ဇွဲကပင်တောင်ပေါ်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးနေ

ဇွဲကပင်တောင်ပေါ်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးနေ ရန်ကုန်၊ ဇူလိုင် ၂၆-၂၀၂၀ သိင်္ဂီ (VOM) ဇွဲကပင်တောင်ပေါ်က အခန်းတစ်ခုထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးမှု ဒီကနေ့ပိုင်းကဖြစ်ပွားခဲ့တယ်လို့ ကရင်ပြည်နယ်အစိုးရ၊ လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်က ပြောပါတယ်။ သေဆုံးသူနှစ်ဥိးဟာ လင်မယားတွေဖြစ်ပြီး ယောကျ်ားဖြစ်သူ ဓာတ်လိုက်နေချိန် မိန်းမဖြစ်သူက ဝင်ရောက်ဆွဲရာကနေ နှစ်ဦးစလုံး သေဆုံးရတာဖြစ်နိုင်တယ်လို့ လတ်တလောမှာ သုံးသပ်ထားကြပါတယ်။ “ကျနော်တို့ တောင်ပေါ်တက်ပြီး ရင်ခွဲရုံကို ပို့ဖို့စီစဉ်နေပြီ၊ အသေးစိတ်စစ်ဆေးမှုကတော့ ရဲနဲ့ ၊မီးသတ်နဲ့ သက်ဆိုင်ရာကျန်းမာရေးဌာနနဲ့ ဆောင်ရွက်မယ်။ သက်ဆိုင်ရာဌာနတွေရဲ့ အသေးစိတ်စစ်ဆေးပြီးမှပဲ ဘာကြောင့်လဲဆိုတာ အခြေအနေကိုပြောလို့ရမယ်။ ပြောတာ ဓာတ်လိုက်တယ်လို့လည်းပြောတယ်၊ ဘာကြောင့်ဆို ဘေးမှာဓာတ်ကြိုးအပျက်တွေ ဘာတွေရှိနေတယ်။ အသေးစိတ်ကတော့ ပြီးမှစစ်ဆေးပြီးမှ သိရမယ်။ပြောပ့မယ်။ ဒဏ်ရာပုံစံမျိုးတော့ မဟုတ်ဘူး။ အသက်အရွယ်ကလည်း ခုမှစိစစ်နေတုန်းပဲ။ တောင်ပေါ်ကအခန်းထဲမှာ တွေ့တာပါ။”လို့ လူမှုရေးဝန်ကြီးကပြောပါတယ်။ လက်ရှိမှာတော့ အလောင်းနှစ်လောင်းကို ရင်ခွဲစစ်ဆေးဖို့…

Read More

ရွှေခရုကြောင့် စပါးခင်း ဧကထောင်ချီပျက်စီး

ရွှေခရုကြောင့် စပါးခင်း ဧကထောင်ချီပျက်စီး ပုသိမ်၊ ဇူလိူင်၂၆-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်(၁၁)မြို့နယ်က မိုးစပါး စိုက်ခင်းတွေမှာ စပါးဖျက်တဲ့ ရွှေခရုကျရောက်တာတွေရှိနေတဲ့အတွက် ဇူလိူင်လအတွင်းမှာ မိုးစပါး ဧက၅ထောင်နီးပါး ရွှေခရုကျရောက်ခဲ့ပြီး မိုးစပါး ဧက တစ်ထောင်နီးပါး ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်း စိုက်ပျိုးရေးရုံးကနေ သိရပါတယ်။ “စပါးဖျက်ရွှေခရု ကျရောက်မူက ဧကပေါင်း ၅၅၆၉ဧကပါ၊ ထိခိုက်မူရှိခဲ့တာက ၁၉၃၄ဧကပေမယ့် ပျက်စီးဆုံးရုံးခဲ့တာက(၁၄၀၄) လုံးဝပျက်စီးခဲ့တာပါ”လို့ ဧရာဝတီတိုင်းစိုက်ပျိုးရေးဦးစီးဌာန ဒု-တိုင်းဦးစီးမှုး ဦးစိန်မောင်လွင်ကပြောပါတယ်။ ရွှေခရုကျရောက်တဲ့ မြို့နယ်(၁၁)မြို့နယ်များထဲမှာ ကန်ကြီးထောင့်မြို့နယ်က ဧက(၁၇၀၀)ကျော် အိမ်မဲမြို့နယ်မှာ ဧက(၅၀၀)ကျော်နဲ့ ဒေးဒရဲမြို့နယ်မှာ ဧက(၃၀၀)ကျော်တို့ အများဆုံးကျရောက်ခဲ့တယ်လို့ ပြောပါတယ်။ စပါးဖျက်ရွှေခရုဝင်ရောက်တဲ့ လယ်မြေတွေဟာ ရေဝင်တဲ့နေရာတွေဖြစ်တာကြောင့် ရေဝင်ရေထွက်မြောင်းတွေကို ပိုက်နဲ့တားပိတ်တဲ့နည်းစနစ်တွေနဲ့ လယ်ယာမြေပြင်ဆင်ရာမှာ ထုံးချတဲ့နည်းလမ်းများ၊ ခရုကျရောက်တဲ့ဒေသတွေမှာ ခရုကောက်ပွဲများ၊ ဥမြုံဖျက်ဆီးပွဲများ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကို ဆောင်ရွက်နေတယ်လို့ တိုင်းစိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။ #voiceofmyanmar…

