖြန့်ကြဲထားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ အဲ့ဒီစာရွက်တွေကို မျက်မြင်တွေ့ရှိခဲ့တဲ့ ကိုမိုးမင်းအောင်ကVOM ကို အတည်ပြုပြောပါတယ်။ “မနေ့ည ၁၂ နာရီထိုးခါနီးမို့ နန်းရှေ့ကနေ ဆိုင်ကယ်ကိုသုတ်ချေတင်ပြီး မောင်းလာတာ၊၂၆ လမ်း ၆၂ လမ်း ထောင့်(လူစည်ကားတဲ့မီးပွင့်)မှာ စာရွက်အပုံတွေတွေ့တယ်၊ ဂရုမစိုက်ဘူး ကုမ္ပဏီတစ်ခုခုရဲ့ ကြော်ငြာတွေပဲလို့ထင်တာ၊ နောက်ထပ် မီးပွင့်တစ်ခု လမ်း၃၀နဲ့ ၆၂လမ်းမှာလည်း အလားတူ စာရွာရွက်ပုံတွေတွေ့တော့ ဆိုင်ကယ်ရပ်ပြီး ဆင်းကြည့်ဖြစ်တယ်၊ ပုံမှာပါတဲ့အတိုင်း ပါတီနိုင်ငံရေးအတွက် လှုပ်ရှားတယ်ဆိုတာသိလိုက်ရတယ်၊ အဲ့စာရွက်ကိုတွေ့တော့ စိတ်ပူသွားတယ်၊ ကျနော်တို့တွေက ဘယ်ပါတီကိုမှ မဝင်ထားသလို ဘယ်ပါတီကိုမှ ထောက်ခံ အားပေးနေတဲ့သူတွေမဟုတ်ဘူး၊ လူအဖွဲ့အစည်းအတွင်းမှာ အခုဒီလို…
Read Moreအင်းတော်မြို့နယ်မှာ နွားလှန်သွားတဲ့ညီအမနှစ်ဦး တောထဲမှာဓါးနဲ့ထိုးခံရပြီး သေဆုံးနေတာကိုတွေ့
အင်းတော်မြို့နယ်မှာ နွားလှန်သွားတဲ့ညီအမနှစ်ဦး တောထဲမှာဓါးနဲ့ထိုးခံရပြီး သေဆုံးနေတာကိုတွေ့ ကလေး၊ ဇူလိုင် ၁၄-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာမှာနေထိုင်တဲ့ အသက် (၁၆)နှစ် အရွယ် နဲ့ အသက်(၁၄)နှစ်အရွယ် ညီအမ နှစ်ဦး တောထဲကိုနွားလှန်သွားစဉ် ဓါးနဲ့ထိုးခံရပြီး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ နတ်မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးပေါ်ထွန်းကပြောပါတယ်။ “ကလေးမလေးတွေက နွားလှန်သွားကြရင်း အပြန်မှာ ဖြစ်တယ်နဲ့တူတယ်။ အခု သူတို့ကို ဆေးရုံမှာ ထားတုန်းဗျ။ ရန်ငြိုးရန်စလည်း မရှိကြဘူး။ ရင်ခွဲစစ်ဆေးတာကို ဒီနေ့တော့ လုပ်မယ်ကြားတယ်”လို့ အုပ်ချုပ်ရေးမှူး ဦးပေါ်ထွန်းကပြောပါတယ်။ မနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နေ့လယ် ၁၂နာရီအချိန်က အဲ့ဒီ ညီအမ နှစ်ဦးဟာ တောထဲကို နွားလှန်သွားဖို့ဆိုပြီး နေအိမ်ကနေ ထွက်သွားခဲ့တဲ့နောက်ပိုင်း တစ်ရွာတည်းနေတဲ့အမျိုးသားတစ်ဦးက တောထဲကို ယာခင်းလုပ်ဖို့ သွားရောက်ချိန် ကျေးရွာကနေ မြောက်ဖက်…
Read Moreဒိုက်ဦးမြို့မှာ ကျောင်းအပ်ဖို့လာတဲ့ နဝမတန်း ကျောင်းသားတစ်ဦး ကားတိုက်ခံရပြီးသေဆုံး
ဒိုက်ဦးမြို့မှာ ကျောင်းအပ်ဖို့လာတဲ့ နဝမတန်း ကျောင်းသားတစ်ဦး ကားတိုက်ခံရပြီးသေဆုံး နေပြည်တော်၊ ဇူလိုင် ၁၄-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်မှာ ဇူလိုင်လ ၁၃ ရက် မနက်ပိုင်းက ကျောင်းအပ်ဖို့လာတဲ့ နဝမတန်းကျောင်းသားတစ်ဦး ကားနဲ့တိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ အေးသုခနယ်မြေရဲစခန်းကနေ သိရပါတယ်။ “ရှေ့ကမောင်းတဲ့ကောင်လေးလည်း ပေါက်ပြဲထိခိုက်ဒဏ်ရာတွေရပေမယ့် စိုးရိမ်စရာမရှိတော့ဘူး။ နောက်ကပါလာတဲ့ကျောင်းသားလေးက အခင်းဖြစ်နေရာမှာ သေသွားတယ်”လို့ အေးသုခနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်သန့်ဇင်ဦးကပြောပါတယ်။ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောကျေးရွာမှာနေထိုင်တဲ့ အသက်(၁၉နှစ်)အရွယ် အမျိုးသားတစ်ဦးက ဆိုင်ကယ်မောင်းလာပြီး ဆိုင်ကယ်နောက်မှာ အသက်(၁၄)နှစ်အရွယ် နဝမတန်းကျောင်းသား