Read More

ယာကြီး -လာဘို့ လမ်းအသစ်ကြောင့် သဘာဝဂေဟတွေထိခိုက်နိုင်

ယာကြီး -လာဘို့ လမ်းအသစ်ကြောင့် သဘာဝဂေဟတွေထိခိုက်နိုင် မုံရွာ၊ ဇူလိုင် ၂၆-၂၀၂၀ ခင်မေစန်း(VOM) အိန္ဒိယနိုင်ငံက ဖောက်လုပ်နေတဲ့ ထိုင်း-မြန်မာ-အိန္ဒိယ သုံးနိုင်ငံသွား အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်း၊ ယာကြီး-ကလေးဝအထိ မိုင်(၁၀၀)ကျော်ရှိတဲ့ ကားလမ်းဖောက်နေတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဘက်က လမ်းကုမ္မဏီပြောင်းလဲတင်ပြလာတာဟာ ကနီမြို့နယ်၊ အလောင်းတော်ကဿပ အမျိုးသားဥယာဉ်အတွင်းဖြတ်မယ့် လမ်းအူကြောင်းအသစ်ဟာ သဘာဝတောအတွင်း လမ်းသစ်ဖောက်လုပ်ရမှာဖြစ်လို့ ဂေဟစနစ်တွေ ထိခိုက်နိုင်တယ်လို့ စစ်ကိုင်းတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ပြောပါတယ် ။ “လမ်းအူကြောင်း အသစ်ဖောက်ဖို့ ကုမ္မဏီဘက်ကတင်ပြလာတာကို သဘောမတူသေးပါဘူး၊ အရင်လမ်းဟောင်းအတိုင်း ဖောက်ဖို့ပဲ သဘောတူထားခဲ့တာ၊ လမ်းအူကြောင်းအသစ်က သစ်ခိုးထုတ်မယ့်လမ်း ဖြစ်လာနိုင်တယ်။ သဘာဝတော ပျက်စီးသွားမှာကို စိုးရိမ်စိတ်ရှိနေတယ်”လို့ စစ်ကိုင်းတိုင်း ပတ်ဝန်းကျင်ထိမ်းသိန်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးကပြောပါတယ်။ လက်ရှိမှာ ယာကြီး-လာဘို့ လမ်းအတိုင်းဖောက်ဖို့ ကုမ္မဏီနဲ့သဘောတူထားပြီးမှ ကုမ္မဏီဘက်က ပြောင်းလဲတင်ပြလာတဲ့ အူကြောင်းအသစ်မှာ ၂၄ ကီလိုမီတာရှည်နေလို့ လက်ရှိလမ်းထက် ၅ကီလိုမီတာ၊ မိုင်အားဖြင့် ၄မိုင်…

Read More

စင်္ကာပူက မြန်မာလူမျိုးတွေပြုလုပ်နေတဲ့ ‘မဲပေးကြမယ်’အစီအစဉ်

စင်္ကာပူက မြန်မာလူမျိုးတွေပြုလုပ်နေတဲ့ ‘မဲပေးကြမယ်’အစီအစဉ် ရန်ကုန်၊ ဇူလိုင် ၂၆-၂၀၂၀ အေးချမ်းသူ(VOM) VOM – အရင်ဆုံးအစ်ကိုရဲ့နာမည်နဲ့ မဲပေးကြမယ့်အစီအစဉ်မှာ ဘာတာဝန်ယူထားလဲ ခင်ဗျ ဖြေ။ အခုလိုပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်နာမည်က အောင်ပိုင်(ခ) Alexander Aung ဖြစ်ပါတယ်၊ ယခုလက်ရှိ စင်္ကာပူမှာ project managerအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ကျွန်တော်တာဝန်ယူထားတဲ့အပိုင်းက public relationship, media communications ဖြစ်ပါတယ်။ VOM – Webditeကို တည်ထောင်ရတဲ့ရည်ရွယ်ချက်နဲ့ ပံပိုးပေးတဲ့ အဖွဲ့အစည်းတွေကို သိပါရစေခင်ဗျ ဖြေ။ ဒီ Covid ကာလအတွင်း အခက်အခဲအမျိုးမျိုးကြောင့် ပြည်ပရောက် မဲပေးခွင့်ရှိတဲ့ မြန်မာနိုင်ငံသားတွေ အလွယ်တကူ အချိန်ကုန်သက်သာစွာဖြင့် ပုံစံ-၁၅ကို များများတင်နိုင်ပြီ၊ မဲများများပေးနိုင်အောင် ရည်ရွယ်ခဲ့တာပါ။ ကျွန်တော်တို့အဖွဲ့က “မဲပေးကြမယ်” website ကို ဖန်တီးတဲ့အချိန်မှာ တခြားသော volunteer…

Read More

တပ်မတော်အနေနဲ့ တရုတ်-အမေရိကန်ကြား မိတ်ဆွေမပြတ်တဲ့ ဆက်ဆံရေးသာရှိ

တပ်မတော်အနေနဲ့ တရုတ်-အမေရိကန်ကြား မိတ်ဆွေမပြတ်တဲ့ ဆက်ဆံရေးသာရှိ နေပြည်တော်၊ ဇူလိုင် ၂၅-၂၀၂၀ စွမ်းရဲထွဋ် (VOM) အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုဆိုတာကတော့ ကမ္ဘာပေါ်မှာ မလွဲမသွေဖြစ်တဲ့ကိစ္စဖြစ်ပြီး မည်သည့်နိုင်ငံနဲ့မှ မိတ်ဆွေမပြတ်ဆက်ဆံရေးရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီကနေ့ နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “မြန်မာနိုင်ငံအနေနဲ့က နိုင်ငံခြားရေးမူဝါဒမှာလည်း လွတ်လပ်ပြီး တက်ကြွ၊ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒရှိတယ်။ ပြီးရင် အစဉ်အဆက်သုံးစွဲလာတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်လည်းရှိတယ်။ မည်သည့်နိုင်ငံနဲ့မှ မိတ်ဆွေမပြတ်ဆက်ဆံရေး ရှိတယ်၊ တပ်မတော်က ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ရပ်တန့်သွားတာမျိူးမရှိဘဲ တက်ကြွစွာပါဝင်နေတယ်”လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။ ၂၁ ပင်လုံအစည်းအဝေးအတွက်လည်း တက်ရောက်မယ့် တပ်မတော်ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့လည်း ကြိုတင်ဆောင်ရွက်ထားပြီးပြီလို့ ပြောပါတယ်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောတာက “တပ်မတော်အနေနဲ့ကတော့ ငြိမ်းချမ်းရေးကို လိုချင်ပါတယ်။ ငြိမ်းချမ်းရေးကို အလေးအနက်ထားပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး…

Read More

အခုနှစ်မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၄၀၀ ကျော်အနက် (၂၇)ဦးသေဆုံး