လိုက်ပါလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဆိုင်ကယ်ဟာ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ပဲခူးဘက်ကနေ ဒိုက်ဦးဘက်ကို မောင်းလာစဉ် မိုင်တိုင် ၇၄ နားအရောက်မှာ ဦးစိုးထက်ဝင်း(၃၄နှစ်)ဆိုသူ မောင်းလာတဲ့ PROBOX အဖြူရောင်(၄)ဘီးယာဉ်က အရှိန်နဲ့ဝင်တိုက်မိတဲ့အတွက် ဆိုင်ကယ်ဟာ လမ်းဘေး ထိုးကျတိမ်းမှောက်သွားပြီးနောက် အခင်းဖြစ်နေရာမှာ အသက်(၁၄)နှစ်အရွယ်ကျောင်းသားတစ်ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ အေးသုခနယ်မြေရဲစခန်းကနေ…
Read Moreပလက်ဝမြို့နယ်ရှိ အထက်တန်းကျောင်း ၂၈ ကျောင်း ဖွင့်လှစ်နိုင်ခြင်း မရှိ
ပလက်ဝမြို့နယ်ရှိ အထက်တန်းကျောင်း ၂၈ ကျောင်း ဖွင့်လှစ်နိုင်ခြင်း မရှိ ကလေး၊ ဇူလိုင် ၁၄-၂၀၂၀ ငြိမ်းသူမင်း(VOM) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းနဲ့ အထက်တန်းကျောင်း(ခွဲ) စုစုပေါင်း ၂၈ ကျောင်းဟာ နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိဘူးလို့ ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောပါတယ်။ “နယ်မြေ အခြေအနေအရ မဖွင့်နိုင်ဘူး။ မဖွင့်နိုင်သေးတဲ့ကျောင်းတွေက ပလက်ဝအနီးအနား တစ်ဝိုက် အားလုံးရယ်၊ ပလက်ဝအထက်ပိုင်း အားလုံးပေါ့၊ လမ်းပန်းဆက်သွယ်ရေးလည်းပါတယ် သွားလို့မရသေးတဲ့ အပိုင်းတွေလည်း ရှိတယ်၊ ပုံနှိပ်စာအုပ်တွေလည်း အခုထိ မရောက်သေးဘူး။ ကျောင်းအပ်လက်ခံတဲ့ ကျောင်းတွေက ဆရာ၊ဆရာမတွေတော့ ရောက်နေပြီ၊ လက်မခံသေးတဲ့ ကျောင်းတွေကတော့ ဆရာ၊ဆရာမတွေလည်း မရောက်သေးဘူး။ သွားလို့လည်း မရဘူး၊ လမ်းတွေကလည်း ပိတ်ထားတယ်”လို့ ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောပါတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ အထက်တန်းကျောင်းတွေမှာ ၉တန်း နဲ့ ၁၀ တန်း ကျောင်းပြန်တက်နိုင်ဖို့ ဇူလိုင်လ ၁၃…
Read Moreပြည်ခရိုင်တရားရုံးက သက်သေခံပစ္စည်းထားတဲ့ဂိုထောင် မီးလောင်
ပြည်ခရိုင်တရားရုံးက သက်သေခံပစ္စည်းထားတဲ့ဂိုထောင် မီးလောင် နေပြည်တော်၊ ဇူလိုင် ၁၃-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်း၊ ပြည်ခရိုင်တ ရားရုံးဝန်းအတွင်းက သက်သေခံပစ္စည်းတွေထားတဲ့ ဂိုထောင်မှာ ဒီကနေ့မနက် ၅ နာရီဝန်းကျင်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီသတ်ဦးစီးဌာနကနေ သိရပါတယ်။ “ဆိုင်ကယ် အစီးအချို့ မီးလောင်ပျက်စီးသွားတယ်၊ ဘယ်ကစလောင်ကျွမ်းခဲ့တယ်ဆိုတာတော့ ကျွန်တော်တို့က မသိရသေးဘူး”လို့ ရွှေဂူရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ မီးလောင်တဲ့နေရာကို ပြည်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆေးရေးရပ်ကွက်နဲ့ ဆံတော်ရပ်ကွက် အရန်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်(၅)စီး၊ သန္ဓေ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ သွားရောက်ငြိမ်းသတ်ခဲ့ပြီး လူနဲ့တိရိစ္ဆာထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။ မီးစတင်လောင်ကျွမ်းတာဟာ ဂိုထောင်ဘေး အမှိုက်ပုံမီးကနေ မီးတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆိုင်ကယ်ဆယ်စီးခန့်နဲ့ ဆုံးရှူံးမှုတန်ဖိုးကျပ်ငါးသောင်းကျော် မီးလောင်ဆုံးရံှုးခဲ့တယ်လို့ ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းရဲ့မှတ်တမ်းအရ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး တရားရုံးဝန်းအစောင့် အမျိုးသားကို ပြည်မြို့နယ်၊ အမှတ် ၁…