အခုနှစ်မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၄၀၀ ကျော်အနက် (၂၇)ဦးသေဆုံး နေပြည်တော် ၊ ဇူလိုင် ၂၅-၂၀၂၀ ကောင်းလက်ျာ(VOM) အခုနှစ် ဇန်နဝါရီလ(၁)ရက်‌နေ့ကနေ ဇူလိုင်လဆန်းအထိ တိုင်းနဲ့ပြည်နယ်အသီးရှိ မြို့နယ်အချို့မှာ သွေးလွန်တုပ်ကွေးရောဂါနဲ့ ‌ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရသူ(၃၄၀၀)ကျော်ရှိခဲ့တဲ့အနက် ကျား၊ မ(၂၇)ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းနဲ့ပြည်နယ်(၁၄)ခုအနက် စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွားနေပြီး ကျန်ဒေသတွေအနက် ချင်းပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။ ပဲခူးတိုင်းမှာ ဖြစ်ပွားမှုနူန်း မနှစ်ထက်စာရင် နည်းတယ်လို့ပြောလို့ရပေမယ့် သုံးယောက်သေဆုံးခဲ့ပြီးပါပြီ။ လက်တလောမှာတော့ ကျောင်းတွေမှာ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ရုံမက အသိပညာပေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်”လို့ ပဲခူးးတိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာ ရန်နိုင်မောင်ကပြောပါတယ်။ ဇူလိုင်လ ပထမအပတ်ခန့်အထိ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၃၄၄၄) ဦးရှိပြီး သေဆုံးသူ(၁)ဦးရှိတဲ့အပြင် စစ်ကိုင်းတိုင်းနဲ့…

Read More

အိန္ဒိယနိုင်ငံကနေ တရားမဝင်ပြန်လာတဲ့အတွက် မြန်မာနိုင်ငံသား(၂)ဦးကို ဖမ်းဆီး

အိန္ဒိယနိုင်ငံကနေ တရားမဝင်ပြန်လာတဲ့အတွက် မြန်မာနိုင်ငံသား(၂)ဦးကို ဖမ်းဆီး ကလေး၊ ဇူလိုင် ၂၅-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အိန္ဒိယနိုင်ငံကို အလုပ်သွားလုပ်နေရာကနေ မြန်မာနိုင်ငံအတွင်း တရားမဝင် ပြန်လည်ဝင်ရောက်လာတဲ့ သားအမိနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တမူးမြို့မရဲစခန်း ကနေ သိရပါတယ်။ မုံရွာမြို့နယ်၊ သမန္တာကျေးရွာမှာ နေထိုင်တဲ့ ဒေါ်ခင်ချိုရီဆိုသူဟာ လွန်ခဲ့တဲ့ ၇ လ လောက်က အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့နယ်ထဲမှာရှိတဲ့ လမ်ကားကျေးရွာမှာ ယက္ကန်းခေတ်တဲ့လုပ်ငန်းကို လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ သားဖြစ်သူ မောင်ထက်ရှိုင်းဦးဟာ လွန်ခဲ့တဲ့ ၂ လ လောက်က မိခင်ရှိတဲ့ကျေးရွာကို သွားရောက်ပြီး သားအမိနှစ်ဦး ယက္ကန်းခေတ်တဲ့လုပ်ငန်းကို လုပ်ကိုင်နေခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို လုပ်ကိုင်နေခဲ့ရာကနေ COVID-19ကာလ လုပ်ငန်းတွေရပ်ဆိုင်းနေတာကြောင့် မြန်မာနိုင်ငံ ၊တမူးမြို့ကို ဇူလိုင်လ ၂၂ ရက်နေ့က နှစ်နိုင်ငံနယ်စပ်ကို တရားမဝင်လမ်းကြောင်းကနေ ဖြတ်သန်း ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။…

Read More

ရခိုင်မြောက်ပိုင်းက မဲဆန္ဒနယ် (၁၂)ခုကို NLD လက်လွှတ်ရဖွယ်ရှိနေ

ရခိုင်မြောက်ပိုင်းက မဲဆန္ဒနယ် (၁၂)ခုကို NLD လက်လွှတ်ရဖွယ်ရှိနေ စစ်တွေ၊ ဇူလိုင် ၂၅ -၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မှာ လာမယ့်နိုဝင်ဘာလအတွင်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ကျင်းပမယ့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်(၁၂) နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူးလို့ NLD ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်ကပြောပါတယ်။ အဲ့ဒီ(၁၂)နေရာမှာ အမျိုးသားလွှတ်တော် (၅)နေရာ၊ ပြည်နယ်လွှတ်တော် (၅) နေရာနဲ့ ပြည်သူ့လွှတ်တော် (၂) နေရာတို့ဖြစ်ပြီး ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံနဲ့ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေက နေရာတွေဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #စစ်တွေ Zawgyi ရခိုင်မြောက်ပိုင်းက မဲဆန္ဒနယ် (၁၂)ခုကို NLD လက်လွှတ်ရဖွယ်ရှိနေ စစ်တွေ၊ ဇူလိုင် ၂၅ -၂၀၂၀ ထက်အောင်စိုင်း (VOM)…

Read More

နွားတင်းကုတ်မှာ ခြင်ဆေးခွေထွန်းရာကနေ နေအိမ်(၁၅)လုံးမီးလောင်

နွားတင်းကုတ်မှာ ခြင်ဆေးခွေထွန်းရာကနေ နေအိမ်(၁၅)လုံးမီးလောင် စစ်ကိုင်း ၊ ဇူလိုင် ၂၅ -၂၀၂၀ ရှိုင်းအောင်(VOM) စစ်ကိုင်းမြို့နယ်၊ အုန်းတောနယ်မြေ၊ ရေတွင်းကောင်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာမှာ မနေ့က ဇူလိုင် ၂၄ ရက်နေ့ညပိုင်းက နွားတင်းကုတ်အတွင်းကို ခြင်ဆေးခွေထွန်းထားရာကနေ နွားစာတွေကတဆင့် မီးကူးစက်လောင်ကျွမ်းပြီး နေအိမ် ၁၅ လုံး မီးလောင်ခဲ့တယ်လို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်နိုင်ကပြောပါတယ်။ “ည ၁၁ နာရီလောက်မှာသတင်းရတော့ သန္ဓေမီးသတ်တပ်ဖွဲ့ ၂၅ ယောက် ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် အယောက် ၃၀၊ မီးသတ်ကား ၂ စီး၊ ရေသယ်ယာဉ် ၅ စီးနဲ့သွားရောက်ငြိမ်းသတ်ခဲ့ပါတယ်၊ မီးငြိမ်းသတ်ခဲ့တာကတော့ ၁ နာရီခွဲမှပါ” လို့ ဦးကျော်ကျော်နိုင်ကပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် မြေစိုက် ထရံကာ၊ သွပ်မိုးထရံကာ ၊ နွားတင်းကုတ် အပါအဝင် နေအိမ်(၁၅)လုံးနဲ့ သိန်း(၁၅၀)နီးပါး မီးလောင်ပျက်စီး ဆုံးရံှုးခဲ့ပါတယ်။ အခုလို…

Read More

လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေ ချေးငွေပေးအပ်မယ့်ကိစ္စကို အခုဘဏ္ဍာနှစ်အတွင်းမှာပဲ ပေးအပ်သွားမယ်

လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေ ချေးငွေပေးအပ်မယ့်ကိစ္စကို အခုဘဏ္ဍာနှစ်အတွင်းမှာပဲ ပေးအပ်သွားမယ် နေပြည်တော်၊ ဇူလိုင် ၂၅-၂၀၂၀ စွမ်းရဲထွဋ် (VOM) လက်ဖက်ရည်ဆိုင်နဲ့စားသောက်ဆိုင်တွေ ချေးငွေပေးအပ်မယ့်ကိစ္စကို အခုဘဏ္ဍာနှစ်အတွင်းမှာပဲ ပေးအပ်သွားမှာလို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အသေးစား ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က VOM ကို ပြောပါတယ်။ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေကို ချေးပေးဖို့ ကျပ်ဘီလီယံ တစ်ရာ လျာထားပြီး ကာလတို စီးပွားရေးချေးငွေတွေ ချေးပေးဖို့အတွက်လည်း ကျပ်ဘီလီယံ ၂၀၀ လျာထားတယ်လို့ပြောပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် Zawgyi လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေ ချေးငွေပေးအပ်မယ့်ကိစ္စကို အခုဘဏ္ဍာနှစ်အတွင်းမှာပဲ ပေးအပ်သွားမယ် နေပြည်တော်၊ ဇူလိုင် ၂၅-၂၀၂၀ စွမ်းရဲထွဋ် (VOM) လက်ဖက်ရည်ဆိုင်နဲ့စားသောက်ဆိုင်တွေ ချေးငွေပေးအပ်မယ့်ကိစ္စကို အခုဘဏ္ဍာနှစ်အတွင်းမှာပဲ ပေးအပ်သွားမှာလို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အသေးစား ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က VOM…

Read More
VOM News

FREE
VIEW