Read Moreလွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ချိန် လွှတ်တော်အစည်းအဝေးတွေကို ခေတ္တရပ်နားပေးဖို့လျာထား
လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ချိန် လွှတ်တော်အစည်းအဝေးတွေကို ခေတ္တရပ်နားပေးဖို့လျာထား နေပြည်တော်၊ ဇူလိုင် ၁၃-၂၀၂၀ စွမ်းရဲထွဋ် (VOM) လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ဖို့အတွက် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်ကနေ ၁၈ ရက်နေ့အထိ လွှတ်တော်အစည်းအဝေးတွေကို ခေတ္တရပ်နားပေးဖို့ လျာထားတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဒီကနေ့ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့) နှုတ်ခွန်းဆက်စကားမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ တတိယအကြိမ်၊ လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ထုတ်ပြန်ချက်များအရ တတိယသက်တမ်းအတွက် ကိုယ်စားလှယ်လောင်းအမည် စာရင်းတင်သွင်းခြင်းနဲ့ စိစစ်ခြင်းဆောင်ရွက်ကြရမယ့် ရက်ကာလများဟာ ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကျင်းပရမယ့် ရက်ကာလအတွင်းမှာ ပါဝင်နေကြောင်းကိုလည်း ပြောပါတယ်။ “လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ သတ်မှတ်ကာလမှာတော့ လွှတ်တော်အစည်းအဝေးများကို ဆက်လက်ကျင်းပနေမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်မယ့်ကာလအတွက် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်မှ ၁၈…
Read Moreရသေ့တောင်မြို့နယ်မှာ ပစ်ခတ်မှုတွေကြောင့် ဒုံးပိုက်နဲ့ ချိန်ခါလိန်ကျေးရွာက ဒေသခံတွေထွက်ပြေး
ရသေ့တောင်မြို့နယ်မှာ ပစ်ခတ်မှုတွေကြောင့် ဒုံးပိုက်နဲ့ ချိန်ခါလိန်ကျေးရွာက ဒေသခံတွေထွက်ပြေး စစ်တွေ၊ ဇူလိုင် ၁၃- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ မနေ့ ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းနဲ့ ဒီကနေ့ မနက် ၈ နာရီလောက်က ကျေးရွာတွေအနီးပစ်ခတ်မှုဖြစ်တာကြောင့် ထွက်ပြေးနေရပြီး နီးစပ်ရာရွာတွေမှာ ခိုလံှုနေကြတယ်လို့ ဒုံးပိုက်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။ ” ထွက်ပြေးကြတာတော့ ဟုတ်ပါတယ်။ အဲ့ဒီမှာ ဒေသခံတွေက ကြောက်လို့ထွက်ပြေးတာပေါ့။ ဒုံးပိုက်မှာက လူဦးရေ (၁) ထောင်ကျော်လောက်ရှိတာမှာ (၂၀၀) ကျော်လောက်ထွက်ပြေးသွားတယ်။ စစ်ကြောင်းက ချိန်ခါလိန်ရွာဖက်ကိုသွားတာ အဲ့ဒီမှာ ပစ်ခတ်မှုတွေဖြစ်ကြတော့ ဒေသခံတွေထွက်ပြေးကြတယ်။ ချိန်ခါလိန်ရွာက ကျနော်တို့ရွာမှာရောက်နေတဲ့လူတွေလည်း ရှိပါတယ်။” လို့ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကပြောပါတယ်။ ချိန်ခါလိန်ကျေးရွာသားတစ်ဦးပြောပြချက်အရ ကျေးရွာအနီး ပစ်ခတ်မှုတွေဖြစ်ပြီး ကျေးရွာတွင်းကို လက်နက်ကြီးငယ် ကျည်တွေကျရောက်ပေါက်ကွဲတာကြောင့်…
Read More